Nine Nine Sanay @ နိုင်းနိုင်းစနေ
လက်ထပ်ပြီးရက်ပေါင်း ၂၅၅၅ရက်….
သူနဲ့ကျွန်တော်ရဲ့ ဆက်ဆံရေးက လုံးဝကွဲအက်သွားခဲ့တယ်။
... ဘောင်ခတ်ထားတဲ့စည်းရိုးတစ်ခ
နောက်တစ်နေ့မှာ သူ့ပစ္စည်းတွေကို သူကိုယ်တိုင်လာသိမ်းပါတယ်။ ပစ္စည်းတွေသိမ်းဆည်းပြီး အခန်းထဲ ဟိုဟိုသည်သည် သူလှည့်ပတ်ကြည့်နေတယ်။ ရုတ်တရက် သစ်သီးခြင်းထဲက အနီဆုံးပန်းသီး ၃,၄လုံးကိုနိုက်ပြီး အိတ်ထဲသူထည့်လိုက်တယ်။ အဲဒီပန်းသီးတွေကို လွန်ခဲ့တဲ့ရက်တွေက သူဝယ်ခဲ့တာဖြစ်တယ်။
ကျွန်တော်ခပ်ယဲ့ယဲ့တစ်ချက် ပြုံးလိုက်မိတယ်။ အိမ်ထောင်ရေးဆိုတာက တကယ်ပဲ ရယ်စရာကောင်းတဲ့ အရာတစ်ခုလား! အတူနေစဉ်မှာ သူ့အတွက် ရင်ကိုခွဲပြီး အသဲနှလုံးကိုတောင် ထုတ်ပေးချင်ခဲ့တယ်။ ကွဲကြ၊ လမ်းခွဲကြတော့ ပန်းသီးတောင် အလွတ်မပေးဘဲ ချန်မထားချင်ခဲ့တော့ဘူး။ ပစ္စည်းတွေကုန်သလောက် သိမ်းပြီးတာတောင် အိမ်အနှံ့ သူလှည့်ပတ်ကြည့်နေခဲ့သေးတယ်
ရုတ်တရက်သူ့အကြည့်တွေ နံရံတစ်နေရာမှာ ရပ်သွားခဲ့တယ်။ အဲဒီနေရာက လက်မ၄ဝရှိတဲ့ မင်္ဂလာဆောင်ဓာတ်ပုံကို မှန်ဘောင်သွင်းပြီးချိတ်ဆွဲ
ထိုင်ရာကထပြီး ဓာတ်ပုံကို ကျွန်တော်ဖြုတ်ယူလိုက်တယ်။ ဘောင်အနားမှာ တပ်ထားတဲ့သံတွေကို လှည့်ယူဖို့ပြင်လိုက်တယ်။ ကျွန်တော်လည်း ကုန်ကျငွေတဝက် ထုတ်ထားတဲ့အတွက် ကျွန်တော်လည်း အဲဒီဓာတ်ပုံတဝက်ကို ပိုင်ပါတယ်။ သူလိုချင်ရင် တဝက်ပဲရမယ်!
ဒါပေမယ့် ဘောင်ပေါ်က သံ(၁၂)ချောင်းလုံး သံချေးတက်နေခဲ့လို့ ဘယ်လိုမှ လှည့်ထုတ်လို့ မရခဲ့ဘူး။ ကျွန်တော်လွှထယူတော့ သူက ခပ်တိုးတိုးဆိုတယ်။
“ဖြုတ်မရလည်း ထားလိုက်ပါ… နင်ပဲသိမ်းထားလိုက်တော့”
သူ့အပြောကို ကျွန်တော်တစ်ချက်မဲ့လိုက်ပြ
ခေါင်းမာမာနဲ့ ဓာတ်ပုံကို သူ့ကားနောက်ခန်းထဲ ကျွန်တော်ထိုးထည့်ပေးလိုက်တ
အဲဒီနောက်ပိုင်း နေ့လယ်ရုံးတက်၊ ညနေ ဘားတက်နဲ့ နေ့ရက်တွေကို ကျွန်တော် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တယ်။ ဒါပေမယ့် အိမ်ပြန်ရောက်တိုင်း နံရံပေါ်ကအဖြူကွက်ဆီကိုပဲ ကျွန်တော်အကြည့်ရောက်သွားတတ
ရက်သတ္တပတ်ရဲ့နောက်ဆုံးနေ့မှ
ဒီဘလော့ဂ်က သူ(၃ဝ)ပြည့်မွေးနေ့မှာ ကျွန်တော်ကိုယ်တိုင် လုပ်ပေးလိုက်တဲ့ လက်ဆောင်ဘလော့ဂ်ဖြစ်တယ်။ လွမ်းဆွတ်မှုတစ်မျိုးကြောင့်
“သူရုံးဆင်းချိန် သူကြိုက်တတ်တဲ့ အစားအစာတွေချက်ပြုတ်ပြီး ဝိုင်တစ်ပုလင်းနဲ့ ကျွန်မစောင့်နေခဲ့တယ်။ ဒါပေမယ့် အဲဒီညက သူပြန်အလာကိုစောင့်ရင်း စားပွဲခုံပေါ် မှောက်ရက် ကျွန်မအိပ်ပျော်သွားခဲ့တယ်”
“နံရံပေါ်က ဓာတ်ပုံကို သူဖြုတ်နေချိန် ချွေးဇောတွေပြန်နေခဲ့တယ်။ သံတွေက သံချေးတက်နေပေမယ့် မှန်ဘောင်ကို ပိုမြဲအောင်တွယ်ထားသေးတယ်။ တကယ်လို့ အချစ်ကလည်း ဒီအတိုင်းဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ…….”
ရင်ဝထဲက တစ်စုံတစ်ခု ကွဲအက်သွားသံကို ကျွန်တော်ကြားလိုက်မိတယ်။ ကွန်ပြူတာစခရင်ကိုပဲ ကျွန်တော်ငေးမောကြည့်နေခဲ့တ
သူ့ပို့စ်အောက်မှာ ကျွန်တော်ကော်မန့်ရေးလိုက်မ
“ပစ္စည်းတစ်ခု အိမ်မှာကျန်ခဲ့သေးတယ်။ လာယူပါ”
နောက်တစ်နေ့ နေအိမ်ကိုသူရောက်လာခဲ့တယ်။ မယုံသလို အပြောမျိုးနဲ့ သူမေးတယ်။
“ငါ့ပစ္စည်း ဘာကျန်ခဲ့တာလဲ”
သူ့ကိုစေ့စေ့ကြည့်ပြီး ကျွန်တော်နှုတ်ဆိတ်နေလိုက်တယ
“ငါ့ပစ္စည်း ဘာကျန်ခဲ့တာလဲ”
တိတ်ဆိတ်ခြင်းကို သူစတင်ခွဲလိုက်တယ်။ သူ့ပုခုံးကို ဆွဲလှည့်ပြီး ကျွန်တော် တစ်လုံးချင်းပြောလိုက်တယ်။
“ဒီမှာ… ဒီလူက နင်ပိုင်ဆိုင်တဲ့ ပစ္စည်းပဲလေ”
နေရာမှာတင် သူငေးကြောင်ပြီး ရပ်နေခဲ့တယ်။ ကျွန်တော့်ဆီကလည်း နောက်ထပ် ဘာသံမှထွက်မလာခဲ့ဘူး။ တအောင့်ကြာမှ ကြိုးပြတ်သွားတဲ့ ပုလဲလေးတွေလို မျက်ရည်တွေက သူ့ပါးပြင်ပေါ် လှိမ့်ကျလာခဲ့တယ်။ သူ့ကို ကျွန်တော့်ရင်ခွင်ထဲ တင်းတင်းဆွဲပွေ့ထားလိုက်မိတ
အချိန်ဘယ်လောက်ကြာသွားခဲ့လဲ
ကျွန်တော်တို့ တစ်ယောက်ခေါင်းကိုတစ်ယောက်မ
တစ်ယောက်လက်ကို တစ်ယောက်တင်းတင်းဆုပ်ကိုင်လ
ဖြူဖွေးတဲ့ မင်္ဂလာဝတ်စုံဇာပုဝါအောက်မှာ သူ့အပြုံးက ပျော်ရွှင်သက်ဝင်လို့…..
တကယ်တော့ အိမ်ထောင်ရေးက ဒီမှန်ဘောင်နဲ့တူခဲ့ပါတယ်။ ဘောင်ဘေးကသံတွေကို ဖြုတ်လို့မရရင် တစ်သက်လုံးဖြုတ်လို့ ရနိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ချစ်ခြင်းကလည်း မျက်စိရှေ့က မင်္ဂလာဓာတ်ပုံလိုပါပဲ ဘဝရဲ့ အလှဆုံးအချိန်မှာ ဘောင်သွင်းခဲ့သလို ထာဝစဉ်မြဲနေတော့မှာဖြစ်ပါတယ
ရေးသူအမည်မပါတဲ့ London Global Times က သတင်းစာမှာ ဖတ်မိတဲ့ စာတစ်ပုဒ်ကို ဘောင်သွင်း (ဘာသာပြန်)ပါတယ်။
နိုင်းနိုင်းစနေ(Tuesday, June 02, 2009)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။