Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 2, 2012

ယုံကြည်မှုဆိုတာ ဘ၀ရဲ့တွန်းအားပဲ။ (လီယို ထော်လ်စ်တွိုင်း)

By Moenge Aung on Sunday, December 2, 2012 at 2:12pm


သက်ရှိအရာဝတ္ထုဖြစ်စေ၊ သက်မဲ့အရာဝတ္ထုဖြစ်စေ တွန်းအားမရှိပဲ ရွေ့လျားနေတဲ့အရာတစ်ခုခုကို စာဖတ်သူ မြင်ဖူးပါသလား။ ကျနော်အနေနဲ့တော့ တစ်ခါမှမမြင်ဖူးပါ။ အရာရာတိုင်းရဲ့ရွေ့လျားမှုဟာ နောက်ကွယ်က တွန်းအား တစ်မျိုးမျိုးကြောင့်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ သစ်ရွက်ကလေးတစ်ရွက် ရွေ့လျားနေတာကိုပဲကြည့်လေ။ လေပြေလေညင်းလေးရဲ့တိုက်ခတ်တွန်းထိုးမှုကြောင့်ဆိုတာ သိနိုင်ပါတယ်။ သို့မဟုတ် တခြားအကြောင်းတစ်ခုခု၊ ဒါမှမဟုတ် တွန်းအားတစ်ခုခုကြောင့် ဆိုတာကတော့ မလွဲပါဘူး။
ကျနော်တစ်ခုစဉ်းစားကြည့်တယ်။ တစ်စုံတစ်ခုကို ရွေ့လျား အောင်လုပ်နိုင်တဲ့အရာ၊ သို့မဟုတ် အင်အားဟာ အဲဒီ
အရွေ့ခံ အရာထက်တော့ ပိုမိုအားကြီးလိမ့်မယ်လို့။ အားနည်းတဲ့အရာက အားကြီးတဲ့အရာကို ရွေ့လျားစေတဲ့
အဖြစ်အပျက်တစ်ခုခုကို စာဖတ်သူမြင်ဖူးပါသလား။
ကျနော့်အနေနဲ့ကတော့ အခုထိမမြင်ဖူးသေးပါ။ ရွေ့နေတဲ့ အရာမှန်သမျှဟာ ရွေ့စေနိုင်တဲ့ အရာမှန်သမျှထက် အားမကြီးနိုင်ဘူး ဆိုတဲ့ သီအိုရီကို ကျနော်လက်ခံအတည်ပြုထားပါတယ်။
ဒါဖြင့်ရင် ကျနော်တို့ရဲ့ ဘ၀မှာကော။ နေ့စဉ်ကျနော်တို့ရဲ့လှုပ်ရှားမှုတွေဟာ ဘာကို အခြေခံပြီး ဖြစ်ပေါ်နေကြပါသလဲ။
ကျနော်တို့ရှေ့ဆက် အသက်ရှင်ရေးအတွက် တွန်းအားတစ်စုံတစ်ရာရှိပါသလား။ ရှိပါတယ် ဆိုတဲ့ အဖြေဟာ အလွန်မှန်ကန်တဲ့အဖြေဖြစ်တယ်ဆိုတာ စာဖတ်သူလက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါဖြင့်ရင် အဲဒီတွန်းအားဆိုတာ ဘာကိုပြောတာလဲ။ ဒီအတွက်တော့ အဖြေအမျိုးမျိုးပေးကြမယ် ထင်ပါရဲ့။ တစ်ချို့က မျှော်လင့်ချက်သည် ဘ၀ရဲ့တွန်းအား တဲ့။ ဒါကိုလဲ ကျနော်လက်ခံတာပဲ။ ဟုတ်တယ်လေ။ မျှော်လင့်ချက်မရှိပဲနဲ့ ဘာအတွက် ကျနော်တို့အသက် ရှင်နေကြမှာလဲ။ တကယ်တော့ မျှော်လင့်ချက်ဆိုတာလဲ ယုံကြည်ချက်အောက် တစ်ဆင့်နိပ်လျှောတဲ့ တွန်းအားတစ်မျိုးပါပဲ။
သူများတွေရဲ့အသက်ရှင်နေမှုကိုတော့ ကျနော်မဝေဘန်တတ်ပါ။ ကျနော်ကိုယ်တိုင်ရဲ့ အသက်ရှင်မှုကတော့ အဲဒီမျှော်လင့်ချက်ဆိုတာကြီးကို မဏ္ဍိုင်ပြုထားတယ်လို့ ခံစားရပါတယ်။ ပြောမယ်ဆိုရင် မျှော်လင့်ချက်နဲ့ ကျနော်အသက်ရှင်နေရတယ် ဆိုပါတော့။ ဘာကို ကျနော်မျှော်လင့်သလဲ။ လက်ရှိအခြေအနေထက် ကောင်းတဲ့အခြေအနေတစ်ခုခုလို့ပဲ ယေဘုယျဖြေပါရစေ။ သို့မဟုတ် ကျနော့်အနေနဲ့ တကယ့်ကို ဖြစ်ချင်တဲ့အခြေအနေတစ်ခုခုလို့ ဖြေရင်လဲ မှားမယ်မထင်ဘူး။
ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုတော့ တစ်ခါတစ်ရံမှာ ကိုယ်တကယ်ဖြစ်ချင်တဲ့အခြေအနေဟာ သူများအမြင်မှာ လက်ရှိအခြေအနေထက်ဆိုးချင်ဆိုးနေတတ်တာမျိုးကိုး။ ဒါပေမဲ့ ကိုယ်ကတော့ အဲဒီအခြေအနေကို အိမ်မက်မက်မိ နေတတ်ပါတယ်။ ဘ၀မှာ ဘာပဲဖြစ်ချင်ဖြစ်ချင်၊ အဲဒီလိုဖြစ်လာဖို့ အတွက်၊ ဖြစ်ချင်တဲ့အတိုင်း တကယ်ဖြစ်လာဖို့အတွက် အရေးတကြီး လိုအပ်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ယုံကြည်ချက်ပါပဲ။ ယုံကြည်ချက်ကို အခြေခံပြီးမှ ကျန်တဲ့စိတ် (စေတသိက်) စွမ်းအားတွေဟာ သူ့နေရာနဲ့သူ အချိုးကျဝင်ရောက်လာတတ်ပါတယ်။
ဒါကြောင့် ကမ္ဘာကျော်စစ်နဲ့ငြိမ်းချမ်းရေးဂန္ထ၀င်ဝတ္ထုကြီးကို ဖန်တီးရေးသားခဲ့သူ လီယိုတော်လ်စ်တွိုင်းက “Faith is the force of life. ယုံကြည်မှုဆိုတာ ဘ၀ရဲ့တွန်းအားပဲ” လို့ဆိုခဲ့တာပါ။ ရှေ့ဆက်ဖို့အတွက် လိုအပ်တဲ့ တွန်းအားတွေ အမြောက်အများရှိတဲ့အနက် ယုံကြည်မှုဆိုတဲ့ တွန်းအားဟာ အရေးကြီးဆုံးလို့ ဆိုရင်တောင် မှားမှာ မဟုတ်ပါဘူး။
စာဖတ်သူသဘောမကျရင် ကွဲလွဲခွင့်ရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒီအဆိုကို လက်ခံအတည်ပြုနိုင် ပါတယ်။ ဘာ့ကြောင့်ပါလဲ။ ကျနော်တို့ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ကလဲ သဒ္ဓါလို့ခေါ်တဲ့ ယုံကြည်မှုနဲ့ပတ်သက်ပြီးအမြောက်အများ ဟောကြားခဲ့တာရှိပါတယ်။ အဲဒီတရားဒေသနာတွေထဲက ကျနော်မှတ်ထားတာလေးတစ်ခုကို ပြောပြချင်ပါတယ်။ “သဒ္ဓါယ တရတိ သြဃာ၊ ဟောဒီအစမထင် သံသရာဆိုတဲ့ ၀ဲသြဃကြီးကို ယုံကြည်မှုနဲ့ ကျော်ဖြတ်ရတယ်” လို့ အတည်အလင်းဟောကြားတော် မူခဲ့ပါတယ်။
ဒီဒေသနာတော်ကိုကြည့်မယ်ဆိုရင် ယုံကြည်မူဆိုတာ သံသရာမှာကျင်လည်နေရစဉ်အတွင်း (မျက်မှောက်) ဘ၀ရဲ့ တွန်းအားသာမဟုတ်၊ သံသရာမှလွတ်မြောက်ဖို့ရာ ကြိုးပမ်းတဲ့လူတွေအတွက်ပါ တွန်းအားကြီး တစ်ခုဖြစ်ကြောင်း ကောင်းကောင်းနားလည်နိုင်ပါတယ်။ ဘ၀ကို ရှင်သန်မှုလို့ ဖွင့်ဆိုချင်တဲ့လူတွေအတွက် ကိုယ့်ဘ၀ကို စွမ်းအင်ပြည့်ရှင်သန်စေချင်တယ်ဆိုရင် ကိုယ့်နှလုံးသားထဲမှာ ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက်ရပါလိမ့်မယ်။
ယုံကြည်မှုဆိုတဲ့တွန်းအားခိုင်မာလာပြီဆိုရင် အဲဒီယုံကြည်မှုအတိုင်းလိုက်လုပ်တတ်တဲ့ ကြိုးစားမှုဆိုတဲ့တွန်းအား ဟာလဲ အရှိန်ရလာတတ်ပါတယ်။ ကြိုးစားမှုတွန်းအား အရှိန်ရလာပြီဆိုရင် အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ဟာ သူ့အလိုလို ကိုယ့်အနားရောက်လာတတ်ပါတယ်။ ဒါပေမဲ့ ယုံကြည်မှုနဲ့ ကြိုးစားမှုဆိုတဲ့ တွန်းအားနှစ်မျိုးကို ဒီအတိုင်းလွှတ်ထားလို့တော့ မရပါဘူး။ သူတို့နှစ်မျိုးစလုံးဟာ အောင်မြင်မှုဆီရှေးရှုနေကြတာမှန်ပေမဲ့ သတိနဲ့ပညာဆိုတဲ့ အထိန်းဂီယာနှစ်မျိုးတော့ လိုအပ်ပါသေးတယ်။
နောက်တစ်မျိးလိုအပ်ချက်ကတော့ ပန်းတိုင်ကိုတည့်တည့်စူးစိုက်ထားတဲ့ သမာဓိပါပဲ။ သူကတော့ လက်ကိုင်သို့မဟုတ် တက်မနဲ့တူပါတယ်။ ယုံကြည်မှု၊ ကြိုးစားမှု၊ သတိရှိမှု၊ စူးစမ်းမှုတွေနဲ့ ပြည့်စုံနေပေမဲ့ စူးစိုက်မှုမပါရင် ဒါမှမဟုတ် စူးစိုက်မှု အားနည်းနေရင် လမ်းကြောင်းလွဲသွားတတ်ပါတယ်။ အဲဒီဂီယာနှစ်မျိုးနဲ့ လက်ကိုင်မပါရင်တော့ တွန်းအားတွေအရှိန်လွန်ပြီး ပန်းတိုင်ကျော်သွားတတ်ပါတယ်။ သို့မဟုတ် ချော်သွားတတ်ပါတယ်။ ဒါကြောင့်--
(၁) Faith ဆိုတဲ့ သဒ္ဓါ သို့မဟုတ် ယုံကြည်မှုစွမ်းအား
(၂) Energy ဆိုတဲ့ ၀ီရိယ သို့မဟုတ် ကြိုးစားမှုစွမ်းအား
(၃) Carefulness ဆိုတဲ့ သတိ သို့မဟုတ် ဂရုစိုက်မှုစွမ်းအား
(၄) Concentration ဆိုတဲ့ သမာဓိ သို့မဟုတ် စူးစိုက်မှုစွမ်းအား
(၅) Knowledge ဆိုတဲ့ ပညာ သို့မဟုတ် ဂဂနနသိမှုစွမ်းအား
ဒီအားငါးမျိုးကို အချိုးကျထည့်ပြီးတော့ ကိုယ့်ဘ၀ကို ရှင်သန်စေနိုင်မယ်ဆိုရင် ဘ၀မှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရကြမှာသေချာပါတယ်။ ငါးမျိုးစလုံးကို တစ်ပြိုင်နက်တည်း မထည့်နိုင်သေးဘူးဆိုရင်လဲ ပထမဆုံးတွန်းအားဖြစ်တဲ့ ယုံကြည်မှုကို အထပ်ထပ်အခါခါ မွေးမြူဖို့ အလွန်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယုံကြည်မှုဆိုတဲ့ တွန်းအားကို မရမချင်း ကျန်တဲ့တွန်းအားတွေဟာ အလုပ်မလုပ် တတ်လို့ပါပဲ။ ယုံကြည်မှုနဲ့တွန်းကန်လိုက်ပြီးမှသာ ကြိုးစားမှုဟာ အရှိန်ရလာတတ်ပါတယ်။ ဒါကြောင့်လဲ ဆရာကြီးတော်လ်စ်တွိုင်းက ယုံကြည်မှုတစ်ခုတည်းကိုပဲ “ဘ၀ရဲ့တွန်းအား” လို့ ဆိုခဲ့ဟန်တူပါတယ်။
ဒါဖြင့်ရင် ယုံကြည်မှုကို ဘယ်လို ထူထောင်မလဲ။ ယုံကြည်မှုကို ထူထောင်ဖို့အတွက် အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်ကြည့်ရပါ့မယ်။ ကိုယ့်အရည်အချင်းကိုလဲ အမှန်အတိုင်းနားလည်ဖို့လိုအပ်ပါတယ်။ နောက်ပြီး ကိုယ်တကယ်လိုချင်တဲ့ ပန်းတိုင်ကို စိတ်ထဲမြင်အောင်ကြည့်တတ်ရပါ့မယ်။ အရေးကြီးဆုံးက ကိုယ်လိုချင်တဲ့ ပန်းတိုင်ဟာ ကိုယ့်အရည်အချင်းနဲ့ လက်လှမ်းမမီနိုင်တဲ့ ပန်းတိုင်မျိုးမဖြစ်စေရပါဘူး။ ကိုယ့်အရည်အချင်းနဲ့လက်လှမ်းမမီနိုင်တဲ့ ပန်းတိုင်ကို ရဖို့ကြိုးစားတဲ့လူဟာ ပင်ပန်းရကျိုးမနပ်တဲ့အပြင် တဖြေးဖြေးနဲ့ ကိုယ့်ကိုယ်ကိုလဲ ယုံကြည်မှုအားနည်းလာတတ်ပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းလာပြီဆိုရင် ကျန်တဲ့တွန်းအားတွေလဲ အလိုလိုပျောက်သွားတတ် ပါတယ်။
ဒါကြောင့် တကယ်ယုံကြည်မှုကို ထူထောင်ချင်တဲ့လူဟာ ကိုယ်လက်လှမ်းမီတဲ့ ကိုယ်နဲ့နီးစပ်တဲ့ ပန်းတိုင်မျိုးကို အရင်ရအောင်ကြိုးပမ်းကြည့်ရပါတယ်။ အဲဒီကမှ တစ်ဆင့်တက်ပြီး ပိုမိုမြင့်မားတဲ့ ပန်းတိုင်တွေကို တက်လှမ်းဖို့ ကြိုးစားရပါတယ်။ ဒီလိုဆိုရင် အဲဒီလူရဲ့ယုံကြည်မှုဟာ တဖြေးဖြေးနဲ့ ခိုင်မာသထက် ခိုင်မာလာပြီး ဘ၀မှာ ဘာမဆိုလောက်နီးပါး ရအောင်ကြိုးပမ်းနိုင်တဲ့ ယုံကြည်မှုမျိုးကို ရသွားတတ်ပါတယ်။ ဒါကြောင့် “ယုံကြည်မှုဟာ ဘ၀ရဲ့တွန်းအား” ဆိုတဲ့အဆိုဟာ အလွန်မှန်ကန်ကြောင်း ကောင်းစွာနားလည်နိုင်ပါတယ်။ ဘ၀အောင်မြင်ရေးအတွက် ခိုင်မာတဲ့ ယုံကြည်မှုမျိုးကို ထူထောင်နိုင်ပါစေ လို့ ဆန္ဒပြုလျှက်----။

ဆောင်းပါးရှင် - ကိုမင်းထက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။