Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 2, 2012

*ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကြမယ်*

By Myat Thi Ha on Sunday, December 2, 2012 at 12:54pm


ဦးဖိုးသာအောင်--၃-၁၂ -၂၀၁၁
ယခုစစ်အစိုးရ၏တတိယမျိုးဆက် ဦးသိန်းစိန်တို့ ဦးအောင်မင်းတို့က တရုပ်ကို ကြောက်နေကြရတယ်တဲ့၊ ရာဇာဝင်ရိုင်းရပြန်ပါပြီ၊ ဟုတ်ပါတယ် အစိုးရ၀န်ကြီး ရထားအောင်မင်းပြောတာ မလွန်ပါဘူး၊ တရုပ်ကိုကြောက်လို့ ကြောက်တယ်ပြောတာက လွန်တာမှတ်လို့၊ မြန်မာ့သမိုင်းမှာ တရုပ်ပြေးမင်းတောင် ရှိခဲ့တယ် မဟုတ်ပါလား၊ လူဦးရေ အများဆုံး တရုပ်ပြည်အနားမှာ ကပ်နေရတဲ့ မြန်မာနိုင်ငံမှာ တရုပ်ကို ကြောက်တဲ့ မြန်မာဘုရင်ဆိုတာ လည်း တခါတရံ ပေါ်ပေါက်ခဲ့ဘူးတယ်၊ ခြောက်ပေကျော် တရုပ်စစ် သူကြီး သူရဲကောင်းဂါမဏိကို စီးချင်းထိုး အနိုင်ယူပြီး မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့သည့် မွန်သူရဲကောင်း သမိန်ဗရမ်း တို့လို ပုဂ္ဂိုလ်မျိုးတွေ နထိုင်သည့် မြန်မာနိုင်ငံသည် အစဉ်အလာအား ဖြင့် တရုပ်ကို လုံးဝမကြောက်ခဲ့ကြပါ၊
သို့သော် မြန်မာပြည်လွတ်လပ်ရေးရစ ၀န်ကြီးချုပ် ဦးနုသည် တရုပ်ကို မျက်နှာချိုသွေးပြီး မူဆယ်မြို့နားက မြန်မာပိုင်ရွာကြီးသုံးရွာကို ပေးအပ်ခဲ့ရဘူးပါသည်၊ ယနေ့တိုင် လည်းကောင်းရွာကြီးသုံးရွာမှ ရွာသူရွာသားများသည် သူတို့ကိုယ်သူတို့ မြန်မာဟုပင် ပြောကြဆဲပါ၊

ဟော ယခုလည်း ပေါ်ပေါက်လာပြန်ပါပြီ တရုပ်ကိုကြောက်နေရပါတယ်ဆိုတဲ့ ဦးသိန်းစိန် အစိုးရပါ၊ ဒီလိုအစိုးရမျိုးသည် မြန်မာ့သမိုင်းမှာ ရှားရှားပါးပါးပေါ်ပေါက်တတ်ပါတယ်၊ ဦးသိန်းစိန် အစိုးရ၏ ဘိုးအေကြီး ဦးနေ၀င်း၏ တော်လှန်ရေးကောင်စီအစိုးရတောင် တရုပ်ကိုမကြောက်ခဲ့ပါ၊ ၁၉၆၇ခုနှစ်မြန်မာပြည် ဆန်ပြဿနာကို တရုပ်ဗမာရိုက်ပွဲကြီးတစ်ခု ဖန်တည်းပြီး ဖြေရှင်းခဲ့ပါသည်၊ မော်စီတုန်း ဓါတ်ပုံရင်ထိုးချိတ်သည့် တရုပ်ကျောင်းသားအများအပြားလည်း သေကြကျေကြဖြစ်ခဲ့ ရပါသည်၊ အာဏာရှင် ဦးနေ၀င်းလည်း တရုပ်ကိုမကြောက်ခဲ့ပါ၊ ယခုစစ်အစိုးရ၏တတိယမျိုးဆက် ဦးသိန်းစိန်တို့ ဦးအောင်မင်းတို့က တရုပ်ကို ကြောက်နေကြရတယ်တဲ့၊ ရာဇာဝင်ရိုင်းရပြန်ပါပြီ၊
တရုပ်ရဲ့ကျေးဇူးက ကြီးမားပါတယ်လို့ ဗိုလ်အောင်မင်းက ပြောပြန်တယ်၊ သူ့ဆရာ ဗိုလ်သိန်းစိန်ကလည်း သတင်းသမားတွေကို အင်တာဗျူးပေးတုံးကလည်း တရုပ်ရဲ့ကျေးဇူးရှိပါ ကြောင်း ပြောခဲ့တာပဲ၊ ဒီတော့ ဦးသိန်းစိန်တို့ အစိုးရတစ်ဖွဲ့လုံးဟာ တရုပ်ရဲ့ ကျေးဇူးခံ ကျေးဇူးစား တွေ ဖြစ်နေကြတာ ကြာလှပါပကော၊

မော်စီတုန်းအစိုးရလက်ထက်က ပါတီချင်းနဲ့အစိုးရချင်း ဆက်ဆံရေးကို ခွဲခြားဆက်ဆံခဲ့ တယ်၊ တရုပ်က မြန်မာဗ.က.ပ ကို အားပေးထောက်ပံ့ခဲ့တယ်၊ အဲဒီတုံးက စစ်အာဏာရှင် ဗိုလ်နေ၀င်းအစိုးရကို အနောက်အုပ်စုက ထောက်ပံ့အားပေးခဲ့တယ်၊ ကမ္ဘာ့နိုင်ငံရေးရေစီး ကြောင်းက ဆိုဗီယက်ပြိုကွဲမှု့နှင့်အတူ ပြောင်းလဲသွားတဲ့အခါမှာ တရုပ်မှာလည်း တိန့်ရှောင်ပိန် အစိုးရတက်လာပြီး အမေရိကန်နဲ့ စီးပွားရေးပူးပေါင်းတယ်၊ မြန်မာဗ.က.ပ ကိုလည်း ကန်ထုတ်လိုက်တယ်၊ တပြိုင်နက်တည်းမှာလည်း ဗိုလ်နေ၀င်း စစ်အာဏာရှင်အစိုးရကို ဒီမိုကရေစီအစိုးရဖြစ်အောင်လုပ်ဖို့ အနောက်က တိုက်တွန်းတယ်၊ ဒီအခါမှာ ဗိုလ်ကျခိုးစားနေကြ သောက်ကျင့်ကို ဘယ်လိုမှ မပြင်နိုင်ဘူးဆိုတဲ့ စစ်အာဏာရှင်တွေကို အမေရိကန်က မလိုအပ်တော့တဲ့အတွက် ပြစ်ဒဏ်ခတ် ပိတ်ဆို့ရေးမူနဲ့ဆက်ဆံတယ်၊

ဗိုလ်သန်းရွှေနဲ့ဗိုလ်ခင်ညွန့်တို့လက်ထက်မှာလည်း အမေရိကန်နဲ့အဆင်ပြေဖို့အကြိမ်ကြိမ် ကြိုးစားပေမယ့် မအောင်မြင်ဘူး၊ဒါကြောင့် သူတို့အစိုးရသက်ဆိုးရှည်ဖို့အတွက် ကပ်စရာက တရုပ် ပဲရှိတော့တယ်၊ တရုပ်ကို ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေးဆိုပြီး ရွှေလမ်းငွေလမ်းဖေါက်ရတော့ တယ်၊ စီးပွားရေးလောဘဇောတိုက်နေတဲ့ တိန့်ရှောင်ပိန်အစိုးရအတွက် ထမင်းရည်သိုးနဲ့ခွေးသူခိုး တွေ့သလို အကွက်ဆိုက်သွားတယ်၊ မြန်မာစစ်အာဏာရှင်စနစ်ကို အကာကွယ်ပေး ဗီတိုအာဏာ ကို ကြုံတိုင်းသုံးပေးနေတဲ့ တရုပ်ကွန်မြူနစ်အစိုးရအတွက် မြန်မာစစ်အစိုးရအာဏာရှင် တွေက ထိုက်တန်တဲ့ ပေးဆပ်မှု့တွေပေးခဲ့ကြရတယ်၊ စစ်တွေနဲ့ယူနန်အထိ ဂတ်(စ်)ပိုက်လိုင်းဖေါက်ပြီး မြန်မာ့ ဂတ်(စ်)တွေပေးရတဲ့ စီးပွားရေးနှစ်ရှည်စာချုပ်မျိုး သုံးလေးဆယ်လောက် ချုပ်ဆိုပြီး ပေးခဲ့ ကြရတယ်၊ မြန်မာပြည်သူတွေ ဘာမှ ရေရေရာရာသိခွင့်မရှိကြဘူး၊ မြစ်ဆုံနဲ့လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွေက အဲဒီအထဲက တစ်ခုနှစ်ခုရယ်ပါ၊

တရုတ်ကို ကြောက် နေရတယ်လို့ ၀န်ခံ ပြောဆိုသူ ဦးအောင်မင်း

ဒါကို ဗိုလ်အောင်မင်းက ဗ.က.ပ တွေသောင်းကြမ်းတုန်းက အားပေးခဲ့တာလည်း တရုပ်ပဲ၊ နောက် ဗ.က.ပ ကို ဖျက်ပစ်လိုက်တာလဲ တရုပ်ပဲဆိုတာ သိသိကြီးနဲ့ တရုပ်ကို ကျေှးဇူးတင်ရပါမယ် တဲ့၊ ဗိုလ်နေ၀င်းကို ဂျီသရီးနဲ့ လေကွဲလောင်ချာတွေပေးခဲ့တဲ့ အနောက်အုပ်စုကိုတော့ ကျေးဇူး မတင်ဘူးလားလို့ မေးရပါလိမ့်မယ်၊ နောက်ပြီး ဒီမိုကရေစီစနစ်ကို မသွားချင်တဲ့ စစ်အစိုးရကို အနောက်အုပ်စုက စီးပွားရေးဒဏ်ခတ်ပြီး ပညာပေးဆုံးမနေတဲ့အခါမှာ စစ်အဏာရှင်စနစ် သက်ဆိုးရှည်မှ စီးပွားရေး စစ်ရေး အမြတ်ထုတ်နိုင်မယ့် တရုပ်အစိုးရရဲ့ အစိုးရချင်းကူညီတဲ့ မသူတော်ချင်းချင်း သတင်းလွှေ့လွှေ့ပေါင်းဖတ်တွေ့ရတာကို ကျေးဇူးကြီးမားပြန်တယ်တဲ့၊ ဗိုလ်သိန်းစိန်တို့ ဗိုလ်အောင်မင်းတို့စကားတွေဟာ ဒီအင်တာနက် ဖေ့(စ်)ဘွတ်ခေတ်ကြီးမှာ ကလေးကလားနဲ့ ခလေးစကားတွေဆိုတာ လူတိုင်းသိကုန်ပါပြီ၊

ဝက်မှေးရွာသူလေး မသွဲ့သွဲ့ဝင်းပြောတာ သဘာဝကျတယ်၊ မှန်လည်းမှန်တယ်၊တရုပ်ကို ပေးဆပ်နေရတဲ့ မြန်မာ့ သယံဇာတနဲ့သစ်တောထွက်ပစ္စည်းတွေ၊ ခရုနဲ့နှံကောင်ကအစ ကျားတွေ ဆင်တွေအဆုံး မြန်မာ့မြေပေါ်က သတ္တ၀ါတွေ ကုန်ခမ်းနေပါပေါ့လား၊ နှစ်ပေါင်းနှစ်ဆယ်ကျော် နေစဉ်နဲ့အမျှ တရုပ်ပြည်ကို သွားနေတဲ့ မူဆယ်လမ်းမကြီးတစ်ခုထဲရဲ့ စာရင်းဇယားကို ကြည့်ရင် သိနိုင်ပါပြီ၊

နေ့စဉ် ဘယ်ပစ္စည်းက ကားဘယ်နှစ်စီးသွားတယ်ဆိုတဲ့ နယ်စပ်က ဦးမျိုးသစ်ရဲ့ သတင်းကို စာရင်းပြုကြည့်လိုက်ပါတော့၊ အခြားလမ်းပေါင်းစုံက ထွက်ကုန်တွေက သည်ထက်ပို သေးတာပေါ့၊ ဧရာဝတီတိုင်းက သာပေါင်းမြို့နယ်မှာ တရုပ်ရဲ့ စက္ကူပျော့ဖတ်ထုတ်စက်ရုံ ကြီးကို ၂၀၀၀ခုနှစ်လောက်ကစပြီး လည်ပတ်ထုတ်လုပ်နေတယ်၊ နေ့စဉ်စက္ကူပျော့ဖတ် တန်တစ်ရာ လောက် ရာထားထုတ်လုပ်တာ ယနေ့အထိပါပဲ၊ ဧရာဝတီတိုင်းက ၀ါးတောတွေ မရှိတော့ဘူး၊ တရုပ်က နှစ်သုံးဆယ်လောက်ထုတ်ယူပြီးရင် စက်ရုံကြီးကို မြန်မာကိုပေးခဲ့မယ်တဲ့၊ အဲဒီအချိန် ကျရင် ဘယ်က၀ါးတွေနဲ့ ဘယ်လိုစက္ကူထုတ်အုံးမှာပါလိမ့်၊ သို့သော်လည်း မြန်မာအစိုးရက သူတို့ အာဏာမြဲရေးအတွက် တရုပ်ကိုပေးဆပ်နေကြတယ်၊

မြန်မာစစ်အာဏာရှင် ဗိုလ်သန်းရွှေအစိုးရကို ပြုတ်ကျမသွားအောင် စစ်ရေး စီးပွားရေး နဲ့နိုင်ငံရေးဘက်ပေါင်းစုံက ကူညီသမှု့ပြုခဲ့တဲ့ တရုပ်အစိုးရသည် မြန်မာစစ်အစိုးရများရဲ့ ကျေးဇူး ရှင်ဖြစ်ပေမယ့် မြန်မာပြည်သူလူထုတရပ်လုံးအတွက်တော့ အဆိပ်ပင်ရေလောင်းပေးတဲ့ တရုပ် ဟာ ရန်သူကဲ့သို့ဖြစ်နေတယ်၊ ဒါကို ဗိုလ်အောင်မင်းက ရောသမမွှေပြီး မြန်မာနိုင်ငံရဲ့ ကျေးဇူးရှင် လို့ပြောလိုက်တာသည် ဗိုလ်အောင်းမင်းရဲ့ အမြင်ကျဉ်းမြောင်းမှု့နှင့် အသိဥာဏ်ခေါင်းပါးမှု့ကို ပြ နေတယ်၊ အမှန်ကတော့ စစ်အာဏာရှင်စနစ်ရဲ့ နောက်ဆုံးထွက် သားကောင်တွေဖြစ်နေပြီး နောက်ကွယ်က အာဏာရှင်ဟောင်းကြီးတွေရဲ့ ခိုးရာပါ ဥစ္စာပစ္စည်းတွေကို ကာကွယ်ပေးဖို့အတွက် နဲ့ အာဏာရှင်ဟောင်းကြီးတွေရဲ့ တိုင်းပြည်အပေါ်သစ္စာဖေါက်ပြီး သက်ဆိုးရှည်စေမယ့် ဥပဒေတွေ၊ စီမံကိန်းတွေကို အကာအကွယ်ပေးနေရတဲ့အချိန်မှာ အမြီးအမောက်မတည့်တဲ့ အဓိပ္ပာယ်ယုတ္တိ ကင်းမဲ့တဲ့ စကားတွေကို ပြောမိပြောရာ ပြောနေကြရတော့တယ်၊ ဗိုလ်သိန်းစိန်လည်း ဒီအတိုင်းပါပဲ၊

ကျေးဇူးရှိယုံမျှမက ကြောက်များတောင် ကြောက်နေရပါတယ် ဆိုတာလည်း ဗိုလ်သိန်းစိန် အစိုးရအတွက် မှန်ပါတယ်၊ ကြောက်ပုံကြောက်နည်းက အမျိုးမျိုးရှိတယ်၊ အခု ဗိုလ်သိန်းစိန်တို့ ဗိုလ်အောင်မင်းတို့ ကြောက်နေရတာက ပုလိပ်ကို လိုင်းကြေးနဲ့ဆက်ကြေးပေး လာဘ်ထိုးပြီး ဒုစုရိုက်လုပ်ငန်းစုံနဲ့ စီးပွားရှာနေသူက အဲဒီပုလိပ်ကိုပဲ ကြောက်နေရတဲ့ အကြောက်မျိုးဖြစ်တယ်၊ အမျိုးသားရေးအတွက် ပြည်သူလူထုလွတ်မြောက်ရေးအတွက် လွတ်လပ်ရေးအတွက် ကြိုးပမ်းမှု့မှာ အင်အားကြီးသူကို အင်းအားငယ်သူက ကြောက်နေရသေးတယ်ဆိုတဲ့ အကြောက်တရားမျိုး မဟုတ်ဘူး၊ ဒါကြောင့် အဖိနှိပ်ခံ အပြစ်မဲ့ပြည်သူတွေက ဘယ်တရုပ်ကိုမှလည်း မကြောက်ဘူး ဘယ် အမေရိကန်ကိုမှလည်း မကြောက်ဘူး မြန်မာပြည်သူတွေမှာ တရားရှိတယ်၊ အမှန်တရား ရှိတယ်၊ ဒါကြောင့် သတ္တိလည်းရှိတယ်၊

တရုပ်မှော်ဆရာနဲ့ မြန်မာစစ်အာဏာရှင် စုံးမတို့ အောက်လမ်းနည်းတွေသုံးပြီး စာချုပ် စာတမ်းချုပ်ဆိုကာ မြန်မာ့သယံဇာတနဲ့ စီးပွားရေးလုပ်ကွက်များစွာကို တရုပ်ကို ထိုးအပ် ခဲ့ကြရတယ်၊ အခုတော့ ပွင့်လင်းစပြုလာပြီး နိုင်ငံတကာ ဒီမိုကရေစီအင်အားများက မြန်မာလူထု ဘက်က အားပေးရပ်တည်လာတော့ စစ်အာဏာရှင်စုံးမတွေဟာ ထွက်ပေါက်ပိတ်ပြီး တရုပ် မှော်ဆရာကို ကြောက်နေကြရပြီဖြစ်တယ်။ ကိုယ်ဖာသာကိုယ်ကြောက်ကြပါ၊ ပြည်သူလူထုကို တော့ အကြောက်မခိုင်းပါနဲ့၊

၂၀၀၈ မတိုင်မီ ယခင် အစိုးရတွင် ၀န်ကြီးချုပ် ဘ၀ဖြင့် လက်ပတောင်းတောင် စီမံကိန်းအား စာချုပ်ချုပ်ခဲ့သူ ဦးသိန်းစိန်

စစ်အာဏာရှင်အစိုးရ သက်ဆိုးရှည်ရေးအတွက် ပွင့်လင်းမြင်သာမှု့ လုံးဝဆိတ်သုန်းနေတဲ့ အောက်လမ်းနည်း စာချုပ်စာတမ်းများအတိုင်းသာဆိုလျှင် ပေးဆပ်ကြရတော့မည့် ပြည်သူတွေရဲ့ ဘ၀သည် (သေသော်မှတည့် သြော်ကောင်း၏)ဆိုတာမျိုးဖြစ်ရပါတော့မည်၊ (ရွှေကိုယူသည် ငွေကို ယူသည် ပြီးတော့ လူကိုပါယူသည်၊ အမျိုးပျောက်မှာ စိုးကြောက်ပါလှသည်)ဆိုတဲ့ ကိုလိုနီခေတ် က သီချင်းစာသားကဲ့သို့ ဖြစ်မည်မှာ သေခြာနေပါတော့သည်၊

သို့သော် မြန်မာတွေသည် မြန်သည် မာသည် သတ္တိရှိသည်၊ အသိပညာဥာဏ်ရှိသည်၊ ဇွဲလုံးလ၀ရိယရှိသည်၊ ဒါကြောင့် မတရားသူနှင့် မတရားသည့်စနစ်မှန်သမျှကို ခေါင်းငုံ့မခံတတ် ကြပါ၊ တော်လှန်မည် တိုက်ပွဲဝင်မည်၊ ဒီအတွက် မိမိတို့မျိုးဆက်ကို စတေးဝံ့သည်၊ နောက်မျိုးဆက်များကို အထိမခံနိုင်ပါ။ အနာဂတ်မြန်မာနိုင်ငံကို ထွန်းပြောင်စေရမည်ဟု သံဓိဌာန်ပြုပြီး ဖြစ်နေသည်၊ ဒါကို ၀က်မှေးရွာသူ သွဲ့သွဲ့ဝင်း ၏စကားက သက်သေခံနေပေပြီ၊

၁၃၄၇ခု တန်ဆောင်မုန်းလပြည့်နေညက ဗိုလ်သိန်းစိန်အစိုးရ၏ လက်ကိုင်တုတ်ပုလိပ် တပ်များသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်စဲရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြ ထုတ်ဖေါ်နေကြသည့် ဒေသခံနစ်နာလူထုနှင့် ရဟန်းသံဃာတော်များကို မီးလောင်ဗုံးများနှင့် ရက်စက်စွာ ပစ်ခတ်နှိမ်နင်း လိုက်ကြပါတော့သည်၊

မှော်ဆရာနှင့်စုံးမဖြစ်တဲ့ ၀မ်ပေါင်နှင့်ဦးပိုင်တို့ဘက်က အသေအလဲရပ်တည်ပေးပြီး အပြစ်မဲ့ ရဟန်းသံဃာတော်များနှင့်ပြည်သူကို လူမဆန်စွာနှိပ်ကွတ်လိုက်သည်မှာ လက်ရှိ ဗိုလ်သိန်းစိန် အစိုးရ၏ သရုပ်သဏ္ဍန်အမှန်ကို ဖွင့်ပြလိုက်ခြင်းပင်ဖြစ်ပါတော့သည်၊ တပြိုင်နက်တည်းမှာ ဗိုလ်သိန်းစိန်ကို ဟိုဆုပေး ဒီဆုပေးနှင့် အမွှန်းတင်နေသည့် အဖွဲ့အစည်းကြီးများလည်း မျက်နှာ ပျက်စရာဖြစ်ကုန်ပါပြီ၊
ဘုန်းကြီးတွေမှာ မီးလောင်ဒဏ်ရာကြီးတွေနဲ့ ဆေးရုံတက်ကုသခံနေရတာတောင်မှ သူမ လုပ်ပါ ငါမလုပ်ပါဟု အရှက်မရှိ ငြင်းချက်ထုတ်နေပြန်ပါသေးသည်၊ သို့သော်မီဒီယာနှင့် အင်တာနက်ခေတ်မှို့ ငြင်းလို့မရတော့ပါ၊ ဦးသိန်းစိန်အစိုးရအဖို့ စစ်အာဏာရှင်ဟောင်းနှင့်သူတို့အ သိုင်းအ၀ိုင်းအတွက် ဆက်လက်အကာအကွယ်ပေးပြီး မိုက်ဇာတ်ကို ဆက်လတ်ကပြအုံးမှာလား၊ ဒါမှမဟုတ် ပြည်သူလူထုနှင့် နိုင်ငံအကျိုးအတွက် ပြတ်သားတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရပ်တည်ပြီး ပွင့်လင်းမြင်သာတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ရေးဆွဲပြီး လူထုနှင့်လက်တွဲ ဆောင်ရွက်မလားဆိုတာ ရွေးချယ်ကြရပါတော့မယ်၊ လူထုနဲ့လူတစ်စုမှာ ဘယ်ဘက်က ရပ်မလဲဆို တာပါပဲ၊

လက်ပံတောင်းတောင်ပြဿနာဟာ တရုပ်အစိုးရသတင်းစာကပြောသလို အမေရိကန်နဲ့ အင်ဂျီအိုတွေက ဖွနေတာလည်း မဟုတ်ဘူး၊ ဗ.က.ပ တွေကမြှောက်ပေးနေတာလည်းမဟုတ်ဘူး၊ ဒါကြောင့် ဆင်ကောင်ကြီးကိုတွေ့နေမှ ဆင်ခြေရာရှာနေတဲ့ စကားမျိုးတွေကို မပြောသင့်တော့ဘူး၊ မြန်မာ့ရေမြေသဘာဝနဲ့ လူသားမျိုးနွယ်တွေ ပျက်စီးရမယ့်အဖြစ်တွေမို့ မြန်မာတွေက ကာကွယ် တိုက်ဖျက်နေရတာသာဖြစ်တယ်၊ လူတစ်စုအကျိုးအတွက် လူထုကြီးတရပ်လုံးနဲ့ နိုင်ငံတော်ပါ နစ်နာကြရမှာမို့ ကာကွယ်နေကြတာသာဖြစ်တယ်၊

တရုပ်ကပြောသလို သူတို့စားကျတ်ကို အမေရိကန်က ၀င်လုတဲ့ပုံစံမျိုးလည်း မဟုတ်ဘူး၊ အမေရိကန်က ဒီလိုလုပ်ရင်လည်း မြန်မာတွေကမခံဘူး၊ မြန်မာနိုင်ငံသားတွေဟာ ဟုတ်တာမှန်တာ အကျိုးရှိတာဆိုရင် ဘယ်သူနဲ့ပဲလုပ်ရလုပ်ရ လက်ခံကြပါတယ်၊ မဟုတ်တာ မမှန်တာအကျိုးမဲ့ တာဆိုရင်တော့ ဘယ်သူ့ကိုဖြစ်ဖြစ်လက်မခံကြပါဘူး၊ အဖြေမှန်က ရှိနေပါတယ်၊
ဗိုလ်နေ၀င်းစစ်အစိုးရမှစပြီး ယနေ့အထိ သူတို့လူတစ်စုအတွက်သာ အကျိုးရှိပြီး တိုင်းပြည် နဲ့ လူမျိုးအတွက် အကျိုးမဲ့တဲ့ မဟုတ်တာ မမှန်တာတွေကိုပဲ လုပ်ခဲ့ကြတယ်၊ အဲဒီအထဲ က တစ်ခုဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေးဆိုတာ ၁၉၈၄ခုနှစ်လောက်ကစခဲ့ပါ တယ်၊

စစ်အာဏာရှင်ကြီး ဗိုလ်နေ၀င်းတို့ ဘုန်းမီးနေလတောက်ပနေတဲ့ အချိန်ဆိုတော့ ပြည်သူပြည်သားတွေမှာ ဒီမိုကရေစီတို့ ပွင့်လင်းမြင်သာမှု့တို့ဆိုတာ အိပ်မက်တောင်မမက်ခဲ့ရပါ ဘူး၊ အဲဒီတုံးကတည်းက မြန်မာစစ်အာဏာရှင်တွေနဲ့ နိုင်ငံခြားကုမ္မဏီတွေ ပူပေါင်းလုပ်ကိုင်ခဲ့ကြတဲ့ နှစ်တိုနှစ်ရှည် စာချုပ်စာတမ်းတွေနဲ့လုပ်ငန်းပေါင်းများစွာသည် ယနေ့မြန်မာပြည်သူများအတွက် ဆိုးမွေကြီးအဖြစ် ကြွင်းကျန်နေခဲ့ပါပြီ၊ အဲဒီအထဲမှာမှ ရှစ်ဆယ့်ရှစ်နောက်ပိုင်းမှာ ပွဲလန့်ဖျာခင်း စီးပွားရေးစီမံကိန်းပေါင်းများစွာကို ၀င်ရောက်လုပ်ကိုင်လာတာကတော့ တရုပ်ကွန်မြူနစ်တွေပါပဲ၊ လူထုဆန္ဒမပါပဲ ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈အခြေခံဥပဒေနှင့် ပွင့်လင်းမြင်သာမှု့မရှိတဲ့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု့ ဥပဒေအတိုင်း နိုင်ငံပေါင်းများစွာမှလည်း ၀င်ရောက်ရင်းနှီးမြှုတ်နှံမှု့တွေ ပြုလုပ်နေကြပြန်ပါပြီ၊ မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု့ဆိုတာ အမှန်တကယ်လိုအပ် နေတာလည်း လူတိုင်းအသိပါ၊

ဒါပေမယ့် လူထုအကျိုးလား လူတစ်စုအကျိုးလားဆိုတဲ့ အဓိက ဆုံးဖြတ်ပေးမယ့် ရင်းနှီးမြှုတ်နှံမှု့ ဥပဒေသည် တရားနည်းလမ်းမကျသေးပါ၊ အဘယ်ကြောင်ဆိုသော် ယနေ့ ရင်းနှီးမြှုတ်နှံမှု့ဆိုင်ရာ ဥပဒေသစ်၏အောက်မှာ စီမံကိန်းများကို အကောင်အထည်ဖေါ်ရာ၌ လူ့အဖွဲ့အစည်းနဲ့ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာမှု့ရှိ မရှိကို သေခြာ စွာစုံစမ်းရေး၊ ထိခိုက်နစ်နာသူများကို ထိုက်တန်စွာ လျှော်ကြေးပေးရေးအပြင် စီမံကိန်း အကျိုးအမြတ်၏ တစ်စိတ်တစ်ပိုင်းကို သဘာဝပတ်ဝန်းကျင် ပြန်လည်ပြုပြင်ရေးအတွက် အသုံးချရေးတို့ဆိုတဲ့ အခြေခံလိုအပ်ချက်များ ရှိနေရမည်ဖြစ်သည်၊ ဤအချက်များကို အာမခံသည့် ပြဌာန်းချက်များ မရှိသည့်အပြင် ဥပဒေကို မလိုက်နာသူအား ထောက်ဒဏ် ငါးနှစ်နှင့် ဒဏ်ငွေ ကျပ်သိန်း(၂၀)အများဆုံး ပေးဆောင်ရပါမည် တဲ့၊

ဒီလိုမျိုးပြစ်ဒဏ်ပေး ဥပဒေသည် ဆင်းဆိုးကြီးကို ကြိမ်နှင့်ရိုက်ပြီးဆုံးမတာမျိုးဖြစ်နေတယ်၊ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီပြီး အမြတ်ငွေထွက်တဲ့ ကုမ္မဏီများအတွက်တော့ ဒီပြစ်ဒဏ်မျိုးဟာ ပျင်းတောင်ပျင်းသေးတယ်ပဲပေါ့၊ ဒါလည်းတမင်တကာလုပ်ထားတဲ့ ရင်းနှီးမြှုတ်နှံမှု့ဥပဒေပါပဲ၊

မည်သို့ဆိုစေ ပြည်သူ့အစိုးရမဟုတ်တဲ့ အစိုးရအဆက်ဆက်က သူတို့အကျိုးအတွက် မှောင်ခိုစာချုပ်စာတမ်းတွေနဲ့ ချုပ်ဆိုလုပ်ကိုင်ပြီးဖြစ်တဲ့ သယံဇာတနဲ့သစ်တောထွက်ပစ္စည်းများ အပါအ၀င် စီးပွားရေးဆိုင်ရာ စီမံကိန်း စီမံချက်အားလုံးကို ယနေ့ ပြည်သူတွေ မည်သို့မည်ပုံ ဖြေရှင်းကြမည်နည်း ဆိုတဲ့ မေးခွန်းရဲ့အဖြေကို ရှာဖွေစမ်းသပ်နေကြပါပြီ၊

လပ်ပံတောင်းတောင်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာက စီမံကိန်းများ၏ကောင်းကျိုး ဆိုးပြစ်များကို လူထုက ပြောပိုင်ဆိုပိုင်ခွင့်ရှိသလို စီမံကိန်းများစတင်ဖြစ်ပေါ်လာမှု့၊ မည်သူနှင့်မည် သူတို့ မည်သည့်ဥပဒေ၊ စာချုပ်စာတမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု့များ၊ မည်သူက မည်မျှ ထည့်ဝင်စိုက်ထုတ်ရင်းနှီးသည့် ကိန်းဂဏန်းများအပြင် အကျိုးအမြတ်ကို မည်သို့ခွဲဝေယူသည့် အပိုင်းများကို ပွင့်လင်းမြင်သာမှု့နှင့်အတူ တိတိကျကျစုံစမ်းစစ်ဆေးမှု့ပြုလုပ်ရန်နှင့် ဤသို့စုံစမ်းစစ် ဆေးပြီး လူထုကို ချပြရန်ဖြစ်သည်၊ စုံစမ်းရေးကောင်မရှင်၏ အမှန်တကယ်တွေ့ရှိချက်များ ကိုလည်း သမ္မတဦးသိန်းစိန်ထံသို့ တင်ပြပေးပို့ပြီး ကောင်မရှင်နှင့် ဦးသိန်းစိန်တို့၏ကြားမှာပင် အရေမရ အဖတ်မရ ဖြစ်မသွားဖို့လည်းလိုပါတယ်၊ ရခိုင်အရေးစုံစမ်းစစ်ဆေးမှု့လည်း ဘာမှမယ်မယ် ရရဖြေရှင်းပြီး လူထုကိုချမပြနိုင်ခဲ့ဘူး၊ ခုလည်း ဒါမျိုးတော့ အဖြစ်မခံနိုင်တော့ပါ၊ နောက်ပိုင်းမှာ စုံစမ်းစရာတွေက တန်းစီပြီးစောင့်နေကြတယ်၊

ဤစုံစမ်းဖေါ်ထုတ်မှု့ကို အမြန်ဆုံးအကောင်အထည်ဖေါ်နိုင်ရန်အတွက် လူထုက ၀ိုင်းဝန်း ထောက်ခံအားပေးရန်နှင့် နိုင်ငံတကာမှလူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများနှင့်အစိုးရများက လည်း ထောက်ခံအားပေးမှု့ ရရှိရန်ကို ဒေါ်အောင်ဆန်းစုကြည်က ကျိုးပမ်းမည်ဖြစ်သည်၊

ယခုကဲသို့ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ကျိုးပမ်းမည့်လမ်းစဉ်သည် သဘာဝကျပြီး အမျှော်အမြင်ရှိလှပါသည်၊ အဘယ်ကြောင့်ဆိုသော် လက်ပံတောင်းတောင်ပြဿနာတစ်ခုတည်း အတွက်သာမဟုတ်တော့ဘဲ ဘိလပ်မြေထုတ်နေသည့် ပုပ္ပါးတောင်နှင့်အတူ မြန်မာတနိုင်ငံလုံးမှာ ရှိနေသည့် လူထုအကျိုးမဲ့ စီမံကိန်းများအားလုံးအတွက်ပါ အကျိုးသက်ရောက်မှု့ရှိလာမည်ဖြစ် သဖြင့် ဒေါ်စုလမ်းစဉ်ကို ထောက်ခံကြရန်ဖြစ်ပါသည်၊

တရုပ်နိုင်ငံသာမက အခြားမည်သည့်နိုင်ငံနှင့်မဆို ပွင့်လင်းမြင်သာမှု့ မရှိသည့် စီမံကိန်း စာချုပ်စာတမ်းများအားလုံးကို ပြန်လည်စုံးစမ်းစစ်ဆေးရမည့် အခါသမယပင် ဖြစ်လာပါပြီ၊ လက်ပံတောင်းတောင် ကြေနီစီမံကိန်းသာမက လိပ်ခဲတည်လည်းဖြစ်နေသည့် မြစ်ဆုံပါမကျန် အစိုးရဟောင်းရော အသစ်ပါ မှောင်ခိုစာချုပ်စာတမ်းများဖြင့် လုပ်ကိုင်းထားသမျှသော စီးပွားရေး ဗန်းပြပြီး နိုင်ငံတော်ကို ရောင်းစားနေသော စီမံကိန်းများအားလုံးကို ၂၀၀၈ဖွဲ့စည်းပုံပါ ဥပဒေသများနှင့်မဟုတ်ဘဲ မြန်မာပြည်သူတရပ်လုံး၏ သဘောထားနှင့်ကိုက်ညီပြီး နိုင်ငံတကာ စံနှုန်း စံညွှန်းများနှင့်အညီဖြစ်သော ဥပဒေသများနှင့်ဆက်လက်ပြီး စုံစမ်းစစ်ဆေးဖေါ်ထုတ်သွား ရန်သာဖြစ်ပါသည်၊

သေးငယ်သည့်ကိစ္စတော့မဟုတ်ပါ၊ သို့သော်မည်မျှပင်ကြီးကျယ်ပါစေ မြန်မာတမျိုးသားလုံး ၏ အမျိုးသားရေးပြဿနာကြီး ဖြစ်နေပြီဖြစ်သောကြောင့် နောက်မဆုတ်တန်း လုပ်ကိုင်ကြရတော့ မည်ဖြစ်ပါသည်၊ ထို့ကြောင့်တကယ်တန်း အောင်မြင်အောင်ပြုလုပ်ရန်မှာ မြန်မာရော ကမ္ဘာကပါ လေးစားယုံကြည်ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာတမျိုးသားလုံး ပူးပေါင်းကြရပါ လိမ့်မည်၊ အမေရိကန်သမ္မတကြီးပြောသည့် အတိုင်း မြန်မာပြည်သူအားလုံး ကိုယ့်အောင်ပွဲကို ကိုယ်အရယူရန်ဖြစ်ပြီး အမေရိကန်သမ္မတတစ်ယောက်အနေနဲ့ ထောက်ခံပံ့ပိုးနေမည်ဖြစ်ကြောင်း ပါတဲ့၊

ထို့ကြောင့်တရုပ်ကျေးဇူးရှင်ကိုကြောက်နေကြသည့် ပုဂ္ဂိုလ်များက တရုပ်ကိုလည်း မကြောက် ဘယ်သူ့ကိုမှလည်း မကြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ပြည်သူများကိုသာ ပြဿနာအ၀၀ဖြေရှင်းရန် နေရာနှင့်အာဏာကို လွှဲပြောင်းပေးအပ်ကြရန်မှတပါး အခြားမရှိ ပါကြောင်း။ ။

ဦးဖိုးသာအောင်-

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။