ချွိုင်ဂျီဝူးရဲ့အမည်ရင်းကချွို င်မီဟွန်။သူမက တောင်ကိုရီးယားအနုပညာ
...
လောကတွင်သာမကအာရှတိုက်တစ်ခုလုံး မှာ အောင်မြင် ကျော်ကြားတဲ့
မော်ဒယ်လ်မင်းသမီးတစ်လက်ပါ။ချွိုင်ကပူဆန်အမျိုးသမီး ကောလိပ်မှာ
အေရိုးဗစ်အက မေဂျာနဲ့ ကျောင်းတက်ခဲ့တယ်။
အဲဒီနောက် ဟန်ယန်း တက္ကသိုလ်မှာရုပ်ရှင်နဲ့ ပြဇာတ် မေဂျာဖြင့် ကျောင်းဆက်တက် ခဲ့တယ်။ ဒါပေမဲ့ ပထမနှစ် ပြီးတဲ့ အချိန်မှာတော့ ချွိုင်က ကျောင်း ခဏနား ခဲ့ရတယ်။ အကြောင်းအရင်း ကတော့ သူမရဲ့ မအားလပ် နိုင်တဲ့အနုပညာ အလုပ်တွေ ကြောင့်ပေါ့။
ချွိုင်ကို မြန်မာ ပရိသတ်တွေက ဟေမာန်ဆောင်းရဲ့ ချစ်သံစဉ် ဇာတ်ကားနဲ့ စပြီးသိ ခဲ့ ကြတယ်။ အထက် တန်းကျောင်းသူ ဘဝမှာ အချစ်ဦးကို ဆုံးရှုံးသွားတဲ့ မိန်းကလေး တစ်ယောက်အဖြစ် ပီပီပြင်ပြင် သရုပ် ဆောင် ခဲ့တယ်။ ဘဝ တစ်သက်တာလုံး အချစ်ဦးကို မမေ့ခဲ့တဲ့ မိန်းကလေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ချွိုင်ကို ပရိသတ် တွေက အထူးအားပေး ခဲ့ကြတယ်။ အဲဒီကားမှာ ချွိုင်နဲ့ အတူပါဝင် သရုပ်ဆောင် ခဲ့တာတော့ အာရှ မိန်းကလေးတွေ အသည်းစွဲ ဘေယောင်ဂျွန်း ပဲဖြစ်ပါတယ်။ တောင်ကိုရီးယား နိုင်ငံရဲ့ အေးမြတဲ့ ဆောင်းရာသီ အလှနှင့်လွမ်းမောဖွယ် အချစ်ဒရာမာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
ချွိုင်ကို နောက်ထပ် အားပေးခဲ့တဲ့ ဇာတ်လမ်းတွဲ ကတော့ အချစ်လှေကား ထစ် လေးများပဲ ဖြစ်ပါတယ်။ အဲဒီ ဇာတ်ကားမှာတော့ ချွိုင်ဟာ မင်းသား ကွန် ဆန်ဝူး၊ အပြုံးအလှ ပိုင်ရှင် ကင်ထယ်ဟီး တို့နဲ့အတူ သရုပ်ဆောင် ထားပါတယ်။ ချွိုင်ဟာ အဲဒီဇာတ်ကားမှာ ခံစားချက် များလွန်းတဲ့အတွက် နောက်ဆုံးမှာ မျက်လုံး ကွယ်သွား တဲ့ အထိခံစားခဲ့ ရတဲ့သူ အဖြစ်ပီပြင်စွာ သရုပ်ဆောင် ထားပါတယ်။
နောက်ထပ် ချွိုင်သရုပ်ဆောင် ခဲ့တဲ့ဇာတ်ကား တွေကတော့ ထာဝရမင်း အနား မှာနှင့် လေကြောင်း မြို့တော် ဇာတ်ကား တွေပဲဖြစ်ပါ တယ်။ လေကြောင်း မြို့တော် ဇာတ်လမ်းတွဲမှာ ချွိုင်က မြင့်မားတဲ့အရပ်၊ သွယ်လျတဲ့ ကိုယ်ခန္ဓာအလှကို ပိုင်ဆိုင် ထားတဲ့ ချွိုင်ကို အမျိုးသား ပရိသတ်တွေက အလွန် နှစ်သက်ပါ တယ်။ တရုတ် လူမျိုးတွေရဲ့ မျက်နှာနှင့် ဆင်တူတဲ့အတွက် တရုတ်နိုင်ငံက ပရိသတ်တွေက အားပေး ချစ်ခင်မှုကို အထူး ရရှိထားသူ ပေါ့။ တရုတ်ဇာတ်လမ်းတွဲ တော်တော် များများမှာ ချွိုင်သရုပ်ဆောင် ခဲ့ပြီး အအောင်မြင်ဆုံး ဇာတ်ကား ကတော့ 101st Proposal ဇာတ်ကား ဖြစ်ပါတယ်။ ဒါ့အပြင် ချွိုင်ဟာ RONDO ဆိုတဲ့ ဂျပန် ရုပ်သံ ဇာတ်လမ်းတွဲ မှာလည်း ယူတာကာတာ ခယ်နိုချီနှင့်အတူ သရုပ်ဆောင် ခဲ့ပါတယ်။
ချွိုင်ဟာ နာမည်ကျော် ကုန်အမှတ်တံဆိပ် တော်တော် များများရဲ့ ပင်တိုင်မော် ဒယ်လ် ဖြစ်တဲ့အပြင် ၂ဝ၁ဝ ပြည့်နှစ်မှာတော့ တောင်ကိုရီးယား အနုပညာ လောက မှာ ဝင်ငွေအကောင်းဆုံး ထိပ်တန်း မင်းသမီး တစ်လက် ဖြစ်လာ ခဲ့ပါတယ်။ အဲဒီ နှစ်မှာပဲ ချွိုင်ဟာ C,JW အမည်ရှိ ကိုယ်ပိုင် အနုပညာ အေဂျင်စီကို တည်ေ ထာင် ခဲ့ပါတယ်။
သရုပ်ဆောင် ရာမှာ ထူးချွန်တဲ့ ချွိုင်ဟာ ထူးချွန်ဆု ၂၁ ဆုကို ရရှိ ထားပါတယ်။ လတ်တလော အနေဖြင့် ချွိုင်က ၂ဝ၁၂ ခုနှစ်၏ Asia Model Festival ဆုပေးပွဲမှာ Asia Star ဆုကို ရရှိထား ပါတယ်။ လက်ရှိ လှုပ်ရှားမှု အနေနဲ့ ချွိုင်က O'live ရုပ်သံ က ထုတ်လွှင့်တဲ့ အစား အစာ ကဏ္ဍမှာ အစီအစဉ် တင်ဆက် သူ အဖြစ် ဆောင် ရွက် သွားမှာဖြစ် ပါတယ်။ အဲဒီ အစီအစဉ်ဟာ ကိုရီးယား နိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် ရိုးရာ အစား အစာကို ကမ္ဘာတစ်ဝန်းက သိအောင် တင်ဆက်တဲ့ အစီအစဉ် တစ်ခု ဖြစ်တဲ့ အကြောင်း ရေးသား ဖော်ပြရင်း...။ ။ ခင်ရတနာစိုး
http://www.myawady.net.mm/ 2012-08-11-17-46-00/all-art/ 2012-12-02-03-06-48

မော်ဒယ်လ်မင်းသမီးတစ်လက်ပါ။ချွု

http://www.myawady.net.mm/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။