03 December 2012 |By Popular News
နိုင်းနိုင်းက ပြင်ဦးလွင်မှာ ‘ကြေမွသွားသော’ဆိုတဲ့ ဗီဒီယိုကားမှာ ပါဝင် သရုပ်ဆောင် နေပါတယ်။ ဗီဒီယိုဈေးကွက် အပြောင်းအလဲ ဖြစ်နေတဲ့အချိန်မှာ ဒီလိုဇာတ်လမ်းမျိုး ရိုက်ရတာကောင်းတယ်လို့ ပြောတဲ့ နိုင်းနိုင်းက သူ့အနေနဲ့ အက်ရှင် ဒရာမှာတွေ အရိုက်များ တယ်လို့ ပြောပါ တယ်။
ဈေးကွက်မှာတော့ ဇာတ်လမ်းက အဓိကဖြစ်သွားပြီလို့ သုံးသပ်တဲ့နိုင်းနိုင်းက ဇာတ်လမ်းကောင်းရင် ကောင်း သလို ပရိသတ် အားပေးတယ်လို့ ပြောပါ တယ်။ ဒီနှစ် အကယ်ဒမီကိုအမျို သားဇာတ် ဆောင် ဆုနဲ့ တစ်ပြေးနေတာမို့ သူ့ရင်ခုန်သံကိုမေး တော့ “ကျွန်တော်လည်း ကျွန်တော့် ကားတွေ ပါရင် မျှော်လင့်တာပေါ့။ အကယ်ဒမီဆိုတာက တကယ်တော့ နတ်ကြီးပါတယ်။ ကျွန်တော် ၁ဝစုနှစ် တစ်ခုကြာ တက်ပြီးပဲ အားပေးခဲ့ရတာပါ။ ကျွန်တော်တို့ အနုပညာသမားမှာ အကယ်ဒမီဆိုတာက မှတ်တိုင်တစ်ခုပါ။ မှတ်တိုင်တွေ အများကြီး မစိုက်နိုင်ရင်တောင် အနည်းဆုံး တစ်ခုတော့ စိုက်နိုင်ရမှာပါ”လို့ ပြောပါတယ်။
အကယ်ဒမီပွဲတက် ဝတ်စုံအတွက်လည်း ပြောထားကြတာတွေ ရှိတယ်လို့ နိုင်းနိုင်းကပြောပါတယ်။ နိုင်းနိုင်း ပြင် ဦးလွင်မှာ ဇာတ်ကား လာရိုက် နေတဲ့ အချိန်မှာ ရန်ကုန်မှာကျန်ခဲ့တဲ့ သူ့ကလေးတွေနဲ့ ဖုန်းပြောဖြစ်ပြီး သမီးအကြီးကတော့ ရေခဲမုန့်ဝယ်မယ်၊ ဖိနပ်ဝယ်မယ် ဆိုတာတွေပဲ ပြောပါတယ်။ တတိယမြောက်ကလေး လေးကိုတော့ ဒီဇင်ဘာလကုန်၊ ဇန်နဝါရီလထဲမှာ မွေးဖို့ စီစဉ်ထားတယ်လို့ ပြောပြီး အဲဒီတတိယမြောက် ကလေးလေး ကိုတော့ ဘယ်လို နာမည်ပေးရမှန်း မသိသေးဘဲ စဉ်းစားဆဲလို့ နိုင်းနိုင်းကပြောပြခဲ့ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။