Myanmar Online News
သွေးမေတ္တာ ပရဟိတ အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မင်းမော်ကွန်း က ကိုယ်တိုင်လည်း သွေးလှူဒါန်းခဲ့ဖူးပါတယ်။ ကိုယ့်ရဲ့ သွေးကို လှူဒါန်း လိုက်တဲ့အတွက် စိတ်ထဲမှာ တော့ တော်တော် လေး ကြည်နူးမိ ပါတယ်
လို့ပြောပြီး နောက်ထပ်လည်း လေးလတစ်ကြိမ် ကျန်းမာရေးကောင်း ရင် ကောင်းသလို လှူဒါန်းသွားမှာဖြစ်ကြောင်း မင်းမော်ကွန်း က ပြောပါတယ်။
...
သူ့အနေနဲ့ အရင်က တည်းက မေတ္တာ သင်္ဂဟအဖွဲ့နဲ့လည်း လက်လှမ်းမီ သလောက်လိုက်ပြီး လှူဒါန်းဖြစ်သလိုတစ်ဦး ချင်းလည်း လှူဒါန်းဖြစ် တာတွေရှိပြီး တတ်နိုင်ရင်တတ်နိုင်သလောက် နောက်ထပ်လည်း ပရဟိတ အလှူတွေကို လုပ်ဖို့ ရည်ရွယ်ချက်ရှိကြောင်း ပြောပါတယ်။
မင်းမော်ကွန်းက ဆီးဂိမ်း အတွက် ဖျော်ဖြေပွဲမှာလည်း ပါဝင်ဖျော်ဖြေ မှာဖြစ်ပြီး ခုလိုဖျော်ဖြေ ရတဲ့အပေါ် မင်းမော်ကွန်းက
"ကျွန်တော်တို့ တိုင်းပြည်အတွက် မြန်မာ့အားကစားပွဲမှာ ဂုဏ်ဆောင်ရမယ့် ပွဲတစ်ပွဲပဲလေ။ အဲဒီအ တွက် တိုင်းသူပြည်သားအနေနဲ့ ကျွန်တော်တို့ ကလည်း တတ်နိုင်သလောက်လုပ်ပေးချင် ပါတယ်" လို့ ပြောပါတယ်။
လတ်တလောမှာ မင်းမော်ကွန်းက "ဂျစ်ပစီမြို့က တစ္ဆေဖမ်း ပွဲတော်" ဇာတ်ကားကို မိုးယုစံ နဲ့ သရုပ်ဆောင်နေပြီး ဟာသ ဇာတ်လမ်းဖြစ်ကြောင်း
ပြောပါတယ်။ မင်းမော်ကွန်းက ဗီဒီယိုနဲ့ ဒီဗီဒီ ဇာတ်ကားတွေအရိုက်များနေပြီး
တစ်လမှာ ဇာတ်ကား ၂ကား လောက် ပဲ အေးအေးလူလူနဲ့ ရိုက်ကူးဖြစ်ကြောင်း ပြောပါတယ်။
သရုပ်ဆောင်တွေ အနေနဲ့ ဆက်တိုက်ရိုက်ကူးတာထက် နားပြီးမှ ရိုက်ကူး သင့်ကြောင်းကိုလည်း "ကျွန်တော်တို့ သရုပ်ဆောင် တွေအနေနဲ့ တစ်ကားပြီး တစ်ကားတော့ နည်းနည်းတော့ နားဖို့ လိုအပ်တယ် ထင်ပါတယ်။ မနား ဘဲနဲ့ ဆက်တိုက် တောက် လျှောက် ရိုက်ဖို့မလွယ်ပါဘူး။ အဲဒါကြောင့်
အေးအေးဆေးဆေးပဲရိုက်တာပါ။ ဇာတ်ကား အတွက် ပြင်ဆင် မှုတွေလည်း လုပ်သင့်ပါတယ်"လို့ မင်းမော်ကွန်းကပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။