ၾသစေၾတးလ် နိုင်ငံကို ထွက်ခွာသွားတာ ၄နှစ်တာ ကြာမြင့်ခဲ့ ပြီဖြစ်တဲ့ တေးသံရှင် ဂရေဟမ်တို့ မိသားစု မြန်မာနိုင်ငံကို ပြန်လည်ရောက် ရှိလာခဲ့ပါပြီ။ သူတို့ရဲ့ စိတ်ကူး ရည်မှန်းချက်တေ
ွအတွက် နိုင်ငံခြားကို ထွက် ခွာ သွားခဲ့ကြပေမယ့် ရည်မှန်းချက်ပြည့်စုံ လာတဲ့ အချိန်မှာတော့ အမိမြန်မာပြည် မှာပဲ ပြန်လည်အခြေချနေထိုင်တော့မယ
တေးသံရှင် ဂရေဟမ်ကို မြန်မာနိုင်ငံကို ပြန်လည်နေ ထိုင်ဖြစ်တော့မယ့် အကြောင်း ကိုတော့မေးတော့..
"နိုင်ငံခြားသွားတဲ့ ၄နှစ်မှာ နှစ်တိုင်း ပြန်လာဖြစ်ပါတယ်။ ဒီတစ်ခေါက် ကတော့ တစ်နှစ်ခွဲလောက်ကွာသွားတယ်။ အရင်နှစ် က ဆစ်ဒနီမှာ မြန်မာ သင်္ကြန်ကို သီချင်းသွား ဆိုတယ်။ မိသားစုလိုက်သွားတာပေါ့။ မနှစ်က ကျတော့လည်း မဲဘုန်းမှာ သင်္ကြန်ကို မိသားစုလိုက်သွားတယ်။ အဲဒါနဲ့ ပြန် မရောက် တာ တစ်နှစ်ခွဲလောက်ရှိသွားပြီေ ပါ့။ အခုက တော့ မြူးဇစ်ကျောင်း ကလည်း ကျောင်းပြီး သွားပြီဆိုတော့ ပြန်လာတာပါ။ စသွားကတည်း ကတော့ တစ်သက်လုံးနေမယ်ဆိုတဲ့ စိတ်ကူးမျိုးတော့ မရှိပါဘူး။ Plan ကတော့ရှိတာပေါ့နော်။ သွားပြီး ကလေးတွေကျောင်း ထားရင်း နဲ့ မြူးဇစ်ကျောင်း ကို တက်ဖြစ်သွား တယ်။ တက်ဖြစ်သွားတော့ ပြီးဆုံးအောင် လုပ်ရတာပေါ့နော်။ ပြီးရင်ပြန်မယ်ဆိုတာ ကတော့ နဂို ကတည်း က ဆုံးဖြတ်ပြီးသားပါ။ အခုက ရည်မှန်းထားတဲ့အတိုင်း ကျောင်း ပြီး သွားတဲ့အချိန်မှာ ပြန်လာခဲ့တာပါ။ ဟိုမှာ အဓိကအနေနဲ့ အဆိုနဲ့ ဒရမ်ကို ကျွန်တော် သေသေချာချာလုပ်ဖြစ်ခဲ့တယ်။
ဒီမှာ သင်တန်းပြန်ဖွင့်ဖို့ ဆိုရင်တော့ အချိန် တော်တော် ယူရဦးမယ်။ ကိုယ်တစ်ယောက်တည်း လုပ်လို့ လည်း မပြီးဘူး။ သင်ရိုးညွှန်းတမ်းတွေ ဆွဲဖို့ အများကြီးရှိတယ်။ ဒီမှာလည်း တော်တော် လေးတော့ တိုးတက်နေပါပြီ။ သွားဖြစ်တာ ကလည်း အရင်တုန်းကအစ်ကိုက ကိုယ်ပိုင် အခွေတွေ ပရိုဂျူဆာလုပ်ခဲ့တယ်။ ၇ခွေ လောက်ရှိတယ်။ ခိုးကူးခွေတွေ နှိပ်စက်တာ လည်း တစ်ခု အပါ အဝင်ပေါ့။ လုပ်သမျှအခွေ တွေမြတ်ဖို့ သိပ်မလွယ်တော့ဘူး။ အရင်း ရဖို့ တောင် မနည်းပြန် Produce လုပ်နေရတဲ့ အချိန်ပေါ့။ သွားဖြစ်တဲ့ အထဲမှာ အဲဒါလည်း တစ်ခုအပါအဝင်ပေါ့။ Produce လုပ်လို့ မကောင်းတော့ တာရယ်၊ ကလေးတွေ ပညာ ရေးကလည်း တစ်မျိုးပေါ့။ အဲဒါကြောင့် တစ်ခုခုအပြောင်းအလဲလုပ်ကြည့်တဲ့ သဘော နဲ့ သွားဖြစ်ခဲ့တာ ပါ။ နိုင်ငံခြားအတွေ့အကြုံ တော့ အများကြီးရခဲ့ပါတယ်။
သွားတဲ့ပုံ သဏ္ဌာန်က အမျိုးမျိုးရှိကြတယ်။ ဘယ်လို အနေအထားနဲ့ ဟိုဘက်ကို သွားသလဲ။ အကောင်းအဆိုး ပြန်ယှဉ်တဲ့အခါ ဘယ်ဟာက ပိုပြီးတော့ ကိုယ့် အတွက် အဆင်ပြေသလဲ ဆို တာကိုချိန်ဖို့ လိုတယ်။ အသက် ၂ဝ၊ ၂၅ နောက်ပိုင်း သွားတဲ့ သူတွေဟာ သူတို့က ဘယ် လောက် ကြီးပဲ တိုးတက် နေပါစေ သူတို့ က မြန်မာပြည်ကို လွမ်းတဲ့စိတ်ရှိကြတယ်။ ခပ်ငယ် ငယ်က သွားတဲ့သူတွေကျတော့ နိုင်ငံခြား ဓလေ့ထဲမှာ ပျော်ဝင် သွားပြီး ပြန်လာတဲ့အခါ ကလေး တွေက စိတ်ညစ်တာမျိုးရှိကြ တယ်။
သမီးငယ်ဆိုရင် ငယ်ငယ် ကတည်းက သွားတဲ့အတွက် သူ့အတွေး အခေါ်လေးတွေက နည်းနည်း ဘိုဆန်တာမျိုး ရှိတယ်။ မေးခွန်းသိပ်ထုတ် တယ်။ သူတို့က မေးခွန်း ထုတ်အောင်လည်း ဖွင့်ပေးထားတာလေ" လို့ ပြောပါတယ်။ ပြန်ရောက်တဲ့အချိန်မှာ အနုပညာနဲ့ ပတ် သက်ပြီး လုပ်ဆောင်သွားမယ့်အကြောင်း တွေကိုတော့ ဂရေဟမ်က...
"အခုပြန်လာတဲ့အချိန်မှာ တစ်ကိုယ် တော်ရှိုးလုပ်ဖို့တော့ ပြင် ဆင်နေပါတယ်။ ဒိတ်လည်း မသိသေးပါဘူး။ စကားပြောနေ တုန်းပေါ့။ အဲဒါလေး အရင်လုပ်မယ်။ ပြီးတော့ အခွေလည်း လုပ်ဖြစ်ပါလိမ့်မယ်။ ဈေး ကွက်ကို ပြန်လေ့လာကြည့်တော့လည်း အရင် ကထက်စာရင် နည်း နည်းတော့ တက်လာပါတယ်။ ဒါပေမဲ့ တအားကြီး အားရလောက်အောင် မရှိသေးပါဘူး။ ဒါပေမဲ့ အခွေကတော့ လုပ်ကိုလုပ်ဖြစ်မှာပါ။ ဒီနောက်ပိုင်းကတော့ သွားလိုက်၊လာလိုက် ရှိနေမှာဆိုပေမယ့် ဒီဘက်မြန် မာနိုင်ငံမှာပဲ များများနေဖြစ်မှာပါ။
သမီးကြီးက year(11) ရောက်သွားပြီလေ။ သူကဒီမှာ ဆက်သင်လို့ သိပ်ပြီးတော့ Match မဖြစ်တော့ဘူး။ Year (12) ပြီးရင် သူက တက္ကသိုလ် သွားရတော့ မယ်ဆိုတော့လေ။ အဲဒါကြောင့် သွားလိုက်၊ လာလိုက်တော့ ရှိနေမှာပါ။ ဒါပေမဲ့ ဒီမှာတော့ များများနေဖြစ်မှာပါ။ အခုပြန်ရောက်တဲ့ အချိန်မှာတော့ ဈေးကွက်ကိုလည်း ပြန် လေ့လာနေတာပေါ့။ အဆိုတော်တွေ လည်း အများကြီးထွက်တယ်။ ဒါပေမဲ့ ကိုယ့်လိုင်း နဲ့ကိုယ်၊ ကိုယ့်ပရိသတ် နဲ့ကိုယ်ပုံမှန်လေး သွားဖို့ရှိကြပါတယ်" လို့ ပြောပါတယ်။
Popular Journal
"နိုင်ငံခြားသွားတဲ့ ၄နှစ်မှာ နှစ်တိုင်း ပြန်လာဖြစ်ပါတယ်။ ဒီတစ်ခေါက် ကတော့ တစ်နှစ်ခွဲလောက်ကွာသွားတယ်။
ဒီမှာ သင်တန်းပြန်ဖွင့်ဖို့ ဆိုရင်တော့ အချိန် တော်တော် ယူရဦးမယ်။ ကိုယ်တစ်ယောက်တည်း လုပ်လို့ လည်း မပြီးဘူး။ သင်ရိုးညွှန်းတမ်းတွေ ဆွဲဖို့ အများကြီးရှိတယ်။ ဒီမှာလည်း တော်တော် လေးတော့ တိုးတက်နေပါပြီ။ သွားဖြစ်တာ ကလည်း အရင်တုန်းကအစ်ကိုက ကိုယ်ပိုင် အခွေတွေ ပရိုဂျူဆာလုပ်ခဲ့တယ်။ ၇ခွေ လောက်ရှိတယ်။ ခိုးကူးခွေတွေ နှိပ်စက်တာ လည်း တစ်ခု အပါ အဝင်ပေါ့။ လုပ်သမျှအခွေ တွေမြတ်ဖို့ သိပ်မလွယ်တော့ဘူး။ အရင်း ရဖို့ တောင် မနည်းပြန် Produce လုပ်နေရတဲ့ အချိန်ပေါ့။ သွားဖြစ်တဲ့ အထဲမှာ အဲဒါလည်း တစ်ခုအပါအဝင်ပေါ့။ Produce လုပ်လို့ မကောင်းတော့ တာရယ်၊ ကလေးတွေ ပညာ ရေးကလည်း တစ်မျိုးပေါ့။ အဲဒါကြောင့် တစ်ခုခုအပြောင်းအလဲလုပ်ကြည့
သွားတဲ့ပုံ သဏ္ဌာန်က အမျိုးမျိုးရှိကြတယ်။ ဘယ်လို အနေအထားနဲ့ ဟိုဘက်ကို သွားသလဲ။ အကောင်းအဆိုး ပြန်ယှဉ်တဲ့အခါ ဘယ်ဟာက ပိုပြီးတော့ ကိုယ့် အတွက် အဆင်ပြေသလဲ ဆို တာကိုချိန်ဖို့ လိုတယ်။ အသက် ၂ဝ၊ ၂၅ နောက်ပိုင်း သွားတဲ့ သူတွေဟာ သူတို့က ဘယ် လောက် ကြီးပဲ တိုးတက် နေပါစေ သူတို့ က မြန်မာပြည်ကို လွမ်းတဲ့စိတ်ရှိကြတယ်။ ခပ်ငယ် ငယ်က သွားတဲ့သူတွေကျတော့ နိုင်ငံခြား ဓလေ့ထဲမှာ ပျော်ဝင် သွားပြီး ပြန်လာတဲ့အခါ ကလေး တွေက စိတ်ညစ်တာမျိုးရှိကြ တယ်။
သမီးငယ်ဆိုရင် ငယ်ငယ် ကတည်းက သွားတဲ့အတွက် သူ့အတွေး အခေါ်လေးတွေက နည်းနည်း ဘိုဆန်တာမျိုး ရှိတယ်။ မေးခွန်းသိပ်ထုတ် တယ်။ သူတို့က မေးခွန်း ထုတ်အောင်လည်း ဖွင့်ပေးထားတာလေ" လို့ ပြောပါတယ်။ ပြန်ရောက်တဲ့အချိန်မှာ အနုပညာနဲ့ ပတ် သက်ပြီး လုပ်ဆောင်သွားမယ့်အကြောင်း တွေကိုတော့ ဂရေဟမ်က...
"အခုပြန်လာတဲ့အချိန်မှာ တစ်ကိုယ် တော်ရှိုးလုပ်ဖို့တော့ ပြင် ဆင်နေပါတယ်။ ဒိတ်လည်း မသိသေးပါဘူး။ စကားပြောနေ တုန်းပေါ့။ အဲဒါလေး အရင်လုပ်မယ်။ ပြီးတော့ အခွေလည်း လုပ်ဖြစ်ပါလိမ့်မယ်။ ဈေး ကွက်ကို ပြန်လေ့လာကြည့်တော့လည်း အရင် ကထက်စာရင် နည်း နည်းတော့ တက်လာပါတယ်။ ဒါပေမဲ့ တအားကြီး အားရလောက်အောင် မရှိသေးပါဘူး။ ဒါပေမဲ့ အခွေကတော့ လုပ်ကိုလုပ်ဖြစ်မှာပါ။ ဒီနောက်ပိုင်းကတော့ သွားလိုက်၊လာလိုက် ရှိနေမှာဆိုပေမယ့် ဒီဘက်မြန် မာနိုင်ငံမှာပဲ များများနေဖြစ်မှာပါ။
သမီးကြီးက year(11) ရောက်သွားပြီလေ။ သူကဒီမှာ ဆက်သင်လို့ သိပ်ပြီးတော့ Match မဖြစ်တော့ဘူး။ Year (12) ပြီးရင် သူက တက္ကသိုလ် သွားရတော့ မယ်ဆိုတော့လေ။ အဲဒါကြောင့် သွားလိုက်၊ လာလိုက်တော့ ရှိနေမှာပါ။ ဒါပေမဲ့ ဒီမှာတော့ များများနေဖြစ်မှာပါ။ အခုပြန်ရောက်တဲ့ အချိန်မှာတော့ ဈေးကွက်ကိုလည်း ပြန် လေ့လာနေတာပေါ့။ အဆိုတော်တွေ လည်း အများကြီးထွက်တယ်။ ဒါပေမဲ့ ကိုယ့်လိုင်း နဲ့ကိုယ်၊ ကိုယ့်ပရိသတ် နဲ့ကိုယ်ပုံမှန်လေး သွားဖို့ရှိကြပါတယ်" လို့ ပြောပါတယ်။
Popular Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။