Story Time: ကလေးတို့ရေ ပုံပြင်နားထောင်ကြရအောင်...
The Crow and The Eagle.
ကျီးကန်းနှင့် လင်းယုန်ငှက်
There lived a crow on a tree top. Every day he used to watch with utter wonder the acts of an eagle.
သစ်ပင်တစ်ပင်ပေါ်မှာ ကျီးကန်းတစ်ကောင်နေလေရဲ့။ သူဟာ နေ့စဉ်လို လင်းယုန်ငှက်တစ်ကောင်ရဲ့ လုပ်ဆောင်ချက်တွေကို အံ့အားသင့်စွာ စောင့်ကြည့်လေ့ရှိသတဲ့။
The eagle had a nest high up on a mountain. He used to swoop down from there to get hold of a lamb and fly up again and all in one go.
လင်းယုန်ငှက်ရဲ့ အသိုက်က ဟိုးတောင်ထိပ်အမြင့်ကြီးဆီမှာပေါ့။ သူဟာ အဲဒီအမြင့်ကြီးကနေ လွှားကနဲပျံချလာပြီး သိုးတစ်ကောင်ကို ထိုးသုတ်ယူကာ တခါတည်းတောင်ထိပ်ပေါ်ကိုတန်း ပျံနိုင်တာကိုး။
The crow was amazed by the feat of the eagle.
ကျီးကန်းခမျာ လင်းယုန်ငှက်ရဲ့ စွမ်းဆောင်နိုင်မှုကို အားကျအံ့သြသတဲ့။
One day he was so excited that he wanted to imitate the eagle. So up he flew as high as he could. From there he began to swoop down. He came down and down. But alas, he could not control himself. He crashed on the ground and broke his beak.
တနေ့တော့ သူဟာ စိတ်မထိန်းနိုင်ဘဲ လင်းယုန်ငှက်လို လိုက်လုပ်ချင်လာသတဲ့လေ။ ဒီလိုနဲ့ သူဟာ မြင့်နိုင်သမျှအမြင့်ဆုံး ပျံတက်သွားပြီး အဲဒီကနေ အောက်ကိုလွှားကနဲပျံချလိုက်တ ယ်။ အလိုလေး ဒုက္ခပါလား၊ သူဟာကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘူးလေ။ ကျီးကန်းဟာ မြေကြီးပေါ်အရှိန်နဲ့ထိုးကျတာ နှုပ်သီးကျိုးသွားရှာလေရဲ့။
MORAL : Thoughtless imitation will end in danger.
ဥပဒေသ။ မစဉ်းစား မဆင်ခြင်ဘဲ တုပခြင်းကြောင့် ဒုက္ခနှင့်အဆုံးသတ်ရတတ်သည်။
With love,
Dr.Soe Than
November 13, 2017
( စာမြည်းပေးတာပါ။ ကလေးလေးတွေ စာရိတ္တတည်ဆောက်ရေးအတွက် ဒီလိုစာအုပ်လေးပြုစုနေတယ်။ အင်္ဂလိပ်စာလည်း သူတို့နားလည်နိုင်တဲ့ အဆင့်လောက်နဲ့ ဝေါဟာရတွေ၊ လေ့ကျင့်ခန်းလေးတွေပါ ထည့်ရေးနေတယ်။)
The Crow and The Eagle.
ကျီးကန်းနှင့် လင်းယုန်ငှက်
There lived a crow on a tree top. Every day he used to watch with utter wonder the acts of an eagle.
သစ်ပင်တစ်ပင်ပေါ်မှာ ကျီးကန်းတစ်ကောင်နေလေရဲ့။ သူဟာ နေ့စဉ်လို လင်းယုန်ငှက်တစ်ကောင်ရဲ့ လုပ်ဆောင်ချက်တွေကို အံ့အားသင့်စွာ စောင့်ကြည့်လေ့ရှိသတဲ့။
The eagle had a nest high up on a mountain. He used to swoop down from there to get hold of a lamb and fly up again and all in one go.
လင်းယုန်ငှက်ရဲ့ အသိုက်က ဟိုးတောင်ထိပ်အမြင့်ကြီးဆီမ
The crow was amazed by the feat of the eagle.
ကျီးကန်းခမျာ လင်းယုန်ငှက်ရဲ့ စွမ်းဆောင်နိုင်မှုကို အားကျအံ့သြသတဲ့။
One day he was so excited that he wanted to imitate the eagle. So up he flew as high as he could. From there he began to swoop down. He came down and down. But alas, he could not control himself. He crashed on the ground and broke his beak.
တနေ့တော့ သူဟာ စိတ်မထိန်းနိုင်ဘဲ လင်းယုန်ငှက်လို လိုက်လုပ်ချင်လာသတဲ့လေ။ ဒီလိုနဲ့ သူဟာ မြင့်နိုင်သမျှအမြင့်ဆုံး ပျံတက်သွားပြီး အဲဒီကနေ အောက်ကိုလွှားကနဲပျံချလိုက်တ
MORAL : Thoughtless imitation will end in danger.
ဥပဒေသ။ မစဉ်းစား မဆင်ခြင်ဘဲ တုပခြင်းကြောင့် ဒုက္ခနှင့်အဆုံးသတ်ရတတ်သည်။
With love,
Dr.Soe Than
November 13, 2017
( စာမြည်းပေးတာပါ။ ကလေးလေးတွေ စာရိတ္တတည်ဆောက်ရေးအတွက် ဒီလိုစာအုပ်လေးပြုစုနေတယ်။ အင်္ဂလိပ်စာလည်း သူတို့နားလည်နိုင်တဲ့ အဆင့်လောက်နဲ့ ဝေါဟာရတွေ၊ လေ့ကျင့်ခန်းလေးတွေပါ ထည့်ရေးနေတယ်။)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။