Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 4, 2012

ဟာသများ (၃)

by ပလီပလာ ထွေကာလီကာ on Tuesday, December 4, 2012 at 2:56pm ·

နာတယ် ...


ဂျွန်နီလေးကို သူ့ရဲ့ တစ်နှစ်အရွယ် ညီမလေးက ဆံပင်ဆောင့်ဆွဲထားတာကြောင့်
အော်နေတာကို သူတို့အမေက တွေ့သွားပါတယ်။ ဒီတော့ သူ့မေမေက သူ့ကို

"သားရေ ..တိတ်တိတ်၊ ညီမလေးက သားကို တမင်လုပ်တာမဟုတ်ပါဘူး။
ဒီလိုလုပ်ရင် နာမယ်ဆိုတာ သူမှနားမလည်တာ သားရဲ့"လို့ ချော့ပြီးအခန်းထဲက ထွက်သွားပါတယ်။
တအောင့်လောက်နေတော့ သူတို့အခန်းထဲက ကလေးငိုသံကြားတာနဲ့ သူ့အမေ ဝင်လာတဲ့ အချိန်မှာ
ဂျွန်နီလေးပြောတာက "သူအခု နာတာကို သိသွားပြီ မေမေ"တဲ့။

=============================

မိန်းမဉာဏ် . . .


ကားနှစ်စီးတိုက်မိပြီး အပြင်းအထန်ပျက်စီးသွားပေမယ့် ယာဉ်မောင်းလာသူ အမျိုးသမီးနဲ့ အမျိုးသားက ဘာဒဏ်ရာမှမရပါဘူး။
ဒါနဲ့ အသီးသီးကားအပြင်ထွက်လာပြီးပျက်စီးသွားတဲ့ သူတို့ကားတွေကို ကြည့်နေပါတယ်။
အမျိုးသမီးက"ကားကတော့ ရစရာမရှိအောင် ပျက်စီးသွားပြီ။ တော်သေးတယ်။
လူတွေ ဘာမှမဖြစ်လို့။ ကျွန်မတို့နှစ်ယောက်ကို သူငယ်ချင်းတွေ ဖြစ်စေဖို့များ ဒီလို ဆုံစေ လိုက်သလားမသိဘူး"လို့ ဆိုတော့
အမျိုးသားကလည်း ရောချပြီး "ဟုတ်တာပေါ့။ ခင်ဗျားနဲ့ ကျွန်တော် ရေစက်ရှိလို့ပဲ" လို့ဆိုပါတယ်။
ဒါနဲ့ အမျိုးသမီးက သူ့ကားထဲက ဝိုင်ကို ယူလာပြီး ဒီလိုဆုံတွေ့မှု အထိမ်းအမှတ်အနေနဲ့
သောက်ကြရအောင်ဆိုတော့ အမျိုးသားကသောက်လိုက်ပါတယ်။

အမျိုးသမီးကို မသောက်ဘူးလားလို့ ပြန်မေးတော့ သူပြန်ဖြေတာက
"ဟင့်အင်း။ ကျွန်မကတော့ ရဲတွေလာမယ့် အချိန်ပဲစောင့်တော့မယ်" တဲ့။

=========================================

ယုတ္တိဗေဒ....


စာအုပ်တစ်အုပ်ကို ဖတ်နေသော လူတစ်ယောက်ကို ကိုဘမောင်က မေးသည်။
‘ဟေ့လူ ဘာစာအုပ်မို့လို့ ဒီလောက်သဲကြီးမဲကြီး ဖတ်နေရတာတုန်းဗျ’
‘ယုတ္တိဗေဒ ကကြီးခခွေးတဲ့’

‘ယုတ္တိဗေဒ ဆိုတာ ဘာလဲဗျ’

‘နားထောင်ရှင်းပြမယ်။ မင်းမှာ မီးခြစ်ရှိလား’

‘အင်း… ရှိတယ်’

‘မီးခြစ်ဆောင်ရင် ဆေးလိပ်သောက်လို့ပေါ့။
ဆေးလိပ်သောက်တဲ့လူဟာ အရက်လဲ သောက်တယ်။
အရက်သောက်ရင် ပိုက်ဆံရှိလို့ပေါ့။
ပိုက်ဆံရှိတဲ့လူဟာ မိန်းကလေးတွေနဲ့ တတွဲတွဲနေတက်တယ်။
မိန်းမတွေနဲ့ တတွဲတွဲနေတက်မှတော့
သူဟာ ယောက်ျား မပီသတဲ့သူ (Impotent) မဖြစ်နိုင်တော့ဘူး။ မဟုတ်ဘူးလား’

‘သိပ်ဟုတ်တာပေါ့’

‘အေး… အဲ့ဒါကို ယုတ္တိဗေဒပဲ’

‘ကြိုက်သွားပြီဗျာ’

ထိုသို့ပြောပြီး ကျေနပ်သည့် အမူအယာဖြင့် ကိုဘမောင် အိမ်သို့ ပြန်အလာ လမ်းတွင်အသိတစ်ယောက်နှင့် တွေ့သည်။

‘ဟေ့… သူငယ်ချင်း မင်းယုတ္တိဗေဒ ဆိုတာ သိလား’

‘ဟင့်အင်း မသိဘူး’

‘အေး… ငါရှင်းပြမယ် နားထောင်မလား’

‘ပြော’

‘မင်းမှာ မီးခြစ်ရှိသလား’

‘ဟင့်အင်း မရှိဘူး’

‘ဟာ… ဒါဆို မင်း Impotent ပဲ’

==============================================

ကွန်ပျူတာခေတ်......


အမေရိကန် ဧည့်သည်များ ရုရှားသို့ ရောက်လာပြီး အိမ်ရှင်တို့ကို မေးသည်။
‘ရုရှားမှာ ကလေးတွေ ဘယ်အရွယ်ကစပြီး ကွန်ပျူတာသုံးတတ်အောင် သင်သလဲ’

‘ပထမတန်းက စပြီးတော့ပါ’

‘ဟုတ်လား။ အားကျစရာပဲ။ ကလေးတွေ ကွန်ပျူတာအသုံးပြုပုံ လိုက်ကြည့်လို့ရမလား’

‘ရပါတယ်။ ရပါတယ်’

အမေရိကန်တို့ကို ပထမတန်းသို့ ခေါ်လာသည်။ စာသင်ခန်းရှေ့ ခုံတန်းရှည်တွင် ကွန်ပျူတာ လေးလုံးတင်ထားသည်။ ဆရာမက ပြောသည်။
‘အီဗန်နော့၊ ကွန်ပျူတာတစ်လုံးကို ယူပြီး ပြတင်းပေါက် ဘောင်ပေါ်တင်လိုက်စမ်း’
ချာတိတ်တစ်ယောက်ထွက်လာပြီး ပြတင်းပေါက်ဘောင်ပေါ် တင်လိုက်သည်။ ဆရာမက မေးသည်။
‘ကလေးတို့ရေ၊ ခုံတန်းပေါ်မှာ အခု ကွန်ပျူတာ ဘယ်နှစ်လုံး ကျန်သလဲကွယ်’

================================================

ယောက်ျားက မိန်းမဖြစ်သူကို အလုပ်က သူငယ်ချင်းတစ်ယောက်ကို
ညစာစားဖို့ ဖိတ်ခဲ့တယ်လို့ ပြောတော့ မိန်းမဖြစ်သူက
"ဘာ.. ရှင့် သူငယ်ချင်းကို ညစာစားဖို့ ဖိတ်ထားတယ်။
ရှင် ရူးများရူးနေသလား။ တစ်အိမ်လုံးလည်း ရှုပ်ပွနေတာပဲ၊
ကျွန်မဈေးလည်း မသွားထား မိဘူး။ ပန်းကန်တွေလည်း မဆေးရသေးဘူး။
ဒီပုံနဲ့ ညစာကောင်းကောင်း ဘယ်လိုချက်နိုင် မှာလဲ"လို့ ဆိုပါတယ်။

ယောက်ျားဖြစ်သူက "ငါသိပါတယ်ကွ"လို့ ပြောတော့
မိန်းမက "ဒါဖြင့် ရှင့်သူငယ်ချင်းကို ဘာလို့ ညစာစားဖို့ ဖိတ်သေးလဲ" လို့ မေးပါတယ်။
ဒါနဲ့ ယောက်ျားက ပြန်ပြောတာက
"ဘာကြောင့်လဲဆိုတော့ သနားစရာ ငနဲလေးက မကြာခင် လက်ထပ်တော့မှာကွ"တဲ့။

==================================

ပြောင်းလဲမှု.....


အိမ်ထောင်သည်များ ကလေးရလာပါက ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။
ကလေး တစ်ယောက်ထပ်ရတိုင်း ပြောင်းလဲမှုများ ထပ်မံဖြစ်ပေါ်လာသည်။

အဝတ်အစား

ပထမကလေး - သားဖွားဆရာဝန်က ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း အတည်ပြုပြီးချိန်မှာပင် ဗိုက်ဖုံးအင်္ကျီစတင် ဝတ်ဆင်ပါသည်။

ဒုတိယကလေး - ဝတ်နေကျ အဝတ်အစားများကို တတ်နိုင်သမျှ အချိန်ကြာကြာ ဝတ်သည်။

တတိယကလေး - ဗိုက်ဖုံးအင်္ကျီများမှာ သင်ဝတ်နေကျ အဝတ်အစားများဖြစ်လာသည်။

ကလေးနာမည်

ပထမကလေး - နာမည်ပေးနည်းစာအုပ်များ၊ ဗေဒင်ဆရာများနှင့် တိုင်ပင်၍ ကလေး နာမည်အမျိုးမျိုးပေးကြည့်၊ အသံထွက် ရွတ်ဖတ်ကြည့်ကြသည်။

ဒုတိယကလေး - ကလေးနာမည်ကို အဘိုး၊ အဘွားတွေက ရွေးပေးကြသည်။ ကိုယ်ကိုယ်တိုင်လည်း ပေးတာလည်း ဖြစ်နိုင်သည်။

တတိယကလေး - ကလေးနာမည်ပေးနည်းစာအုပ်ကိုဖွင့်ပြီး နာမည်တစ်ခု မျက်စိမှိတ် ရွေးလိုက်ပါသည်။

=========================================

ပထမဆုံးသော ယောက်ျား....


ဘောဂဗေဒ ဘာသာရပ်ဆိုင်ရာ လူတွေ့စစ်စာမေးပွဲ ပြုလုပ်နေသည်။
ရုပ်ချောချောကျောင်းသူ စီးပွားရေးပညာရှင်‘အဒစ်စမစ်’ အကြောင်းကို ပြောပြနေသည်။
ဤသို့ပြောပြရာတွင် ‘စမစ်’၏ ရှေ့ကနာမည်ကို တစ်ခါမျှ ထုတ်ဖော်မပြောချေ။ သို့နှင့် ဆရာက ကျောင်းသူကို မေးသည်။

‘စမစ်ရဲ့ရှေ့မှာ သူ့ရဲ့ ကိုယ်ပိုင်နာမည်ရှိသေးတယ်။ ပြောပြစမ်းပါ’ ကျောင်းသူထံမှ မည်သည့် အဖြေမှ ပြန်မကြားရချေ။ သို့ကြောင့် ဆရာကထောက်ပေးသည်။

‘စိတ်ကို အေးအေးဆေးဆေးလေးထား။ ပထမဆုံး ယောက်ျားရဲ့ နာမည်ကို ဘယ်လို ခေါ်သလဲ ပြန်စဉ်းစားလိုက်စမ်းပါ’
ကျောင်းသူ၏ မျက်နှာတွင် ရှက်သွေးဖြာသွားသည်။ ထို့နောက် တိုးတိုးလေးဖြေသည်။
‘ချာလီပါ’

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။