Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 2, 2012

FP မဂ္ဂဇင်းက ရွေးချယ်သည့်၂ဝ၁၂ ခုနှစ် အတွင်း ကမ္ဘာတစ်ဝန်း ထိပ်တန်း တွေးခေါ်မြော်မြင်သူ ၁ဝဝ ၏ ပထမနေရာ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ပူးတွဲ ရရှိ TIME မဂ္ဂဇင်း၏ Person of the Year လျာထားစာရင်းတွင်လည်း ပူးတွဲပါဝင်

 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် TIME မဂ္ဂဇင်း၏ အရှေ့အာရှဆိုင်ရာ သတင်းထောက် Hannah Beech အား နိုဝင်ဘာ (၂၇) ရက်နေ့ နေ့လည်ပိုင်း က နေပြည်တော်၊ နိုင်ငံတော် သမ္မတရုံးတွင် လက်ခံတွေ့ဆုံခဲ့ကာ သူ၏ မေးမြန်းမှု များကို ပြန်လည်ဖြေကြားခဲ့သည်။ ဓါတ်ပုံ - နိုင်ငံတော် သမ္မတရုံး
(ရန်ကုန်၊ နိုဝင်ဘာ ၂၇)
ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းကြီးမှ ၂ဝ၁၂ ခုနှစ် အတွင်း ကမ္ဘာတစ်ဝန်း ထိပ်တန်း တွေးခေါ် မြော်မြင်သူ ၁ဝဝ ကို ရွေးချယ်လိုက်ရာ ပြည်ထောင် စု မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့က နံပါတ်(၁) နေရာကို ရရှိကြ ကြောင်း သိရသည်။
ယခုကဲ့သို့ ရွေးချယ်ရခြင်းနှင့် ပတ်သက်၍ ”ကမ္ဘာပေါ်တွင် အဖိ နှိပ်ခံရဆုံးသော နိုင်ငံတစ်နိုင်ငံ တွင်ပင် အပြောင်းအလဲများ ဖြစ်လာသဖြင့်၊ မည်သည့်နေရာ၌ မဆို အပြောင်းအလဲ ဖြစ်လာနိုင်ကြောင်း ကို ပြသလိုက်ခြင်းကြောင့်”ဟု မှတ်ချက်ပေးထားသည်။
ယခင် စစ်အစိုးရ နှင့် သဘောထားချင်း ကွဲလွဲခဲ့ သဖြင့် နှစ်ပေါင်း အတန်ကြာ အကျယ်ချုပ် ကျခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည် နှင့် နှစ်ပေါင်း များစွာ တပ်မတော် တာဝန် များကို ထမ်းဆောင် လာခဲ့သူ ဦးသိန်းစိန် တို့နှစ်ဦး လက်တွဲ၍ မြန်မာနိုင်ငံ ၏ ပိတ်ထားသော တံခါး များကို ဖွင့်လှစ်ကာ နိုင်ငံတကာနှင့် ဆက်သွယ် ဆက်ဆံလာခြင်း၊ ဒီမိုကရေစီ ရေးရာ ထူးခြားသော ပြောင်းလဲမှုများကို ဆက်တိုက် ပြုလုပ်လာကြခြင်းသည် မြန်မာကို သာမက ကမ္ဘာကိုပါ ပြောင်းလဲ သွားစေနိုင်သဖြင့် ယခုကဲ့သို့ရွေးချယ် ရခြင်းဖြစ်ကြောင်းသိရသည်။
သူတို့နှစ်ဦး အချိန်တိုတို အတွင်း ညှိနှိုင်းနိုင်ခဲ့ ကြပြီး ရေရှည် စည်းလုံး ညီညွတ်ရေးကိုပါ မြှင့်တင်ရန် အားထုတ်မှု များသည် ကမ္ဘာ့ အထီးကျန် နိုင်ငံများ အနက် တစ်ခု ဖြစ်သည့် မြန်မာနိုင်ငံ အတွက် ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ရာ ဖြစ်ကြောင်းကိုလည်း မဂ္ဂဇင်းက ဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည် နိုဘယ်မိန့်ခွန်းတွင် ပြောကြားခဲ့သည့် ”အမေ့ခံရတယ် ဆိုတာဟာ နည်းနည်းချင်းစီ သေဆုံးတာပါပဲ။ ဒါဟာ ကျွန်မတို့နဲ့ ကျန်တဲ့လူထုတစ်ရပ် လုံး ချိတ်ဆက် ထားတဲ့ အဆက်အသွယ် တွေ ဆုံးရှုံးကုန်တာပါပဲ” ဟူသည့် စကားရပ်ကဲ့သို့ အဖြစ်မျိုးသည် အလက်ပိုမှသည် ဟာဗားနား၊ ပြုံ ယမ်းမှသည် တဟီရန်အထိ ခံစားနေ ရဆဲဖြစ်သော်လည်း ထိုအဖြစ်မျိုးသည် တည်မြဲနေဖို့ မလိုကြောင်း ကို ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန်တို့က ပြသလိုက်ခြင်း ပင် ဖြစ်ကြောင်း ကို လည်း ထောက်ပြ ထားသေးသည်။
အဆိုပါ ကမ္ဘာတစ်ဝန်း ထိပ် တန်းတွေး ခေါ်မြော်မြင်သူ ၁ဝဝ စာရင်းဝယ် အာရပ်နွေဦး အတွေး အခေါ်များ ရှင်သန်အောင် ထိန်းသိမ်းလျက် ရှိသူ တူနီးရှားသမ္မတ မွန်ဆက်ဖ်မာဇော်ကီက နံပါတ်(၂)နေရာ၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် ဇနီးဖြစ်သူ လက်ရှိ နိုင်ငံခြားရေး ဝန်ကြီးဟီလာ ရီကလင်တန် တို့က နံပါတ် (၃)၊ ဂူး ဂဲလ်နှင့် ပူးပေါင်း၍ ရိုဘော့ကား တီထွင်သူ စတန်းဖို့ဒ် တက္ကသိုလ်မှ ကွန်ပျူတာ ပညာရှင် ဆီဘတ်စ်ရှန် သရွန်က နံပါတ်(၄)နေရာ၊ ဘီလ် ဂိတ်စ်နှင့် သူ၏ဇနီး မယ်လင်ဒါ ဂိတ်စ်တို့က နံပါတ်(၅)၊ မိန်းကလေး များ ယောက်ျားလေးများနှင့် တန်းတူ ပညာသင်ကြားခွင့် ရရှိရေးကို လှုပ်ရှား ဆောင်ရွက်သူ ပါကစ္စတန်မှ အသက် ၁၅ နှစ် အရွယ် မာလာလာ ယူဆာ့ဖ်ဇိုင်က နံပါတ်(၆) နေရာနှင့် အမေရိကန် ပြည်ထောင်စု သမ္မတ အိုဘားမားက နံပတ်(၇) နေရာတို့ ကို ရရှိကြောင်း သိရသည်။
ယမန်နှစ်ကမူ နံပါတ်(၁)နေရာ ကို ၁၄ ဦး၊ နံပါတ်(၁ဝ)နေရာကို(၃)ဦး ပူးတွဲ ရရှိခဲ့ကြပြီး၊ အို ဘားမားမှာ နံပါတ်(၁၁) သာ ချိတ်ခဲ့သည်။
အမေရိကန်နိုင်ငံ ဝါရှင်တန်ပို့စ် ကုမ္ပဏီမှ ထုတ်ဝေဖြန့်ချိသော Foreign Policy မဂ္ဂဇင်းသည် ကမ္ဘာ တစ်ဝန်း၏ စီးပွားရေး၊ နိုင်ငံ ရေး၊ အတွေးအမြင် တို့နှင့်ပတ်သက် သည့် သြဇာ ကြီးမားသော တစ်လ နှစ်ကြိမ်ထုတ် မဂ္ဂဇင်း တစ်စောင် ဖြစ်ပြီး ၁၉၇ဝ ခုနှစ်က စတင်ထုတ် ဝေခဲ့ရာ ယနေ့အခါတွင် စောင်ရေ ၁ဝ၁၅၉၈ ခန့်ရှိနေပြီ ဖြစ် သည်။
အပတ်စဉ်ထုတ် Time မဂ္ဂဇင်း ကြီးကလည်း ၂ဝ၁၂ ခုနှစ်၏ Person of the Year လျာထား စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန်ကို ထည့်သွင်း ထားပြီး နိုင်ငံတကာ အင်တာနက် ပရိသတ်ထံ မှ ဆန္ဒမဲများ စတင်ရယူနေပြီ ဖြစ်ကြောင်း သိရသည်။ ထိုသို့ဆန္ဒမဲ များရယူနေရာ နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း အထိ ထောက်ခံသူ ၄၅ ရာခိုင်နှုန်းနှင့် ကန့်ကွက်သူ ၅၅ ရာခိုင်နှုန်းမျှ ရှိနေကြောင်း သိရသည်။
PN-002
 
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။