03 December 2012 |By Popular News
ဇာတ်လမ်းတွေကို ပိုင်နိုင်စွာ သရုပ်ဆောင်တတ်တဲ့ မျိုးစန္ဒီကျော်က ဗီဒီယိုကား တွေကိုလည်း တစ်လ နှစ်ကားနှုန်း ပုံမှန် ရိုက်ကူး ဖြစ်နေကြောင်း ပြော ပါတယ်။ လတ် တလော ထွက်ရှိထားပြီး ယုသန္တာတင်တို့နဲ့ အတူ သရုပ်ဆောင်ထားတဲ့ “နိဂုံး”ဇာတ်ကား ကို ပရိသတ်တွေ ကြိုက်နှစ်သက်ကြ တာ တွေ့ရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး မျိုးစန္ဒီကျော်က “ကျွန်မက ဒီဇာတ်ကို ကြိုက်လို့ ရိုက်ဖြစ်သွားတယ်။
အမှတ်တရ ထူးထူးခြားခြားတော့ မရှိပါဘူး။ ဒီကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီ က ပြန်ကြားတာက ကြိုက်ကြတယ်လို့ ကျွန်မကို ပြောကြတယ်။ အသေအချာတော့ ကျွန်မမသိဘူး။ အဲဒီကားဖြန့်တုန်းက ကျွန်မ နယ်ရောက်နေတယ်။ အခုထိ ကျွန်မပြန် မကြည့်ရသေးဘူး” လို့ ပြောတဲ့ မျိုးစန္ဒီကျော်က ဇာတ်လမ်းတွေ ကိုလည်း ကျွန်မ ခင်ပွန်း နဲ့ တိုင်ပင်ပြီး ရွေးချယ် ရိုက်ကူးဖြစ် ကြောင်း ပြောပါတယ်။ “ကျွန်မ တို့ အနုပညာရှင်တွေ တော်တော်များများ က ကိုယ်တိုင် ရွေးချယ်ရတာ နည်းတယ်။ ကိုယ့်ဆီလာတဲ့ ဇာတ်တွေထဲမှာ ပြန်ပြီး ရွေးချယ်တာမျိုး လုပ်ရတယ်။ ကျွန်မ ရိုက်ချင်တဲ့ ဇာတ်ပုံစံ တွေလည်း ရှိပါတယ်။ ကျွန်မက ကိုယ်တစ်ခါမှ မလုပ်ဖူးတဲ့ ကာရိုက်တာမျိုး ရိုက်ချင်တယ်” လို့ ပြောပြီး ဇာတ်လမ်းတွေ ထဲမှာမှ ဒရာမာ ဇာတ်ကို ပို အားသန်ကြောင်း ပြောပါတယ်။ “ကျွန်မက နဂိုကတည်းက ဒရာမာကို ပိုအားရတယ်။ ဒရာမာ ဇာတ်ပုံစံတွေ ကျွန်မ ဆီလာတာ များတယ်။ ဟာသဇာတ် နည်းတယ်။ အနုပညာရှင်တွေ က ဆေးစက် ကျ ရာ အရုပ်ထင်ပေါ့။ ဘယ်ဇာတ်လမ်း ပုံစံမဆို ရိုက်ချင်ပါတယ်။ တစ်ခါတလေ ဒရာမာ များသွားရင်လည်း ဟာသကား ရိုက်ချင်တယ်” လို့ ပြောပါတယ်။
အခုနောက်ပိုင်း မှာတော့ အနုပညာရှင်တွေ အနေနဲ့ အနုပညာ လုပ်ငန်း အပြင် စီးပွားရေး တွေကိုပါ တွဲလုပ်လာကြတာကို တွေ့ရပါတယ်။ အနုပညာရှင် တစ်ယောက် ဖြစ်တဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော် ကလည်း အနုပညာ အပြင် ခင်ပွန်းရဲ့ စီးပွားရေး ဖြစ်တဲ့ “လင်းရောင်ခြည်” ကုမ္ပဏီ ကိုလည်း ဦးစီးဆောင် ရွက်နေကြောင်း ပြောပါတယ်။ “ကျွန်မ ခင်ပွန်း ကုမ္ပဏီက အင်ဂျင်နဲ့ ပတ်သက်တဲ့ ဆီလုပ်ငန်းပေါ့။ နိုင်ငံခြား ကနေသွင်းပြီး တော့ လုပ်နေတယ်။ ကျွန်မကလည်း စီးပွားရေး ကို စိတ်ဝင်စားတယ်”လို့ ပြောတဲ့ အတွက် နောက်ပိုင်းမှာ ဘယ်လိုအချိန် မျှပေးသွားမလဲ ဆိုတာကို မျိုးစန္ဒီကျော်က “အနုပညာ ကတော့ ကျွန်မရဲ့ သွေးထဲမှာ အမြဲတမ်း ရှိတယ်။ အနုပညာက ကျွန်မ အတွက် နံပါတ်တစ်ပါ။ အနုပညာ အလုပ်ကို အဓိက လုပ်မှာပါ။ စီးပွားရေး ကျတော့ ကျွန်မ အမျိုးသားကို နောက်ကနေ အားဖြည့် တဲ့သဘော နဲ့ပဲ လုပ်တာပါ” လို့ပြောပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။