Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 15, 2012

ခွင့်လွတ်သည်းခံခြင်းနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ

 
တစ်စုံတစ်ယောက်က ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့ စကားမျိုး၊ အပြုအမူမျိုး ပြုလုပ်ခံရတဲ့အခါ အလွယ်တကူ ခွင့်လွတ်သည်းခံနိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ ဒါပေမယ့် ခွင့်လွှတ်သည်းခံတတ်အောင် ကြိုးစားသင့်ပါတယ်။ အကြောင်းကတော့ ခွင့်လွှတ်သည်းခံတဲ့ စိတ်ရှိတာဟာ ကျွန်မတို့ရဲ့ စိတ်နဲ့ခန္ဓာကိုယ် ကျန်းမာရေးကို အံ့သြစရာကောင်း လောက်အောင် အကျိုးကျေးဇူး ဖြစ်စေတာကြောင့်...
ပါပဲ။ တစ်စုံတစ်ယောက်က ကိုယ့်ကို ဒေါသထွက်လောက်တဲ့ စကားမျိုး ပြောလာတဲ့အခါ ဒေါသတကြီး ကိုယ်ထိလက်ရောက် တုံ့ပြန် လိုက်မယ်ဆိုရင် နောက်ဆက်တွဲ ဖြေရှင်းရမယ့်ကိစ္စတွေ ရှိလာနိုင်ပါတယ်။ ဒီအဖြစ်အပျက်တွေကို တရားရုံးက အမှုတွဲတွေ၊ မှုခင်းသတင်းဂျာနယ်ပေါ်က ဖြစ်ရပ်မှန်သတင်းတွေကို သာဓကအဖြစ် တွေ့နေရတာပဲ မဟုတ်ပါလား။ ဒေါသနဲ့ တုံ့ပြန်လိုက်တဲ့အခါ နောက်ဆက်တွဲဖြေရှင်းရမယ့် တခြားကိစ္စ တွေထက်ကျန်းမာရေးနဲ့ပတ်သက်ပြီးဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာကို ဆွေးနွေးတင်ပြလိုပါတယ်။

ခွင့်လွှတ်သည်းခံမှုဆိုသည်မှ

ခွင့်လွှတ်သည်းခံမှုဆိုတာ ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့ စကားလုံးတွေနဲ့ အပြုအမူတွေကို မေ့ပျောက်ကျေအေး လိုက်တာပါ။ လူတစ်ဦးနဲ့တစ်ဦးမှာ ခွင့်လွှတ်သည်းခံနိုင်စွမ်းရှိတဲ့ အတိုင်းအတာ ပမာဏကတော့ မတူညီတတ်ပါဘူး။ ခွင့်လွှတ်သည်းခံတယ်ဆိုတဲ့ စိတ်သဘောထားဟာ ပညာရှိဆန်သလို စိတ်ထားကြီးမြတ်မှုကိုလည်း ဖော်ညွှန်းနေပါတယ်။ ဒါကြောင့်
ခွင့်လွှတ်သည်းခံနိုင်စွမ်း မြင့်မားလေလေ၊ ငြိမ်းချမ်းအေးဆေးတဲ့ဘ၀ကို ပိုင်ဆိုင်ရရှိလေလေပါပဲ။

နာကြည်းစိတ်များနေမယ်ဆိုရင်

တချို့လူတွေက အတိတ်က ကိုယ့်ကို နာကျင်စေတဲ့ ဖြစ်ရပ်တွေကို ပြန်ပြောင်း တွေးတောရင်း အဲဒီအတိတ်ထဲမှာ ကိုယ့်ဘ၀တစ်ခုလုံး ပိတ်မိနေတာ၊ ဒေါသ၊ အာဃာတ၊ မလိုမုန်းထားခြင်းဆိုတဲ့ ၀ဲကယက်ကနေ ရုန်းမထွက်နိုင်အောင် ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ကျန်းမာရေးကို ထိခိုက်ပြီး နာတာရှည်ခံစားရတဲ့ ရောဂါတွေ စွဲကပ်လာနိုင်ပါတယ်။ ဒီအကြောင်းကို သမားတော်ကြီး ပါမောက္ခ ဦးကိုကိုလှက အခုလို ရှင်းပြပါတယ်။

ဒေါသထွက်တာကို မထိန်းချုပ်နိုင်ဘူးဆိုရင်

ရုတ်တရက်ဖြစ်တတ်တာက နှလုံးခုန်မြန်တတ်ပါတယ်၊ သွေးဖိအားက ဆောင့်တိုးသွားတတ်ပါတယ်၊
နှလုံးရောဂါလို ရောဂါအခံရှိသူတွေမှာ အခန့်မသင့်ရင် နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်သွားနိုင်ပါတယ်။ ဒေါသဖြစ်တဲ့အခါ ဘာကိုမှ သတိမမူမိတော့ဘဲ ကိုယ့်ကို ဒေါသဖြစ်စေတဲ့သူကို အနာတရဖြစ်အောင် တုံ့ပြန်မိရင် ရာဇ၀တ်မှု ကျူးလွန်သလို ဖြစ်သွားနိုင်ပါတယ်“ခွင့်မလွှတ်ပဲ နာကြည်းစိတ်များနေမယ်ဆိုရင်တော့ အိပ်မပျော်ခြင်း၊ သောကရောက်ခြင်း၊ မကျေနိုင်မချမ်းနိုင် ဒေါသထွက်နေခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဓါတ်ကျခြင်း စတာတွေ ခံစားရပြီး ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေထိခိုက်လာကာကိုယ်ခံစွမ်းအားစနစ်ကျဆင်းလာတတ်ပါတယ်တခြားသူတစ်ဦးကို
ဒေါသထွက်ကာခွင့်မလွတ်နိုင်တာကြောင့်ကိုယ့်မှာထိခိုက်စေနိုင်တဲ့ကျန်းမာရေးအန္တရာယ်တွေက ကြောက်
စရာကောင်းလှပါတယ်။

ခွင့်လွတ်ကျေအေးလိုက်မယ်ဆိုရင်

တစ်စုံတစ်ယောက်က သူပြောမိ ပြုမိတဲ့အရာအတွက် တောင်းပန်တဲ့အခါ သဘောထားကြီးမားစွာနဲ့ ခွင့်လွှတ်ကျေအေး တတ်ဖို့လိုပါတယ်။ ခွင့်လွှတ်ကျေအေးတတ်ပြီး စိတ်ထားအေးချမ်းတဲ့သူတွေဟာ စိတ်ဖိစီးမှု၊ ရန်လိုမှု၊ စိတ်ဓါတ်ကျခြင်း၊ ပူပင်သောကရောက်ခြင်း၊ နာတာရှည် နာကျင်ခြင်း၊ အရက်နဲ့ မူးယစ်ဆေးဝါးစွဲခြင်း၊ သွေးတိုးခြင်း စတဲ့ စိတ်နဲ့ဆက်စပ်ပြီး ဖြစ်လာတဲ့ ရောဂါပြဿနာတွ ကင်းဝေးပြီး ဘ၀မှာ သက်ရှည်နေပျော်စွာ ဖြတ်သန်းနိုင်မှာပါ။ခွင့်လွှတ်သည်းခံတတ်သူတိုင်း ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ အကြောင်းကို ပါမောက္ခ ဦးကိုကိုလှက အခုလို ရှင်းပြပေးထားပါတယ်။

ဒေါသကိုအလွယ်တကူ မောင်းထုတ်နိုင်မယ်ဆိုရင်

စိတ်ဖိစီးမှုဆိုင်ရာStressHormone တွေ လျော့နည်းသွားပြီး စိတ်အေးချမ်းမှု ရရှိမှာပါ၊ စိတ်အေးချမ်းတဲ့သူဟာ သွေးတိုး၊ နှလုံးစတဲ့နာတာရှည်ရောဂါဘယတွေကင်းဝေးတဲ့အပြင်အိုမင်းရင့်ရော်ခြင်းတွေ
လျော့ပါးပြီးအရွယ်တင်နုပျိုနေမှာ ဖြစ်ပါတယ်ခွင့်လွှတ်သည်းခံတတ်တဲ့လုပ်ရပ်ဟာ ကောင်းမှန်း၊ မြင့်မြတ်မှန်းသိပေမယ့်
ဒေါသထွက်အောင် ပြောဆိုပြုမူတဲ့အခါ အလွယ်တကူ သည်းခံနိုင်ဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲနေမှာပါ။ ကိုယ်မှားမှန်းသိပေမယ့် ကိုယ့်အမှားကို ၀န်ချတောင်းပန်တတ်ဖို့ မလွယ်ကူသလိုပါပဲ၊ ဒါပေမယ့် သည်းခံခွင့်လွှတ်တတ်ခြင်းနဲ့ အမှားကို တောင်းပန်တတ်ခြင်း တွေဟာ မင်္ဂလာရှိတဲ့ လုပ်ရပ်တွေပါ။ ဒါကြောင့်တစ်စုံတစ်ယောက်ကြောင့် စိတ်ဆိုးမိရတဲ့အခါ စိတ်ထားတတ်အောင် လုပ်ဆောင်နိုင်ဖို့

( အောက်ပါနည်းလမ်းတွေကို ဝေမျှလိုက်ပါတယ် )

စိတ်ကို တည်ငြိမ်အောင်ထားပါ

ဒေါသကို လျော့ချနိုင်ဖို့ ရိုးစင်းလွယ်ကူတဲ့ နည်းလမ်းကို ကျင့်သုံးပါ။ ထိုနည်းတွေကတော့ အသက်ပြင်းပြင်း ရှူသွင်း၊ ရှုထုတ်ပြီး သင့်ကို ကြည်နူးစေတဲ့အရာကို တွေးတောခြင်း ဒါမှမဟုတ် လှပတဲ့ရှုခင်းကို ကြည့်ခြင်း၊ ဒါမှမဟုတ် သင်ချစ်တဲ့သူကို ကြည့်ခြင်းတွေပဲဖြစ်ပါတယ်။

တောင်းပန်သည့်အထိ မစောင့်ပါနှင့်

သင့်ကို နာကျင်အောင်လုပ်တဲ့ လူတိုင်းမှာတော့ တောင်းပန်ချင်တဲ့စိတ်ရှိလိမ့်မယ်လို့ မျှော်လင့်မထားပါနဲ့။ သူတို့မှာ အစကတည်းက သင့်ကို နာကျင်စေချင်တဲ့ ရည်ရွယ်ချက်ရှိနေနိုင်တာကြောင့်ပါ။ ဒါပေမယ့် သူတို့ဖြစ်စေချင်တဲ့အတိုင်း မဖြစ်စေရဘူးဆိုပြီး သင့်စိတ်ကို အေးချမ်းတည်ငြိမ်အောင် ထားလိုက်ပါ။ ဒါက သူတို့ကို ပြေလည်အောင် ပြန်ဆက်ဆံ ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ကို လစ်လျူရှုပစ်လိုက်ဖို့ကို ဆိုလိုတာပါ။

တခြားသူများ၏ အမြင်ကို ဂရုစိုက်ပါ…

သင့်ကို နာကျင်နစ်နာအောင် လုပ်သူကြောင့် သင့်ကိုသင် ယုံကြည်မှု၊ သင့်ဘ၀ရပ်တည်မှုနဲ့ သင့်စိတ်ဓါတ် ယိမ်းယိုင် ထိပါးသွားတယ်ဆိုရင် သင့်ကို တန်ဖိုးထား ယုံကြည်သူတွေ အများကြီးကို လှည့်ကြည့်လိုက်ပါ။

ခွင့်လွှတ်ခြင်း၏ အကျိုးကျေးဇူးကို နားလည်ပါ

ခွင့်လွှတ်တတ်တာဟာ စွမ်းအင်ပိုရှိစေပြီး အစာချေဖျက်အားကောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေကြောင်း သုတေသနတွေက လေ့လာဖော်ပြပြီးပါပြီ။ ဒါကြောင့် ခွင့်လွှတ်ခြင်းရဲ့ အကျိုးကျေးဇူးကို အရယူပါ။

သင့်ကိုယ်သင် ခွင့်လွှတ်ပါ

ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်ဖို့ စိန်ခေါ်မှုကြီးတစ်ရပ်လို ဖြစ်နေသူတွေ လောကမှာ အများကြီးရှိပါတယ်။ လူတိုင်း အမှားနဲ့ မကင်းနိုင်ပါဘူး။ ကိုယ့်အမှားကို သိပြီး အမှန်ကို ပြင်နိုင်တာကသာ လူတော်လူကောင်းတွေရဲ့ လုပ်ရပ်ဖြစ် တာကြောင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တည်ဆောက်ယူသင့်ပါတယ်။

လူတိုင်း ခွင့်လွှတ်သည်းခံတတ်ပြီး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ


ကမ္ဘာသစ် မှ လက်ဆင့်ကမ်း မျှဝေပေးပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။