AD 2013 ဆိုတဲ့ မရောက်ဖူးသေးသော ခုနှစ် သိပ်မကြာခင် ရောက်လာတော့မယ်။
...
ခရစ်ယာန် လောကမှာတော့ ခရစ္စမတ် ကနေ နှစ်သစ်ကူး အထိ တဆက်ထဲ အပျော်ဆုံးသော အချိန်တွေ ဖြစ်ပါတယ်။ ခရစ္စမတ်အချိန်ကတော့ ခရစ်တော်မွေးနေ့၊ နှစ်သစ်ကတော့ ခရစ်နှစ် ပြောင်းချိန် မို့လို့ပါ။
AD - ဆိုတာ Anno Domini ရဲ့ အတိုကောက်၊ အဓိပ္ပါယ်ကတော့ သခင့်ရဲ့ နှစ်များ (Years of the Lord) လို့ဆိုပါတယ်။ မြန်မာလိုကတော့ အတိုကောက် ခရစ်နှစ် လို့ သမုတ်တယ်။ သဘောက ခရစ်တော်မွေးတဲ့ နှစ်ကနေ စပြီး ရေတွက်တဲ့ နှစ် စနစ်တခုကို ဘုန်းတော်ကြီး Dionysius Exiguus ကတီထွင်ခဲ့တာ။ ဒါပေမယ့် ဒီ ပြက္ခဒိန် စနစ်ကို ခရစ်တော် မပေါ်မီ ရောမ ဘုရင်ကြီး ဂျူးလိယက်ဆီဆာ က စထွင်ခဲ့တာပါ။
AD မတိုင်မီတော့ BC လို့ခေါ်တယ်။ သက္ကရာဇ်မှာ သုည မရှိဘူး တဲ့။ အေဒီ ၁ ရဲ့ မတိုင်မီ တော့ ဘီစီ ၁ ပေါ့။ ဘီစီ ကို အရင်တုန်းကတော့ သက္ကသိုလ် နဲ့ ပညာရေး လောက (အဲဒီတုန်းကတော့ ဒဿနပညာရေး အဓိက) ကို ခရစ်ယာန် ဘုန်းတော်ကြီးများ ဦးဆောင်ခဲ့စဉ်မို့လို့ Before Christ လို့ပြောတယ်။ နောက်ပိုင်း ခေတ်ပညာတိုးတက်လာတော့ ခရစ်ယာန်မဟုတ်တဲ့ ပညာရေး လောကမှာ Before Common Era (BCE) ဆိုပြီး ပြန်သုံးပါတယ်။
တိုက်ဆိုင်မှုလေလားတော့ မသိပါ။ ရောမတွေဟာ အေဒီ ၃၀၀ ရာစုအထိ ခရစ်ယာန်တွေကို နှိပ်ကုပ် ခဲ့တာပါ။ ဒါပေမယ့်၊ သူတို့ ဘုရင် တီထွင်ခဲ့တဲ့ ပြက္ခဒိန် စနစ်ကပဲ နောက်ဆုံးတော့ ခရစ်သက္ကရာဇ် ဖြစ်လာတယ်။ ဒီနေ့တော့ ဒီ ပြက္ခဒိန် စနစ်ကပဲ လူသား ကမ္ဘာ တခုလုံးကို မောင်းနှင်နေပါပြီ။
ဘာသာတရား မတူသော်လည်း၊ ဒီ ပြက္ခဒိန် ရဲ့ ခုနှစ်၊ လ တွေရေတွက်ရင်း အလွမ်းအဆွေးလေးတွေ ဝေငှကြတာ တူပါတယ်။ နှစ်သစ်ရောက်တိုင်း အပျော်ကူးခဲ့တာလဲ အတူတူပါ။
၂၀၁၃ မှာ အားလုံး အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။