Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 25, 2012

ဒီဇင်ဘာလထုတ် ကျန်းမာရေး မဂ္ဂဇင်းမှ ဆရာသက်တန့်ချို၏ ကဲ.............သင်အခုဘာလုပ်မလဲ



ဘွဲ့ရပြီးနောက် ရှောင်နဲ့ဂျင်းဟာ ကုမ္ပဏီတစ်ခုမှာ အတူတူ အလုပ်ဝင်ခဲ့ကြတယ်။ နှစ်ယောက်စလုံးဟာ အလုပ်ကို အလွန်ပဲကြိုးစား ခဲ့ကြတယ်။
နှစ်များစွာကြာပြီးတဲ့အခါမှာ ကုမ္ပဏီသူဌေးက ရှောင်ကို ရာထူးပေးခဲ့ပြီး ဂျင်းကိုတော့ သာမန်အရောင်းဝန်ထမ်းဘ၀နဲ့ နေစေခဲ့တယ်။တစ်နေ့မှာတော့ ဂျင်းဟာ ဘယ်လိုမှ သည်းမခံနိုင်တဲ့အဆုံး သူဌေးဆီသွားပြီး အလုပ်ထွက်စာသွားတင်ပြီး စောဒကသွားတက်ခဲ့တယ်။ သူဌေးဟာ အလုပ်ကို ကြိုးစားလုပ်တဲ့သူကို တန်ဖိုးမထားကြောင်းနဲ့ ကပ်ဖားယက်ဖား မျက်နှာချို သွေးတဲ့ ၀န်ထမ်းကိုသာ ရာထူးတိုးပေးကြောင်းပြောခဲ့တယ် ။


သူဌေးဟာ ဂျင်းနှစ်ပေါင်းများစွာကတည်းက အလုပ်ကြိုးစား ကြောင်း သိခဲ့ပြီးသားပါ။ ဒါပေမယ့် သူနဲ့ရှောင်တို့ကြားက မတူညီမှုတွေကို ဂျင်းနားလည်စေဖို့အတွက် အောက်ပါအတိုင်း ခိုင်းစေခဲ့တယ် ။
ဈေးကွက်ထဲမှာရှိတဲ့ ဖရဲသီးရောင်းတဲ့လူရှိမရှိကို သွားရှာစေခဲ့တယ်။ ဂျင်းဟာသွားပြီး တွေ့ကြောင်းပြောခဲ့တယ် ။ သူဌေးက ဈေးဘယ်လောက်ရှိလဲ မေးတယ်။ ဂျင်းက ဈေးကို တစ်ခေါက်ပြန်သွားပြီး မေးတယ် ။ ပြီးတော့ ပြန်လာပြီး တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၂ ကျပ်ရှိကြောင်း ပြန်ပြောခဲ့တယ်။
သူဌေးကပြောတယ်။ မင်းကိုမေးတဲ့အတိုင်း ရှောင်ကို ငါမေးပြမယ်။ ရှောင်ဟာ ဈေးကိုသွားတယ်။ ပြီးတော့ ပြန်လာပြီး ဖြေခဲ့တယ်။ “ဈေးထဲမှာ ဖရဲသီးရောင်းတဲ့သူတစ်ယောက် ရှိပါတယ်။ တစ်ကီလိုဂရမ်ကို ဒေါ်လာ (၁၂)ကျပ်ရောင်းပြီး တစ်ဆယ်ကီလိုဂရမ်ကို ဒေါ်လာ (၁၀၀)ရောင်းပါတယ်။သူ့မှာ ရောင်းဖို့ဖရဲသီး အလုံး ၃၄၀ ရှိပါတယ်။ စားပွဲပေါ်မှာ ၅၈ လုံးတင်ထားပြီး တစ်လုံးစီက ဆယ့်ငါးကီလိုဂရမ်လောက် လေးပါတယ်။ တောင်ပိုင်းကနေ လွန်ခဲ့တဲ့ ၂ ရက်လောက်က ယူရောင်းတာပါ။ လတ်ဆတ်နီရဲပြီး အရသာ အလွန်ကောင်းပါတယ်။
ဂျင်းဟာ အလွန်ကို အံ့အားသင့်သွားပြီး သူနဲ့ရှောင်တို့ကြားက မတူညီမှုကို နားလည်သွားခဲ့တယ်။ သူ အလုပ်ထွက်စာမတင်တော့ဘဲ ရှောင်ဆီကနေ အရာရာကိုသင်ယူဖို့ ဆုံးဖြတ်လိုက်တယ် ။
ဘ၀မှာ အအောင်မြင်ဆုံးလူတွေဟာ စေ့စေ့စပ်စပ် သေသေချာချာ လုပ်တယ်။ သူများတွေထက် ပိုတွေးတယ်။ အနက်ရှိုင်းဆုံးကို နားလည်တယ်။ သင် မနက်ဖြန်လောက်သာ မြင်နိုင်တဲ့အရာတွေကို အအောင်မြင်ဆုံးလူတွေက နှစ်ပေါင်းများစွာ ကြိုတွေးပြီး မြင်တတ်ကြတယ်။ နေ့တစ်နေ့နဲ့ နှစ်တစ်နှစ်ရဲ့ ကွာခြားချက်က (၃၆၅)ကြိမ်ရှိပါတယ်။ ကဲ ... အခု သင်ဘာလုပ်မလဲ။
ထာဝရတည်တံ့တဲ့အချစ်
တစ်ခါတုန်းက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်ဟာ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ကောင်လေးက ဆင်းရဲတဲ့မိသားစု က လာတဲ့အတွက် ကောင်မလေးမိဘတွေက သဘောမတူပါဘူး။ ဒါနဲ့ ကောင်လေးက ကောင်မလေးတင်မကဘူး၊ သူ့မိဘတွေ သဘောကျအောင် ပါ ကြိုးစားရပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ကောင်မလေးမိဘတွေက ဒီကောင်လေးဟာ လူကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ သူတို့သမီးလက်ကို ထာဝရဆုပ်ကိုင်ထားနိုင်မယ့်သူတစ်ယောက်ဖြစ်ကြောင်း သိသွားခဲ့ကြတယ်။
ဒါပေမယ့် ပြဿနာတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ ကောင်လေးဟာ စစ်သားတစ်ယောက်ဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာ သူတို့နိုင်ငံမှာ စစ်ပွဲကြီးဖြစ်တော့မှာဖြစ်တဲ့အတွက် စစ်တိုက်ရာဒေသကို တစ်နှစ်ပို့ဆောင်ခြင်း ခံခဲ့ရတယ်။ ကောင်လေး တာဝန်ကျရာဒေသကို မထွက် ခွာခင် တစ်ပတ်အလိုမှာ ကောင်လေးက ကောင်မလေးရှေ့မှာ ဒူးထောက်ပြီး ပြောခဲ့တယ်။
“နင်ငါ့ကို လက်ထပ်မလားဟင်” ကောင်မလေး မျက်ဝန်းကနေ မျက်ရည်တွေကျလာပြီး “အင်း”လို့ ပြန်ဖြေခဲ့တယ်။ ပြီးတော့ သူတို့ စေ့စပ်ခဲ့ကြတယ်။ ကောင်လေး တစ်နှစ်ပြည့်ပြီး ပြန်လာတဲ့အခါ လက်ထပ် ကြမယ်လို့ သူတို့ကတိထားခဲ့ကြတယ် ။
ဒါပေမယ့် မထင်မှတ်ပဲ ကံဆိုးမိုးမှောင်ကျတဲ့ ဖြစ်ရပ်တွေက သူတို့ကြားမှာ ပေါ်ပေါက်လာခဲ့ရတယ်။ ကောင်လေးထွက်ခွာသွားပြီး ရက် အနည်းငယ်မှာပဲ ကောင်မလေးဟာ မတော်တဆယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်။ ဦးခေါင်းပိုင်းမှာ ဒဏ်ရာအပြင်းအထန် ရခဲ့ရတယ်။ သူမ ဆေးရုံပေါ်မှာ ပြန်သတိရလာတဲ့အခါ သူမအဖေနဲ့ အမေက ဘေးနားမှာ ငိုကြွေးနေတာကို တွေ့ခဲ့ရတဲ့အတွက် တစ်ခုခုတော့မှားနေပြီဆိုတာ ကောင်မလေး နားလည် လိုက်တယ်။
နောက်ပိုင်းမှာ သူမသိခဲ့တာက ဦးနှောက်ပိုင်းဆိုင်ရာတချို့ပါ ထိခိုက်ခဲ့ရတယ်ဆိုတာပါပဲ။ သူမမျက်နှာက ကြွက်သားတွေကို ထိန်းချုပ်ထား တဲ့ တချို့သောဦးနှောက်အစိတ်အပိုင်းတွေဟာ ပျက်စီးခဲ့ရတယ်။ သူမရဲ့ လှပချောမောတဲ့ မျက်နှာလေးဟာလည်း ရုပ်ဆိုးအကျည်းတန်ခဲ့ရတယ်။ သူမဟာ မှန်မှာ ကိုယ့်ကိုယ်ကိုကြည့်ပြီး ရှိုက်ကြီးတငင် ငိုကြွေးခဲ့တယ်။
“မနေ့က ငါဟာ ချောမောတဲ့ မိန်းကလေးတစ်ဦးပါပဲ၊ ဒီနေ့တော့ ငါဟာ သရဲတစ္ဆေတစ်ကောင်ဖြစ်သွားခဲ့ရတယ်”လို့ပြောပြီး တချိန်လုံးငိုကြွေး နေခဲ့တယ်။ သူမရဲ့ခန္ဓာကိုယ်မှာ မြင်မကောင်းလောက်အောင် ဒဏ်ရာတွေက လည်း ပြည့်နှက်နေခဲ့တယ်။
အဲဒီနောက်မှာတော့ ကောင်မလေးဟာ သူနဲ့ကောင်လေး ထားရှိ ခဲ့တဲ့ ကတိကို ချိုးဖျက်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တယ်။ ကောင်မလေးက သူ့ချစ်သူကောင်လေးဟာ သူ့ကို လိုချင်တော့မှာမဟုတ်ဘူးလို့ တွေးပြီး ကောင်လေးကို တစ်သက်လုံးဘယ်တော့မှ ပြန်မတွေ့တော့ဘူးလို့ ဆုံးဖြတ် ခဲ့တယ်။
ဒီလိုနဲ့ ...
တစ်နှစ်အတွင်းမှာ ကောင်လေးက ကောင်မလေးဆီ စာတွေ အများကြီးရေးခဲ့တယ်။ ဒါပေမယ့် ကောင်မလေးက တစ်စောင်မှ ပြန်စာ မရေးခဲ့ဘူး။ ကောင်လေးက ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ကောင်မလေးက ဖုန်းမကိုင်ခဲ့ဘူး။
တစ်နှစ်ပြည့်ပြီးတဲ့အခါ ကောင်မလေးအမေက ကောင်မလေး အိပ်ခန်းထဲလာပြီး ပြောခဲ့တယ်။ “သူ ... စစ်ပွဲကနေ ပြန်လာပြီ”
ကောင်မလေးက ထိတ်လန့်တကြား အော်ဟစ်ခဲ့တယ်။ “အား ... ကျေးဇူးပြုပြီး သူ့ကို သမီးအကြောင်း မပြောပါနဲ့အမေ။ ဒီမှာ ရှိနေ ကြောင်းလည်း မပြောပါနဲ့”
ကောင်မလေးအမေက ဆက်ပြောတယ်။ “သူ လက်ထပ်ပြီးပြီ”။ ပြီးတော့ လက်ထပ်ဖိတ်စာလေးကို ကောင်မလေးလက်ထဲ ထည့်ပေးခဲ့တယ်။
ကောင်မလေးရဲ့ နှလုံးသားဟာ ဟိုးနက်ရှိုင်းတဲ့ သဲပြင်အောက်ခြေ ထဲထိ နစ်ဝင်သွားခဲ့သလိုပါပဲ။ ကောင်မလေးသိလိုက်တာက သူမဟာ ကောင်လေးကိုချစ်နေတုန်းပဲ။ အခုထိ မေ့လို့မရသေးဘူး ဆိုတာကိုပါပဲ။ဝမ်းနည်းမှုတွေများစွာနဲ့ သူမဟာ လက်ထပ်ဖိတ်စာလေးကို ဖွင့်ခဲ့တယ်။သူမ ဖိတ်စာပေါ်မှာ မြင်လိုက်ရတာက သူမရဲ့ နာမည်ကိုပါပဲ။ အံ့သြသွားပြီး သူမေးခဲ့တယ်။
“ဟင် ... ဒါဘာလဲ”
တချိန်တည်းမှာပဲ ကောင်လေးဟာ သူမအခန်းထဲကို ပန်းစည်းလေး ကိုင်လို့ ၀င်လာခဲ့တယ် ။ သူဟာ ကောင်မလေးရှေ့မှာ ဒူးထောက်လိုက်ပြီး “နင်ငါ့ကို လက်ထပ်မလားဟင်” လို့ မေးခဲ့တယ်။
ကောင်မလေးက မျက်နှာကို လက်နဲ့အုပ်ပြီး “ငါ ရုပ်ဆိုးသွားပြီ” လို့ပြောခဲ့တယ်။
ကောင်လေးက ပြောတယ်။ “နင့်ရဲ့ခွင့်ပြုချက်မရပဲ နင့်အမေက ငါ့ဆီကို နင့်ဓာတ်ပုံတွေပို့ခဲ့ပါတယ်။ ငါ နင့်ဓာတ်ပုံတွေ မြင်ပြီးတဲ့အခါ ငါနားလည်လိုက်တာက ဘာမှမပြောင်းလဲသွားဘူး ဆိုတာပါပဲ။ နင်ဟာ ငါအရမ်းချစ်တဲ့ သူတစ်ယောက်ဖြစ်နေတုန်းပါပဲ။ နင်ဟာ အမြဲ ထာဝရ လှနေတုန်းပါပဲ။ ဘာလို့လည်းဆိုတော့ ငါနင့်ကို ချစ်နေခဲ့လို့လေ။”
အချစ်ဆိုတာ ကမ္ဘာပေါ်မှာ ဘယ်တော့မှ မပြောင်းလဲတဲ့ ထာဝရ တည်တံ့တဲ့အရာတစ်ခုပါပဲ။ သင်သာ သူ့ကိုချစ်နေမယ်ဆိုရင် သူဟာ အမြဲတမ်း လှနေလိမ့်မယ်။ သူဟာ အမြဲတမ်းမပြောင်းလဲဘဲ ရှိနေပါလိမ့်မယ်။
သက်တန့်ချို
For more intresting articles, please go to
www.thettantcho.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။