Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 14, 2013

ပန်းချီမောင်မောင်သိုက် နှင့် NLD ဒီချုပ်အလံသမိုင်းအမှန်

by တို့ဗမာ Dobama on Monday, January 14, 2013 at 5:49pm ·
Written By လွင့်မောင်မောင် on Friday, September 7, 2012 | 11:35 PM


ပန်းချီမောင်မောင်သိုက်

ကဗျာဆရာမောင်သွေးသစ်-

““ဒီကနေ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလံဟာ ဘယ်သူ့လက်ရာလည်းသိချင် ကြပါသလား။ အမှန်တရားဆိုတာ မဖုံး ကွယ်ကောင်းပါဘူး။ အမှန်ကို ပြောပြပါ့ မယ်။

ဒီအလံနဲ့ အမျိုးသားဒီမိုကရေစီ အထိမ်းအမှတ် ဒီတံဆိပ်ဟာ ယမန်နှစ် ၂၀၁၁ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့ က ကွယ်လွန်အနိစ္စရောက်ခဲ့တဲ့ နိုင်ငံ ကျော်ပန်းချီဆရာကြီး မောင်မောင်သိုက် ရဲ့ ကြိုးပမ်းမှုလက်ရာအစစ်ဖြစ်ကြောင်း၊ သမိုင်းမှတ်တမ်းကို ကြေညာမော်ကွန်း တင်လိုက်ပါတယ်။

(လက်ခုပ်သြဘာသံ များ။)

ကဗျာဆရာ မောင်သွေးသစ်က ပန်းချီ မောင်မောင်သိုက် နှုတ်မှဖွင့်ဟ ပြောကြားလိုက်သော ရဲရဲတောက် စကား ကိုကြားရသောအခါ ကြက်သီးများပင်ထ စရာ။ မှန်ပါပေသည်။ ထိုအချိန်၊ ထိုအခါ၊ ထိုကာလ၊ လွန်ခဲ့သော အနှစ် ၂၀ကျော် က မြန်မာနိုင်ငံရေးအခြေအနေမှာ ဖွင့် ဟ ပြောပြစရာမကောင်းလောက်အောင် ပင် ဆိုးရွားထိတ်လန့် ကြောက်ရွံ့ဖွယ် ကောင်းခဲ့သည်ကို တစ်တိုင်းတစ်ပြည်လုံး အသိပင် မဟုတ်ပါလား။ ထားပါ။

၂၄-၈-၂၀၁၂၊ သောကြာနေ့ ညနေ(၃) နာရီတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင် ဘုရားလမ်း ORCHID HOTEL ၌ကျင်း ပခဲ့သော ပန်းချီမောင်မောင်သိုက် ကွယ် လွန်ခြင်း(၁)နှစ်ပြည့် အောင့်မေ့ဖွယ် အ ထိမ်းအမှတ်အခမ်းအနားတွင်ပန်းချီမောင် မောင်သိုက် ဂုဏ်ပြုစကားပြောရင်း ကဗျာဆရာမောင်သွေးသစ်က အထက် ပါအတိုင်း ပြောကြားသွားခြင်းဖြစ်လေ သည်။

ထိုနေ့က ကျင်းပသော အခမ်းအနားတွင် ပန်းချီမောင်မောင်သိုက်ကို ချစ်ခင်မြတ် နိုး၊ တန်ဖိုးထားသော အနုပညာရှင် ပရိသတ်တို့ စုံစုံလင်လင် တက်ရောက်ကြ သည်ကို တွေ့ရပေသည်။ မောင်မောင် သိုက်ကို ချစ်သူတွေက များစွာ၊ များစွာ။ ကဗျာဆရာ မောင်သွေးသစ်က ဆက် ပြောသည်။

““အဲဒီအချိန်၊ အဲဒီကာလဟာ (၈၈) အရေးအခင်းကြီးပြီးဆုံးကာစ အချိန်ဖြစ် တာမို့ နိုင်ငံရေးအခြေအနေကလည်း စိုး ရွံ့ထိတ်လန့်နေရတဲ့အချိန်ပါပဲ။ ဒီအချိန် မှာ အနီရောင်ခံ ကြယ်ဖြူကြီးတစ်ပွင့် တင့်တင့်တယ်တယ်နဲ့ ကြွားဝင့်နေတဲ့ ခွပ် ဒေါင်းပုံကြီးပါတဲ့ NLD အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အလံကို ပန်းချီမောင်မောင် သိုက်က ညဥ့်အချိန်မှာ တစ်ညလုံး ပန်း ချီဆွဲနေခဲ့ပါတယ်။ သဘောမတွေ့လိုက် ပြန်ရေးလိုက်နဲ့ တစ်ညလုံးပန်းချီမောင် မောင်သိုက်ကြိုးပမ်းခဲ့တာ နံနက်အချိန် အခါမှာ စိတ်ကြေနပ် ပြီးပြည့်စုံတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံ တော်ကြီး၊ ထီးထီးမားမားပြီးစီးသွားခဲ့ပါ တယ်””။

မောင်သွေးသစ်က ဆက်ပြော သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံပုံစံပန်းချီကားကို ရေးဆွဲပြီး တာဝန် ရှိ ခေါင်းဆောင်များထံ အပ်နှံပြီးတဲ့အ အချိန်မှာ ပန်းချီမောင်မောင်သိုက်က ဒီ လိုပြောခဲ့ပါတယ်။ ““အခြေအနေ၊ အချိန် အခါကတော့ မကောင်းလှဘူးဆိုတာ သိကြတဲ့အတိုင်းပါပဲ။ ဒီအလံပန်းချီကို ဘယ်သူဆွဲသလဲဆိုတာ မေးမြန်းစစ်ဆေး လာရင် ဘယ်သူမှ အမှန်ကို မပြောလိုက် ကြပါနဲ့ အန္တရာယ်ရှိတယ်။ နောက်ဆုံး မပြောရင် ဖမ်းဆီးထောင်ချခံရမယ် ဆို ရင်တော့ ပြောလိုက်ပါ။ မောင်မောင် သိုက်ကို ဖမ်းချင်ရင်ဖမ်းပါစေ။ ရဲရဲကြီး အဖမ်းခံပါ့မယ်။ ပန်းချီမောင်မောင်သိုက် ရေးဆွဲပါတယ်လို့””
တက်ရောက်လာကြ သော ပရိသတ်များတွင်ရွှေပါရမီတောရ ဆရာတော်၊ စာရေးဆရာ၊ အရှင်ဆန်္ဒာ ဓိကသည် ရှေ့ဆုံးမှကြွရောက်အားပေး နေသည်ကို တွေ့ရသည်။ စာရေးဆရာ အရှင်ဆန္ဒာဓိက ရေးသားသော ““တစ် ယောက်တည်းနေ၊ တစ်စိတ်တည်းထား”” ဓမ္မစာအုပ်ကို ပန်းချီမောင်မောင်သိုက်က မျက်နှာဖုံးရေးဆွဲပေးခဲ့သည် မဟုတ်လား။ ယနေ့ကာလတွင် အရှင်ဆန္ဒာဓိက သည် ဓမ္မစာအုပ်ပေါင်း (၁၀၀)ခန့်ရေးသားပြုစု ခဲ့ရာ ပန်းချီ မောင်မောင်သိုက် စာအုပ် မျက်နှာဖုံးများ ရေးဆွဲပေးထားသည်ဟု သိရသည်။

ကြွရောက်ကြသော ပရိသတ်ထဲ တွင် တေးပလ္လင်က အဆွေးဘုရင်ဘွဲ့ခံယူ ထားသော အဆိုကျော် ကိုတင်လှိုင်၊ စာရေးဆရာချစ်ဦးညို၊ မောင်ကောင်းမြင့်၊ ခွန်ဂျာမှိုင်း၊ ပန်းချီ ကိုကျော်သောင်း၊ ဖလင်ဘုရင် ဦးထွန်းဆိုင်၊ ဒီဇိုင်းချစ်ဆန်း၊ ဒီဇိုင်းမြင့်လွင်၊ ကာတွန်းငွေကြည်၊ ကာတွန်း မြေဇာ တို့လည်း ရှေ့တန်းက ထိုင်နေ ကြသည်။ သြော်.. အထူးဧည့်သည် တော်ကြီးတစ်ယောက်ကိုလည်း မမေ့ မလျော့ ဖော်ပြရပါတော့မည်။ သူက မည်သူပါလဲ။ ဘယ်သူဖြစ်ရမှာလဲလေ ဒီကနေ့ ထင်ရှားကျော်ကြားလှသော လျှပ်တပြက် ဂျာနယ်နှင့် မော်နီတာ ဂျာနယ်များ၏ ဖန်တီးရှင် အယ်ဒီတာချုပ် ဆရာမြတ်ခိုင် လည်း စကားပြောရန် ရောက်လာပြန်သည်။

ထို့ပြင် စာရေးဆရာညီညီနိုင်၊ ကွယ် လွန်သူ စာရေးဆရာ အယ်ဒီ ဆရာ အောင်ပြည့်၏ ချစ်ဇနီး ကျောင်းဆရာမ (သူ့နာမည်မမေးလိုက်ရ)နှင့် ကွယ်လွန် ရှာသူ ပန်းချီကျော်ဦးစံတိုး၏ ဇနီးဆရာမ ဒေါ်ခင်လှမြင့်၊ ပန်းချီဆရာမ မမွှေး၊ ပန်းချီတင်လှဝင်းထင်၊ စာရေးဆရာ ရွှေညာခိုင်စိုးတို့လည်း မြင်လိုက်ရသည်။
ပန်းချီမောင်မောင်သိုက်၊ ကွယ်လွန် ခြင်း၊ တစ်နှစ်ပြည့်အောက်မေ့ဖွယ် အခမ်း အနားတွင်ပန်းချီဦးကျော်သောင်း၊ ကာ တွန်းငွေကြည်၊ ကဗျာဆရာမောင်သွေး သစ်တို့က ပန်းချီမောင်မောင်သိုက် ဂုဏ် ပြုအလွမ်းပြေစကားများ ပြောကြားကြ ပြီး ရွှေပါရမီတောရ ဆရာတော် အရှင် ဆန္ဒာဓိက ကိုယ်တော်က ပန်းချီမောင် မောင်သိုက်အတွက် (၂)မိနစ်မေတ္တာပို့ ငြိမ်သက်စွာနေရန်ဟောကြားပြီး ပရိသတ် ကြီးသည် တုပ်တုပ်မျှမလှုပ်၊ ငြိမ်သက်စွာ မေတ္တာပို့ကြ၏။ ထိုနေ့ပွဲတွင် ပန်းချီတင် လှဝင်းနှင့် စာရေးဆရာ တက္တသိုလ်စိန်တင် တို့ကလည်း ဆရာသိုက် ဂုဏ်ပြုကဗျာ တစ်ပုဒ်စီ ဖတ်သွားကြသည်။

စာရေး ဆရာတက္တသိုလ်စိန်တင်က စင်မြင့်သို့ တက်လာပြီးပန်းချီမောင်မောင်သိုက်အ တွက် ဂုဏ်ပြုကဗျာတစ်ပုဒ်ဖတ်သွားရာ အောက်ပါအတိုင်း ရှုမြင်ခံစားကြပါ တော့-

မသေတဲ့ပန်းချီဆရာ
ဆရာမောင်မောင်သိုက်
ပြည်သူကြိုက်ပန်းချီကျော်
မြန်မာပြည်တစ်နံတစ်လျားမှာ
အားပြည့်ထင်ပေါ်။
စိတ်ကူးသော်၊ သူမသေ
ရှိနေတဲ့ သူ့လက်ရာများ
ကမ္ဘာမခြားပါဘူး။
သူ့အနုပညာပန်းချီကားတွေ
သက်သေတင်ထား။
တက္ကသိုလ်စိန်တင်


ပန်းချီမောင်မောင်သိုက်၏လက်ရာ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်ချီများ



No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။