By ဧးသိမ်း Blog on Sunday, January 6, 2013 at 9:40am ·
အင်္ဂလိပ်စာကို ငယ်ငယ်ထဲကကျွန်တော်
ဝါသနာပါတာ။ ဒါပေမယ်.ဆယ်တန်းအောင်ပြီး
တက္ကသိုလ်ပထမနှစ်ရောက်တဲ.အထိ မယ်မယ်ရရမတတ်ပါဘူး။ ကျောင်းသင်ခန်းစာလောက်
၊စာမေးပွဲအောင်ရုံလောက်တော.ရတာပေါ.။
ဒါပေမယ်.တစ်နေ.မှာဗျာ ၊ သူငယ်ချင်းတစ်ယောက်နဲ. ပြည်ကနေရန်ကုန်ကို ခနလာလည်တုန်း ဆူးလေဘုရားနားက ရသာ မုန်.တိုက်
ရှေ.မှာ
အဲဒိနိုင်ငံခြားသားကကျွန်တော်တို.ကိုတစ်ခုခုမေးတယ်
ဗျ ။ ဒါပေမယ်.
သူ.အသံထွက် ကိုနားမလည်တော.
ဘာပြောလို.ပြောနေမှန်းကိုမသိပါဘူး ။အဲဒါနဲ.
ကျွန်တော်တို.လဲ ရှက်လဲရှက် စိတ်လဲပျက် ပြီး
ငါတို.တော.ဒီလိုနေလို.မဖြစ်တော.ဘူး
အင်္ဂလိပ်စာတတ်အောင်သင်မယ်ကွာဆိုပြီး
ဆရာလိုက်ရှာကြတယ် ။ဆရာလိုက်ရှာတော.
ကိုသက်နိုင်ဆိုတဲ.ကျွန်တော်.မိတ်ဆွေတစ်ယောက်ရှိတယ်
၊
သူကအခုတော.ဆုံးသွားပါပြီ ။ အဲဒိကိုသက်နိုင်က
သူ.မှာ အသိမိတ်ဆွေ
အင်္ဂလိပ်ဆရာကြီးတစ်ယောက်ရှိတယ်ပေါ. ။ အဲဒိဆရာ
ကြီးနဲ.မိတ်ဆက်ပေးမယ်။
ဆရာကြီးကတော.
တော်တော် တော် တယ် ဆိုပြီးကျွန်တော်.ကိုပြောတယ်။ ကျွန်တော်ကလည်း မိတ်ဆက်ပေးပါကိုသက်နိုင်ရယ်ပေါ.
။သူကတစ်ရက်လဲမိတ်ဆက်မပေး
နှစ်ရက်လဲမိတ်ဆက်မပေးဘူးဗျ ။
ဆရာကြီးနေတဲ.နေရာကဝေးတယ်လို.ချည်းပဲ
ပြောနေတာ ။
နောက်မှ သူပြောပြလို.သိရတာက သူကသူ.ကိုယ်သူ
အချိန်ယူပြီး
မေးခွန်းထုတ်နေတယ်ဆိုပဲဗျ ။ သူစဉ်းစားနေတာက ငါ
ကိုညီ. (ကျွန်တော်)ကို
ဆရာကြီးနဲ.မိတ်ဆက်ပေးလိုက်ရင်တော. သူ အင်္ဂလိပ်စာ
တတ်သွားမှာအမှန်ပဲ ။ဒါကို
ငါခံနိုင်မလား ။
ငါ.ထက်သူပိုတော်သွားမှာကိုလက်ခံနိုင်သလား ဆိုတာကို
ခုနစ်ရက်လုံးစဉ်းစားတယ်တဲ.ဗျာ ။ပြီးတော.မှ
သူ.စိတ်ကိုသူကြေနပ်တယ်
ကိုညီတတ်သွားလည်းငါ မနာလိုစရာမရှိဘူး
မုဒိတာပွားနိုင်တယ် ဆိုတာသေချာမှ
ကျွန်တော်.ကို ပန်းပဲတန်း လမ်းက အင်္ဂလိပ်စာဆရာကြီး
ဦးကျော်တင်.ဆီခေါ်
သွားတယ် ။
ကိုသက်နိုင်ဆိုတာအဲဒိလိုထူးထူးဆန်းဆန်းလူမျိုးဗျ ။
သူ.စိတ်ဓါတ်ကို ချီးကျူးဖို.လည်းကောင်းပါတယ်
။ကျွန်တော်.ကိုလည်းအင်မတန်ခင်တယ် ။တကယ်တော. ဆရာ
ကြီးနေတဲ.နေရာဟာ
ကျွန်တော်.အိမ်နဲ.မဝေးဘူးဗျ ။
လမ်းလျောက်သွားရင်
ဆယ်.ငါးမိနစ်လောက်ဆိုရောက်တယ် ။ဒါကို ကိုသက်နိုင်က
တမင်ဝေးတယ်လို.
မိတ်ဆက်မပေးချင်တာနဲ.လုပ်ထားတာ ။
အဲဒိတုန်းက ဆရာကြီးဦးကျော်တင်းကလည်းတပည်.ငတ်နေတာဗျ
။ သူသင်တဲ.စနစ်နဲ.
ကျောင်းသားတွေက စာမေးပွဲအောင်ရုံလောက်ပဲ
တစ်ပွဲထိုး တတ်ချင်တာနဲ.က
ဖီလာကန်.လန်.ဖြစ်နေတယ်
။သူကလူတစ်ယောက်ကိုအင်္ဂလိပ်စာသင်ပေးမယ်ဆိုရင်
အတန်းပညာတွေဘာတွေ စာမေးပွဲဖြေဖို.တွေဘာတွေကိုသိပ်
ပြီးထည်.မစဉ်းစားဘူး ။
အင်္ဂလိပ်စာကိုခြေခြေ မြစ်မြစ်
အခြေခံကစပြီးတတ်သွားရအောင် သဒ္ဒါ ( Grammar )
ကိုစသင်ပေးတယ် ။ ကျောင်းသားတွေကလဲ
ဒါကိုမသင်ချင်ကြတော.
ဒါလာရင်ဒါဖြည်.ဆိုတဲ.
ဖော်မြူလာတွေထုတ်သင်တဲ.ကျူရှင်တွေ
ကိုပဲရောက်သွားကြတယ် ။ ကျွန်တော်.ကိုတော. ဆရာတပည်.
ရေစက်ပါတယ်ထင်တယ်
တွေ.တွေ.ချင်းပဲ အေးငါသင်ပေးမယ်ကွာ မနက်ဖန်လာခဲ.
ဆိုပြီးခေါ်တော.တာပဲ ။
အဲဒိတုန်းကကျွန်တော်.အသက် က (၂၀)ပဲရှိသေးတာ
အင်မတန်ဥာဏ်ရည်ထက်မြက်နေတဲ.အချိန်ပေါ.
။နှစ်လလောက်သင်ပြီးတော. ဂရမ္မာ
ကိုကျွန်တော်
အသုံးချလို.ကောင်းကောင်းရတဲ.အထိနားလည်သွားတယ် ။
အင်္ဂလိပ်လိုစာကောင်းကောင်းရေးတတ်လာတယ် ၊
သူများရေးထားတာလဲ
ပိုပြီးနားလည်လာတယ် ။ဖတ်တတ်လာတယ် ။ အဲဒိတော.မှ
ဆရာကြီးက
မောင်ညီညီ တဲ. မင်းကိုစကားပြောစပြီးသင်ပေးမယ်
ဆိုပြီး
နေ.တိုင်းလက်ဘက်ရည်ဆိုင်ကိုခေါ်သွားပြီး
သင်ပေးတော.တာပဲ ။သူသင်ပုံက
ဘာသင်ခန်းစာ ပြဌာန်းစာအုပ်ရယ်လို.မထားဘူးဗျ
၊
မြန်မာလိုလက်ဘက်ရည်ဆိုင်မှာတောင်ရောက်မြောက်ရောက်
စကားပြောသလို
စပ်မိစပ်ရာတွေကိုအင်္ဂလိပ်လို လျှောက်ပြောတော.တာပဲ
။
အစပိုင်းမှာကျွန်တော်ကတော.နားထောင်သမားပေါ.
ငါးပိသံမျိုးမဟုတ်ပဲ အမေရိကန်အသံနဲ.တော်တော်
နီးနီးစပ်စပ်တူတာရယ် ၊
မကြားဘူး မသိဘူးတဲ. ဝေါဟာရတွေပါလာကြောင်.
မသိတဲ.စာလုံး တွေ.တိုင်း
စာအုပ်ထဲမှာမှတ်ရတာ ၁၀ရက်လောက်အတွင်းမှာ
ဗလာစာအုပ်တစ်အုပ်ပြည်.သွားတယ် ။
သိပ်ပြီးပြန်မပြောတတ်သေးပေမယ်.
သူပြောတဲ.လေသံကိုတော.နည်းနည်းဖမ်းမိနေပြီ
။ ကျွန်တော်လဲတဖြည်းဖြည်းနဲ. နည်းနည်းချင်း
ခပ်ဖြည်းဖြည်းပြန်ပြောနိုင်လာတယ် ။
အဲဒိမှာသူကနောက်တစ်ဆင်.တက်ရမယ်တဲ. ၊
ဘာလဲဆိုတော.
မင်းနိုင်ငံခြားသားနဲ.ပြောရမယ်တဲ. ။
ပြည်မြို.ကလမ်းတွေမှာ
ဆရာနဲ.ကျွန်တော်ဟာစက်ဘီးတစ်စီးနဲ. ( ဆရာကနင်း
ကျွန်တော်ကနောက်ကထိုင် )
နိုင်ငံခြားသားကမ္ဘာလှည်.ခရီးသည် လိုက်ရှာရတယ် ။
အဲဒိခေတ်က
ခရီးသွားလုပ်ငန်းကလဲ မထွန်းကားသေးတဲ.အချိန်ဆိုတော.
ပြည်မြို.မှာ
မျက်နှာဖြူတိုးရစ်တစ်ယောက်ကိုတွေ.အောင်လိုက်ရှာရတာ
တော်တော်မလွယ်ဘူးဗျ ။
တွေ.တာနဲ.ဆရာက
အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်တော.မိတ်ဆက်ပြီး
စကားပြောကြတာပဲ ။ နောက်တော.ခင်သွားကြတာများတယ်
။
နောက်တစ်ဆင်.ကျတော.ဆရာက သူကိုယ်တိုင်မလိုက်တော.ဘူး
၊
ကျွန်တော်.ကိုလွှတ်ပြီး တိုးရစ်မြင်ရင်မိတ်ဆက်ပြီး
သူ.ဆီပါအောင်ခေါ
်ခဲ.တဲ. လုပ်ရော ။ ကျွန်တော်လဲ
အင်္ဂလိပ်စာပိုးက၀င်နေတာရော
ဆရာ.ကိုကြောက်ရတာရော ကြောင်.မရှက်မကြောက်
နိုင်ငံခြားသားတွေ
နောက်ကိုလျှောက်လိုက်ပြီးမိတ်ဆက်ရတာပဲ ။
ကိုယ်မသိတဲ.လူတစ်ယောက်
၊အထူးသဖြင်.နိုင်ငံခြားသားတစ်ယောက်ကို
သွားပြီး
ကြားလူမိတ်ဆက်မပေးပဲဝင်ရောရတာလွယ်တဲ.အလုပ်တော.မဟုတ်ဘူးဗျ
။ ကျွန်တော်ဟာ
အင်္ဂလိပ် စကားပြောကိုရူးသွပ်လွန်းလို.
ဆရာခိုင်းတဲ.အတိုင်းလုပ်ခဲ.တာပဲ
။တစ်ချို.ကလျှောလျှော လျူလျူလိုက်လာပေမယ်.
တစ်ချို.ကလဲ မောင်းထုတ်ကြတယ်ဗျ
။တစ်ချို.မြို.ခံတွေကလဲ
ဒီကောင်လေး
ဖော်ရိမ်နာဆီကဘာလိုက်တောင်းနေတာလဲလို.တောင်မေးခံရတယ်
။ ဘယ်သူတွေဘာထင်ထင်
ကျွန်တော်ကတော.လုံးဝဂရုမစိုက်ဘူးဗျာ။
လောကကြီးမှာ ရူးမှထူးတယ် တဲ.။
ကျွန်တော်ဟာ သွားလဲ ဒီအင်္ဂလိပ်စာစိတ် ၊
နားလဲ ဒီစိတ် ။ ယုတ်စွအဆုံး
အိပ်ရင်တောင် အိပ်မက်ထဲအထိ
အင်္ဂလိပ်စကားပြောတာတွေကပါလာပြီး အင်္ဂလိပ်လို
ယောင်အော်မိတယ်
။ကျွန်တော်တို.ဟာအဲဒိလောက်ဝါသနာကြီးခဲ.တာပါ ။
ကျွန်တော်.မိတ်ဆွေ ကိုသက်နိုင်ဆိုရင်လဲ
သူကလူကြောက်တတ်တယ် ။
ဆရာကြီးကနိုင်ငံခြားသားတွေကိုလမ်းပေါ်မှာ
စကားပြောမိတ်ဆက်ရမယ်ဆိုတော.
ကြောက်ပြီး ရဲဆေးတင်တဲ.အနေနဲ. အရက်ကလေး
တစ်ပက်လောက်ကစ်လိုက်တယ်
။အဲဒိတော.မှ
ရဲစိတ်ရဲမာန်တွေကြွပြီးပြောရဲဆိုရဲရှိလာသတဲ.။
ကျွန်တော်ကတော.ပြောင်ပဲ ၊ ဘာရဲဆေးမှမတင်ဘူး
။ကိုသက်နိုင်ဟာ
အဲဒိလိုရဲဆေးတင်ရင်းနဲ.ကြာတော.အရက်ကို
စွဲသွားရောဗျို. ။ ကံဆိုးချင်တော.
(အဲဒိတုန်းကတော.ကံဆိုးမှန်းမသိသေးဘူး
)သူဟာအဲဒိအချိန်မှာ
စား/ဖျော်ဌာနကဖွင်.တဲ.
အရက်ဖြူဆိုင်ခွဲတစ်ဆိုင်မှာ
ဆိုင်တာဝန်ခံဖြစ်ပါလေရော။ အရက်တွေဟာရာဝင်
စဉ်.အိုးကြီးနဲ. ထည်.ထားပြီး
သူ.လက်သူ.ခြေဗျာ ။ ကိုသက်နိုင်ဟာ အင်္ဂလိပ်စကားလဲ
အတော်ကိုလည်လည်ပတ်ပတ်
သွက်သွက်လက်လက် ပြောနိုင်လာတယ် ။
ဒါပေမယ်.စိတ်မကောင်းစရာက သူဟာ
ကိုယ်.ကိုယ်ကိုမထိန်းနိုင်ပဲ
ကိုယ်.ဆိုင်ကအရက်တွေကိုအတိုင်းအဆမရှိ
နေ.တိုင်းအလွန်အကျွံသောက်ရာက ယစ်ထုတ်ကြီးဖြစ်ပြီး
ကျွန်တော်
ဧည်.လမ်းညွှန် ဖြစ်ကာစမှာပဲ
အသက်ငယ်ငယ်ရွယ်ရွယ်နဲ.ကွယ်လွန်သွားရှာပါတယ် ။
ဆရာကြီးဦးကျော်တင်.နဲ.ကျွန်တော်.အကြောင်းပြန်ဆက်ပါရစေ
။
ကျွန်တော်တို.နှစ်ယောက်ဟာအသက်အရွယ်အားဖြင်.
သားအဖလောက်ရှိသော်လည်းပဲ
နှစ်ယောက်စလုံးအင်္ဂလိပ်စာ
၊အင်္ဂလိပ်စကားဝါသနာပါပုံကဖြင်.တော်တော်ကိုတူလွန်းပါတယ်
။အိမ်မှာ
ရုပ်မြင်သံကြားနဲ. VCR အောက် စက်မရှိတာကြောင်.
ကိုစန်းမောင်ဆိုသူရဲ.
၈၁လက်မ ဗီဒီယိုရုံမှာ နိုင်ငံခြား ရုပ်ရှင်ကားတွေ
ဝင်ကြည်.ပြီး
နားထောင်စွမ်းရည် ( Listening Skill )
ရအောင်လေ.ကျင်.ရတယ်။ နေ.တိုင်းနေ.
တိုင်းအင်္ဂလိပ်လိုမှ နာရီဝက်
တစ်နာရီမပြောရရင်ကျွန်တော်တို.ဟာနေမထိထိုင်မသာ
သလိုပဲ ။ဟာတိဟာတာ
တစ်ခုခုလိုနေသလိုပါပဲ ။ နိုင်ငံခြားသား
ကိုမြင်ရင်လဲ
စကားပြောချင်တဲ.စိတ်တွေယာတားမနိုင်ဆီးမရ
ရေကာကြီးပေါက်ကွဲပြီးရေတွေလျှံကျလာသလိုပဲဗျို.
။တစ်နေ.တော. အင်္ဂလိပ်
တစ်ယောက် ပြည်မြို.ကိုယောက်လာတယ် ။
သူ.ကိုဝင်ရောဖို.က ပိုက်ဆံလိုတယ်ဗျ ။
အဲဒိအချိန်ကကျွန်.တော်.မှာ
အလုပ်အကိုင်မရှိတာကြောင်.တော်တော်ဘိုင်ကျနေတဲ.အချိန်ဗျ
။ ဆရာကလဲ အခုလောက်
စပီကင်သင်တန်းတွေဘာတွေ မသင်ရတော.
အိပ်ထဲမှာပိုက်ဆံမရှိဘူး ။ဒါနဲ.ဆရာက
မိတ်ဆက်စားသောက်ဆိုင်က သူ.တပည်.အောင်ကြီးဆီမှာ
ပိုက်ဆံသွားချေးတယ် ။
အောင်ကြီးရယ် ငါ.ကိုပိုက်ဆံ
ငါးရာလောက်ချေးကွာ
နောက်တော.အဆင်ပြေတာနဲ.ပြန်ဆပ်ပါ.မယ်ဆိုတော.
အောင်ကြီးက ဆရာရယ် ယူသွားပဲ
ပြန်လဲဆပ်ဖို.မလိုပါဘူး ဆိုပြီး ငွေ ၅၀၀
ထုတ်ပေးရှာတယ် ။
ပိုက်ဆံရတာနဲ.ကျွန်တော်တို.လည်း
နိုင်ငံခြားသားဆီပြေးပြီး
အင်္ဂလိပ်စကားပြောချင်လို.မိတ်ဖွဲ.ရတာပေါ.။
ဟိုကောင်ကလဲအရေးထဲမှနေ.လည်စာစားလိုက်ဦးမယ်ဆိုတော.
ကျွန်တော်တို.ရှင်းမှကောင်းတော.မှာပေါ.ဗျာ ။
ဒါနဲ.ဆိုင်ထဲမှာ
ကိုယ်တော်ချောက ခေါက်ဆွဲကြော်တစ်ပွဲ
ကောင်းကောင်းဝါးတော.
ဆရာနဲ.ကျွန်တော်ဟာ ပိုက်ဆံလဲအများကြီးမပါတော.
ဝင်မစားရဲပဲ ဘေးကနေဟန်မပျက်
ထိုင်ကြည်.နေရတာပေါ. ။ ဟို မျက်နှာဖြူငနဲက
မင်းတို.ဘာမှမစားဘူးလားဆိုတော.
ဆရာနဲ.ကျွန်တော် တစ်ယောက်မျက်နှာတစ်ယောက်ကြည်.လို.
ငါတို.စားပြီးပါပြီ
လို.ဖြေလိုက်ကြတယ်
။တကယ်တော.ကျွန်တော်တို.နှစ်ယောက်လုံးဗိုက်ဟောင်းလောင်းဗျ
။
အဲဒိပုဂ္ဂိုလ်စားပြီးတော.မှခေါက်ဆွဲကြော်ဖိုးကျွန်တော်တို.ရှင်းပေးပြီး
။ကျန်တဲ.ပိုက်ဆံလေးနဲ.မြင်းလှည်းငှားပြီး
မှော်ဇာမြို.ဟောင်းကိုလိုက်ပို.ရင်းစကားပြောရတာဗျို. ။
အဲဒိလောက်အထိ
ကျွန်တော်တို.ဆရာတပည်.နှစ်ယောက်ဟာ အင်္ဂလိပ်စာကို
ရူးသွပ်ခဲ.တာပါ
။ထမင်းအငတ်ခံပြီးအင်္ဂလိပ်စာကိုဝါသနာပါတာ ။
တိုးရစ်ဆီက
ဘာတွေရအောင်ယူလိုက်မယ်ဆိုတဲ.စိတ်ကူးကျွန်တော်တို.မှာလုံးဝမရှိပါ
။
သူတို.ကကိုယ်.ကိုခင်လို.ဘာယူမလဲမေးရင်တောင်
အင်္ဂလိပ်စာအုပ်လေးတွေပဲ
ပါရင်ဖတ်ဖို.ပေးခဲ.ပါလို. တောင်းမိတာ
အလွန်ဆုံးပါပဲ ။ တစ်ခုအမြတ်ထွက်တာက
နိုင်ငံခြားသားတွေနဲ.ပြောပါများလာတဲ.အခါ
ကျွန်တော်.အင်္ဂလိပ်ဘာသာစကားအရည်အသွေးဟာ
အံ.မခန်းတိုးတက်လာတာပါပဲ ။
လူတစ်ယောက်ဟာ ဘာသာစကားတစ်ခုကို (ဒါမှမဟုတ်
အတတ်ပညာတစ်ခုကို ) မရမနေ
အင်မတန်ဆန္ဒ ပြင်းပြလာပြီဆိုရင်
တတ်ကိုတတ်ရတော.တာပါပဲ ။
ဘယ်အရာကိုမှလွယ်လွယ်နဲ.မရပါ ။
အခုခေတ်မှာ
ဂိုဒ်ဖြစ်ချင်လို.ဆိုပြီးကျွန်တော်.ဆီတပည်.လာခံတဲ.သူ
လေးငါးယောက်လောက်နဲ.ကြုံဖူးပါတယ် ။
တကယ်ဝါသနာပါတာ ဟုတ်ရဲ.လား ပေါ
်ပင်အလုပ်မို.
သူများယောင်တိုင်းယောင်တာလားဆိုတော.ကျွန်တော် ၊ကျွန်မ
ကတော.တကယ်ဝါသနာပါပြီးလေ.လာချင်တာပါ ၊
ဧည်.လမ်းညွှန်ဖြစ်ချင်တာပါတဲ.။
ကောင်းပြီ ဒါဆို ငါမနက်ဖြန်
ရွှေတိဂုံဘုရားကို နိုင်ငံခြားသားတွေနဲ. မနက်
(၇)နာရီတိတိမှာတက် မယ် ၊ လေ.လာပြီး
အနီးကပ်ပညာယူချင်ရင် လာခဲ.ပါဆိုတော.
အဲဒိအချိန်ကြီးဆို အိပ်တုန်းပဲ တဲ.
အစောကြီးမို.မလာနိုင်ဘူးတဲ.၊
နောက်တစ်ခါမှ ထပ်ခေါ်ပါတဲ
.။
စဉ်းစားသာကြည်.တော. ကျွန်တော်တို.တုန်းက
ဘယ်သူကမှအခုလိုလက်တွဲခေါ
်ခဲ.တာမဟုတ်ဘူး ။ အခုလိုသာ ဂိုဒ်တစ်ယောက်က
လာခဲ.ပါ ပညာပေးမယ်ဆိုလို.ကတော.
မနက်ခုနစ်နာရီမဟုတ်ပါဘူး
အုန်းမောင်းခေါက်ထလာရရင်တောင် လာမှာပါပဲ ။
ကျွန်တော်တို.ဟာ အင်္ဂလိပ်စာ အင်္ဂလိပ်စကားကို
ဝါသနာပါလို. ၊
ကိုယ်.နိုင်ငံအကြောင်း
မသိသေးတဲ.သူတွေသိပါစေလို.ပြောပြလမ်းညွှန်ရတာ
ဝါသနာကြီးလွန်းလို.ဒီ
တိုးရစ်ဂိုဒ်အလုပ်ကိုရွေးချယ်ခဲ.တာပါ ။
ဒီလောကထဲကိုဝင်လာတုန်းကလည်းပန်းခင်းတဲ.လမ်းကိုလျှောက်လာရတာမဟုတ်ဘူး
။ဒေါ
်လာတွေမက်လောက်အောင်ရဖို.နေနေသာသာ
ထမင်းနပ်မမှန်တဲ.ဂိုဒ်တွေတောင်ခြေချင်းလိမ်နေတဲ.ခေတ်မှာ
ဒီအလုပ်ကို
ဝါသနာတစ်ခုနဲ. စလုပ်ခဲ.တာပါ ။
ကျွန်တော်လူငယ်တွေကိုပြောချင်တာက
အလုပ်တစ်ခုကိုလုပ်မယ်ဆိုရင်ငါ.၀ါသနာကဘာလဲ
ငါ.ဘ၀ကိုဘယ်လမ်းကြောင်းနဲ.သွားမှာလဲ
ဆိုတာသိဖို.လိုပါတယ် ။
အဲဒိလိုမှမဟုတ်ရင် ဟိုလိုလို ဒီလိုလို နဲ.
DJ တွေခေတ်စားရင် DJ ပဲဖြစ်ချင်သလို Dancer
ပဲလုပ်တော.မလိုလို ၊
ဂျာနယ်လစ်ပဲလုပ်တော.မလို ၊ သူများယောင်တာနဲ.
ဧည်.လမ်းညွှန်ဝင်လုပ်တော.မလိုလိုတွေဖြစ်တတ်တယ် ။
ကိုယ်တကယ်ဝါသနာပါတာကို
ကိုယ်.ဘာသာအသိဆုံးပါပဲ ။ အဲဒီတော.
ဧည်.လမ်းညွှန်ဖြစ်ချင်တဲ.သူက
လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှာ
စာရေးမ၀င်လုပ်နေရင်ဘာမှဖြစ်လာမှာမဟုတ်ဘူး
၊ ကျောင်းဆရာမဖြစ်ချင်တဲ.လူက
ဗျူတီပါလာမှာအချိန်မဖြုန်းသင်.ဘူး ။
နယ်ကတက်လာတဲ.ကောင်မလေးတစ်ယောက်ရှိတယ်
တိုးရစ်ဂိုဒ်လုပ်ချင်လို.
ဖောင်ဖျက်ပြီး ရန်ကုန်ကိုဆင်းလာခဲ.ပြီ
ကူညီပါဆိုလို.
ခရီးသွားကုမ္မဏီတွေကို
ကျွန်တော်ဆက်သွယ်ပေးတယ်
။သူတို.ကအင်တာဗျူးတွေဘာတွေလုပ်ပြီး သဘောကျတယ်
၊နောက်တစ်ပါတ်လောက်ကျရင်
အလုပ်ခန်.မယ်ပေါ. လစာကတော.ပညာသင်ကာလမို.
ရှစ်သောင်းလောက်ပဲရမယ် ဒါပေမယ်.
တိုးရစ်ဂိုဒ်သင်တန်းတွေ ဘာတွေလဲပို.ပေးမယ်
ဆိုတော.သူ.၀ါသနာနဲ.ဘ၀ရည်မှန်းချက်နဲ.ရတဲ.အလုပ်ကကွက်တိပေါ.ဗျာ။
ဒါပေမယ်.နောက်နေ.ကျ အဲဒိ ကောင်မလေးက
အကြောင်းကြားတယ် ။ဂျပန်တစ်ယောက်ကတဲ.
လစာ တစ်လနှစ်သိန်းပေးပြီး
အတွင်းရေးမှူးအလုပ်ခန်.လိုက်လို.တဲ.
အဲဒိအလုပ်ကိုလက်ခံလိုက်ပါပြီတဲ .။သွားပြီပေါ.
၊
ရည်မှန်းချက်မခိုင်မာတာကိုပြောတာပါ ။
ကိုယ်.၀ါသနာ
ကိုယ်.ရည်မှန်းချက်ခိုင်ခိုင်မာမာသိတဲ.လူဟာ
ငွေနဲ.ဘယ်လောက်ပဲဖျားယောင်းခံရလဲ
ကိုယ်.ရည်မှန်းချက်ကိုဆက်သွားမှာပဲ ။
ကျွန်တော်ဆိုရင် ၁၉၉၅ မှာ
အင်မတန်လခကောင်းတဲ.အလုပ်တစ်ခုကို Summit Park
View ဟိုတယ်မှာ ကျွန်တော်ရနေပြီ ။
ဧည်.လမ်းညွှန်သင်တန်းကျောင်းကအင်တာဗျူးခေါ
်လို.သွားဖြေရမယ်.နေ.မှာ
ဟိုတယ်က ခွင်.မပေးဘူး။ ခွင်.မပေးပဲသွားရင်
အလုပ်ကအပြုတ်ပဲ ။
ကျွန်တော်ကတော.အလုပ်ပြုတ်ရုံမကလို.ထောင်ပဲကျကျ
ဂိုဒ်လုပ်ရရင်
ပြီးရောဆိုတဲ.ကောင်မျိုး။
ဆန်းမစ်ပါတ်ဗျူးဟိုတယ်ကနေ
အလုပ်အပြုတ်ခံပြီးတော.ကို
ဟိုတယ်ခရီးမှာအင်တာဗျူးသွားဖြေတယ် ။
အရွေးခံရတယ် ။ ၁/၁၉၉၅ သင်တန်းကိုတက်ပြီး
ဂိုဒ်လိုင်စင် G/0789 နဲ.
ဂိုဒ်ဖြစ်လာတယ်
။အဲဒိလိုကိုယ်.ရည်မှန်းချက်အတွက်
အများကြီးစွန်.ပြီးတော.တိုက်ယူခဲ.ရတယ် ။
အဲဒိတော.
ယောင်ဝါးဝါးတပည်.ဆယ်ယောက်လောက်တွေ.ပြီးတဲ.အခါ
ကျွန်တော်ကျွန်မတို.
တိုးရစ်ဂိုဒ်ဖြစ်ချင်ပါတယ်
ကူညီပါလို.ဘယ်လောက်ပဲပြောလာသည်ဖြစ်စေကျွန်တော်အယုံအကြည်မရှိတော.ဘူး
။
ဂိုဒ်တစ်ယောက်ဖြစ်ဖို.ဆိုတာ ဒီနေ.
ယောင်စိန်လုပ၊်မနက်ဖြန်ဖြစ်တဲ.ကိစ္စမျိုးမဟုတ်ဘူး ။
ဘာသာစကားရော ၊
ဗဟုသုတရော ၊ ၀ါသနာရော ၊အရည်အချင်းရော ၊ဇွဲသတ္တိ
နဲ.ခံနိုင်ရည်ရော
ဘက်ပေါင်းစုံကရှိမှရမှာ ။
အခုဝါသနာပါပါတယ်လို.ခပ်လွယ်လွယ်ပြောနေကြသူတွေက
ကျွန်တော်တို. လည်ကတုံးအင်္ကျီအဖြူလေး
ကျော.နေအောင်ဝတ် ၊
အဲယားကွန်းကားထဲမှာ ဇိမ်နဲ. ထိုင်လိုက် ၊
လေယာဉ်စီးလိုက်
ဟိုတယ်မှတည်းလိုက်၊ လူရှေ.သူရှေ.
ဘုရားဖူးတွေကြားမှာ ဘိုလိုမှုတ်လိုက်
ဆိုတဲ.
ဂိုဒ်တစ်ယောက်ရဲ.အပေါ်ယံကိစ္စတွေကိုကြည်.ပြီး အားကျတာနဲ.
ဝါသနာပါတယ်လို.သံယောင်လိုက်အော်နေကြတာပါ ။
ကျွန်တော်တို.အလုပ်ဟာ အဲဒိအပေါ်ယံကြောတွေအပြင်
အရေးအကြီးဆုံးဖြစ်တဲ.
စိတ်ဖိစီးမှုဒဏ်ကိုခံနိုင်ဖို. ၊ လူပင်ပန်း
စိတ်ပင်ပန်းဒဏ်ကို
ခံနိုင်ဖို. ၊လူတိုင်းနဲ.အဆင်ပြေအောင်ဆက်ဆံတတ်ဖို.
၊ အချိန်တိုအတွင်းမှာ
ကိုယ်ပိုင်ဆုံးဖြတ်ချက် ချတတ်ဖို.၊
ဖြစ်လာသမျှကို
တာဝန်ယူရဲဖို.အရေးကြီးပါတယ် ။
ဒါဆိုခင်ဗျားတို.ဂိုဒ်တွေကအားလုံးအဲဒိလိုတော်နေသလားလို.မေးလာရင်တော.
အများစုကတော.၀ါသနာနဲ.လုပ်နေကြတာပါလို.ဖြေရလိမ်.မယ်
။ငွေရချောင်လို.၀င်လုပ်တဲ.ဝေလေလေတွေလည်းအနည်းအပါးတော.ရှိနိုင်တယ်
။ဒါပေမယ်.အဲဒိလို ခံယူချက်မခိုင်မာသူတွေကို
စစ်ဆေးဖယ်ထုတ်တဲ.စာမေးပွဲကြီးနှစ်ကြိမ်
မြန်မာပြည်မှာစစ်ခဲ.တယ် ။
လူကစစ်တာမဟုတ်ဘူး ၊ ၀န်ကြီးဌာနကစစ်တာမဟုတ်ဘူး
သဘာဝတရားကြီးကစစ်တာ
ပထမစာမေးပွဲကြီးက ၂၀၀၇ မှာစစ်တယ်
။ဘယ်လိုစစ်သလဲဆိုတော. ၂၀၀၇
သံဃာအရေးအခင်း (ရွှေဝါရောင်တော်လှန်ရေး) ဖြစ်တယ် ။
သက်ဆိုင်ရာက
သံဃာတော်တွေကိုအကြမ်းဖက်နှိမ်နှင်းတဲ.
သတင်းဓါတ်ပုံတွေ ၊ဗီဒီယိုဖိုင်တွေ
နိုင်ငံတကာသတင်းဌာနတွေမှာပါလာတော.
ကမ္ဘာလှည်.ခရီးသွားတွေဟာကြောက်ပြီးတော.
မြန်မာနိုင်ငံကိုမလာကြတော.ဘူးဗျ ။ Tourism ဟာ Zero
Level
သုံညအမှတ်နီးပါးအထိ ကျသွားတယ် ။
တိုးရစ်မလာတော.ဂိုဒ်တွေလဲစီးပွားရေးထိပြီပေါ.ဗျာ
။ပထမစမ်းသပ်ချက်ကို
မခံနိုင်တဲ.ဂိုဒ်တွေဟာ
နိုင်ငံခြားကိုထွက်သူတွေကထွက်သွားကြတယ် ။
ငါးလျှံတောင်မှာ
ရေနံတူးမယ်ဆိုပြီးထွက်သူကထွက်ကြတယ် ။တချို.လဲ
တခြားစီးပွားရေးတွေပြောင်းလုပ်ကြပြီး
ဒီလောကထဲကိုပြန်ဝင်မလာကြတော.ဘူး ။
ဒုတိယစာမေးပွဲကတော.နောက်တစ်နှစ်မှာစစ်တယ် ။
စာမေးပွဲမေးခွန်းထုတ်တာက
ဆိုင်ကလုန်းမုန်တိုင်း နာဂစ်တဲ.
။စာမေးပွဲစစ်တဲ.နေ.က ၂၀၀၈ မေလ ၂ ရက်နေ.ည
ဆယ်နာကျော် ကနေ နောက်နေ.မနက်မိုးသောက်အထိ ။ အဲဒိ
စမ်းသပ်ပွဲကြီးမှာ
မုန်တိုင်းဒဏ်ခံ ပြည်သူလူထု ဟာတစ်ညထဲမှာတင်
လူတစ်သိန်းလောက်သေကြေပျက်စီးတယ် ။ကယ်ဆယ်ရေးတွေ
နှောင်.နှေးတာ
၊စီမံခန်.ခွဲမှုညံ.ဖျင်းတာကြောင်. အလောင်းတွေကို
မသင်္ဂြိုဟ် နိုင်ပဲ
ပုတ်ပွနေတဲ.အလောင်းတွေ မြစ်တွေ ၊ချောင်းတွေ
၊ပင်လယ်ဝတွေမှာ
မြင်မကောင်းရှုမကောင်း
မျောပါနေကြတာတွေကိုနိုင်ငံတကာကတွေ.တော.
အံ.သြတုန်လှုပ် ၊ကြောက်ရွံ. သွားကြပြီး
(ဘုန်းကြီးတွေကို
အကြမ်းဖက်နှိမ်နှင်းပြီးတာ ရှစ်လပဲ
ကြာသေးတဲ.အချိန်) မြန်မာပြည်ဆို
ဝေရာမဏိ ဝေးဝေးကရှောင်ကျဉ်ပါ၏ တွေဖြစ်ကုန်ရော
။
အဲဒိဒုတိယ စာမေးပွဲစစ်ဆေးချက်ကပိုပြီးအထိနာပါတယ်
။ ဟိုတယ်ခရီးဝန်ကြီး
ဌာနရဲ.စာရင်းအရ ၄၀၇၇ ယောက်
လိုင်စင်တရားဝင်ထုတ်ပေးထားပါတယ်ဆိုတဲ.ဧည်.လမ်းညွှန်တွေဟာ
ဒီအလုပ်
ဒီဝင်ငွေနဲ.ဆက်လက်မရပ်တည်နိုင်တော.တဲ.အခါ
ဖုတ်ဖက်ခါပြီး ဒီလုပ်ငန်း
ကိုစွန်.ခွာသွားလိုက်ကြတာ အခုတော.
လက်ရှိမှာ လူ သုံးထောင်လောက်ပဲ
ဂိုဒ်လိုင်စင်လက်ရှိကျန်တော.တယ် ။ဒါတောင်
ဒီလူ သုံးထောင်ဟာ အားလုံး
ဒီနယ်ပါယ်ထဲမှာ
ဧည်.လမ်းညွှန်လုပ်နေကြတာမဟုတ်ဘူး
လိုင်စင်လက်ရှိစာရင်းကိုသာပြောရတာ။
လက်၇ှိလုပ်နေကြတာက တစ်ပြည်လုံးမှာ
တစ်ထောင်.ငါးရာ(၁၅၀၀) လောက်ပဲရှိတယ် ။
အဲဒိ ၁၅၀၀ လောက်က
မြန်မာတစ်ပြည်လုံးကိုဝင်လာတဲ.တိုးရစ်ခြောက်သိန်းလောက်
ကိုတာဝန်ယူရတာဆိုတော. စဉ်းစားသာကြည်.တော.
ဂိုဒ်တစ်ယောက်ကို တိုးရစ် (၄၀၀
) နှုန်းထိန်းရသလို ဖြစ်နေတော.
မနိုင်မနင်းတွေဖြစ်ကုန်တာပေါ. ။
ဒီတော. နယ်တွေမှာဂိုဒ်မလုံလောက်တဲ. ပြသနာတွေရှိလာတယ်
။
လက်ပူတိုက်ဖြေရှင်းနည်းကတော.
ဂိုဒ်မဟုတ်ပေမယ်.
အင်္ဂလိပ်စကားနည်းနည်းပါးပါးပြောတတ်တဲ.သူတွေကို
ဂိုဒ်ဆိုပြီးထည်.ပေးရတော.တာပဲ ။ ဘာသာစကား
ပြောတတ်ပေမယ်.
ဂိုဒ်အစစ်မဟုတ်တော. သက်ဆိုင်ရာအခေါ်အဝေါ
်တွေမသိတာ ၊ သမိုင်းကြောင်းတွေ
၊မြန်မာ.ယဉ်ကျေးမှု တွေ မသိတာ
ဗုဒ္စဘာသာကိုထဲထဲဝင်ဝင်နားမလည်တာ
၊စာဖတ်မထားတာစတဲ.ပြသနာတွေရှိတယ်
။ ဧည်.သည်က ကက္ကူဘုရားကိုမေးတယ် အရေးပေါ
်ဆွဲခန်.ဂိုဒ်က ကက္ကူဘုရားကိုမသိဘူး
ကက္ကူရံခြောက်ပဲသိတယ်
အဲဒိတော.ဈေးထဲခေါ
်သွားပြီးငါးခြောက်လိုက်ပြတာမျိုးလဲဖြစ်ဖူးတယ် ။
မဟာမုနိဘုရားကြီးကို ပဉ္စလောဟာ
သတ္တုငါးမျိုးနဲ.သွန်းလုပ်ထားတာမသိပဲ
ဒီဘုရားက ဘာသားနဲ.ထုထားတာလဲ လို.လာမေးတဲ.
အရေးပေါ
်ဆွဲခန်.ဂိုဒ်ကရှိသေးတယ် ။
ခြုံပြီးပြောရရင်
ဧည်.လမ်းညွှန်မလုံလောက်မှုကြောင်.
ရရာတွေကိုဆွဲသုံးရာက၀န်ဆောင်မှုတွေဟာကျလာတယ် ။
အဲဒါကတော.
မကောင်းတဲ.လက္ခဏာပါပဲ
။ရေတိုမှာလတ်တလောဒီလိုရှင်းလိုက်ပေမယ်.
ရေရှည်မှာတိုင်းပြည်ရဲ.
ပုံရိပ်ကိုထိခိုက်စေပါတယ် ။
မြန်မာဧည်.လမ်းညွှန်တွေအရမ်းတော်တယ်ဆိုတဲ.
နိုင်ငံတကာကချီးကျူးသံကိုရအောင်
အနှစ်နှစ်ဆယ်လောက်အားလုံးဝိုင်းပြီးတည်ဆောက်ခဲ.ကြရတာပါ
။နာမည်ပျက်ဖို.ကတော. တစ်နှစ်နှစ်နှစ်လောက်နဲ.တင်
လုံလောက်ပါတယ် ။
သက်ဆိုင်ရာကိုပြောချင်တာကတော. မြန်မာပြည်မှာ
တကယ်အရည်အချင်းရှိတဲ.ပညာတတ်လူငယ်တွေအများကြီးရှိတယ်
။သူတို.တွေကို
စနစ်တကျအသုံးချပါ ။ အခွင်.အလမ်းတွေပေးပါ ။
အခုဆိုရင် ဂိုဒ်သင်တန်းကြီးဟာ
လျှို.၀ှက်သောနှင်း ဖြစ်နေတယ်
။ဘာမှပွင်.လင်းမြင်သာမှုမရှိဘူး ။ ဘယ်လမှာ
ဂိုဒ်သင်တန်းဖွင်.မယ်
ဘယ်နေ.ကစပြီးလျှောက်လွှာတင်နိုင်တယ် ၊
လူဘယ်နှစ်ယောက်လက်ခံမယ် ။
သင်တန်းပြီးတာနဲ.လိုင်စင် ကို
ဘယ်နှစ်လအတွင်းထုတ်ပေးမယ်ဆိုတဲ.အချက်တွေဟာ ဘာမှ
တိတိကျကျမသိရဘူး ။
လူကြီးကိုတင်ပြထားပါတယ် ၊
လူကြီးခွင်.ပြုတာနဲ.ဖွင်.ပါ.မယ် စသည်ဖြင်.
မ.ဆ.လ / န.၀.တ ခေတ်က စကားမျိုးတွေကိုပဲပြောနေကြတယ်
။
တိကျရေရာမှုဘာမှမရှိကြဘူး ။ တိကျရေရာမှု
ပွင်.လင်းမြင်သာမှု အားနည်းနေတယ်
။ စီမံခန်.ခွဲမှုအပိုင်း အရမ်းကအားနည်းတယ် ။
တစ်ချို.ဟာကျောင်းထိုင်ဆရာတော်ကြီး
ခွင်.မပြုရင်ဘာမှမလုပ်ရဲတဲ.ဘုန်းကြီးကျောင်းသားလေးတွေလို
အပေါ
်ကကျလာမယ်.ညွှန်ကြားချက်ကိုပဲစောင်.နေကြတယ် ။ အပေါ
်ကကျမလာရင်
ဒီအတိုင်းပဲ စောင်.နေကြတယ် ။
တကယ်ဆိုရင်
ကျွန်တော်တို.နိုင်ငံရဲ.ခရီးသွားလုပ်ငန်းဟာ
မြန်မာ.ခရီးသွားနှစ်လို.သတ်မှတ်ခဲ.တဲ. ၁၉၉၆
ခုနှစ်ကစပြီးတွက်ရင် အခု
ခရီးသွားလုပ်ငန်းအရမ်းဖွံ့ဖြိုးလာတဲ. ၂၀၁၂ ခုအထိ
၁၆ နှစ်လုံးလုံး
ပြင်ဆင်ချိန်ရခဲ.တယ် ။
ဒီအချိန်တွေအတွင်းမှာစနစ်တကျ
မပြင်ဆင်နိုင်ခဲ.ကြလို.သာ
လူ.စွမ်းအားအရင်းအမြစ်ပြသနာတွေနဲ.အခုရင်ဆိုင်နေကြရတာဖြစ်ပါတယ်
။
ခရီးသွားလုပ်ငန်းဆိုတာ
သဘာဝသယံဇာတတွေရောင်းစားသလို
အချိန်တန်တော.ကုန်ခမ်းသွားတတ်တဲ.လုပ်ငန်းမဟုတ်ဘူး
။ သစ်တောတွေ ၊
သဘာဝဓါတ်ငွေ.တွေ ၊ကျောက်မျက်ရတနာတွေဟာ
တစ်ချိန်ကျရင်သေချာပေါက်
ကုန်ခမ်းသွားပါလိမ်.မယ် ။ဒါပေမယ်.
တိုးရစ်တွေကိုခေါ်ပြ
၊ဓါတ်ပုံရိုက်ခိုင်းလို.
ပုဂံမြို.ကြီးပျက်မသွားသလို ၊ ဧရာဝတီမြစ်ကြီးလဲ
ပျောက်ပျက်မသွားနိုင်ပါဘူး ။စနစ်တကျ
စီမံခန်.ခွဲတတ်မယ်ဆိုရင်
ကမ္ဘာတည်သရွေ. မြန်မာနိုင်ငံကြီးရှိနေသရွေ.
တိုင်းသူပြည်သားတွေအတွက်ဝင်ငွေ
ရနိုင်တဲ. လုပ်ငန်းကြီးပါ ။
လေကြောင်းလိုင်းပိုင်ရှင်ကနေ ဆိုက်ကားသမားအထိ
အလုပ်ဖြစ်နိုင်တဲ.လုပ်ငန်းမို.
အားလုံးအတွက်
အင်မတန်တွက်ခြေကိုက်တဲ.တိုင်းပြည်ရဲ.အဓိကငွေဝင်ပေါက်ကြီးကိုရေရှည်အတွက်
စနစ်တကျ ကိုင်တွယ် ဆောင်ရွက်သွားကြရမှာပါ ။
အဲဒိလိုလုပ်တဲ.အခါမှာ ပညာတတ်လူငယ်တွေရဲ.
လူ.စွမ်းအားအရင်းအမြစ်ဟာ
အရမ်းအရေးကြီးပါတယ် ။ သူတို.ကို
လူမှန်နေရာမှန်နေရာပေးတတ်ဖို.လိုပါတယ် ။
လူငယ်တွေကလဲ ကိုယ်ဝါသနာပါတဲ. ဘ၀ရဲ.လမ်းကြောင်းကို
ကိုယ်.ဘာသာသိပြီး
ပြင်းပြင်းထန်ထန်ကြိုးစားကြမှ
ကိုယ်.လိုင်းနဲ.ကိုယ်
ကျွမ်းကျင်တဲ.လူဖြစ်လာမှာပါ ။ တစ်ခုသေချာတာက
လူတစ်ယောက်ဟာ
ဘက်ပေါင်းစုံမတော်နိုင်သလို အားလုံးလဲညံ.မနေ
နိုင်ပါဘူး ။
ကိုယ်ဝါသနာပါတဲ.ဘက်ကို
မီးကုန်ယမ်းကုန်ကြိုးစားကြဖို.တော.လိုပါလိမ်.မယ် ။
ဘက်ဂရောင်းကောင်းလို.စိုင်ကော်လို.ခြုံပေါ
်ရောက်ခဲ.ရင်လဲ
စိုင်ကအမြဲမကော်နိုင်သလို ခြုံပေါ
်လဲအမြဲမရောက်နိုင်ပါဘူး ။
ပညာခေတ်မှာဝေလေလေတွေအတွက်နေရာမရှိပါဘူး ။
လောကမှာပညာနဲ.တူတဲ.စိုင်ဆိုတာမရှိပဲ ဘယ်သူမှ
လူလေးစားလောက်တဲ. ခြုံပေါ်
်ကိုရောက်မှာမဟုတ်ဘူးလို.ပြောချင်ပါတယ် ။
သရ၀ဏ် (ပြည်)
--
From: Ko Nyi Nyi
Date: 2013/1/4
image credit to www.myanmargeneva.org
article credit to Ko Nyi Nyi
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။