Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 15, 2012

ပူတာအိုက တောင်ပေါ်သူလေးများရဲ့ မျှော်လင့်ချက်

 

Saturday, 15 December 2012

“ပူတာအို”ဟု အသံကြားလိုက်ရင် မြန်မာနိုင်ငံမြောက်ပိုင်းအကျဆုံး၊
ရေခဲတောင်ရှိသည့် နေရာဒေသတစ်ခုမှန်း အားလုံးအသိပင်။
...

ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်မှု အပြည့်အဝပေးသည့် နယ်မြေတစ်ခုအဖြစ်လည်း တည်ရှိနေသည်။

ဟိမဝန္တာတောင်တန်းကြီး သွယ်တန်းတည်ရှိပြီး ရှားပါးသည့် သတ္တဝါ၊ ပန်းမျိုးစုံ၊ သဘာဝ သီးနှံများဖြင့် အလှဆင်ထားသော ပန်းချီကားတစ်ချပ်လို မြင်ကွင်းတစ်ဆုံး ကျယ်ပြောလှပေသည်။

အေးချမ်းသည့် နယ်မြေဒေသတစ်ခုဖြစ်၍ ထိုဒေသမှ အမျိုးသမီးများသည် လှပသည့် အသားအရည်ကို ပိုင်ဆိုင်ထားကြသည်။ အသားအရည်
ဖြူဝင်းကာ မျက်နှာတွင် ပါးနီဖို့စရာမလိုအောင်ပင် ပန်းနုရောင်သန်း
နေသည်။ တောင်ဇလပ်နှင့် သစ်ခွနက်မှာ ဒေသတွင်း အလှဆင်သည့်
ပန်းများအဖြစ် ရှိနေကြသည်။

ထိုဒေသရှိ အမျိုးသမီးငယ်များမှာ လှပသည့်အသားအရေ ပိုင်ဆိုင်ကြသော်လည်း သူတို့ လက်ချောင်းများမှာ အသာမာတက် ကြမ်းတမ်းနေသည်။ ကြံ့ခိုင်သည့် ခန္ဒာကိုယ်၊ ထုံးဖွဲ့ ထားသည့် ဆံနွယ်၊ ဖျတ်လတ်သည့် ခြေထောက်တို့က သူတို့၏ မိသားစုအတွက် အားမာန်တစ်ခုလို။ သူတို့မှာ ဝမ်းစာအတွက် ရုန်းကန်နေရသဖြင့် ပညာရေးဘက်ကို ခြေဦးမတည့်နိုင်ကြ။

မိန်းကလေးများသည် အိမ်ထောင်ပြု၊ သားမွေးရမည်ဟု အစွဲပြုကာ အလယ်တန်းကျောင်းမှ ကျောင်းရပ်နား လိုက်ကာ တောင်ယာစိုက်ခင်းသို့
ရောက်သွားသည်က များလှပေသည်။

မှောင်မည်းနေသည့် မြူအုပ်ဆိုင်းကြားတွင် ရီသံလွင်လွင် ကြားနေရသည်။ မကြာခင်ထို လူအုပ်အရိပ်ကို စမ်း တစ်ဝါးဝါး မြင်နေရပြီ။ အဖာ၊ အစပ်များဖြင့်
ချုပ်ထားသည့် အနွေးထည်၊ ကျောင်းစိမ်းလုံခြည်အောက်တွင် ရှည်ထွက်
နေသော အနွေးဘောင်းဘီရှည်များ ဝတ်ဆင်ထားသည့် ကျောင်းသားများပင်။

သူတို့သည် ပူတာအို မြို့နယ် မာမူးလဲ ကျေးရွာအုပ်စုမှကျောင်းသားများ
ဖြစ်သည်။ ပူတာအို အ.ထ.က ကျောင်းသို့သွားရန် မနက် (၇) နာရီခွဲမှ ရွာက ခြေကျင် ထွက်လာကြခြင်းဖြစ်သည်။ ကျောင်းမှာ ၎င်းတို့
ကျေးရွာမှ ခြေကျင်လျှောက်လျှင် (၁)နာရီခွဲခန့် ကြာကြောင်း သိရသည်။

ထိုကျောင်းသားအထဲမှ အသက်(၁၆)နှစ်ရှိ (၉) တန်း ကျောင်းသူ အေမီနာ တစ်ယောက်က သူ၏ ရည်ရွယ်ချက်ပန်းတိုင်မှာ ကျောင်းဆရာမတစ်ဦး
ဖြစ်ချင်ကြောင်း ပြောသည်။

အေမီနာသည် မောင်နှမ (၅) ယောက်ထဲမှ အကြီးဆုံးတစ်ယောက်ဖြစ်သည်။
ဖခင်မှာ မျက်စိကွယ်နေသဖြင့် မိခင် တောင်ယာလုပ်ငန်းတွင်
ကျောင်းတက်ရင်း ဝိုင်းဝန်း ကူညီပေးနေသူလည်းဖြစ်သည်။

“ကျွန်မ ကျောင်းဆရာမ အရမ်းဖြစ်ချင်တယ်။ အိမ်မှာက ပိုက်ဆံမရှိတော့ အမေက ကျောင်းမထားချင်တော့ဘူး။ ကျွန်မက ကျောင်းမထွက်ချင်ဘူး။ ဆရာမ လုပ်ချင်တယ်။ ဆရာမ လုပ်ရင်း ပိုက်ဆံ ရှာချင်တယ်။” ဟု သူမက ပြောသည်။

သူမ ညီမနှင့် မောင်လေးများသည် သူငယ်တန်း၊ ပထမတန်း၊ အဋ္ဌမတန်း တက်ရောက်နေပြီး မောင်လေး တစ်ယောက်မူ ငွေရေးကြေးရေး အခက်အခဲကြောင့် မိဘမဲ့ဂေဟာသို့ ပို့ထားကြောင်း သိရသည်။

အေမီနာသည် မာမူးလဲ ကျေးရွာအုပ်စုမှ ဘုရားကောင်းကြီးခံစားရသည့် သူတစ်ဦးဖြစ်ကာ တနည်းအားဖြင့် ကံကောင်းသူတစ်ဦးဟု ဆိုရမည်ဖြစ်သည်။

ပူတာအို ခရိုင်တွင် စားဝတ်နေရေးအခက်အခဲကြောင့် မိဘများက မိမိသားသမီးများအားလုံးကို ပညာရေးမှာ ထူးချွန်အောင် ပံ့ပိုးမှု မပေးနိုင်သဖြင့် သားယောင်္ကျားများကိုသာ ကျောင်းထားရန် အဓိက ဦးစားပေးနေရသည် ကို မြင်တွေ့နေရခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပညာရေးအဆင့်သုံးဆင့်ရှိသည့်အနက် ပူတာအိုခရိုင်တွင် မူလတန်းအဆင့်တွင် ကျောင်းသား များထက် ကျောင်းသူများက များပြားနေပြီး အလယ်တန်းအဆင့်တွင် မိသားစု၏ ငွေရေးကြေးရေး အခက်အခဲ ကြောင့် အလယ်တန်းအဆင့် တက်ပြီးနောက်
ကျောင်းသူလေးများ ကျောင်းထွက်သွားသည်က များသည်။

အထက်တန်းအဆင့်တွင်မူ ကျောင်းသူမှာ (၂၀) ရာခိုင်နှုန်းသာ
တွေ့မြင်ရ တော့သည်ဟု ပူတာအိုမြို့နယ် အမျိုးသားလွှတ်တော် ဦးဂျေယောဝူက ပြောသည်။

မြို့နှင့်ဝေးလံခေါင်သီသည့် အဆိုပါ ကျေးရွာများ၌ မိသားစု တစ်ခုလျှင် သားသမီး အနည်းဆုံး ၅မှ ၆ ဦး ခန့်ရှိပြီး အများဆုံး (၉)ဦးမှ (၁၀) ဦး အထက် ရှိသည်။ ထိုသို့ သားသမီး များပြားခြင်းကြောင့် မိန်းကလေးများထက် ယောင်္ကျားသားများကို ပညာရေးပိုင်းတွင် ဦးစားပေးကြသည်။

ယင်းတို့ မိန်းကလေးများ အလယ်တန်း ပညာရေးအဆင့်
ရောက်ပြီး ကျောင်းထွက်ကြကာ မိသားစုအလုပ် ဖြစ်သည့် တောင်ယာ၊ လယ်ယာ လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီကြရသည်။ကျောင်းတက်
အရွယ်ဖြစ်သည့် သူတို့မှာ အိမ်အလုပ်လုပ်ရင်း အိမ်ထောင်ပြု
လိုက်ကြသည်က အများ။

အဆိုပါ ကျေးရွာများတွင် အသက် (၁၅) နှစ်မှ အသက် (၂၀) ကြားတွင် အိမ်ထောင်ပြုကြသည်က ဓလေ့တစ်ခုလို ဖြစ်လာခဲ့သည်။

“ အသက် (၂၀) ကျော် အပျိုရှိတာ မတွေ့ရသလောက်ပဲ။ အိမ်ထောင်ပြုတာ အရမ်းစောတယ်။” ဟု ဦးဂျေယောဝူက ပြောသည်။

ပူတာအို ခရိုင်သည် လမ်းပန်း ဆက်သွယ်ရေး အခက်ခဲခြင်း၊ စားဝတ်နေရေး အကြပ်အတည်းရှိခြင်းတို့ကြောင့် သားသမီးများကို မိဘများက
ပညာရေးပိုင်းသို့ တွန်းမပို့နိုင်ကြပေ။

အချိန်တန် အရွယ်ရောက်လျှင် အိမ်ထောင်ပြု၊ သားမွေးပြီး
တောင်ယာလုပ်ငန်း၊ လယ်လုပ်ငန်း များကို တနိုင်တပိုင် အလုပ်လုပ်ရင်း ဘဝကို ကျော်ဖြတ်နေကြသည်။

အချို့တလေ ငွေကြေးတက်နိုင်သူများမှာ မြို့သို့ ကျောင်းပို့ထားသည်မှာ
လည်း ရှိသည်။ သို့သော် ၎င်းမှာ အနည်းအကျဉ်းသာဖြစ်သည်။

၎င်းခရိုင်တွင် တက္ကသိုလ်စာမေးပွဲဖြေဆိုအောင်မြင်သည့် ကျောင်းသား
တစ်ဦးတစ်ယောက်မှ ဆရာဝန် ကျောင်းတက်နိုင်သူ ယခုထိ မရှိသေးပေ။ ဒီအပြင် အင်ဂျီနီယာ ကျောင်းတက်နိုင်သူလည်း တစ်ဦးမျှ မရှိကြောင်း ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် ဦးဂျေယောဝူက တင်ပြ
ဆွေးနွေးခဲ့သည်။

ပူတာအိုမြို့နယ်တွင် မချမ်းဖော့ အ.ထ.က၊ ဆွမ်ပရာဘွမ် အ.ထ.က၊
နောင်မွန်း အ.ထ.က၊ ပူတာအို အ.ထ.က (၁) နှင့် (၂) ကျောင်းရှိပြီး တစ်နှစ်လျှင် တက္ကသိုလ် စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား ဦးရေ (၂၀၀၀) ကျော်ရှိပြီး အောင်မြင်သူ ကျောင်းသားမှာ (၂၀၀) ခန့် ရှိကြောင်း သိရသည်။

“ တစ်ခါတစ်လေ အောင်သူမရှိတဲ့ နှစ်တောင် ရှိတယ်။” ဟု ဦးဂျေယောဝူက က ပြောသည်။

၂၀၁၂- ၂၀၁၃ ခုနှစ် ပညာသင်နှစ် ပူတာအို ခရိုင်တွင် ပထမဦးဆုံး (၃) ဘာသာ ဂုဏ်ထူးထွက်သည့် မောင်ငွားဂျောဆာသည် ငွေကြေး ခက်ခဲခြင်းကြောင့် ယခုတိုင် တက္ကသိုလ်ကျောင်း တက်ရန် ကျောင်းမအပ်
နိုင်သေးပေ။

“ ယဉ်ကျေးမှုရုံးမှာ လာပြောတယ် အလုပ်ရှာပေးဖို့၊ ဒါမှ မဟုတ်ရင်
ကျောင်းတက်ဖို့ ထောက်ပံ့မယ့် လူရှာပေးဖို့ လာပြောတယ်။” ဟု ပူတာအို ယာဉ်ကျေးမှုရုံးမှ အတွင်းရေးမှူး ဦးယောစီက ပြောသည်။

အဆိုပါ မြို့များတွင် ကျောင်းဆရာမ လုံလောက်မှု မရှိခြင်း၊ ဗမာ စကား နားမလည်ခြင်း စသည်တို့ကြောင့် ကျောင်းသားများ ကျောင်းစာ မလိုက်နိုင်ခြင်းနှင့် မိသားစု ငွေရေးကြေးရေး အခက်အခဲများကြောင့်
ကျောင်းသားများ ပညာရေးတွင် လွန်စွာအားနည်းနေကြောင်း ပူတာအိုမြို့ရှိ နည်းပညာအထက်တန်းကျောင်းမှ ကျောင်းဆရာမ ကိုင်ဆိုင်းက ပြောသည်။

သို့သော် ပူတာအိုမှ တောင်ပေါ်သူလေးများက သူတို့ရဲ့အနာဂတ်
သာယာရန်အတွက် မျှော်လင့်ချက်ကိုယ်စီနဲ့ ဘ၀ပန်းတိုင်ကိုလျှောက်လှမ်း
နေကြပါတယ်။

ဂျာတော့(ပ်)- ကချင်ပြည်နယ် (မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။