Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 6, 2013

လက်ဦးဆရာ

 


လက်ဦးဆရာ

မိခင်ဆိုတာ ကလေးတစ်ယောက်ရဲ့ လက်ဦးဆရာဖြစ်တယ်။ အဖက်ဖက်မှာ ပြီးပြည့်စုံတဲ့မိခင်တစ်ဦးက ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ပါတယ်။ မိသားစုဆိုတာ ကလေးတစ်ယောက်ရဲ့အခြေခံလူနေမှု၊ အခြေခံပညာရေး စတင်ရာနေရာဖြစ်တယ်။ ဒီလိုနေရာမှာ မိခင်က ဆရာဖြစ်တယ်။ မိခင်ရဲ့အပြောအဆို၊ အပြုအမူတစ်ခုတိုင်းက ကလေးငယ်ရဲ့ အတုယူရာ၊ အားကျရာနေရာဖြစ်တယ်။ ကလေးငယ်ရဲ့ကနဦးပြုမူတတ်တဲ့ အပြုအမူ၊ အကျင့်စရိုက်တွေက မိခင်ကိုယ်ပေါ်ကနေ သင်ယူခဲ့ကြောင်းကို ပညာရှင်တွေက လေ့လာဆန်းစစ်မှု အကြိမ်ကြိမ်ပြုလုပ်ပြီး အတည်ပြုခဲ့ကြပါတယ်။

မိဘတိုင်းက ကိုယ့်သားသမီးကိုချစ်ကြတာချည်းပဲ။ ဒါပေမယ့် ချစ်တဲ့အရည်အသွေးက ကွဲပြားခြားနားတယ်။ ကလေးကိုချစ်တဲ့ အရည်အသွေးကွဲပြားရတာက မိဘတွေရဲ့ ပညာအရည်အချင်း၊ ရာထူးအနိမ့်အမြင့်နဲ့ မသက်ဆိုင်ပါဘူး။ ကလေးအပေါ် နားလည်မှုအတိုင်းအတာနဲ့ ကလေးနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖြေရှင်းတဲ့စံနှုန်းပေါ်မှာပဲ မူတည်ပါတယ်။

အခန်း (၁) မေတ္တာအရည်အသွေးကို ဘယ်လိုမြင့်တင်မလဲ

(၁) ဆေးထိုးတာ နည်းနည်းနာတယ်
တကယ်တော့ ကလေးတွေရဲ့ခံနိုင်ရည်စွမ်းက အံ့သြစရာပါ။ သူတို့ကို မခြောက်လန့်ဘူး သင့်တင့်တဲ့ စိတ်ဓာတ်ရေးရာ ကြိုတင်အသိပေးလေးတွေလုပ်ခဲ့ရင် များသောအားဖြင့် သူတို့ဟာ ဘယ်လောက်ခက်ခဲတဲ့ကိစ္စရပ်ကိုမဆို လက်ခံနိုင်ကြတယ်၊ ခံနိုင်ရည်ရှိကြတယ်။

တစ်ခါက ဆေးရုံဝရံတာမှာ အသက်၆နှစ်, ၇နှစ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက် ဆေးထိုးဖို့ငြင်းဆန်နေတာကို ကျွန်မတွေ့ခဲ့တယ်။ ထောင်ထောင်မောင်းမောင်း၊ သန်သန်မာမာသူ့ဖခင်က သူ့ကို ထိန်းမထားနိုင်ခဲ့ဘူး။ ဖခင်ကအားနဲ့ ကောင်လေးကိုချုပ်ထားဖို့ကြိုးစားတိုင်း နောက်ဆုံးမှာ ကောင်လေးက ရုန်းထွက်နိုင်ခဲ့တာချည်းပဲ။ ကောင်လေးရဲ့ တွန်းလှန်အားကို “အစွမ်းကုန်”ဆိုတာနဲ့ တင်စားလို့ရပါတယ်။ သေးငယ်တဲ့ခန္ဓာကိုယ်ကနေ အံ့သြစရာကောင်းလောက်တဲ့ အားအင်မျိုးနဲ့ သူရုန်းခဲ့တယ်။ စူးစူးဝါးဝါး သူအော်ဟစ်တဲ့အသံက လူကိုချောက်ချားစေခဲ့သလို ဝရံတာတစ်ခုလုံးကိုလည်း တုန်လှုပ်စေခဲ့ပါတယ်။

လူတစ်ယောက်ရဲ့ခံစားချက်က အဆုံးစွန်ထိမရောက်ရင် “အစွမ်းကုန်”အင်အားမျိုး ရှိနိုင်ပါ့မလား။ အဲဒီကောင်လေး ဘယ်လောက်ကြောက်လန့်နေမယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ ဆေးထိုးတယ်ဆိုတဲ့ ဒီ “ကိစ္စရပ်လေး”တစ်ခုက ကလေးရဲ့စိတ်ဓာတ်ကို ဘယ်လောက်အထိ ပွန်းရှခဲ့ပြီလဲ။

ကလေးငယ်တွေရဲ့ကြီးပြင်းရာလမ်းတလျောက်မှာ ခက်ခဲတယ်၊ ကြောက်ဖို့ကောင်းတယ်လို့ သူတို့ထင်တဲ့အရာတွေ အနည်းအများတော့ သူတို့တွေ့ကြုံရစမြဲပဲ။ အုပ်ထိန်းသူလူကြီးတွေရဲ့တာဝန်က ကြောက်ရွံ့တဲ့စိတ်ကိုကျော်လွှားဖို့ ကလေးငယ်ကိုကူညီတာပဲဖြစ်တယ်။ အေးဆေးတည်ငြိမ်တဲ့စိတ်ထားနဲ့ အခြေအနေကို ဖြတ်ကျော်နိုင်ဖို့၊ နာကျင်ကြောက်ရွံ့စိတ်ကို နိမ့်ချပေးနိုင်ဖို့ ကူညီတာဖြစ်တယ်။

ဆေးထိုးတယ်ဆိုတဲ့ ဒီလိုကိစ္စမျိုးက တစ်သက်မှာ အကြိမ်တော်တော်များများ တွေ့ကြုံရမယ့်ကိစ္စမျိုးပါ။ ဆေးထိုးတာကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကလည်း လုံးဝလျစ်လျူရှုထားလို့မရနိုင်တဲ့ ကိစ္စရပ်လေးဖြစ်တယ်။ ဒီလိုသေးသေးမွှားမွှားကနေဖြစ်ပွားလာတဲ့ စိတ်ဓာတ်ရေးရာကလည်း တခြားကိစ္စရပ်တွေပေါ် ပြောင်းရွေ့နိုင်ပါတယ်။ လူကြီးတွေက ကိုယ်ကိုယ်တိုင်ရဲ့ခံစားချက်နဲ့ ကလေးတွေကို သွားအကဲဖြတ်လို့ မရပါဘူး။ များသောအားဖြင့် လူကြီးတွေက ဒါဟာ လွယ်ကူတဲ့အရာပဲ.. ကလေးငယ်ကိုချုပ်ထားနိုင်ရင် ဒါမှမဟုတ် လိမ်ညာပြီး ထိုးခိုင်းလိုက်ရင် ပြီးသွားမယ့်ကိစ္စလို့ထင်ကြတယ်။ ကလေးငယ်ကို တည်တည်ငြိမ်ငြိမ်နဲ့လက်ခံတတ်ဖို့ လူကြီးတွေက ပညာပေးသင့်သလို နာကျင်မှုကို ခံနိုင်ရည်ရှိတဲ့သတ္တိမျိုး ပြုစုပျိုးထောင်ပေးသင့်ပါတယ်။

မှတ်မိပါသေးတယ်.. ကျွန်မရဲ့သမီးလေး ကစ်ကစ် ပထမဆုံးအကြိမ် ဖျားနာပြီးဆေးထိုးတာက သူ့အသက် တစ်နှစ်နဲ့၈လအရွယ်မှာပါ။ စကားနည်းနည်းတတ်စ၊ နားလည်စအရွယ်လေးပေါ့။ သူဖြစ်တဲ့ရောဂါက အဆုတ်ရောင်ရောဂါပါ။ သူ့ကိုဆေးရုံခေါ်သွားပြတော့ ဆရာဝန်က ဆေးထိုးဖို့ဆေးစာရေးပေးတယ်။ ကောင်တာမှာဆေးထုတ်ပြီး သူ့ကို ဆေးထိုးရမယ်လို့ကျွန်မပြောတော့ လွန်ခဲ့တဲ့လအနည်းငယ်လောက်ကမှ ကာကွယ်ဆေးတွေ အထိုးခံထားရတာကို သူသတိရလိုက်တယ်ထင်ပါရဲ့ . . . သူ့မျက်နှာမှာ စိုးရိမ်ထိတ်လန့်တဲ့ အရိပ်တွေ ထင်ဟပ်သွားခဲ့တယ်။

ကာကွယ်ဆေးတွေထိုးတုန်းက သူစကားသိပ်မပြောတတ်သေးဘူး။ ဘာမှန်းညာမှန်းမသိ တင်ပါးမှာ တစ်ချက်အထိုးခံလိုက်ရတော့ နာပြီး သူငိုတယ်။ ဆေးထိုးအပ်ဆွဲနုတ်လိုက်တာနဲ့တပြိုင်နက် ကျွန်မက “အိုး…. သမီးလေး ဒီမှာကြည့်စမ်း.. ဒီမတ်ခွက်ပေါ်မှာ ကြောင်လေးတစ်ကောင်ရှိတယ်”လို့ပြောတော့ သူ့ရဲ့စိတ်အာရုံက မတ်ခွက်ပေါ်ရေးဆွဲထားတဲ့ကြောင်ရဲ့ ဆွဲငင်တာကို ခံလိုက်ရလို့ ဆေးထိုးခံရတာကို သူမေ့သွားခဲ့တယ်။ အခု ဆေးထိုးရမယ်လို့ ကျွန်မပြောတော့ အဲဒီတုန်းကအဖြစ်ကို သူသတိရမိသွားတယ် ထင်ပါတယ်။ သူ့ကိုပွေ့ပြီး ဆေးထိုးဖို့အခန်းဝနားရောက်တော့ “သမီး ဆေးမထိုးဘူး”လို့ ရုတ်တရက် သူပြောလာပါတယ်။

အခန်းဝမှာပဲ ကျွန်မခဏရပ်ပြီး “သမီးလေး… အခုသမီးလေးဖျားနေတယ်။ ချောင်းလည်းဆိုး ကိုယ်လည်းပူနေတယ်။ ဒီလိုဖျားနေတာ သမီးနေရခက်လား မခက်ဘူးလား” လို့ကျွန်မမေးတော့ သူနေရခက်တယ်လို့ဖြေတယ်။

“ဒီလိုဆိုရင် သမီးလေး မြန်မြန်နေကောင်းချင်လား”

“နေကောင်းချင်ပါတယ်” ဖြေနေရင်း သူချောင်းဆိုးတယ်။ ကိုယ်အပူချိန်ကြောင့် မျက်နှာတစ်ခုလုံးလည်း နီရဲနေတယ်။ သူ့ပါးလေးကို ကျွန်မနမ်းပြီး “ဆရာဝန်ပေးတဲ့ဆေးက သမီးလေးကို မြန်မြန်နေကောင်းစေမှာပါ။ သမီးလေး နေထိုင်ကောင်းသွားလိမ့်မယ်။ တကယ်လို့ ဆေးမထိုးရင် ဖျားနေတာ ပျောက်တော့မှာမဟုတ်ဘူး”

တကယ်တော့ ကလေးတွေက နားလည်လွယ်သူတွေပါ။ လူကြီးတွေက မှန်ကန်တဲ့အကျိုးအကြောင်းနဲ့ သူတို့ကိုသရုပ်ဖော်ပြ၊ ပြောပြရင် သူတို့နားလည်ကြပါတယ်။ သူဖျားနာတော့ နေထိုင်လို့မကောင်းဘူး။ အဖျားမြန်မြန်ပျောက်ချင်မှာပဲ။

ဒီလိုအကျိုးအကြောင်းကြောင့် ဆေးထိုးဖို့ သူလက်ခံလိုက်တယ်။ ဒါပေမယ့် နုနုနယ်နယ် သူ့စိတ်ထဲမှာ ကြောက်လန့်နေခဲ့သေးတယ်။ စိုးရိမ်တဲ့မျက်နှာနဲ့ “မေမေ.. ဆေးထိုးတာနာလား”လို့ ကျွန်မကို သူမေးပါတယ်။

“အော်.. နည်းနည်းတော့နာတယ်။ အရမ်းကြီး နာတာမျိုးတော့မဟုတ်ဘူး။ ဟိုတစ်နေ့က သမီးလေး ခုံပုလေးပေါ်ကနေ မတော်တဆပြုတ်ကျလို့ တင်ပါးနာသွားသလိုမျိုးပေါ့” ကျွန်မပြုံးပြုံးလေးနဲ့ သူ့ကိုပြောပြတော့ သူရဲ့စိုးရိမ်စိတ်တွေ အရောင်နည်းနည်းလွှင့်သွားခဲ့တယ်။

“အဲဒီနေ့က ခုံပေါ်ကနေပြုတ်ကျတော့ သမီးတင်ပါးအရမ်းနာသွားလား၊ ဒါမှမဟုတ် နည်းနည်းနာသွားလား” သူ့ကို ကျွန်မဆက်မေးတော့ သူက “နည်းနည်းနာသွားတယ် မေမေ” လို့ပြန်ဖြေပါတယ်။

“ဆေးထိုးတာလည်း အဲဒီနာတာလေးလောက်ပဲ… နည်းနည်းလေးတော့နာတယ်” သူ့ကို ကျွန်မပွင့်ပွင့်လင်းလင်းပြောပြပြီး “ခုံပေါ်ပြုတ်ကျတုန်းက ကစ်ကစ်လေး မငိုခဲ့ဘူး။ အခု ဆေးထိုးရင်လည်း မငိုဘူး မဟုတ်လား” လို့ ဆက်မေးတော့ သူ ခေါင်းညိတ်ပြတယ်။

ဒါပေမယ့် သူစိတ်လှုပ်ရှားနေတယ်၊ စိုးရိမ်စိတ်နည်းနည်းကျန်သေးတယ်ဆိုတာကို ကျွန်မ မြင်မိပါတယ်။ ဒါကြောင့် သူ့ကို ကျွန်မအားပေးစကား ပြောဖြစ်ပြန်တယ်။

“သမီးလေး အရမ်းသတ္တိရှိတယ်လို့ မေမေထင်တယ်။ ကိုယ့်ကိုယ်ကို သတ္တိရှိမရှိ သမီးလေးစမ်းကြည့်နော်။ အောင့်နိုင်တယ်ဆိုရင် မငိုနဲ့ပေါ့။ မအောင့်နိုင်လို့ ငိုချင်တယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး”

သူ့ကိုယ်သူသတ္တိရှိတယ်လို့ ခံစားရအောင် စကားနဲ့ ကျွန်မအားပေးလိုက်သလို ငိုချင်ရင်လည်း ငိုလို့ရတယ်ဆိုပြီး သူ့ကို လွတ်လမ်းတစ်ခုပေးလိုက်တယ်။

သူနဲ့ကျွန်မ စကားပြောနေတဲ့အချိန်မှာ ကျွန်မရဲ့ပုံစံက လွတ်လပ်ပေါ့ပါးနေတယ်။ ဆေးထိုးတာ လွယ်ကူတဲ့အလုပ်တစ်ခုပါဆိုတဲ့ ပုံစံမျိုးပေါက်အောင်နေတယ်။ ကစ်ကစ်ရဲ့စိတ်လည်း တော်တော်ပေါ့သွားတဲ့ပုံပါပဲ။ သူ့ရဲ့ရည်မှန်းချက်ကလည်း သူရဲကောင်းတစ်ဦးဖြစ်ချင်မှာပဲ။ တပြိုင်နက်တည်းမှာပဲ မေမေရဲ့စကားကိုလည်း သံသယမရှိ သူယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မေမေက သူ့ကိုတစ်ခါမှ မလိမ်ခဲ့ဖူးလို့ပေါ့။ “နည်းနည်းလေးတော့ နာတယ်”ဆိုမှတော့ ဘာကြောက်စရာရှိဦးမလဲ။

ဆေးထိုးတဲ့အချိန် သူအရမ်းစိတ်လှုပ်ရှားနေတယ်။ တစ်ကိုယ်လုံးကို တောင့်တင်းထားတယ်ဆိုပေမယ့် သူမငိုဘူး။ ဆေးထိုးချိန်မှာ မငြင်းဆန်ဘဲ အလိုက်သင့်နေပေးတဲ့ကစ်ကစ်ကို နပ်စ်မကချီးကျူးတယ်။ ဒီလို“အတွေ့အကြုံ”ကို သူဖြတ်သန်းပြီးနောက် ဆေးထိုးလို့နာတဲ့အနာက သည်းခံလို့ရနိုင်တဲ့အနာဖြစ်ကြောင်းကို ကစ်ကစ်သဘောပေါက်လိုက်တယ်။ ဒီလိုနဲ့ လှုပ်ရှားနေတဲ့သူ့စိတ်လည်း ငြိမ်သက်လို့သွားတယ်။

ဆေးရုံဆေးခန်းမှာ သုံးလေးရက်လောက်ပြပြီး မသက်သာတာနဲ့ ကစ်ကစ်ဆေးရုံတက်ခဲ့ရတယ်။ ဆေးရုံက လူနာခန်းတစ်ခန်းမှာ ကလေး ၈ယောက်နေရတယ်။ ကလေးလူနာအများက ကစ်ကစ်ထက်ကြီးတယ်။ အသက် နှစ်နှစ်၊ သုံးနှစ်အရွယ်တွေဖြစ်ကြတယ်။ အခန်းထဲ နပ်စ်မဖြစ်ဖြစ်၊ ဆရာဝန်ဖြစ်ဖြစ် ဝတ်စုံဖြူဝတ်ထားသူတစ်ဦးဦးဝင်လာတိုင်း၊ တစ်ခါတလေ ကိုယ်အပူရှိန်လာတိုင်းတာပဲဖြစ်ဖြစ်၊ အခြေအနေကို ဝင်လာကြည့်တာပဲဖြစ်ဖြစ် အဲဒီလိုဝတ်စုံဖြူဝတ်ထားသူကိုတွေ့ရင် အခန်းဟာ ရုတ်တရက်ငိုသံတွေနဲ့ ပြည့်သွားတတ်တယ်။ ဆိတ်အုပ်ထဲ ဝံပုလွေဝင်လာသလို ကလေးတွေဟာ ကြောက်လန့်စိုးထိတ်ကြတယ်။ ကစ်ကစ်တစ်ယောက်တည်းပဲ မငို မအော်ခဲ့ဘူး။ ကစားနေတာကိုသူရပ်ပြီး ကျွန်မကို ပွေ့ချီစေပါတယ်။ မျက်နှာညိုးလေးနဲ့ ဆေးထိုးဖို့ကို သူစောင့်နေတတ်ခဲ့တယ်။ ဆေးထိုးခံရမှာကို သူလည်းမကြိုက်ခဲ့ပါဘူး။ ဒါပေမယ့် ဒါကို သူလက်သင့်ခံခဲ့ပါပြီ။ ဆေးထိုးနေချိန်အတွင်းမှာလည်း သူလျှောက်မလှုပ်ဘဲ ငြိမ်ခံနေတတ်ပါတယ်။ နေ့တိုင်း နပ်စ်မရဲ့အချီးကျူးကို သူခံခဲ့ရတယ်။

အဲဒီတုန်းက ကစ်ကစ်ဟာ အရွယ်ငယ်သေးတာကြောင့် ဆေးသွင်းဖို့လိုအပ်လာတဲ့အခါ သွေးကြောကို ရှာမတွေ့နိုင်ဖြစ်ခဲ့ရတယ်။ ဒါကြောင့် နဖူးကနေ သွင်းဖို့ကြိုးစားတယ်။ နဖူးက သွေးကြောလည်း သေးလွန်းတာကြောင့် တစ်ကြိမ်တည်းနဲ့ ရှာမရခဲ့ဘူး။ သုံးလေးကြိမ်လောက် အမြဲရှာခဲ့ရတယ်။

တစ်နေ့မှာ နပ်စ်မတစ်ယောက်က ကစ်ကစ်ကို ဆေးသွင်းပေးဖို့ သွေးကြောရှာပြန်တယ်။ ၇ကြိမ်အထိ သွေးကြောက ရှာမရသေးဘူး။ အပ်နဲ့ ၇ကြိမ်အထိုးခံရတာက ကလေးမပြောနဲ့ လူကြီးတောင်မခံနိုင်တဲ့အဖြစ်ပါ။ ကျွန်မနဲ့ ကစ်ကစ်ဖေဖေ နံဘေးမှာရပ်ကြည့်ရင်း သည်းမခံနိုင်ဖြစ်ခဲ့ရတယ်။ အဲဒီမှာ ကစ်ကစ်လည်း စငိုလာပါတယ်။ ဒါပေမယ့် သူ့ငိုသံက သိပ်မကျယ်ဘူး။ တအင့်အင့် ညည်းငိုရုံလေးပါပဲ။ သူ့ဦးခေါင်းကလည်း နပ်စ်မရဲ့ ဘယ်ညာယိမ်းတာကို ခံနေရပါတယ်။ ၈ကြိမ်မြောက်မှာ သွေးကြောကိုရှာတွေ့လို့ ပလာစတာနဲ့ကပ်ပြီးတာနဲ့ သူအငိုရပ်သွားပါတယ်။ ဒီကလေးလေးရဲ့စိတ်ဓာတ်ကို ကျွန်မတကယ်ချီးကျူးမိပါတယ်။

လူနာခန်းထဲမှာ တချို့အုပ်ထိန်းသူတွေက သူတို့ကလေးဆေးထိုးခံဖို့ကို ချော့တစ်ခါ၊ ချောက်တစ်လှည့်၊ လိမ်တစ်လှည့်၊ အတင်းအထမတစ်လှည့်လုပ်တာမျိုး ကျွန်မအမြဲတွေ့ခဲ့ရတယ်။ အဲဒီကလေးတွေက သူတို့ဆေးထိုးခံရတဲ့အနာက တခြားကလေးတွေထက် အဆများစွာ ပိုနာနေသလိုမျိုးပဲ။ အုပ်ထိန်းသူတွေရဲ့ သွန်သင်ဆုံးမနည်းက ကလေးတွေရဲ့နာကျင်မှုကို အကျယ်ချဲ့လိုက်ရုံမက အခက်အခဲနဲ့တွေ့ကြုံချိန် သတ္တိရှိရှိရင်ဆိုင်တတ်ဖို့ကိုလည်း ကလေးတွေကို သင်မပြနိုင်ခဲ့ပါဘူး။

ဆက်ရန်---
(ပညာရေးပါရဂူ၊ ပညာရေးအရာရှိ၊ အခုလက်ရှိ မိသားစုပညာရေးလေ့လာဆန်းစစ်သူ၊ မေးမြန်းသူအဖြစ် တာဝန်ထမ်းဆောင်နေသူ ဆရာမ “Yin Jian Li” ရဲ့ “မိခင်ကောင်းက ဆရာသမားကောင်းထက်သာလွန်တယ်”ဆိုတဲ့စာအုပ်ကို ဆီလျှော်အောင် ဘာသာပြန်ပါတယ်။)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။