ယနေ့ အကြိုက်ဆုံး ပို့စ်..။
.................. ငါတို့ပြည် တပါးကျွန်ဖြစ်သွားပြီလား....။
အူယားဖားယား၊ ဖုတ်ပူမီးတိုက်၊ အပြေးအလွှား၊ အမောတကော၊ ကသောကမျော၊ ကမန်းကတန်း၊ အတင်းနင်းကန်၊ အသည်းအသန်၊ မျက်ကလူးဆန်ပြာ၊ အရမ်းကာရော
(အစ်ကိုကြီး တစ်ယေက်ရဲ့ ဝေါပေါ်က ကူ...းလားတာပါ သူ့ရက်စွဲကိုကြည့်တော့ တစ်နှစ်လောက် ရှိနေပါပြီ . . တစ်နှစ်အတွင်း ငါတို့ ဘာမှ မရွေ့ကြသေးပါလား . . ရင်လေးစရာပါပဲ)
မေးထဲက ဓါတ်ပုံတွေ ရောက်လာပါတယ်
မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မကွေး တ၀ိုက်က ရေနံပိုက်လိုင်းတွေ ချနေကြတဲ့ ဓါတ်ပုံတွေပါ
စက်ယန္တရားကြီးတွေ အများကြီးပါပဲ
ဗမာပြေက ရှိရှိသမျှဝန်ကြီးတွေ သွားကြည့်သင့်ပါတယ်
တိုင်းပြည်ကို ၈၈ ကနေ ၂၀၁၁ အထိတည်ဆောက်ခဲ့ ပါတယ် ဆိုတဲ့ သူတွေ လည်း သွားကြည့်သင့်ပါတယ်
တကယ်ကို စစ်ဖြစ်ဖို့ စစ်ပြင်နေတဲ့ အတိုင်းလုပ်နေကြတယ်
တကယ်ကို ၂၄ နာရီ လုံးလုံး လုပ်နေကြတယ်
တရုတ် အလံတွေ ထူ လို့ လေထဲ တလူလူနဲ့ ငါတို့ ဗမာပြည် ကျွန်ဖြစ်သွားပြီလား အောက်မေ့ရတယ်
တကယ်ကို အပြင်းအထန်လုပ်နေကြတယ်
အူယားဖားယား လုပ်နေကြတယ်
ဖုတ်ပူမီးတိုက် လုပ်နေကြတယ်
အပြေးအလွှား လုပ်နေကြတယ်
အမောတကော လုပ်နေကြတယ်
ကသောကမျော လုပ်နေကြတယ်
ကမန်းကတန်း လုပ်နေကြတယ်
အတင်းနင်းကန် လုပ်နေကြတယ်
အသည်းအသန် လုပ်နေကြတယ်
မျက်ကလူးဆန်ပြာ လုပ်နေကြတယ်
အရမ်းကာရော လုပ်နေကြတယ်
ငါတို့ ဒီအတိုင်ကြည့်နေကြတော့မှာလား
ဒီစီမံကိန်းက နောက်ကွယ်မှာ ဘာရည်ရွယ်ချက်တွေ ရှိသလဲ
ဒီစီမံကိန်း အတွက် အစိုးရက ပိုက်ဆံ ဘယ်လောက်ယူထားလို့လဲ
ဒီ တရုတ်တွေကို ငါတို့အားလုံး မုန့်ဘိုးစုပြီး ပိုက်ဆံပြန်အမ်းလိုက်ကြမယ်လေ
ဒီအကြောင်းကို ထောင်ကထွက်လာတဲ့ ဘုန်းဘုန်းတွေ အစ်ကိုတွေ အစ်မတွေကို ပြောပြပေးကြပါ
သတင်းထောက်တွေလဲ အဲဒီဒေသတွေကို သွားပြီး သတင်းယူပေးကြပါ
ငါတို့မျက်ရှိရှေ့မှာ ငါတို့နိုင်ငံ ကျွန်ဖြစ်သွားတာကို ထိုင်ကြည့်နေကြတော့မှာလား

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။