15 December 2012 |By Good Health
ဂျင်းဘောင်းဘီ၊ လုံချည်စတာတွေ ဝတ်ဆင်တဲ့ အခါ ဗိုက်က အဆီကြောင့် မဟုတ်ဘဲ လေပွပြီးပူနေတဲ့အခါ ချပ်ချပ်ရပ်ရပ် မရှိတော့ပါဘူး။ အဲဒီလို မဖြစ်စေဖို့အတွက် အလွယ်နည်းတွေ ရှိပါတယ်။
(၁) အမျှင်ဓာတ် ၂၅-၃၅ ဂရမ်စားပါ
ဝမ်းချုပ်တာကြောင့်လည်း လေပွပြီး ဗိုက်ဖောင်း နေတတ်ပါတယ်။ လေပွတာလျော့ပြီး အူမကြီး ကျန်းမာ ရေးကောင်းမွန်အောင် ပျော်ဝင်တဲ့ အမျှင်နဲ့ မပျော် ဝင်တဲ့ အမျှင်ကို ရောစားပါ။ ပျော်ဝင်တဲ့အမျှင်ဆို တာ မုန်လာဥနီ၊ လိမ္မော်သီးနဲ့ ဘာလီစေ့စတာတွေ ဖြစ်ပြီး မပျော်ဝင်တဲ့ အမျှင်ကတော့ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဟင်းနုနယ်၊ အစေ့အဆန်နဲ့ အခွံမာသီး တို့ဖြစ်ပါတယ်။
(၂) ပီကေဝါးလျှင် သတိထားပါ
ပီကေဝါးတာကြောင့် လေတွေကို မျိုချမိကာ လေပွတဲ့ ခံစားချက်ဖြစ်စေပါတယ်။ ဒါကြောင့် ပီကေဝါးတာကို လျှော့ပြီး အစာကြေအင်ဇိုင်းပါတဲ့ ဆေးပြားကို ကြိတ်ဝါးပေးပါ။ စားတဲ့ အစာကို ချေ ဖျက်ပေးပြီး အစာကြေညက်စေပါတယ်။
(၃) ဆိုဒီယမ်မှီဝဲမှုကို လျှော့ချပါ
ဆားစားသုံးမှုများတာကြောင့် ဗိုက်ပူတတ်ပါ တယ်။ ဆားက ဆဲလ်တွေထဲကို ရေဆွဲစေတာကြောင် လေပွတာနဲ့ ဗိုက်ပူတာတို့ ဖြစ်စေနိုင်ပါတယ်။ ဒါ ကြောင့် သင်စားတဲ့ အစာထဲ ဆားလျှော့ပြီး ကြက် သွန်ဖြူ၊ ငရုတ်ကောင်းစတာတွေကို အစားထိုး ထည့်စားပေးပါ။
(၄) တစ်နေ့ ရေနှစ်လီတာသောက်ပါ
တစ်နေ့လုံး ရေကို များများသောက်တာကြောင့် ရေဓာတ်ပြည့်ဝစေပါတယ်။ တစ်နေ့မှာ ရေနှစ်လီတာ သောက်တာကကိုယ်တွင်းစနစ်ရှိ အဆိပ်တွေ ကင်းစင် ကာ လေပွတာ သက်သာစေပါတယ်။
(၅) ဓာတ်မတည့်မှုဖြစ်တတ်သော အစာတို့ကို ဆန်းစစ်ပါ
သင်စားနေတဲ့ အစာတွေက ဓာတ်မတည့်မှုဖြစ် တာကြောင့် လေပွနေသလားဆိုတာ ဆန်းစစ်ကြည့် ပါ။ နို့နဲ့ နို့ထွက် ပစ္စည်း၊ ဂျုံ၊ ပဲ စတဲ့ အစာတွေကို မတည့်တဲ့သူတွေမှာ လေပွစေနိုင်ပါတယ်။
(၆) အစာကို နည်းနည်းချင်းစားပါ
အစာကြီး သုံးနပ်စားမယ့်အစား တစ်နေ့လုံး အစာနည်းနည်းနဲ့ မကြာခဏစားပေးပါ။ ဒီလိုစားတာကြောင့် ခန္ဓာကိုယ်ရဲ့ အစာခြေနိုင်စွမ်းကို ကောင်းမွန်စေကာ အာဟာရကို ကောင်းကောင်း ရ ရှိစေပါတယ်။ လေပွတာကို သက်သာစေတဲ့ အစာ တွေက သံပရာရည်၊ နာနတ်သီး၊ သင်္ဘောသီး၊ ရှား စောင်းလက်ပပ်ဖျော်ရည်၊ နံနံပင်၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ဆားမပါတဲ့ အခွံမာစေ့နဲ့ ဒိန်ချဉ်တို့ ဖြစ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။