ပညာရှိစကား...
အကယ်၍သာ........
သင့်အနေနဲ့ ကောင်းတယ်လို့ယူဆထားတဲ့ အလုပ်တစ်ခုကို လုပ်ပြီးတဲ့နောက်မှာ.....
ပညာရှိကြီးတစ်ယောက်က အဲဒီလိုလုပ်တာဟာ မှားယွင်းကြောင်း ကျမ်းကိုးကျမ်းကားနဲ့တကွ ဝေဖန်ထောက်ပြလာခဲ့ရင် သင့်အနေနဲ့ဘယ်လိုခံစားမှာလဲ ။ .......................... ....နောင်တရမိမှာလား....... ..။
...
တစ်ခါကပညာရှိကြီးလို့ အများကအသိအမှတ်ပြု အရိုအသေပေးရတဲ့ အဘိုးအိုတစ်ယောက်ရှိပါတယ်။
သူဟာ ကျမ်းစာအုပ်ကြီးတွေထဲက အဆိုအမိန့်တွေ၊အတွေးအခေါ်တွေ ကို အလွတ်အာဂုံဆောင်နိုင်ယုံတင် မကဘူး သွားလေရာယူသွားပြီး လူအများကို ဟောပြေပို့ချနေတဲ့ သူတစ်ဦးပေါ့...။
တစ်နေ့မှာတော့ ရွာတစ်ရွာကိုဟောပြောဖို့လာရ င် ငှက်ခတ်သမားနဲ့တွေ့လို့ ငှက်တစ်ကောင်ကိုဝယ်ခဲ့တယ်.. ..အိမ်ရောက်ရင်ငှက်ကို သတ်ဖြတ်စားမယ်လို့ ပြောလိုက်မိတာနဲ့တစ်ပြိုင်တ ည်း......
“မလုပ်ပါနဲ့ ကျွန်ုပ်အသက်ကိုချမ်းသာပေးပါ” လို့ လူလိုပြောလိုက်တော့ ပညာရှိကြီးက အံ့အောသွားတာပေါ့..။
ပြီးတော့ “သင်က လူလိုစကားပြောတတ်တယ်၊ဟုတ်လား” “ဟုတ်ပါတယ်၊ကျွန်ုပ်ဟာ သာမန်ငှက်မဟုတ်ပါဘူး၊ငှက်ေ လာကမှာတော့ ပညာရှိတစ်ဆူပါပဲ။ သင်နဲ့ အပေးအယူလုပ်ချင်ပါတယ် ။ အသက်ကိုချမ်းသာပေးပြီးပြန်လွှတ်ပေးမယ်ဆိုရင် တစ်သက်လုံးလိုက်နာရလောက်အော င် တန်ဖိုးရှိတဲ့ စကားသုံးခွန်းကို ပြောပြပါမယ်”
ပညာရှိကြီးလည်းစိတ်ဝင်စားသွားတယ်။ ပညာကိုတန်ဖိုးထားသူ ပညာရှိကို လေးစားတတ်သူဖြစ်လေတော့ ချက်ချင်းပဲ သဘောတူလိုက်လေရဲ့။ စကားသုံးလခွန်းကိုသာပြောပါဆိုပြီးတော့ ပြန်လွတ်ပေးလိုက်တယ်..။
“ဒါဆိုသေချာမှတ်သားထားပါ။
ပထမတစ်ခွန်းက ဘယ်စကားကိုမဆို ပညာရှိကပဲပြောပြော ကျမ်းကြီးကျမ်းငယ်ကပဲပြေြာေ ပာ ကိုးကွယ်ဆည်းကပ်တဲ့ သူတွေကပဲပြောပြော ယုတ်တိယုတ်တာမရှိတဲ့စကား မဖြစ်နိုင်တဲ့စကားဆိုရင် ယုံကို မယုံနဲ့ .......
ဒုတိယတစ်ခွန်းကကိုယ်လုပ်နို င်စွမ်းရှိတဲ့အတိုင်းအတာ အကန့်အသတ်ကို ကိုယ့်ဖာသာကိုယ်သိရမယ် .......
တတိယတစ်ခွန်းက ကောင်းတယ်လို့ဆုံးဖြတ်ပြီး ကိုယ်လုပ်လိုက်တဲ့အလုပ်ကို ဘယ်တော့မှ နောင်တမရနဲ့ ။ အဲဒါဟာ ၀မ်းနည်းကြေကွဲတာပဲ အဖတ်တင်မယ် ။ ဒါပါပဲ”
ပညာ၇ှိကြီးဟာ စကားကြီးသုံးခွန်းကိုတတွတ်တွတ်ရေရွတ်ရင်း အရမ်းကိုကျေနပ်နေပြီး သူများတွေကိုလည်းဟောပြောပြီး အိမ်မှာလည်း စာရွက်နဲ့ရေးပြီးကတ်ထားရမယ် လို့တွေးတောကာ လျှောက်လာနေတုန်းမှာ သူ့ရှေ့ကသစ်ပင်ထက်ဆီက ရယ်သံသဲ့သဲ့ကြားလို့ မော့ကြည့်လိုက်တော့ သူလွှတ်ပေးလိုက်တဲ့ ငှက်ဟာ သူ့ ကိုကြည့်ပြီးရယ်နေတာကိုတွေ့ လိုက်၇တယ်။
“ဘာကိုရယ်နေတာလဲ” လို့လှမ်းမေးလိုက်တယ်။
“သင်ဟာ အင်မတန်မှ မိုက်မဲပြီး ထုံထိုင်းညံ့ဖျင်းလွန်းလို့ သာ ကျွန်ုပ်ကိုလွှတ်ပေးလိုက်တြာ ဖစ်တယ်။တကယ်ဆိုရင် ကျွန်ုပ်ရဲ့ ကိုယ်ခနာတွင်းမှာ အဖိုးအနဂထိုက်တန်တဲ့ ပတမြားလက်စွပ်တစ်ကွင်းရှိတယ်။ရလို့ကတော့ သင်ဟာ ကမာပေးမှာ အချမ်းသာဆုံးဖြစ်မှာမလွဲဘူး ။”
အဲဒီစကားကိုကြားလိုက်တာနဲ့ ပဲ ပိုဆိုးကို ခေါင်းတိုင်းကြိုက်ပြီး အပင်ပေါ်တတ်ဖို့လုပ်တော့တာပေါ့။
ငှက်ကိုဖမ်းဖို့အပင်ပေါ်ကိုတ တ်သွားတယ် ။ သူ့လက်နဲ့ မှီလုမှီခင်ဖြစ်ပြီးဆိုတာနဲ့  ငှက်ကလေးဟာပိုပြီးမြင့်တဲ့ဆီကိုကူးသွားတယ်။
သူကထပ်တတ်လိုက် ငှက်ကလေးက အပေါ်ကိုတိုးသွားလိုက်နဲ့ တဖြည်းဖြည်း သစ်ပင်ထိပ်ဖျားကိုရောက်လာပါ လေရော။
သစ်ပင်ထိပ်ဖျားက အကိုင်းတွေက သေးသွယ်တဲ့အတွက် သူ့ရဲ့ ကိုယ်အလေးချိန်ကို မခံနိုင်ဘဲ ကျိုးကျတယ် ၊ သူကိုယ်တိုင်ကလည်း အိုမင်းနေသူဖြစ်လို့ မြဲမြဲမြံမြံ ကိုင်စွဲမထားနိုင်ဘူး ။
ဒါနဲ့ပဲ မြေကြီးပေါ်ကို ဘုန်းခနဲ ပြုတ်ကျပါလေရော ၊ ကျိုးပဲဒဏ်ရာတွေနဲ့ ညည်းညူလဲကျနေတဲ့ ပညာရှိကြီးအနားမှာ ငှက်ကလေးကလာနားရင်းပြောပြတယ် ။
“ မိုက်မဲလှချည်လာ ၊ ငှက်တစ်ကောင်ရဲ့ ခနာကိုယ်ထဲ့မှာ ပတမြားလက်စွပ်ရှိတယ်ဆိုတာဖြ စ်နိုင်ပါမလား ၊ ဒါတောင် မစဉ်းစားတတ်ဘူးလား ၊ ဒါပေမဲ့လည်း သင်ဟာ ကျွန်ုပ်ကို လူစကားပြောတတ်တဲ့ငှက်ပညာရှိ လို့ အထင်ကြီးပြီး ကျွန်ုပ်ပြောသမျှ ယုတိမရှိတာကို ယုံခဲ့တယ် ။
ပြီးတော့ သင်ဟာ အိုမင်းမစွမ်းဖြစ်နေရဲ့နဲ့ ကိုယ့်စွမ်းအားရဲ့ အတိုင်းအဆ အကန့်အသတ်ကို မသိဘူး ။ လောဘဇောတိုက်ပြီး သစ်ပင်ပေါ်ကိုအတင်းတတ်တယ် ။ ၀မ်းမြောက်ရမဲ့အစား နောင်ဆုံး သင်ဟာကျွန်ုပ်ကိုလွှတ်ပေးခဲ့ တာကို ပြန်တွေးပြီး နောင်တရနေတယ် ။ အခုတော့ ကြေကွဲခြင်းနဲ့ မျက်ရည်ပဲ အဖတ်တင်ရပြီ မဟုတ်လား ။ ကဲ နေရစ်ခဲ့ပေတော့ ”
လို့ ပြောပြီး အဝေးကို ပျံသန်းသွားပါတော့တယ် ။
ဇန်န၀ါရီလ 6, 2013 တွင် 2:19pm မှာ panbaduackt မှ တင်သွင်းခဲ့သည်။
အကယ်၍သာ........
သင့်အနေနဲ့ ကောင်းတယ်လို့ယူဆထားတဲ့ အလုပ်တစ်ခုကို လုပ်ပြီးတဲ့နောက်မှာ.....
ပညာရှိကြီးတစ်ယောက်က အဲဒီလိုလုပ်တာဟာ မှားယွင်းကြောင်း ကျမ်းကိုးကျမ်းကားနဲ့တကွ ဝေဖန်ထောက်ပြလာခဲ့ရင် သင့်အနေနဲ့ဘယ်လိုခံစားမှာလဲ
...
တစ်ခါကပညာရှိကြီးလို့ အများကအသိအမှတ်ပြု အရိုအသေပေးရတဲ့ အဘိုးအိုတစ်ယောက်ရှိပါတယ်။
သူဟာ ကျမ်းစာအုပ်ကြီးတွေထဲက အဆိုအမိန့်တွေ၊အတွေးအခေါ်တွေ
တစ်နေ့မှာတော့ ရွာတစ်ရွာကိုဟောပြောဖို့လာရ
“မလုပ်ပါနဲ့ ကျွန်ုပ်အသက်ကိုချမ်းသာပေးပ
ပြီးတော့ “သင်က လူလိုစကားပြောတတ်တယ်၊ဟုတ်လာ
ပညာရှိကြီးလည်းစိတ်ဝင်စားသွ
“ဒါဆိုသေချာမှတ်သားထားပါ။
ပထမတစ်ခွန်းက ဘယ်စကားကိုမဆို ပညာရှိကပဲပြောပြော ကျမ်းကြီးကျမ်းငယ်ကပဲပြေြာေ
ဒုတိယတစ်ခွန်းကကိုယ်လုပ်နို
တတိယတစ်ခွန်းက ကောင်းတယ်လို့ဆုံးဖြတ်ပြီး ကိုယ်လုပ်လိုက်တဲ့အလုပ်ကို ဘယ်တော့မှ နောင်တမရနဲ့ ။ အဲဒါဟာ ၀မ်းနည်းကြေကွဲတာပဲ အဖတ်တင်မယ် ။ ဒါပါပဲ”
ပညာ၇ှိကြီးဟာ စကားကြီးသုံးခွန်းကိုတတွတ်တ
“ဘာကိုရယ်နေတာလဲ” လို့လှမ်းမေးလိုက်တယ်။
“သင်ဟာ အင်မတန်မှ မိုက်မဲပြီး ထုံထိုင်းညံ့ဖျင်းလွန်းလို့
အဲဒီစကားကိုကြားလိုက်တာနဲ့ ပဲ ပိုဆိုးကို ခေါင်းတိုင်းကြိုက်ပြီး အပင်ပေါ်တတ်ဖို့လုပ်တော့တာပေ
ငှက်ကိုဖမ်းဖို့အပင်ပေါ်ကိုတ
သူကထပ်တတ်လိုက် ငှက်ကလေးက အပေါ်ကိုတိုးသွားလိုက်နဲ့ တဖြည်းဖြည်း သစ်ပင်ထိပ်ဖျားကိုရောက်လာပါ
သစ်ပင်ထိပ်ဖျားက အကိုင်းတွေက သေးသွယ်တဲ့အတွက် သူ့ရဲ့ ကိုယ်အလေးချိန်ကို မခံနိုင်ဘဲ ကျိုးကျတယ် ၊ သူကိုယ်တိုင်ကလည်း အိုမင်းနေသူဖြစ်လို့ မြဲမြဲမြံမြံ ကိုင်စွဲမထားနိုင်ဘူး ။
ဒါနဲ့ပဲ မြေကြီးပေါ်ကို ဘုန်းခနဲ ပြုတ်ကျပါလေရော ၊ ကျိုးပဲဒဏ်ရာတွေနဲ့ ညည်းညူလဲကျနေတဲ့ ပညာရှိကြီးအနားမှာ ငှက်ကလေးကလာနားရင်းပြောပြတယ
“ မိုက်မဲလှချည်လာ ၊ ငှက်တစ်ကောင်ရဲ့ ခနာကိုယ်ထဲ့မှာ ပတမြားလက်စွပ်ရှိတယ်ဆိုတာဖြ
ပြီးတော့ သင်ဟာ အိုမင်းမစွမ်းဖြစ်နေရဲ့နဲ့ ကိုယ့်စွမ်းအားရဲ့ အတိုင်းအဆ အကန့်အသတ်ကို မသိဘူး ။ လောဘဇောတိုက်ပြီး သစ်ပင်ပေါ်ကိုအတင်းတတ်တယ် ။ ၀မ်းမြောက်ရမဲ့အစား နောင်ဆုံး သင်ဟာကျွန်ုပ်ကိုလွှတ်ပေးခဲ့
လို့ ပြောပြီး အဝေးကို ပျံသန်းသွားပါတော့တယ် ။
ဇန်န၀ါရီလ 6, 2013 တွင် 2:19pm မှာ panbaduackt မှ တင်သွင်းခဲ့သည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။