Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 4, 2012

ကျွန်တော်ပြောမယ့် ဂျေးပါ့ခ်အကြောင်း


အဆိုတော်တွေ အများကြီး ရှိကြပါတယ်။ အဲဒီထဲမှာမှ တချို့အဆိုတော်တွေဟာ နာမည်ကြီးကြတယ်။ တချို့အဆိုတော်တွေကတော့ နာမည်ကြီးအောင် ကြိုးစားနေကြတယ်။ နာမည်ကြီးခြင်းထဲမှာ ဆုတံဆိပ်တွေ ရရှိခြင်းဟာလည်း အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော် လတ်တလော ရရှိထားတဲ့ဆုကတော့ ၂၀၁၂မှာ အာရှမော်ဒယ်ဆုပေးပွဲမှာ အကျော်ကြားဆုံး အနုပညာရှင်ဆု ရရှိထားပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တို့မှာလည်း ကိုရီးယား၊ အမေရိကန်တို့က ချီးမြှင့်တဲ့ အနုပညာဆိုင်ရာ ထူးချွန်ဆုတွေ ရရှိထားပါတယ်။ မျက်စိစပါးမွှေးမစူးဘူးဆိုရင် ကျွန်တော့်အကြောင်း နည်းနည်းလောက် ပြောပါရစေ။

ကျွန်တော့်ကို ဂျေးပါ့ခ်လို့ ခေါ်တယ်။ အမေရိကန်နိုင်ငံသား တစ်ယောက်ဖြစ်တဲ့ ကိုရီးယားလူမျိုး တစ်ယောက်ပါ။ အလုပ်အကိုင်ကတော့ သီချင်းဆိုတယ်၊ ကတယ်၊ အခွေထုတ်တယ်၊ သီချင်းရေးတယ်၊ မော်ဒယ်လုပ်တယ်။ ကျွန်တော် သီချင်းရေးတဲ့အခါမှာ ကျွန်တော့်သီချင်းအတွက် စိတ်ခံစားမှု Mood ကို နေရာပေါင်းစုံက ယူတယ်။ ဆိုကြပါစို့.. ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ စကားကောင်းနေတဲ့အခါမျိုး၊ ကျွန်တော် ရုပ်သံအစီအစဉ်တစ်ခုကို ကြည့်လို့ ကောင်းနေတဲ့အခါမျိုး၊ သီချင်းတစ်ပုဒ်မှာ စီးဝင်နစ်မျောနေတာမျိုးတို့ အစရှိသဖြင့်ပေါ့။ အမှန်အတိုင်း ပြောရရင် သီချင်းရေးတဲ့အခါမှာ ကျွန်တော်က ကိုရီးယားဘာသာထက် အင်္ဂလိပ်လိုရေးရတာ အားသန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုရီးယားစာကို ဆယ်ကျော်သက်အရွယ်ကျမှ စပြီး လေ့လာခဲ့ရလို့ပါ။
ကျွန်တော့်ကို ကိုရီးယား မျက်နှာသစ်တစ်ယောက်လို့ ထင်ကြမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က တောင်ကိုရီးယား ယောက်ျားလေး အဆိုတော်အဖွဲ့တစ်ခုဖြစ်တဲ့ 2PM မှာ ဝင်ပြီးလှုပ်ရှားခဲ့သေးလို့ပဲ။ အမှန်အတိုင်းပြောရရင် အဲဒီအဖွဲ့နဲ့ပဲ ကျွန်တော် နာမည်တက်လာတယ်လို့ ဆိုရမယ်။ နောက်တော့ အဖွဲ့ကနေ လမ်းခွဲပြီး တစ်ကိုယ်တော်လှုပ်ရှားခဲ့တယ်။ ကျွန်တော့်ရဲ့အနုပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးကြတယ်။ ဘာတွေမေးပြီး ကျွန်တော်ကဘာတွေဖြေလဲဆိုတော့….
Q. ခင်ဗျားရဲ့ပထမဆုံး တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီး ပြောပါဦး။
A. ကျွန်တော် ဒီအခွေအတွက် နှစ်နှစ်တိတိ ကြိုးစားခဲ့ရတယ်။ ကျွန်တော် သီချင်းပေါင်း ၃၀ လောက် ရေးခဲ့ရတယ်။ အဲဒီထဲကမှ အကောင်းဆုံးကို ထပ်ရွေးပြီး အခွေအတွက် ဖန်တီးခဲ့တာပါ။ ကျွန်တော့်ပရိသတ်တွေက ကျွန်တော်ဖန်တီးတဲ့ သီချင်းနဲ့ ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်ကြတယ်။ ကျွန်တော် သူတို့ပြောတဲ့ သူတို့အကြိုက်ကို နားထောင်ပြီး ဖန်တီးတယ်။ ကြိုတင်ပြီး စီစဉ်ထားတာရယ်လို့တော့ မရှိဘူး။ ကျွန်တော်ရဲ့ အတွင်းအဇ္ဈတ္တထဲကနေ လာတဲ့ စိတ်ခံစားမှုအလိုက် ဖန်တီးဖြစ်တာ များပါတယ်။ ဘာပဲပြောပြော ကြိုးစားပြီးတော့ အဲဒီအခွေကို လုပ်ထားတယ်။
Q. ဒီအခွေဟာ လောလောဆယ် အမေရိကန်မှာ နံပါတ်တစ် ချိတ်နေတယ်နော်။
A. ဟုတ်တယ်။ အရမ်းအံ့အားသင့်ဖို့ ကောင်းတယ်။ ပြည်ပက ကျွန်တော့်ပရိသတ်တွေအနေနဲ့လည်း ကျွန်တော့်သီချင်းဟာ မစိမ်းဘူးလို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို ကိုရီးယား ပရိသတ်တွေထက် တခြားပြည်ပက ပရိသတ်တွေက ပိုသိကြလို့လေ။
Q. ခင်ဗျားရဲ့ MTV မှာ အနမ်းပေးတဲ့အခန်း ပါတယ်နော်။
A. ဟုတ်တယ်။ ကျွန်တော် အဲဒါစိုးရိမ်နေတာ။ ပရိသတ်တွေ အမြင်မှာ တစ်မျိုးဖြစ်သွားမလားလို့။
Q. ဒါနဲ့ ခင်ဗျားရဲ့ကိုယ်မှာ တက်တူး ဘယ်နှခုအထိ ရှိသွားပြီလဲ။ ဘယ်တက်တူးကို အကြိုက်ဆုံးလဲ။
A. ကျွန်တော် မသိဘူးဗျ။ ကျွန်တော် အကြိုက်ဆုံးရယ်လို့တော့ မရှိဘူး။ အကုန်လုံးကို ကြိုက်တယ်လို့ ထင်တာပဲ။
Q. အခုဟာက ဘယ်ဘက်အခြမ်းပဲ ထိုးရသေးတာနော်။ ညာဘက်လည်း ထိုးဦးမှာလား။
A. မဟုတ်ဘူး။ မထိုးဘူး။ လောလောဆယ် အဲဒါနဲ့ပတ်သက်ပြီး ဘာမှမစဉ်းစားထားဘူး။ ကျွန်တော် ဂီတကိုပဲ အာရုံစိုက်ထားတယ်။ ကျွန်တော့်မှာ ရှေ့ဆက်လျှောက်စရာ လမ်းအရှည်ကြီး ရှိနေသေးတယ်။
Q. တကယ်လို့ ခင်ဗျားသာ အခုအချိန်မှာ အနုပညာရှင်တစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင် ဘာဖြစ်လာမယ်လို့ စိတ်ကူးထားလဲ။
A. ကျွန်တော် အကသမားတစ်ယောက် ဖြစ်ချင်တယ်။ ဒါမှမဟုတ် ရုပ်ရှင် ရိုက်ကူးရေးသမားတစ်ယောက် ဖြစ်ချင်ဖြစ်မယ်။ အကဘက်ရောက်ဖို့ ပိုပြီးများပါတယ်။
Q. ခင်ဗျားအနေနဲ့ တွဲပြီး ဖျော်ဖြေချင်တဲ့ အနုပညာရှင်တွေ ရှိလား။
A. ကျွန်တော် ဆိုင်မွန်ဒီနဲ့ တွဲပြီး ဖျော်ဖြေချင်ပါတယ်။ နောက်တစ်ကြိမ်ကျရင် ကျွန်တော် နှစ်ယောက်တွဲပြီး ဖျော်ဖြေဖို့ စိတ်ကူးထားပါတယ်။
Q. ခင်ဗျားပရိသတ်တွေက အခုဆို ကမ္ဘာအနှံ့မှာ ရှိနေပြီနော်။ ကမ္ဘာပေါ်က ဘယ်နိုင်ငံကို သွားချင်လဲ။ ခင်ဗျား မသွားဖူးသေးတဲ့နိုင်ငံ တစ်ခုခုပေါ့။
A. ကျွန်တော် သြစတြေးလျကို တစ်ခါမှမရောက်ဖူးဘူး။ ကျွန်တော် အဲဒီကိုသွားချင်တယ်။ နောက်ပြီး တောင်အမေရိကကိုလည်း မရောက်ဖူးသေးဘူး။ ဘရာဇီးလည်း ကြိုက်တယ်။ ဘရာဇီးကိုလည်း သွားချင်သေးတယ်။
Q. ခင်ဗျားအနေနဲ့ 2PM အဖွဲ့နဲ့ လှုပ်ရှားခဲ့သေးတယ်။ 2PM အဖွဲ့မှာ အဖွဲ့အလိုက် လှုပ်ရှားတာနဲ့ အခုလို တစ်ကိုယ်တော် လှုပ်ရှားရတာ ဘာကွာခြားချက်တွေရှိလဲ။
A. ကျွန်တော် 2PM မှာတုန်းက ကျွန်တော်လုပ်ချင်တဲ့အတိုင်း ဖန်တီးလို့မရဘူး။ တစ်ကိုယ်တော်အနေနဲ့ လှုပ်ရှားမှုမှာကျတော့ စိတ်ဖိစီးမှု၊ ဖိအားပိုများတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးကို ကျွန်တော်ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက် ပေးရတာမို့လေ။ အဖွဲ့အလိုက် မဟုတ်တော့ဘူး။ အဖွဲ့မှာတုန်းက ကျွန်တော် စက္ကန့် ၂၀စာပဲ သီချင်းဆိုရတယ်။ ကျွန်တော်လုပ်ရတာက ကရတာပဲ။ အခုကျတော့ ကျွန်တော် ၃-၄ မိနစ်လောက် ကရတယ်။ သီချင်းချည်းပဲ ဆိုရတယ်။ ကျွန်တော်ကိုယ်တိုင်ပဲ အခုလိုအင်တာဗျူး ဖြေရတယ်။ ကျွန်တော်က ကိုရီးယားလို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်တော့ အခက်တွေ့တယ်လေ။ ဒါကတော့ ကျွန်တော့်ရဲ့အကြောင်းကို တစိုးတစိ သူတို့ ရှာဖွေမေးမြန်းထားတာကို ကျွန်တော်ဖြေကြားထားတာပါပဲ။ ကျွန်တော် ရှေ့ဆက်လှုပ်ရှားမယ့် အနုပညာ လှုပ်ရှားမှုတွေကတော့ ကျွန်တော့်မှာ ရည်ရွယ်ချက်မရှိဘူး။ ကျွန်တော့် ပရိသတ်ကြိုက်တဲ့ အခွေတွေကို ဖန်တီးမယ်။ ကျွန်တော်ကြိုက်တဲ့ဟာတွေ ဖန်တီးမယ်။ ကျွန်တော့်ပရိသတ် ဂုဏ်ယူရလောက်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားမယ်။
ကျွန်တော့် အကြောင်းကတော့ ဒီလောက်ပါပဲ။ ခွင့်ပြုကြပါဦး။
Ref: 8 Days Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။