"မြန်မာပြည်၊ ကျနော်တို့ နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာ" (၂)
(၂) "ဂလိုဘယ်လိုက်ဇေးရှင်း(Glob alization) အကြောင်း"
၂၁ ရာစု ကမ္ဘာအကြောင်း ပြောရင် ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) အကြောင်း စပြောရမှာပါ။ ဘာလို့ လဲဆိုတော့ ဒီနေ့ ကမ္ဘာရဲ့ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ ပညာရေး စတာတွေအားလုံး ဟာ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြီး ပေါ်မှာပဲမူတည်ပြီးဖြစ်ပျက်ေ နတာ။
လွယ်လွယ်ပြောရရင်တော့…ဂလိုဘ ယ်လိုက်ဇေးရှင်း ဆိုတာ တကမ္ဘာလုံး ဟာ နိုင်ငံနယ်နမိတ်တွေမရှိတော့ ပဲ နီးနီးကပ်ကပ်ကူးသန်းဆက်သွယ် အလုပ်လုပ်လာနိုင်ကြတဲ့ ဖြစ်စဉ်ကြီးတစ်ခုပေါ့။ ကမ္ဘာ ဟာရွာကြီးတရွာလိုဖြစ်သွာြး ပီး Global village ဆိုတာ အလွန်မှန်တဲ့ စကားပါ။
အခုကြည့်လေ..ကျနော်တို့ မြန်မာပြည်က သူငယ်ချင်းတွေ၊အင်္ဂလန်၊ အမေရိကန်က သူငယ်ချင်းတွေနဲ့  Facebook, Google,Skype စတာတွေကနေ အချိန်မရွေးဆက်သွယ်နိုင်တယ်။အလုပ်ကိစ္စတွေ ဆွေးနွေးနိုင်တယ်။ အဖြစ်အပျက်အကြောင်းအရာတွေကိုချက်ချင်း
Internet ပေါ်မှာ တင်နိုင်၊ ကြည့်နိုင်ကြတယ်။ ဆက်သွယ်ရေး ကောင်းလာ၊
သွားလာဖို့လွယ်ကူလာတာဟာ နိုင်ငံနယ်နမိတ်တွေ ကို
ပျောက်သွား၊ကမ္ဘာကြီးကို ကျဉ်းသွားစေခဲ့ပြီ။
ကျနော်တို့  နိုင်ငံတွေ၊အဖွဲ့ အစည်းတွေ၊လူတွေဟာအရင်ရာစု နှစ်တွေကထက် အဆပေါင်း များစွာပို ပြီး နီးနီးကပ်ကပ်ပူးပေါင်းလုပ် ဆောင်လာနိုင်ကြပြီ။အမေရိကန်ကတက္ကသိုလ်တခုနဲ့ မြန်မာ ပြည်က တက္ကသိုလ်တခုပူးပေါင်းလုပ်ဖို့ သိပ်လွယ်သွားပြီ။တချိန်ထဲမှာပဲယှဉ်ပြိုင်မှုတွေကတော
့ပိုပြင်းထန်လာတယ်။ ဘာလို့ လဲဆိုတော့အားလုံးမှာ
ဒီကောင်းမွန်တဲ့ဆက်သွယ်ရေး လမ်းကြောင်း တွေကနေ တူညီတဲ့အခွင့်အလမ်းတွေရှိလာ ကြပြီလေ။ ကမ္ဘာအနှံ့ ပူးလဲပူးပေါင်း၊ယှဉ်လဲယှဉ် ပြိုင် ဆို့ တဲ့ ခေတ် တစ်ခေတ်ထဲ ကျနော်တို့ ရောက်နေကြပြီ။ အကြံ ကောင်းတဲ့ သူ သာမှာပဲ။
ဒီနေရာမှာ နိုင်ငံတကာမှာ ဘယ်လိုတွေလုပ်နေကြသလဲဆို တာကိုမိတ်ဆက်အနေနဲ
့ ဆရာ ကျော်ဝင်းရဲ့ ”ကမ္ဘာ ပြားပြီ” (The world is flat by
ThomasL.Friedman) စာအုပ်ထဲက စာအချို့ ကို ဖော်ပြပေးချင်တယ်။
မူရင်းစာရေးသူ သောမတ်စ်နဲ့အိန္ဒိယနိုင်ငံ အင်ဖိုဆစ်တက္ကနိုလိုဂျီလိ မိတက် က CEO စီအီးအို နလီခါနီ တို့ရဲ့အင်တာဗျူး အကြောင်းပါ။ ကဲ ဖတ်ကြည့်ကြရအောင်...
************************** ************************** ***********“
"ဒါ ကျွန်တော်တို့ကွန်ဖရင့်ခန်းမပါ။ အာရှမှာတော့ အကြီးဆုံးဖြစ်လေမလားပဲ..။ ဒစ်ဂျစ်တယ်စခ၇င်လေးဆယ်ကိုေ ပါင်းထားတာပေါ့…”
နံရံပြည့်စခရင်ပြားချပ်ချပ် ကြီးကိုညွှန်ပြရင်း၊
နလီခါနီက ဂုဏ်ယူဝံ့ကြွားစွာ ရှင်းပြသည်။ သူ ဂုဏ်ယူ မည် ဆိုလျှင်လည်း
ဂုဏ်ယူလောက်ပါသည်။ ကျွန်တော်မြင်ဖူးသမျှတီဗွီစ ခရင်များထဲတွင်တော့ အကြီးဆုံးပင် ဖြစ်သည်။
“ကျွန်တော်တို့ ဂလိုဘယ်ဆပ္ပလိုင်းချိန်းထဲကကီးပလေယာတိုင်းအနေနဲ့၊ ဟောဒီစခရင်ကြီးပေါ်မှာ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ပရောဂျက်ကိုစည်းဝေးတိုင်ပင်လို့ရပြီဗျ။ ‘ဗွီ’ အစည်းအဝေးပေါ့ဗျာ…”
သူပြောသော ‘ဗွီ’ ဆိုသည်မှာ အိုင်တီဝေါဟာရ virtual ကိုဆိုလိုရင်းဖြစ်သည်။အစစ်အ မှန်မဟုတ် သော်လည်း အစစ်အမှန်ကဲ့သို့ပင် အကျိုးသက်ရောက်မှုရှိစေသော အိုင်တီခေတ်၏အာနိသင်တစ်ခုဖြ စ်ပါသည်။ အဆိုပါ ဗွီ၏အကျိုးသက်ရောက်မှုကြောင့် ပင်၊ အမေရိကမှ ဒီဇိုင်းနာတစ်ယောက်အနေနှင့် အိန္ဒိယဆော့ဝဲ (လ) ရေးသူ တစ်ယောက်နှင့်သော်လည်းကောင်း၊ အာရှမှထုတ်လုပ်ရေးသမား တစ်ယောက်နှင့်သော်လည်းကောင်း၊စခရင်ထက်တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းနိုင်ပြီဖြစ်သည်။
“နယူးယော့ကဖြစ်ဖြစ်၊ လန်ဒန်ကဖြစ်ဖြစ်၊ဘော့စတွန်က ဖြစ်ဖြစ်၊ ဆန်ဖရန်စစ္စကိုကဖြစ်ဖြစ်…၊ ဘယ်နေ ရာက ဘယ်သူနဲ့ဖြစ်ဖြစ်ပေါ့ဗျာ၊ဟောဒီကွန်ဖရင့်ခန်းမမှာ၊ ကျွန်တော်တို့ ၀ိုင်းထိုင်ဆွေးနွေးလို့ရပြီ။ အဲ.. အလုပ် ကစင်္ကာပူမှာဆိုရင်လည်း၊စင်္ကာပူကမိတ်ဆွေကို ဖိတ်လိုက်ရုံပဲလေ..။ ဒါ ဂလိုဘယ်လိုက်ဇေးရှင်းပေါ့ဗျာ…။”
ပြောရင်းမှ နလိခါနီက အပေါ်ဘက်သို့ ဖျတ်ခနဲမော့ကြည့်လိုက်သည်။စ ခရင်အထက်တွင်
စုစုပေါင်းနာ ရီရှစ်လုံး။ နာရီတိုင်းတွင် အမေရိကအနောက်၊
အမေရိကအရှေ့၊ဂျီအမ်တီ၊ အိန္ဒိယ၊ စင်္ကာပူ၊ ဟောင်ကောင်၊ ဂျပန်၊ သြစတြေလျစသဖြင့်
စာတန်းတစ်ခုစီရေးထားပြီး၊သက်ဆိုင်ရာနိုင်ငံအလိုက် စံတော်ချိန်နျင့် ချိန်ထား သည်။ စံတော်ချိန်အားလုံး ခန်းမထဲသို့ဆွဲစုလိုက်သလိုမျိုး…။ “တကယ်တော့ ‘အောက်ဆို့လုပ်ငန်း’ ဆိုတာ၊ ဒီကနေ့ကမ္ဘာမှာဖြစ်နေတဲ့ အခြေခံအကျဆုံးတွေထဲက မျက်နှာစာတစ်ခုပါဗျာ”
ဒီတစ်ခါ နလိခါနီ၏အသံမှာ အတော်လေးငြိမ်သည်။အင်ဖိုဆစ် ၏ အတိတ်ခရီးကို ပြန်သွားတော့မည့်ပုံ ရှိသည်။
“ဒီကနေ့အခြေအနေကို မှန်းပြီး၊ ဟို့ လွန်ခဲ့တဲ့နှစ်တွေကတည်းကကျွ န်တော်တို့ ပြင်ဆင်ခဲ့ကြတာ။ တက္ကနိုလိုဂျီပိုင်းမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ကြတာပေါ့။ခင်ဗျားတို့ဆီမှာ ဒေါ့ကွမ်ပူပေါင်း ပေါက်တော့မယ့် အချိန်ကတည်းကနော်…။ တစ်ကမ္ဘာလုံး ဘရော့ဘင်းနဲ့ချိတ်နိုင်ဖို့ ၊ပင်လယ်ရေအောက်မှာ ကယ်ဘယ်ကြိုးတွေ ချနိုင်ဖို့၊ ဒေါ်လာသန်း ရာနဲ့ချီမြှုပ်နှံခဲ့ကြတယ်ေ လ…။အဲဒီအချိန်မှာ ကွန်ပျူတာတွေဈေးချိုပြီး တစ်ကမ္ဘာလုံးပျံ့ နေပြီဆိုတော့ ချိန်ခါသင့်သွားတာပေါ့ဗျာ။ဒီလိုနဲ့ ဆော့ဝဲ(လ)ပေါက်ကွဲမှုကြီး ဖြစ်လာတော့တာပါ။ အီးမေး(လ) တို့၊ ဂိုးဂဲ(လ)လို ဆာ့(ချ)အင်ဂျင်တွေပေါ့ဗျာ။ြ ပီးတော့ ကျွန်တော်တို့ ကိုယ်ပိုင် ဆော့ဝဲ(လ)တစ်ခုလည်းရှိသေး တယ်။ သူက လုပ်စရာအလုပ်တွေကိုခုတ်ထစ်ခွဲစိတ်လို့ရတယ်လေ။ တစ်ပိုင်းကို ဘော့စတွန်ပို့၊ နောက်တစ်ပိုင်း ကိုဘင်္ဂလားပို့၊နောက်တစ်ခုကို ပီကင်းပို့ … လုပ်လို့ရတာပေါ့။ ဒီလိုနဲ့ ရီမုကိုင်ပြီး ကမ္ဘာနဲ့ချီအလုပ်လုပ်လို့ရပြီပေါ့”
နလီခါနီ ခဏနားလိုက်သည်။ သူ့စကားခေါ်ရာ ပါသွားပြီဖြစ်သောကျွန်တော်တို့မှာ၊ သူ့စကားအဆက် ကို မနည်းသည်းခံစောင့်နေရသည်။
“ခရစ်နှစ် ၂၀၀၀ လောက်မှာ၊ ကျွန်တော်တို့လုပ်ရမယ့်အခြေ ခံပိုင်းတွေ အားလုံးလောက်ပြီးသွားပါ တယ်။ ပညာအလုပ်နဲ့ပညာအရင်းကို ဘယ်နေရာမဆို ဖြန့်ဖြူးနိုင်တဲ့ပလက်ဖောင်းတစ်ခုဖန်တီးနိုင်ခဲ့ပြီပေါ့ ဗျာ။
ခွဲဖြန့်မလား၊ ခွဲဝေမလား၊ ဖြန့်ဖြူးမလား၊ ထုတ်လုပ်မလား၊ဒါမှမဟုတ်
ပြန်စုမလား… စေလိုရာစေလို့ရပြီပေါ့…။ အလုပ်ကိုနေရာနဲ့ တုပ်နှောင်ထားစရာ
မလိုတော့ဘူးလေ။အထူးသဖြင့် ပညာအလုပ်ဟာ ဘယ်တုန်းကမှနဲ့ မတူတော့အောင်
လွတ်လပ်သွားပြီဗျ…။ ဘင်္ဂလားမှာ ခင်ဗျားတို့ဒီနေ့မြင်ကြရတာေ တွဟာ၊ ကျွန်တော်တို့ကြိုး ပမ်းမှုတွေအားလုံးရဲ့ရလဒ်လို့  ဆိုရမှာပေါ့ဗျာ…”
နလီခါနီ၏ ရုံးခန်းရှေ့ဆိုဖာပေါ်တွင်၊ ကျွန်တော်တို့အားလုံးအေးအေး လူလူထိုင်ရင်း ကင်မရာတွေဆင် နေကြသောတီဗွီအဖွဲ့သားများကို စောင့်နေကြသည်။ နလီခါနီကစကားအမျှင်မပြတ်သေး ။ သူက ကျွန်တော့် လက်ကိုဖမ်းဆုပ်ရင်း ရင်းရင်းနှီးနှီးပြောလိုက်သ ည်။
“တွမ်ရေ…ကစားကွင်းက လယ်ဗယ်တူသွားပြီဗျ”
သူစကားက၊ ကျွန်တော့်နားစည်သို့ ‘ဒိန်း’ခနဲဝင်ဆောင့်ပြီး၊ခေါင်းလောင်းသံလိုတလွင်လွင် ပဲ့တင်ထပ် ကျန်ရစ်တော့သည်။ သူ့စကားအသွားအလာအရ ဂလိုဘယ်ပညာပြိုင်ပွဲကြီးတွင်အိန္ဒိယလိုဖွံ့ဖြိုးဆဲနိုင် ငံများ အနေနှင့်၊ ဘယ်တုန်းကမှနှင့်မတူအောင် ကျကျနနယှဉ်ပြိုင်နိုင်ပြီဟု ဆိုလိုချင်သည်လား။ ဤအတွက်အမေရိက အနေနှင့် အသင့်ပြင်ဆင်ထားပါမှ၊ တော်ကာကျမည်ဟု သတိပေးချင်သည်လား...။ကျွန်ေ တ်ာသူ့ကို တည့် တည့်တင်းတင်းမေးလိုက်သည်။
“အမေရိကဟာ စိန်ခေါ်ခံရတော့မှာပေါ့ ဟုတ်လား”
သူကလည်းခပ်ဘွင်းဘွင်းပင် ပြန်ဖြေသည်။
“ဟုတ်တယ်၊ စိန်ခေါ်ခံနေရပြီ…”
တစ်ဆက်တည်းမှာပင် စိန်ခေါ်မှုနှင့်ပတ်သက်သောသူ့ အယူအဆကို ဆက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် စိန်ခေါ်ခံရတာ ကောင်းတယ်ဗျ။စိန်ခေါ်ခံလိုက် ရမှ ကျွန်တော်တို့ရဲ့ အကောင်းဆုံးအစွမ်း အစတွေ ပွင့်ထွက်လာတတ်ကြတာမို့လား… ” ထိုနေ့ညနေစောင်းတော့မှ၊ အင်ဖိုဆစ်မှ ကျွန်တော်တို့ခွာခဲ့ကြသည်။ကျွန်တော့်မှာ အပြန်လမ်းတစ် လျှောက်လုံး၊ နလီခါနီ၏စကားကိုသာ စားမြုံ့ပြန်နေမိတော့သည်။
“ကစားကွင်းက လယ်ဗယ်တူသွားပြီဗျ…” လယ်ဗယ်တူသွားပြီ၊ မြေညီကွင်းဖြစ်သွားပြီဆိုတော့အနိမ့်အမြင့် အချိုင့်အ၀ှမ်းတွေ မရှိတော့ဘူးပေါ့…။ ဒါဆိုရင် ပြင်ညီကြီး…အပြားကြီး…။ဟုတ် တယ် အပြား အပြား…။ “ဘုရားရေ ဒီမောင်ပြောတာ ကမ္ဘာပြားပြီ ဆိုပါလား…။
”(အပိုင်း-၃ ဆက်ရန်)
အားလုံးအောင်မြင်ပျော်ရွှင် ကြပါစေ..
ဒေါက်တာအောင်မျိုး
(၂) "ဂလိုဘယ်လိုက်ဇေးရှင်း(Glob
၂၁ ရာစု ကမ္ဘာအကြောင်း ပြောရင် ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) အကြောင်း စပြောရမှာပါ။ ဘာလို့ လဲဆိုတော့ ဒီနေ့ ကမ္ဘာရဲ့ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ ပညာရေး စတာတွေအားလုံး ဟာ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြီး ပေါ်မှာပဲမူတည်ပြီးဖြစ်ပျက်ေ
လွယ်လွယ်ပြောရရင်တော့…ဂလိုဘ
အခုကြည့်လေ..ကျနော်တို့ မြန်မာပြည်က သူငယ်ချင်းတွေ၊အင်္ဂလန်၊ အမေရိကန်က သူငယ်ချင်းတွေနဲ့  Facebook, Google,Skype စတာတွေကနေ အချိန်မရွေးဆက်သွယ်နိုင်တယ
ကျနော်တို့  နိုင်ငံတွေ၊အဖွဲ့ အစည်းတွေ၊လူတွေဟာအရင်ရာစု
ဒီနေရာမှာ နိုင်ငံတကာမှာ ဘယ်လိုတွေလုပ်နေကြသလဲဆို
**************************
"ဒါ ကျွန်တော်တို့ကွန်ဖရင့်ခန်
နံရံပြည့်စခရင်ပြားချပ်ချပ်
“ကျွန်တော်တို့ ဂလိုဘယ်ဆပ္ပလိုင်းချိန်းထဲကက
သူပြောသော ‘ဗွီ’ ဆိုသည်မှာ အိုင်တီဝေါဟာရ virtual ကိုဆိုလိုရင်းဖြစ်သည်။အစစ်အ
“နယူးယော့ကဖြစ်ဖြစ်၊ လန်ဒန်ကဖြစ်ဖြစ်၊ဘော့စတွန်က
ပြောရင်းမှ နလိခါနီက အပေါ်ဘက်သို့ ဖျတ်ခနဲမော့ကြည့်လိုက်သည်။စ
ဒီတစ်ခါ နလိခါနီ၏အသံမှာ အတော်လေးငြိမ်သည်။အင်ဖိုဆစ်
“ဒီကနေ့အခြေအနေကို မှန်းပြီး၊ ဟို့ လွန်ခဲ့တဲ့နှစ်တွေကတည်းကကျွ
နလီခါနီ ခဏနားလိုက်သည်။ သူ့စကားခေါ်ရာ ပါသွားပြီဖြစ်သောကျွန်တော်တ
“ခရစ်နှစ် ၂၀၀၀ လောက်မှာ၊ ကျွန်တော်တို့လုပ်ရမယ့်အခြေ
နလီခါနီ၏ ရုံးခန်းရှေ့ဆိုဖာပေါ်တွင်၊ ကျွန်တော်တို့အားလုံးအေးအေး
“တွမ်ရေ…ကစားကွင်းက လယ်ဗယ်တူသွားပြီဗျ”
သူစကားက၊ ကျွန်တော့်နားစည်သို့ ‘ဒိန်း’ခနဲဝင်ဆောင့်ပြီး၊ခေ
“အမေရိကဟာ စိန်ခေါ်ခံရတော့မှာပေါ့ ဟုတ်လား”
သူကလည်းခပ်ဘွင်းဘွင်းပင် ပြန်ဖြေသည်။
“ဟုတ်တယ်၊ စိန်ခေါ်ခံနေရပြီ…”
တစ်ဆက်တည်းမှာပင် စိန်ခေါ်မှုနှင့်ပတ်သက်သောသူ့
“ဘာပဲဖြစ်ဖြစ် စိန်ခေါ်ခံရတာ ကောင်းတယ်ဗျ။စိန်ခေါ်ခံလိုက်
“ကစားကွင်းက လယ်ဗယ်တူသွားပြီဗျ…” လယ်ဗယ်တူသွားပြီ၊ မြေညီကွင်းဖြစ်သွားပြီဆိုတေ
”(အပိုင်း-၃ ဆက်ရန်)
အားလုံးအောင်မြင်ပျော်ရွှင်
ဒေါက်တာအောင်မျိုး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။