03 December 2012 |By Popular News
ဝတ်မှုံရွှေရည်က မဟော်ဂနီ ထုတ်လုပ်ရေးက မင်းသားတွေ ဖြစ်တဲ့ သူရိယ၊ အလင်းရောင် တို့နဲ့ ဗီဒီယို တစ်ကား ရိုက်ဖို့ ပြင်ဦးလွင် ကို ရောက်နေ ပါတယ်။ သူ့အနေနဲ့ သူရိယနဲ့ ကြော်ငြာ ၂ခုသာ ရိုက်ဖူးပြီး ဗီဒီယိုဇာတ်ကား ရိုက်ကူးမှုအနေနဲ့ သူရိယနဲ့ရော၊ အလင်းရောင်နဲ့ပါ ပထမဆုံး ဆုံဖူးတာလို့ သိရပါတယ်။
မြတ်နိုးကြာရိပ်ချိုနဲ့ သို့သော် အိမ် ထောင်ရေးဇာတ်ကား ၂ကားကို ပရိသတ် လတ်တလောအကြိုက်တွေ့နေကြတယ်လို့ ဝတ်မှုန်ရွှေရည် က ပြောပါ တယ်။ ဝတ်မှုန်ရွှေရည်က ကိုရီးယား ဇာတ်ကားတချို့ကို ကြိုက်ပေမယ့် သူ့အနေနဲ့ ကိုရီးယားဇာတ်ကားတွေ ပြန်ရိုက်တာ သိပ်မရှိဘဲ သူ့ကို လာပေးတဲ့ ဇာတ်တွေပဲ ရိုက်ဖြစ်တာများတယ်လို့ ပြောပါတယ်။ ဟိုတလောက ကိုရီးယားမင်းသား၊ မင်းသမီးတွေလာတုန်းက ဝတ်မှုန်ရွှေရည်ကို မတွေ့ရလို့ မေးကြည့် တော့ ”ကစ်ကအဲဒီနေ့က ရှုတင်က ထွက်လို့ မရတာနဲ့ မတွေ့ လိုက်ရဘူး။ ဒီကိုလာသွားတဲ့ မင်းသားကိုတော့ ကြိုက်တယ်”လို့ ပြောပါတယ်။
ဝတ်မှုန်ရွှေရည်က ဒီနှစ် သီတင်းကျွတ်မှာတော့ အနုပညာလောကက သူ့ရဲ့ ဆရာသမားတွေကို ကန်တော့ဖြစ်ခဲ့တယ်လို့ ပြောပြီး၊ ဒီနှစ် အကယ်ဒမီပွဲကိုတော့ သုံးနှစ်မြောက်အဖြစ် တက်ရောက်မှာဖြစ်တယ်လို့ ပြောတဲ့ ဝတ်မှုန်ရွှေရည်က အကယ်ဒမီ ခန့်မှန်း အဖြစ် လူမင်းနဲ့ သက်မွန်မြင့်လို့ ခန့်မှန်းပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ အိပ်မက်တွေထဲမှာ အကယ်ဒမီပါလား မေးတော့…”အနုပညာသမားပဲ၊ ရင်ခုန်တာပေါ့၊ လိုချင်တာပေါ့။ ကစ်ကဒီနှစ်တော့ ရင်မခုန်သေးဘူး။ ရင်ခုန်လို့မရသေးဘူး။ ရင်ခုန်ခွင့် မရှိသေးဘူးပေါ့” လို့ပြောပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။