Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 25, 2012

Korea အသက်မပြည့်သေးတဲ့ အနုပညာရှင်များရဲ့ ကွက်လပ်များ

ဆယ်ကျော်သက် အနုပညာရှင်တွေဆိုတာ အပြစ်ကင်းစင်တဲ့ မျက်နှာ၊ နုပျိုတက်ကြွတဲ့ ရုပ်လေးနဲ့ ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာကို ၀ါရင့်သမ္ဘာရင့် သရုပ်ဆောင်ကြီးတွေနဲ့အပြိုင် လုယူနိုင်စွမ်းရှိတဲ့သူတွေလို့ ကိုရီးယား ဒါရိုက်တာတစ်ယောက်က ဆိုတယ်။

ငယ်ရွယ်ခြင်း + ချောမောခြင်း
ဒါပေမယ့် ငယ်ရွယ်နုပျိုတက်ကြွမှုမှာ ချောမောလှပ ပြစ်မျိုးမှဲ့မထင်ဖြစ်မှုကို ပလတ်စတစ် ဆာဂျရီနဲ့ အစားထိုးပြီး လုပ်ယူနေကြတဲ့ အရေအတွက်ဟာလည်း ဆယ်ကျော်သက်တွေထဲမှာ ၄၁.၄ရာခိုင်နှုန်း ရှိနေတာကို တွေ့ရပါတယ်။
အရင်တုန်းက ဒီဈေးကွက်ကို ဦးဆောင်နေတာက ၂၀ကျော် အမျိုးသမီးတွေပါ။ အခုတော့ ဆယ်ကျော်သက်တွေက ဈေးကွက်ကို မောင်းနှင်နေကြပါပြီ။ အလယ်တန်းကျောင်းသူ အများစုဟာ သူတို့မျက်နှာကို ခွဲစိတ်ပြုပြင်ထားကြပါတယ်။ လက်ရှိ စစ်တမ်းကောက်ချက်တွေအရ ဆယ်ကျော်သက်တွေရဲ့ မျက်နှာခွဲစိတ်ပြုပြင်မှု ရာခိုင်နှုန်းဟာ နှစ်ဆယ်ကျော်တွေထက် ဆယ်ရာခိုင်နှုန်း၊ သုံးဆယ်ကျော်တွေထက် နှစ်ဆယ်ရာခိုင်နှုန်း၊ လေးဆယ်ကျော်တွေထက် သုံးဆယ်ရာခိုင်နှုန်း ပိုမြင့်မားနေတာ တွေ့ရပြီး စုစုပေါင်း ဆယ်ကျော်သက်တွေကသာ အများဆုံးဈေးကွက်ကို ဦးဆောင်နေကြတာ တွေ့ရပါတယ်။ (စကားချပ်။ ။ ဂျပန်မှာတော့ ဆယ်ကျော်သက် အမျိုးသမီးတွေဟာ နည်းပညာဆိုင်ရာ ထုတ်ပစ္စည်းတွေကို ၀ယ်ယူအားပေးတဲ့ နေရာမှာ ဦးဆောင်နေကြတာ တွေ့ရပါတယ်။)
Go Ara
ငယ်ရွယ်ခြင်း + နှလုံးသား
အနုပညာလောကထဲမှာလည်း ဆယ်ကျော်သက်တွေဟာ ဈေးကွက်ကို ဦးဆောင်နေကြတာ တွေ့ရပါတယ်။၂၀၁၂ခုနှစ်တာရဲ့ အကောင်းဆုံးစတိုင်လ် အိုင်ကွန်ဆုကို အငယ်တန်းထဲက ဆူဇီကနေ သမိုင်းတစ်လျှောက် အငယ်ဆုံးနဲ့ ဆုရသွားခဲ့ပါတယ်။ ဆူဇီနဲ့အတူ ယွန်းနာလည်း လူငယ်ထုအကြိုက် တစ်ယောက်ပဲ ဖြစ်တယ်။ နောက်ထပ် ပရိသတ် စိတ်ဝင်တစားနဲ့ အားပေးနေကြတဲ့ အနုပညာရှင် တစ်ယောက်လည်း ရှိသေးတယ်။ သူက ဂိုအာရာတဲ့။ ဂိုအာရာဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားနေတဲ့ ဆယ်ကျော်သက် အနုပညာရှင် တစ်ယောက်ပါ။ သူဆိုရင် အနုပညာတစ်ဖက်နဲ့ ပညာရေးတစ်ဖက်ကြောင့် ကျောင်းတွင်းခရီးသွားကာလကို လွတ်ခဲ့ရတာကို နောင်တရမဆုံး ဖြစ်နေပါတယ်။ နောက်ပြီး လူငယ်ဘာဝ လူငယ်ကာလမှာ လူငယ်ပီပီ တစ်ခါမှ ဒိတ်မလုပ်ခဲ့ရဖူးတဲ့အတွက်လည်း နောင်တရခဲ့တယ်လို့ ဆိုပါတယ်။ဂိုအာရာက “ကျွန်မ လူတစ်ယောက်နဲ့တွေ့ဖို့ အချိန်မပေးနိုင်လောက်အောင် အရမ်းအလုပ်များပါတယ်။ ကျွန်မ ဂျပန်မှာလည်း သွားလုပ်ရသေးတယ်။ ဒါကြောင့် ချစ်သူရည်းစားနဲ့တွေ့ဖို့ အချိန်ပေးဖို့ဆိုတာ ကျွန်မအတွက် တကယ့်ကို အဆင်မပြေတာပါ။ ကျွန်မ စတုတ္တနှစ်တုန်းကဆိုရင် အတွဲတွေမြင်တိုင်း ကျွန်မတကယ့်ကို မနာလိုဖြစ်မိပါတယ်”တဲ့။

ငယ်ရွယ်ခြင်း + လိင်ညှို့အား
ကိုရီးယား ဥပဒေပညာရှင်တစ်ယောက်က ဆယ်ကျော်သက် အဆိုတော်မလေးအဖွဲ့တွေဟာ လိင်ပိုင်းဆိုင်ရာ ညှို့အားပြင်းသထက် ပြင်းဖို့ကိုပဲ တာစူနေကြတယ်လို့ ဝေဖန်လိုက်ပါတယ်။ ကိုရီးယားယဉ်ကျေးမှု ၀န်ကြီးဌာနကလည်း နိုင်ငံတွင်းက ဈေးကွက်ကို ဦးဆောင်နေတဲ့ ကုမ္ပဏီကြီးသုံးခုကို ခေါ်ယူပြီး ဆယ်ကျော်သက်တွေနဲ့ အဖော်အချွတ် လိင်ပိုင်းဆိုင်ရာ ကိစ္စကို မေးမြန်းထားပါတယ်။ ဆယ်ကျော်သက် ကလေးမလေးတွေကို မလုံ့တလုံ အ၀တ်အစားတွေ ၀တ်ခိုင်းတယ်ဆိုတာ ဟုတ်လား၊ အသက်အရွယ်နဲ့ မလိုက်တဲ့စာသားတွေ သီဆိုခိုင်းတယ်ဆိုတာ ဟုတ်၊ မဟုတ်ကို မေးမြန်းထားပါတယ်။ များသောအားဖြင့် လက်ရှိကျော်ကြားနေတဲ့ အဆိုတော်မလေးတွေဟာ ခြောက်တန်း၊ ခုနစ်တန်း အသက်အားဖြင့် ၁၃-၁၄ကြားမှာ ရှိပါတယ်။ နောက်ထွက်လာတဲ့ လူခြောက်ယောက်ပါဝင်တဲ့ အဆိုတော်မလေးတွေ အဖွဲ့ဆိုရင် အသက် ၁၅နှစ်ပဲ ရှိပါတယ် ။ဒါကြောင့် ကိုရီးယား ဆက်သွယ်ရေးစောင့်ကြည့် ကော်မရှင်အဖွဲ့ကနေ အသက်မပြည့်သေးတဲ့ အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်၊ ကန့်သတ်မှုတွေ ထားရှိသင့်တယ်လို့ ဆိုထားပါတယ်။
Suzy
ငယ်ရွယ်ခြင်း + ပညာရေး
ကိုရီးယားမှာရှိတဲ့ ဆယ်ကျော်သက် အနုပညာရှင်တွေဟာ အသက်အရွယ်နဲ့မလိုက် အောင်မြင်ကျော်ကြားမှု ရနေချိန်မှာ အသက်အရွယ်အရ ပညာရေးဖက် အချိန်ပေးနိုင်စွမ်း မရှိကြပါဘူး။ ငယ်စဉ်အခါ ပညာရှာရမှာ ဖြစ်ပေမယ့်လည်း စီးပွားပါရှာနေကြတာမို့ ပညာရေးဟာ လစ်ဟာမှုရှိနေတယ်လို့ ကိုရီးယား အားကစား၊ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။ ဒီစစ်တမ်းဟာ ယဉ်ကျေးမှု ၀န်ကြီးဌာနအတွက် ပထမဆုံးပြုလုပ်တဲ့ စစ်တမ်းဖြစ်ပြီး လက်ရှိအနုပညာလောကမှာ ကျင်လည်လှုပ်ရှားနေတဲ့ အနုပညာရှင် သုံးပုံတစ်ပုံ (အယောက် ၇၀၀န်းကျင်ခန့်) ကို မေးမြန်းထားတာဖြစ်ပါတယ်။ စစ်တမ်းအရ တွေ့ရှိချက်ကတော့ ၈၀ရာခိုင်နှုန်းဟာ အလုပ်ချိန်နဲ့ တိုက်နေလို့ ကျောင်းမှန်မှန် မတက်နိုင်ကြကြောင်း တွေ့ရှိရပါတယ်။ သူတို့ထဲက လေးပုံတစ်ပုံဟာ အလုပ်ချိန်ကြာမြင့်တဲ့အတွက်၊ တစ်ခါတလေများ ညဥ့်နက်တဲ့အထိ လုပ်ကိုင်နေရတဲ့အတွက်ကြောင့် ကျောင်းချိန်ကို ဦးစားမပေးနိုင်တာဖြစ်ကြောင်း ဆိုပါတယ်။ ခြောက်ပုံတစ်ပုံကတော့ သူတို့ရဲ့ အေးဂျင့်ကုမ္ပဏီဘက်ကနေ ၀ိတ်လျှော့ဖို့နဲ့ Diet လုပ်ဖို့ အတင်းအကျပ် စေခိုင်းနေတာကြောင့် ကျောင်းချိန်အတွက် အချိန်မပေးနိုင်တာလို့ ဆိုပါတယ်။
ဒီလိုဖြစ်နေတာကို တချို့ဆယ်ကျော်သက် အနုပညာရှင်တွေက သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ထိခိုက်သွားမှာကို စိုးရိမ်နေကြလို့လည်း ဖြစ်ပါတယ်။ ဒီလိုအနေအထားတွေကြောင့် ဆယ်ကျော်သက် အနုပညာရှင်တွေအတွက် ဒီပြဿနာဟာ အရှည်တွေးစရာတွေ ဖြစ်လာပါတယ်။ သူတို့ရဲ့ အနုပညာအလုပ်တွေကို လျှော့ချဖို့၊ ကန့်သတ်ဖို့နဲ့ ဖိအားတွေမပေးဖို့ စဉ်းစားလာကြတဲ့သူတွေ ရှိလာပါတယ်။ ဆယ်ကျော်သက် အဆိုတော်၊ သရုပ်ဆောင်တွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အသက်ရှူချောင်စရာ အနေအထားမျိုးကို ယဉ်ကျေးမှုဝန်ကြီးဌာနကနေ အနုပညာကုမ္ပဏီတွေကို ပြုလုပ်ပေးသင့်ကြောင်း ဆိုထားပါတယ်။ ဥပဒေအရနဲ့ လူမှုလွတ်လပ်မှု၊ လူသားအခွင့်အရေး ရှုထောင့်တို့ကနေ ဆယ်ကျော်သက်အနုပညာရှင်တွေရဲ့ ပညာရေးနဲ့ဘ၀၊ အခွင့်အရေးတွေကို ကာကွယ်ပေးသွားဖို့ လုပ်ဆောင်နေလျက်ရှိပါတယ်။
သီဟပျံချီ
Ref: 8 Days Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။