ကျွန်တော့် အတွေးအမြင်စာစုလေးများ
လူသည် မနက်ထက် ညနေမှာ ပို၍တော်ရမည်။ မနေ့ကထက် ဒီနေ့ အသိဥာဏ်ပိုရှိရမယ်။ ဒီနှစ်ထက်နောက်နှေစ် ပိုမိုတိုးတက်ရမည်။ ထို့အတွက် အကောင်းဆုံးနည်းလမ်းမှာ စာဖတ်ခြင်းပင်ဖြစ်သည်။
စာဖတ်ခြင်းသည် နည်းလမ်းများစွာရှိသည်။ ဘယ်လိုစာပေမျိုးကို ဖတ်ရှုမလဲ စာအုပ်စာပေများမှ မည်သည့်အရာများကို ကောက်ယူအသုံးချမလဲ ဆိုသည်မှာလည်း အလွန်အရေးပါသည့် ကိစ္စပင်ဖြစ်သည်။
...
ကျွန်တော်တို့သည် သာမန်ချစ်ခန်းကြိုက်ခတ် ၀တ္ထုများနှင့် အချိန်ကုန်မည်လား ရှိတ်စပီးယားတို့လို ဂန္တာဝန် ၀တ္ထုများကို ဖတ်မည်လား၊ အထွေထွေဗဟုသုတစာပေများကို ဖတ်မည်လား သို့မဟုတ် မိမိ၏ ဘ၀ရပ်တည်ရာလုပ်ငန်းဆိုင်ရာ စာပေများကိုဖတ်ရှုမည်လား၊ အတွေးအမြင်စာများကို ဖတ်ရှုမည်လား၊ နိုင်ငံရေးစာပေများကို လေ့လာမည်လား၊ စစ်ရေးကိစ္စကို ဖတ်ရှုမည်လား၊ သမိုင်းအတ္ထုပတ္တိများကိုလေ့လာမည် လား၊ မည်သို့သောစာပေကို ဖတ်ရှုမည်မှာ မိမိကိုယ်၌သာမူတည်သည်။
ခဏတာ အပျော်ဖတ်စာပေမျိုးလည်း သူ့နေရာသူအသုံးဝင်သော်လည်း အမြဲတမ်းစွဲဖတ်ရန်မသင့်ပေ။ နောက် စာအုပ်များကို ဖတ်ရှုပြီး ဘ၀ကို စာအုပ်ကြီးအတိုင်းလည်း မတည်ဆောက်သင့်ပေ။ ပြော့ပြောင်းသောမူဝါဒ ဆုံးဖြတ်ပြီးသည်နှင့် တစိုက်မတ်မတ်လုပ်တတ်သောဇွဲ ၀ိရိယ အားထားမှုဖြင့် စာအုပ်စာပေ ကောင်းများကို မှီငြမ်းအသုံးပြုနိုင်ပါက မိမိဘ၀သည် မိမိကံကြမ္မာဖြစ်လာပေလိမ့်မည်။
ကျွန်တော်တို့ မြန်မာလူမျိုးအများစုတွင် အကြီးအကျယ်အားနယ်ချက်ကြီး တစ်ခုရှိသည်။ စာဖတ်ပျင်းခြင်းနှင့် စာရေးပျင်းခြင်းတို့ဖြစ်သည်။ စာဖတ်နေရုံသာမကပဲ မိမိသိရှိထားသော စာပေဗဟုသုတတို့ကို ချရေးခြင်းဖြင့် မိမိ၏အသိဥာဏ်ပညာကို မြင့်တင်နိုင်ပေသည်။ ထို့အတူ ပြင်ပသို့လည်း ဗဟုသုတများစွာ ဖြန့်ဝေနိုင်သဖြင့် လွန်စွာအကျိုးရှိပါသည်။
ကိုးရီးယားတိုးတက်သည် ဂျပန်အလွန်အောင်မြင်သည် စင်္ကာပူသည် ချမ်းသာလာသည်မှာ သူတို့၏ အစိုးရကောင်းမွန်မှုပါဝင်သောလည်း ၁၀၀ ရာနှုန်းမမှန်ချေ။ သူတို့သည် စာအလွန်ဖတ်ကြသည် အလုပ်အလွန်ကြိုးစားကြသည်။ စာပေမှ ဗဟုသုတများစွာရရှိသောကြောင့် မလုပ်သင့်မလုပ်ထိုက်သည်များကို အနည်းငယ်သာမှားယွင်းကြမည်။ ကောင်းမွန်စွာလည်း ဦးဆောင်နိုင်ကြမည်ဖြစ်သည်။
ယခုမြန်မာပြည်တွင် လူအများစုသည် စာပေကို စိတ်မ၀င်စားချေ။ များစွာလည်း ဆင်ခြေဆင်လက်နိုင်ကြသည်။ စာအုပ်ဆိုင်များနှင့် အ၀တ်ဆိုင်များရှိ ၀ယ်ယူသူ အရေအတွက်ကို နှိုင်းယှဉ်လျင်သိသာစွာတွေ့မြင်နိုင်ပါသည်။
တသက်လုံးပေါင်းမှ ကျောင်းပညာ တစ်နှစ်သာမရှိသော abraham lincoln သည် မီးလင်းဖိုအနီးတွင် စာကြည့်ပြီး မိမိဘ၀ကို ကြိုးစားခဲ့သည်မှာ အကောင်းမွန်ဆုံး သာဓကဖြစ်ပေသည်။
ဒါကြောင့် မြန်မာလူမျိုးတို့၏ အမျိုးသားဂုဏ်ရည်နှင့် ဥာဏ်ပညာအစွမ်းတို့ကို ကောင်းမွန်သော စာပေများကို စာဖတ်ခြင်းဖြင့် မြင့်တင်ကြပါဟုတိုက်တွန်းရင်းနိ ဂုံးချုပ်အပ်ပါသည်။
ဝေဟင်ချစ်သူ
www.facebook.com/theuseofforce
လူသည် မနက်ထက် ညနေမှာ ပို၍တော်ရမည်။ မနေ့ကထက် ဒီနေ့ အသိဥာဏ်ပိုရှိရမယ်။ ဒီနှစ်ထက်နောက်နှေစ် ပိုမိုတိုးတက်ရမည်။ ထို့အတွက် အကောင်းဆုံးနည်းလမ်းမှာ စာဖတ်ခြင်းပင်ဖြစ်သည်။
စာဖတ်ခြင်းသည် နည်းလမ်းများစွာရှိသည်။ ဘယ်လိုစာပေမျိုးကို ဖတ်ရှုမလဲ စာအုပ်စာပေများမှ မည်သည့်အရာများကို ကောက်ယူအသုံးချမလဲ ဆိုသည်မှာလည်း အလွန်အရေးပါသည့် ကိစ္စပင်ဖြစ်သည်။
...
ကျွန်တော်တို့သည် သာမန်ချစ်ခန်းကြိုက်ခတ် ၀တ္ထုများနှင့် အချိန်ကုန်မည်လား ရှိတ်စပီးယားတို့လို ဂန္တာဝန် ၀တ္ထုများကို ဖတ်မည်လား၊ အထွေထွေဗဟုသုတစာပေများကို ဖတ်မည်လား သို့မဟုတ် မိမိ၏ ဘ၀ရပ်တည်ရာလုပ်ငန်းဆိုင်ရာ စာပေများကိုဖတ်ရှုမည်လား၊ အတွေးအမြင်စာများကို ဖတ်ရှုမည်လား၊ နိုင်ငံရေးစာပေများကို လေ့လာမည်လား၊ စစ်ရေးကိစ္စကို ဖတ်ရှုမည်လား၊ သမိုင်းအတ္ထုပတ္တိများကိုလေ့လာမည်
ခဏတာ အပျော်ဖတ်စာပေမျိုးလည်း သူ့နေရာသူအသုံးဝင်သော်လည်း အမြဲတမ်းစွဲဖတ်ရန်မသင့်ပေ။ နောက် စာအုပ်များကို ဖတ်ရှုပြီး ဘ၀ကို စာအုပ်ကြီးအတိုင်းလည်း မတည်ဆောက်သင့်ပေ။ ပြော့ပြောင်းသောမူဝါဒ ဆုံးဖြတ်ပြီးသည်နှင့် တစိုက်မတ်မတ်လုပ်တတ်သောဇွဲ ၀ိရိယ အားထားမှုဖြင့် စာအုပ်စာပေ ကောင်းများကို မှီငြမ်းအသုံးပြုနိုင်ပါက မိမိဘ၀သည် မိမိကံကြမ္မာဖြစ်လာပေလိမ့်မည်။
ကျွန်တော်တို့ မြန်မာလူမျိုးအများစုတွင် အကြီးအကျယ်အားနယ်ချက်ကြီး တစ်ခုရှိသည်။ စာဖတ်ပျင်းခြင်းနှင့် စာရေးပျင်းခြင်းတို့ဖြစ်သည်။ စာဖတ်နေရုံသာမကပဲ မိမိသိရှိထားသော စာပေဗဟုသုတတို့ကို ချရေးခြင်းဖြင့် မိမိ၏အသိဥာဏ်ပညာကို မြင့်တင်နိုင်ပေသည်။ ထို့အတူ ပြင်ပသို့လည်း ဗဟုသုတများစွာ ဖြန့်ဝေနိုင်သဖြင့် လွန်စွာအကျိုးရှိပါသည်။
ကိုးရီးယားတိုးတက်သည် ဂျပန်အလွန်အောင်မြင်သည် စင်္ကာပူသည် ချမ်းသာလာသည်မှာ သူတို့၏ အစိုးရကောင်းမွန်မှုပါဝင်သောလည်း
ယခုမြန်မာပြည်တွင် လူအများစုသည် စာပေကို စိတ်မ၀င်စားချေ။ များစွာလည်း ဆင်ခြေဆင်လက်နိုင်ကြသည်။ စာအုပ်ဆိုင်များနှင့် အ၀တ်ဆိုင်များရှိ ၀ယ်ယူသူ အရေအတွက်ကို နှိုင်းယှဉ်လျင်သိသာစွာတွေ့မြင်န
တသက်လုံးပေါင်းမှ ကျောင်းပညာ တစ်နှစ်သာမရှိသော abraham lincoln သည် မီးလင်းဖိုအနီးတွင် စာကြည့်ပြီး မိမိဘ၀ကို ကြိုးစားခဲ့သည်မှာ အကောင်းမွန်ဆုံး သာဓကဖြစ်ပေသည်။
ဒါကြောင့် မြန်မာလူမျိုးတို့၏ အမျိုးသားဂုဏ်ရည်နှင့် ဥာဏ်ပညာအစွမ်းတို့ကို ကောင်းမွန်သော စာပေများကို စာဖတ်ခြင်းဖြင့် မြင့်တင်ကြပါဟုတိုက်တွန်းရင်းနိ
ဝေဟင်ချစ်သူ
www.facebook.com/theuseofforce
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။