. [Zawgyi]
“ မဖြစ်နိုင်ဘူးလို့ မပြောပါနဲ့ “
ဒီအဖြစ်အပျက်ခဲ့တဲ့ ကာလက ၁၉၉၉ ခုနှစ် မေလရဲ့တစ်နေ့သော ညနေခင်း ဆရာဝန်ပေါက်စတွေဖြစ်တဲ့ အင်နာ၊ မေရီနဲ့ တော်ဗင်တို့ဟာ နော်ဝေးနိုင်ငံမြောက်ပိုင်း က
ပါးစပ်နဲ့နှာခေါင်းကို ရေနဲ့လွတ်အောင် ဆွဲမော့ထားနိုင်တယ်။ အပေါ်ရေခဲပြင်
တုတ်တုတ်မှမလှုပ် ရေခဲပြားကြီးကြားမှာ ညှပ်သွားပြီး တစ်နာရီခွဲအကြာ ည ၈
ပို့လိုက်ကြပါတယ်။
………
Ref: NetGuide Journal
--------------------------
. [Unicode]
လောကကြီးထဲမှာ ကိုယ့်လက်ရှိစွမ်းဆောင်ရည်အ ရ မဖြစ်နိုင်ဘူးလို့ဆုံးဖြတ်ရ တဲ့အရာတွေရှိပါတယ်။
နာမည်ကြီးတက်ကျမ်းဘာသာပြန် ဆရာတစ်ယာက်ရေးတဲ့ စာအုပ်ထဲကဟာလိုမျိုးပေါ့။
ဘ၀ကိုသုညကစပြီး ငါးနှစ်အတွင်း ဒေါ်လာတစ်သန်းတန်အိမ်
ပိုင်ဆိုင်ရမယ်ဆိုတဲ့ကိစ္စမ ျိုး။ သူတို့ဆီမှာမလွယ်သလို နိုင်ငံရေးစီးပွားရေးအခြေအန ေတွေ တွက်ဆဖို့ခက်တဲ့ ကျွန်တော်တို့ဆီမှာ ပိုပြီးမလွယ်ပါဘူး။ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ခက်ခဲလွန်းနေတာကို ပြောတာပါ။
ဒါပေမဲ့ တစ်ချိန်မှာ ခက်ခဲလွန်းပြီး ဖြေရှင်းလို့မရဘူးထင်တဲ့ကိစ ္စတွေဟာ နောက်တစ်ချိန်မှာလူသားတွေရဲ ့ကြံဆမှုတွေ၊ နည်းပညာတွေနဲ့ ဖြေရှင်းလို့ရသွားတာတွေရှိပ ါတယ်။
အခုဆောင်းပါးဟာ တက်ကျမ်းလား။ မဟုတ်ပါဘူး။ လက်တွေ့လောကထဲက အဖြစ်အပျက်ပါ။
မဖြစ်နိုင်ဘူးလို့ တစ်ချိန်က လက်လျော့ခဲ့ရတဲ့ကိစ္စကို လူသားတွေရဲ့
ကြိုးစားအားထုတ်မှုရယ် နည်းပညာရယ်ကူညီပြီးဖြေရှင်း ခဲ့တဲ့ လက်တွေ့အဖြစ်အပျက်ပါ။ တက်ကျမ်းမဟုတ်သလို ကိုယ်ရည်သွေးဆောင်းပါးလည်း မဟုတ်ပါဘူး။
ဖြေရှင်းဖို့မဖြစ်နိုင်တဲ့က ိစ္စလို့
ဘာကြောင့်ပြောတာပါလဲ။ အသက်တစ်ခုနဲ့ရင်းပြီး လောင်းကြေးထပ်ရတဲ့
ကိစ္စဖြစ်နေလို့ပါ။ လူတစ်ယောက်ရဲ့သေခြင်းနဲ့ ရှင်ခြင်းကို စည်းခြားထားတဲ့
နယ်ခြားမျဉ်းက ဘာလဲ။ ဦးနှောက်ကထွက်တဲ့ အာရုံလှိုင်းတွေဖြစ်ပါတယ်။
ဦးနှောက်အာရုံလှိုင်းတိုင်း တဲ့ကိရိယာနဲ့တိုင်းကြည့်လို ့
ဘာလှိုင်းမမတွေ့ရဘူးဆိုရင် ဦးနှောက်သေပြီလို့ သတ်မှတ်ပါတယ်။ ဦးနှောက်သေရင်
လူသေတာပဲလို့ ဆေးပညာလောကက ဆုံးဖြတ်ပါတယ်။ နှလုံးခုန်ရပ်တာနဲ့ လူသေပြီလို့
ဆုံးဖြတ်တဲ့ခေတ်မဟုတ်တော့ပါ ဘူး။
ဟုတ်ပြီဗျာ။ နှလုံးခုန်ရပ်သွားပြီ။ ရပ်တာမှ ခဏလေးတောင် မဟုတ်ဘူး။ နှစ်နာရီလောက်ရပ်သွားတာ။ အသက်လည်းလုံး၀မရှုတော့ဘူး။ သွေးမလျှောက်တဲ့ခန္ဓာကိုယ်က လည်း တစ်ကိုယ်လုံးပြာနှမ်းနေပြီ။
ခန္ဓာကိုယ်အပူချိန်က မူမှန်လို့ သတ်မှတ်ထားတဲ့ ၉၈.၆ ဒီဂရီဖာရင်ဟိုက်ကနေ
ထက်၀က်နီးပါးကျသွားပြီ။ သွေးအထောက်အပံ့ မရတဲ့အတွက်
ဦးနှောက်ကအလုပ်မလုပ်တော့ဘူး ၊ ဘာအာရုံမှမထွက်တော့ဘူး။ မျောနေတဲ့ coma အဆင့်လား၊ အဲဒီအဆင့်ထက် အများကြီးပိုပြီး သေမင်းနိုင်ငံဘက်ရောက်နေပါတ ယ်။ ဒီလိုလူအသက်ရှင်ဖို့ လုံး၀မဖြစ်နိုင်ပါဘူး။ မှန်ပါတယ်။ အသက်ရှင်ဖို့ လုံး၀မဖြစ်နိုင်တဲ့ လူတကယ်ဘဲ အသက်ပြန်ရှင်လာခဲ့ပါတယ်။
ဒီအဖြစ်အပျက်ခဲ့တဲ့ ကာလက ၁၉၉၉ ခုနှစ် မေလရဲ့တစ်နေ့သော ညနေခင်း ဆရာ၀န်ပေါက်စတွေဖြစ်တဲ့ အင်နာ၊ မေရီနဲ့ တော်ဗင်တို့ဟာ နော်ေ၀းနိုင်ငံမြောက်ပိုင်း က ဂျိုလန်တောင်ကြောပေါ်မှာ စကိတ်စီးနေကြပါတယ်။ သူတို့စကိတ်စီးတဲ့လမ်းက ပုံမှန်သတ်မှတ်ပေးထားတဲ့ လမ်းကြောပေါ်မှာမဟုတ်ပါဘူး။ off-road လို့ခေါ်တဲ့ သီးခြားတောလမ်း အတိုင်းစီးနေကြတာပါ။ သုံးယောက်စလုံးက စကိတ်စီးကျွမ်းကျင်ကြပါတယ်။ စကတ်စီးလမ်းကြောင်းထဲကို အင်နာက ယုံကြည်မှုအပြည့်နဲ့ ရှေ့ကထွက်လိုက်ပါတယ်။
ကံဆိုးတယ်ပြောရမယ်ထင်ပါရဲ့။
အင်နာတစ်ယောက် ဟန်ချက်လွတ်သွားပါတယ်။ ခပ်လှမ်းလှမ်းကကြည့်နေတဲ့ မေရီနဲ့
တော်ဗင်တို့ မျက်စိရှေ့မှာပဲ အင်နာဟာ တောင်ကိုပတ်စီးနေတဲ့
ရေခဲစမ်းချောင်းလေးထဲ ဂျွမ်းစိုက်ကျသွားပါတယ်။ သူရဲ့အလေးချိန်ရယ်၊
ပြုတ်ကျတဲ့အရှိန်ရယ်ကြောင့် စမ်းချောင်းလေးထဲက ရေခဲပြင်မှာ အပေါက်ဖြစ်သွားပါတယ်။ အပေါက်ကနေ အောက်မှာရှိတဲ့ရေပြင်အထိ ခန္ဓာကိုယ်ထက်၀က်လောက် ကျွံ၀င်သွားပါတယ်။
ရေစီးရေလာရှိတဲ့ ချောင်းတွေ မြောင်းတွေရဲ့ ရေခဲပြင်တွေဟာ အပေါ်ယံကြောတင်းပြီးခဲနေပေမ ယ့် အောက်ပိုင်းမှာ ရေက ခဲတာမဟုတ်ပါဘူး။ အင်နာဟာ ရေခဲပြင်ထဲခေါင်းစိုက်ကျွံက ျပြီး
ရင်ဘတ်ပိုင်းအောက်က ရေခဲကြားထဲညပ်နေပါတယ်။ အ၀တ်အစားတွေက ရေစုတ်ပါတယ်။
အလေးချိန်ပိုများလာတော့ လူက အထဲကို ပိုပြီးကျွံ၀င်သွားပါတယ်။
စမ်းချောင်းကလည်း ရေစီးနေတဲ့ချောင်း၊ ဒါကြောင့် အင်နာဟာ
ရေခဲအပြားကြီးကြားမှာခေါင်း စိုက်ရင်းနဲ့ ရေစီးနဲ့အတူ မျောပါသွားပါတယ်။ မျောပါနေရင်းလည်း ခန္ဓာကိုယ်က ရေခဲပြားကြီးအောက်ကို ကျွံ၀င်သည်ထက် ၀င်လာပါတယ်။
မေရီနဲ့ တော်ဗင်က အချိန်မီပြေးလာပြီး၀ိုင်းဆွ ဲလို့
စကိတ်စီးနေတဲ့ ဖိနပ်နေရာကနေ ဆွဲထားလိုက်နိုင်ပါတယ်။ ဒါကြောင့်လည်း
ရှေ့ဆက်မျောပါပြီး ရေခဲပြင်အောက်ထဲ အင်နာရောက်မသွားတာပေါ့။
ရေခဲပြားကြီးအောက်ထဲ ခေါင်းကျွံ၀င်နေတဲ့အင်နာဟာ သတိရနေပါသေးတယ်။
ပါးစပ်နဲ့နှာခေါင်းက်ို ရေနဲ့လွတ်အောင် ဆွဲမော့ထားနိုင်တယ်။ အပေါ်ရေခဲပြင်
အောက်ကစီးနေတဲ့ရေစီးကြောင်း ကြားထဲမှာ လေရှိတဲ့ ကြားခံကွက်လပ်လေးတစ်ခုရှိနေ တာဟာ
သူ့အတွက် ကံကောင်းတယ်လို့ ဆိုရမှာပါပဲ။ ဒါပေမဲ့ ရေခဲမှတ်နီးနီး
အေးစက်နေတဲ့ရေထဲမှာ အသက်ရှင်ဖို့ အင်နာတစ်ယောက် ရုန်းကန်နေရပါတယ်။
ရေခဲပြင်ရဲ့အအေးဓာတ်နဲ့ရင်ဆ ိုင်ရတဲ့ ပထမသုံးလေးမိနစ်လောက်အတွင်း မှာပဲ အင်နာရဲ့ကိုယ်တွင်းအပူချိန် ထိုးချသွားပါတယ်။ တော်ဗင်က ဖုန်းဆက်ခေါ်လို့ ကယ်ဆယ်ရေးအဖွဲ့နှစ်ဖွဲ့ရောက ်လာတယ်။
ပထမတစ်ဖွဲ့က တောင်ပေါ်စခန်းကဖြစ်ပြီး နောက်တစ်ဖွဲ့က တောင်ခြေမှာရှိတဲ့
နာဗစ်မြို့လေးကဖြစ်ပါတယ်။ ပထမအဖွဲ့က ရေခဲပြင်ကိုထိုးခွဲပြီး
အင်နာကိုဆွဲမထုတ်နိုင်ပါဘူး ။ အင်နာခဗျာ ရေခဲပြားကြီးထဲမှာ ယက်ကန်ယက်ကန် ။ ပတ်၀န်းကျင်အပူချိန်ကနိမ့်လ ွန်းတော့ ခန္ဓာကိုယ်ဟာရှိသင့်တဲ့အပူခ ျိန်အောက် အများကြီးရောက်သွားပါတယ်။ ဒါကြောင့်နောက်ပိုင်းမှာ ခန္ဓာကိုယ်ဟာ ယက်ကန်ယက်ကန် မနေနိုင်တော့ဘဲ ပျော့ခွေဆင်းသွားပါတယ်။
အအေးဓာတ်ကြောင့် နှလုံးခုန်တာလုံး၀ရပ်သွားတယ ်။ အသက်မရှုတော့ဘူး။ ဦးနှောက်ကလည်း မေ့ဆေးအပေးခံထားရသလို အလုပ်မလုပ်တော့ပါဘူး။ ဒုတိယကယ်ဆယ်ရေးအဖွဲ့ရောက်လာ ပြီး
နောက်ထပ်မိနစ်လေးဆယ်ကြာမှ အင်နာကို ရေခဲကြား ဆွဲထုတ်နိုင်တယ်။
နှလုံးမခုန်၊ အသက်မရှု၊ သွေးမလျှောက်တော့ဘဲ ပြာနှမ်းနှမ်းလူတစ်ယောက်၊
ခန္ဓာကိုယ်အပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်ပဲရှိတော့တဲ ့ သေလူတစ်ယောက်ကို သေမင်းလက်ကပြန်ဆွဲထုတ်ရင် ဘာတွေက စိန်ခေါ်လာဦးမှာလဲ။
အင်နာအသက်ရှင်အောင် ခန္ဓာကိုယ်တစ်ခုလုံး သွေွးလည်ပတ်ဖို့လိုတယ်။ အောက်ဆီဂျင်ပြည့်၀တဲ့သွေးတွ ေ
ခန္ဓာကိုယ်အနှံ့ရောက်ဖို့ လိုတယ်။ ကယ်ဆယ်ရေးသမားတွေက ထုံးစံအတိုင်း
ရင်ဘတ်ကိုလက်နဲ့ ဖိလိုက်၊ ကြွလိုက်၊ ပါးစပ်ချင်းတေ့ပြီး
လေမှုတ်သွင်းလိုက်နဲ့ အတော်လေးကြိုးစားကြပါတယ်။ ဒါပေမဲ့ အင်နာက
တုတ်တုတ်မှမလှုပ် ရေခဲပြားကြီးကြားမှာ ညှှပ်သွားပြီး တစ်နာရီခွဲအကြာ ည ၈
နာရီမှာမှ အင်နာကို ကယ်ဆယ်ရေးရဟတ်ယာဉ်ပေါ် တင်နိုင်ပါတယ်။ ရဟတ်ယာဉ်က
နေရာကျဉ်းကျဉ်း၊ အသံက ဆူဆူ၊ ဒါကြောင့် ရဟတ်ယာဉ်ထဲမှာ အရေးပေါ်သူနာပြု
အသက်ကယ်အစီအစဉ်ကိုအကောင်အထည ်ဖော်ဖို့ခက်လှပါတယ်။
ထရမ်ဆိုတက္ကသိုလ်ဆေးရုံကို ရဟတ်ယာဉ်ရောက်ချိန်မှာ အင်နာရဲ့နှလုံး အလုပ်မလုပ်တာ ၂ နာရီရှိပြီ။ ကိုယ်အပူချိန်က ၁၃.၇ ဒီဂရီစင်တီဂရိတ်ပဲရှိတော့တယ ်။
ဆေးပညာသမိုင်းမှာ အသက်ကယ်လို့ရခဲ့တဲ့ အဆိုးရွားဆုံးလူနာရဲ့
ကိုယ်အပူချိန်ထက်တောင် အောက်ရောက်နေပါသေးတယ်။ ရှေ့ရေးမျှော်လင့်ချက်က
ခပ်မှိန်မှိန်၊ ဒါပေမဲ့ ထရွမ်ဆိုဆေးရုံက ပညာရှင်တွေဟာ
ရှေ့ဆက်ကြိုးစားကြည့်ဖို့ လမ်းရွေးလိုက်ပါတယ်။အသက်ကယ် အဖွဲ့ကို ဦးဆောင်တာက မေ့ဆေးဆရာ၀န်ပါ။ သူဦးဆောင်ပြီး အင်နာကို ခွဲခန်းထဲရွေ့တယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်အပူချိန်တက်လာအော င် လုပ်ရမယ့်အလုပ်က အကြီးမားဆုံးစိန်ခေါ်မှုဖြစ ်ပါတယ်။ အနွေးဓာတ်ပေးထားတဲ့ ခွဲစိတ်ခန်းထဲမှာ စောင်အထပ်ထပ်ခြုံပေးတာတောင် အင်နာရဲ့ခန္ဓာကိုယ်က နွေးမလာပါဘူး။
သူ့ခန္ဓာကိုယ်ကို ပြန်နွေးလာအောင်လိုတဲ့အပူဓာ တ်ဟာ ရေနွေးအိုးတစ်ဒါဇင်ကို ဆူစေလောက်တဲ့အပူဓာတ်။ ပြီးတော့ ဒီအပူဓာတ်ဟာ ကိုယ်ခန္ဓာထဲမှာ မြန်မြန်ဆန်ဆန်ပျံ့သွားရမယ် ။
ခန္ဓာကိုယ်ကိုဘေးလည်း မဖြစ်စေရဘူး။ ဒီရည်ရွယ်ချက်တွေကို
ပြီးမြောက်စေနိုင်တာက hear-lung bypass machine ပါ။ နှလုံးကိုရပ်ထားပြီး
ခွဲစိတ်ရတဲ့ နှလုံးဖွင့်ခွဲစိတ်မှုမျိုး မှာသုံးနိုင်အောင် တီထွင်ထားတဲ့နည်းပညာပစ္စည်း ပါ။ ပထမမှာ အင်မတန်အေးစက်နေတဲ့ အင်နာရဲ့သွေးတွေကို ဒီစက်ထဲဖြတ်မောင်းရပါတယ်။ စက်ထဲ၀င်လာတဲ့သွေးကို အနွေးပေးပြီးခန္ဓာကိုယ်ထဲပြ န်သွင်းရပါတယ်။ ဒီနည်းနဲ့ကြိုးစားအပြီး မိနစ်သုံးဆယ်အကြာမှာ အင်နာရဲ့ကိုယ်တွင်းအပူချိန် ဟာ ၃၁ ဒီဂရီစင်တီဂရိတ်ထိ ပြန်တက်လာပါတယ်။
သွေးနွေးလာတဲ့အချိန်မှာ နှလုံးကလည်းနွေးလာပြီး အလုပ်ပြန်လုပ်ပါတယ်။ ပထမတော့ စည်းချက်မမှန်ဘဲ ခုန်တစ်ချက် မခုန်တစ်ချက်။ နောက်ပိုင်းတဖြည်းဖြည်းခုန် ချက်မှန်လာပြီး ည ၁၀ နာရီကျော်ကျာ်မှာ နှလုံးဟာ အပြင်ကအကူအညီပေးစရာမလိုဘဲ ပုံမှန်ခုန်လာပါတယ်။ အင်နာရဲ့အသက်ကိုကယ်ဖို့ကြို းစားရင်း ရင်ခေါင်းညာဘက်ထဲက သွေးကြောတစ်ချောင်းဒဏ်ရာရပြ ီး သွေးတွေထွက်လာပါတယ်။ ပုံမှန်အပူချိန်မရောက်သေးတဲ ့ ခန္ဓာကိုယ်မှာ သွေးထွက်ရင် သွေးကလွယ်လွယ်နဲ့မခဲပါဘူး။ဒ ါကြောင့်
ရင်ခေါင်းခွဲစိတ်ဆရာ၀န်က ရင်ခေါင်းဖွင့်ပြီး သွေးထွက်တဲ့ သွေးကြောကို
ရှာရပါတယ်။ သွေးတိတ်အောင် လုပ်ရပါတယ်။ နာရီအတော်ကြာပြီးတဲ့အခါမှာ
အခြေအနေတည်ငြိမ်လာပြီမို့ အင်နာကို အိုင်စီယူ (အထူးကြပ်မတ်ကုသခန်း) ထဲ
ပို့လိုက်ကြပါတယ်။
အဲဒီအခန်းထဲမှာ ဆယ့်နှစ်ရက်တိတိ ကြိုးစားကုသပြီးတဲ့နောက်မှာ အင်နာမျက်လုံးဖွင့်လာနိုင်ပ ါတယ်။ အလုပ်မလုပ်တဲ့ကျောက်ကပ်တွေက လည်း ပြန်ပြီးကောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ ရေခဲဲပြင်ထဲခေါင်းစိုက်ပြီး ကျခဲ့တဲ့အတွက် ကျောရိုးအာရုံကြောမကြီး ဒဏ်ဖြစ်သွားခဲ့တယ်။ ခြေနှစ်ဖက် လက်နှစ်ဖက် လုံး၀လှုပ်လို့မရတဲ့အခြေအနေ ရောက်သွားပါတယ်။ ဒါပေမဲ့ ဆေးပညာရှင်တွေက စိတ်မလျှော့သလို အင်နာကလည်းစိတ်မလျှော့ပါဘူး ။
ထိခုက်သွားတဲ့ အာရုံကြော ပြန်ကောင်းလာအောင်၊ အကြောသေပြီး ပျော့ခွေနေတဲ့
ကြွက်သားတွေ ပြန်ပြီးသန်စွမ်းလာအောင် သူတို့တစ်တွေ ၆
နှစ်လုံးကြိုးစားခဲ့ပါတယ်။ ရလဒ်ကတော့ ဆေးပညာသမိုင်းမှာ
မဖြစ်နိုင်ခဲ့တဲ့အရာတွေဖြစ် လာတာပါပဲ။ အခုဆိုရင် အင်နာဟာ အဲဒီဆေးရုံမှာပဲ ဓာတ်မှန်ဆရာ၀န်အဖြစ်နဲ့ အလုပ်လုပ်နေပါတယ်။ မဖြစ်နိုင်ဘူးလို့ ဘာပြောစရာရှိသေးလဲဗျာ။
NetGuide Journal (Every Wednesday)
……………
Ref: NetGuide Journal
“ မဖြစ်နိုင်ဘူးလို့ မပြောပါနဲ့ “
ဒီအဖြစ်အပျက်ခဲ့တဲ့ ကာလက ၁၉၉၉ ခုနှစ် မေလရဲ့တစ်နေ့သော ညနေခင်း ဆရာဝန်ပေါက်စတွေဖြစ်တဲ့ အင်နာ၊ မေရီနဲ့ တော်ဗင်တို့ဟာ နော်ဝေးနိုင်ငံမြောက်ပိုင်း
မေရီနဲ့ တော်ဗင်က အချိန်မီပြေးလာပြီးဝိုင်းဆဲ
အင်နာအသက်ရှင်အောင် ခန္ဓာကိုယ်တစ်ခုလုံး သွေးလည်ပတ်ဖို့လိုတယ်။ အောက်ဆီဂျင်ပြည့်ဝတဲ့သွေးတေ
………
Ref: NetGuide Journal
--------------------------
. [Unicode]
လောကကြီးထဲမှာ ကိုယ့်လက်ရှိစွမ်းဆောင်ရည်အ
ဒါပေမဲ့ တစ်ချိန်မှာ ခက်ခဲလွန်းပြီး ဖြေရှင်းလို့မရဘူးထင်တဲ့ကိစ
ဖြေရှင်းဖို့မဖြစ်နိုင်တဲ့က
ဟုတ်ပြီဗျာ။ နှလုံးခုန်ရပ်သွားပြီ။ ရပ်တာမှ ခဏလေးတောင် မဟုတ်ဘူး။ နှစ်နာရီလောက်ရပ်သွားတာ။ အသက်လည်းလုံး၀မရှုတော့ဘူး။ သွေးမလျှောက်တဲ့ခန္ဓာကိုယ်က
ဒီအဖြစ်အပျက်ခဲ့တဲ့ ကာလက ၁၉၉၉ ခုနှစ် မေလရဲ့တစ်နေ့သော ညနေခင်း ဆရာ၀န်ပေါက်စတွေဖြစ်တဲ့ အင်နာ၊ မေရီနဲ့ တော်ဗင်တို့ဟာ နော်ေ၀းနိုင်ငံမြောက်ပိုင်း
ကံဆိုးတယ်ပြောရမယ်ထင်ပါရဲ့။
ရေစီးရေလာရှိတဲ့ ချောင်းတွေ မြောင်းတွေရဲ့ ရေခဲပြင်တွေဟာ အပေါ်ယံကြောတင်းပြီးခဲနေပေမ
မေရီနဲ့ တော်ဗင်က အချိန်မီပြေးလာပြီး၀ိုင်းဆွ
ရေခဲပြင်ရဲ့အအေးဓာတ်နဲ့ရင်ဆ
အအေးဓာတ်ကြောင့် နှလုံးခုန်တာလုံး၀ရပ်သွားတယ
အင်နာအသက်ရှင်အောင် ခန္ဓာကိုယ်တစ်ခုလုံး သွေွးလည်ပတ်ဖို့လိုတယ်။ အောက်ဆီဂျင်ပြည့်၀တဲ့သွေးတွ
ထရမ်ဆိုတက္ကသိုလ်ဆေးရုံကို ရဟတ်ယာဉ်ရောက်ချိန်မှာ အင်နာရဲ့နှလုံး အလုပ်မလုပ်တာ ၂ နာရီရှိပြီ။ ကိုယ်အပူချိန်က ၁၃.၇ ဒီဂရီစင်တီဂရိတ်ပဲရှိတော့တယ
သူ့ခန္ဓာကိုယ်ကို ပြန်နွေးလာအောင်လိုတဲ့အပူဓာ
သွေးနွေးလာတဲ့အချိန်မှာ နှလုံးကလည်းနွေးလာပြီး အလုပ်ပြန်လုပ်ပါတယ်။ ပထမတော့ စည်းချက်မမှန်ဘဲ ခုန်တစ်ချက် မခုန်တစ်ချက်။ နောက်ပိုင်းတဖြည်းဖြည်းခုန်
အဲဒီအခန်းထဲမှာ ဆယ့်နှစ်ရက်တိတိ ကြိုးစားကုသပြီးတဲ့နောက်မှာ
NetGuide Journal (Every Wednesday)
……………
Ref: NetGuide Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။