15 December 2012 |By Good Health
ကမ္ဘာ့ပထမဆုံး အောင်မြင်စွာ သားအိမ် အစားထိုးကုသမှု ခံယူခဲ့သူ ဟာ ဖန်ပြွန်သန္ဓေ ကိုယ်ဝန်ဆောင် ထားရတာကြောင့် သူမရဲ့ မိခင်ဖြစ် မယ့် စိတ်ကူးအိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ပြီလို့ သိရပါ တယ်။ အသက် ၂၂ နှစ်အရယ် Mrs Sert ဆိုသူ အမျိုးသမီးဟာ အသက် ၃၅ နှစ်အရွယ် မူစတာဖာကို လက်ထပ်ပြီးနောက်ပိုင်းမှာ သူမမှာသာ တတိုင်းရနိုင်တဲ့အစွမ်း ရှိမယ်ဆိုရင် ကိုယ်ဝန်ဆောင်ချင် တယ်လို့ ပြောပါတယ်။ ဗြိတိန်နိုင်ငံမှာ အမျိုးသမီးပေါင်း ၁၅၀ဝ၀ ဟာ သားအိမ်မပါဘဲ မွေးလာတာ ဒါမှမဟုတ် ကင်ဆာရောဂါနဲ့ တခြား ကျန်းမာရေး အခြေအနေကြောင့် သားအိမ်ကို ဖယ်ရှားထားရ သူတွေဖြစ်ပါတယ်။ ကင်ဆာရောဂါကြောင့် သားအိမ်ဖယ်ရှား ခံရသူတွေ အနေနဲ့ သားအိမ်အစားထိုး ကုသမှုမခံယူရင် အနည်း ဆုံး ငါးနှစ်ခန့်မှာ ရောဂါကင်းစင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ပထမဆုံး အကြိမ် သားအိမ်အစားထိုးကုသမှုကို ၂၀ဝ၀ ပြည့်နှစ်က ဆော်ဒီအာရေဗျနိုင်ငံမှာ ပြုလုပ်ခဲ့ပေမယ့် သုံးလအကြာမှာ အစားထိုးကုသမှု ခံယူထားတဲ့ လူနာရဲ့သားအိမ်ဟာ ပျက်စီးသွားတယ်လို့ သိရပါတယ်။ သွေးကြောအချင်းချင်းဆက် ရာမှာ ကျဉ်းမြောင်းသွား တဲ့အတွက် သွေးခဲတွေနဲ့ ပိတ်ဆို့မှုဖြစ် သွားတာကြောင့်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်းက လန်ဒန်မြို့မှာ ပရော်ဖက်ဆာ အိုမာအော်စကန်က Mrs Sert ရဲ့ သားအိမ်ကို အစားထိုး ကုသမှုပေးခဲ့ပြီး အောင်မြင်ခဲ့ကာ ယခုအခါမှာ ဖန်ပြွန်သန္ဓေသား ကုထုံးလည်း အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ သူမအတွက် သားအိမ်ကို ကားတိုက်ခံရတဲ့လူနာဆီက ရရှိခဲ့ပြီး အေးခဲထားတဲ့ သန္ဓေသားရှစ်ခုမှ နှစ်ခုကို ရွေးချယ်ပြီး သူမရဲ့ သားအိမ်အတွင်း ထည့်သွင်းပေးခဲ့တယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်ပြီး ကလေးငယ် ကို ဗိုက်ခွဲပြီး မွေးရမယ်လို့ ဆိုပါတယ်။ ဆွီဒင်မှ ကျွမ်းကျင်သူတွေကလည်း စက်တင်ဘာလ အတွင်းမှာ မိခင်မှ သမီးသို့ ကမ္ဘာ့ပထမဆုံး သားအိမ်အစားထိုး ကုသမှုနှစ်ခုကို ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။