မီဒီယာနိုင်ငံရေး
ဇာဂနာ
ဒီနေ့ မြန်မာပြည်မှာ မီဒီယာဟာ ထိပ်တန်းနေရာကို ရောက်လာသလို လက်ရှိ
အစိုးရရဲ့ အကြောက်ဆုံး နေရာကိုလည်း ရောက်လာခဲ့ပါပြီ။ မီဒီယာသမားတွေ အရေးယူခံရတာကို ခတ်စိတ်စိတ် ကြားလာရသလို မီဒီယာတွေ ကျင့်ဝတ်
ချိုးဖောက်တယ် မချိုးဖောက်ဖူးဆိုတဲ့ အသံတွေလည်း ကြားလာရပါတယ်။
အဆိုးဆုံးကတော့ မီဒီယာတွေကို ခြိမ်းချောက်လာတာပါ။ ခုဆို သတင်းယူ
သလိုလိုနဲ့ ခေါ်ယူစစ်ဆေး မေးမြန်းနေတယ် ဆိုတာလည်း ကြားလာရပြန်ပါတယ်။
တစ်ဖက်မှာတော့ နိုင်ငံရေးသမားလို့ ခေါ်ဆိုရမယ့် ဒီမိုကရက်တစ် အင်အားစုတွေနဲ့
မီဒီယာ အဆက်အစပ်ဟာ သိပ်ပြီး အားကောင်းလာတာ မတွေ့ရပါဖူး။ တိတိကျကျ
ပြောရရင် နိုင်ငံရေး ပါတီတွေနဲ့ အတိုက်အခံ နိုင်ငံရေးအုပ်စုတွေဟာ မီဒီယာကို
လက်တွေ့ကျကျ အသုံးပြုတာ မတွေ့ရပါဘူး။ လာပြီးမေးရင် ဖြေတာလောက်
နဲ့တော့ မီဒီယာနဲ့ ဆက်ဆံရေး ကောင်းပါတယ်လို့  မပြောသင့်တာ အမှန်ပါပဲ။
ဒီတော့ မီဒီယာ နိုင်ငံရေး ဘယ်လောက် အရေးပါတယ် ဆိုတာလေး တင်ပြပါရစေ။
နိုင်ငံရေးပါလို့ ဆိုကတည်းက လူထုပါလာပါပြီ။ ဒီတော့ နိုင်ငံရေး ပါတီတွေ
နိုင်ငံရေးသမားတွေ ဆိုတာ လူထုနဲ့ ဧကန်မုချ ဆက်ဆံကြရတော့မှာပါပဲ။
ဒီတော့ လူထုနဲ့ ဘယ်လို ဆက်သွယ်ကြမလဲ။ နိုင်ငံရေး အတွေးအခေါ်တွေ၊ အယူအဆတွေ ကြေညာချက်တွေဆိုတာ နိုင်ငံရေးသမားနဲ့  နိုင်ငံရေး ပါတီတွေ
ကနေလာတယ် ဆိုတာ မှန်ပါတယ်။ ပြည်သူတွေဆီကိုတော့ ရေဒီယို၊ တီဗီ၊
သတင်းစာ၊ ဂျာနယ်၊ အင်တာနက်တို့ ကနေ တစ်ဆင့်ခံပြီး သွားရမှာ ဖြစ်ပါတယ်။
လူထုဆက်ဆံရေးနဲ့ ပတ်သက်တဲ့ သီအိုရီတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့
ဒီသီအိုရိတွေ ဘယ်လို ပြောင်းလဲတိုးတက် လာခဲ့သလဲဆိုတာက ပိုပြီး အရေးကြီး
ပါလိမ့်မယ်။ တကယ်တော့ အခြေခံ အကျဆုံး နိုင်ငံရေး အဖွဲ့အစည်းဟာ အိမ်နဲ့ကျောင်းပါပဲ။ ကျောင်းမှာ နားရည်ဝလာတဲ့ ကလေးတွေ၊ အိမ်မှာ အကြား
အမြင်များတဲ့ ကလေးတွေဟာ နိုင်ငံရေးရဲ့ တန်ဆာပလာလေးတွေ ဖြစ်လာတာပါ။
ဒီကနေမှ သတင်းစာ ဖတ်တာ၊ နောက်တော့ တီဗီကြည့်တာ၊ ပြီးတော့ အင်တာနက် သုံးတာတွေကနေ တစ်ဆင့် နိုင်ငံရေးနဲ့ ထိတွေ့ နီးစပ်လာတော့တာပါပဲ။ ဒီနေ့ခေတ် တကမ္ဘာလုံးမှာ အင်တာနက် အသုံးပြုတဲ့ လူဦးရေဟာ သန်းပေါင်း ၂၄၀၀ကျော် ရှိနေပါတယ်။ မြန်မာပြည်မှာ လူဦးရေတစ်သန်းနဲ့ ခြောက်သိန်းကျော် အင်တာနက်
ကို သုံးနေပါပြီ။ တိုတိုပြောရရင် မီဒီယာတွေရဲ့ လွှမ်းမိုးမှုဟာ တော်တော်
ကျယ်ပြန့်လာပါတယ်။ ဒါကြောင့် လူထုဆက်ဆံရေးကို နိုင်ငံရေးမှာ အရေးပါတဲ့
အနုပညာ တစ်ရပ်အနေနဲ့ လက်ခံဖို့ပါပဲ။ လူထုဆက်ဆံရေးနဲ့ ပတ်သက်တဲ့
အယူအဆတွေ အများအပြား ရှိပါတယ်။
အများစုသိမ်းပိုက်ခြင်းပုံစံ။
လူထုနဲ့ ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းတွေကို ဘယ်နိုင်ငံရေး ပါတီတွေက သိမ်းပိုက်
ထားနိုင်သလဲ။ ရေဒီယိုကို၊ ရုပ်မြင်သံကြားကို၊ သတင်းစာကို ဂျာနယ်ကို ဘယ်လောက် အတိုင်းအတာထိ သိမ်းပိုက်ထားနိုင်သလဲ။ နိုင်ငံရေးအရ ၀ါဒဖြန့်တာ၊ စည်းရုံးတာ၊
မဲဆွယ်တာ အားလုံးကို မီဒီယာကနေ တစ်ဆင့်ပဲ လုပ်ရမှာပါ။ ကိုယ့်လက်ထဲမှာ
မီဒီယာကို ဘယ်လို သိမ်းပိုက်ထားနိုင်သလဲဆိုတာ ကိုယ့်ရဲ့  စွမ်းရည်ပါပဲ။
ဒီနေ့ခေတ်လို အင်တာနက် အသုံးများလာတဲ့ အချိန်မှာ အင်တာနက် စာမျက်နှာတွေ
ပေါ်မှာ ကိုယ်ဘယ်လောက် လွှမ်းမိုးထားနိုင်တယ် ဆိုတာ ကိုယ့်ရဲ့ အင်အားပါပဲ။
ဆိုပါတော့။ ဒီနေ့မြန်မာပြည်မှာ အများဆုံး သုံးနေတာက ဖေ့စ်ဘုတ်(ခ်)ပါ။ ဖေ့စ်ဘွတ်ခ်
မှာ ကိုယ့်ကို ကြိုက်သူ၊ လက်ခံသူ ဘယ်လောက်ရှိသလဲ။ ကိုယ့်နောက်ကို
လိုက်နေသူတွေ ဘယ်လောက်ရှိသလဲဆိုတာ သိဖို့ လိုပါတယ်။ လက်ရှိမြန်မာပြည်
ရဲ့ ဖေ့ဘွတ်(ခ်)ထဲမှာ လူအများဆုံး ကြိုက်နှစ်သက်တဲ့ စာမျက်နှာဟာ နိုင်ငံရေး
လောကရဲ့ စာမျက်နှာပါ။ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွတ်ရဲ့ ဖေ့ဘွတ် ပရိသတ်ဟာ လေးသေားင်းခွဲကျော်နဲ့ စံချိန်တင်ထားတာကို သတိပြုသင့်ပါတယ်။
မှိုင်းတိုက်ခြင်းပုံစံ။
ဒီနေ့ တစ်ကမ္ဘာလုံး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်နေကြတာ ဘာကြောင့်လဲ။
မီဒီယာတွေ မှိုင်းတိုက်ကောင်းလို့ပါ။ ကမ္ဘာ့အကြီးဆုံး မီဒီယာ ကုမ္ပဏီကြီး ခြောက်ခု ပူးပေါင်းပြီးတော့ အနောက်တိုင်းရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာကို နိုင်ငံအစုံကို တင်သွင်းပစ်လိုက်တာပါ။ အံ့အားသင့်ဖို့ ကောင်းလောက်အောင် ပေါင်းစည်းလိုက်ကြတဲ့ ကုမ္ပဏီတွေထဲမှာ ကလေးတွေကို အဓိက ဦးစားပေး မှိုင်းတိုက်လိုက်တဲ့ ကုမ္ပဏီ
ကတော့ ကာတွန်းရုပ်ရှင်များကို ထုတ်လုပ်နေတဲ့ ဒစ္စနေ ကုမ္ပဏီကြီးပါပဲ။ AOLလို
TIME Warnerလို ကုမ္ပဏီတွေ ပါလာတာ မဆန်းပေမဲ့ ဒစ္စနေ ကုမ္ပဏီ ပါလာတာ
ကတော့ ဘယ်လောက်ထိ ရည်မှန်းချက်ကြီးတယ် ဆိုတာ မြင်နိုင်ပါတယ်။
ပြောနေကျ စကားတစ်ခွန်း ရှိပါတယ်။ ဆိုဗီယာက် ပြည်ထောင်စုကြီးကို ဖြိုခွဲ
သွားတာ တစ်ယောက်ထဲပါ။ သူ့နာမည်ကတော့ ဘွန်း၊ဂျိမ်း(စ်)ဘွန်း။
ဒီလိုမှိုင်းတိုက်တဲ့ ပုံစံကို သေသေချာချာ စိစစ်ဖို့  ဆန်ကာငါးချပ် ရှိပါတယ်။
၁။ကုမ္ပဏီပိုင်ရှင်တွေက ဒါကိုစီးပွားရေးလို့ သဘောပေါက်လာဖို့ လိုပါတယ်။
၂။ကြော်ငြာလုပ်ငန်းရှင်တွေ၊ စပွန်ဆာပေးတဲ့ ကုမ္ပဏီတွေကို ဒါဟာ အမြတ်တစ်ခုပဲလို့ သဘော ပေါက်စေတဲ့ ရှင်းလင်းပြမှုလိုတယ်။
၃။သတင်း အချက်အလက်တွေ ဘယ်ကရလာခဲ့သလဲ။ အစိုးရဆီကလား။ စီးပွားရေး စီမံကိန်းတွေ ရေးဆွဲပေးနေတဲ့ ဥာဏ်ကြီးရှင် အဖွဲ့ကလားဆိုတာ ပြောပြနိုင်ဖို့
လိုပါတယ်။ (ဒါဟာ အရေးကြီးပါတယ်။ ဒီနေ့အထိ ကမ္ဘာပေါ်က ဘယ်စီးပွားရေး
သမားမဆို အစိုးရနဲ့ ပလဲနံပ သင့်ချင်ကြတာချည်းပါပဲ)
၎။မီဒီယာသမားတွေကို ခြိမ်းချောက်မှု၊ အကျပ်ကိုင်မှု၊ ဖိအားပေးမှု၊ အရေးယူမှုတွေ
မရှိဖို့တော့ လိုပါတယ်။ ရှိတယ် မရှိဖူးဆိုတာကိုလည်း သေသေချာချာ ဆန်းစစ်ဖို့ 
လိုပါတယ်။
၅။ဈေးကွက် စီးပွားရေးနဲ့ လွတ်လပ်စွာ ယှဉ်ပြိုင်ရေးတို့ကို ဘယ်လောက်ထိ ထိခိုက်
နိုင်သလဲဆိုတာ ကြည့်တတ်ဖို့ လိုပါတယ်။အထက်က ဆန်းစစ်လေ့လာချက်တွေကို ပညာရှင် နိုအမ်ချွန်စကီးက ဖော်ထုတ်ခဲ့တာပါ။ တစ်ချို့ကတော့ ဒီအချက် ၅ချက်ဟာ
ပြည်သူလူထုရဲ့ ဆုံးဖြတ်နိုင်စွမ်းကို အထင်သေးရာ ကျတယ်လို့  ဝေဖန်ကြပါတယ်။
ပညာတတ်ဦးစားပေးပုံစံ
သတင်းထောက်တွေ ဘယ်လိုပဲရေးရေး၊ ဆောင်းပါးရှင်တွေက ဘာတွေပဲ ရေးရေး၊ အယ်ဒီတာက ပုံနှိပ်ခွင့်ပြုမှ ရမှာပါ။ ဒါကိုကြည့်ကတည်းက မီဒီယာတွေမှာ အပေါ်
ကနေ အုပ်ချုပ်ထားတဲ့ အလွှာတစ်လွှာ ရှိနေတာ သိသာပါတယ်။ အဲဒီအလွှာကို
ပညာတတ်တွေ ကြီးစိုးတာများပါတယ်။ ရေဒီယိုနဲ့ ရုပ်သံလွှင့် လုပ်ငန်းတွေမှာလည်း ထုတ်လွှင့်ရေးမှူးတွေဟာ ပညာရှင် ပညာတတ်တွေပါ။ အထူးသဖြင့်ကတော့ မီဒီယာသမားတွေထဲမှာ လစာကောင်းကောင်း ရထားသူတွေဟာ နေရာ
ကောင်းကောင်းလည်း ရထားကြပါတယ်။ အဲဒီလူတွေ အားလုံးက အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ကိုင်ထားကြပါတယ်။ ဒီတော့ ဆုံးဖြတ်ချက် ချပေးနိုင်သူ
တွေကသာ မီဒီယာကို လွှမ်းမိုးထားတာ ထင်ရှားပါတယ်။ တစ်ချို့ကတော့ ပြည်သူ
အများစုရဲ့ အမြင်ကို မီဒီယာက တကယ် ကိုယ်စား ပြုမပြုဆိုတာကို သံသယ
ရှိနေဆဲပါပဲ။
ဈေးကွက်ဦးစားပေးပုံစံ။
မီဒီယာရဲ့  ဈေးကွက် ဆိုတာက ပြည်သူပါပဲ။ ပြည်သူက အားမပေးရင် ဘယ်မီဒီယာ
ကမှ ရပ်တည်လို့  မရနိုင်ပါဘူး။ ပြည်သူက ဘာလိုချင်သလဲဆိုတာကို ဘယ်မီဒီယာ
မဆို ဦးစားပေးနေရတာ သဘာဝပါပဲ။ဒီတော့ မီဒီယာနဲ့ ဒီမိုကရေစီ ဘယ်လို
ဆက်စပ်နေသလဲ။ ဘယ်လိုချိတ်ဆက်ထားကြသလဲ။ နည်းနည်းတော့ လေ့လာ
ကြည့်ကြရအောင်ပါ။ ဒီမိုကရက်တစ် အစိုးရတိုင်းမှာ သတင်းလွတ်လပ်ခွင့် ဆိုတာ
ရှိပြီးသားပါ။ မီဒီယာနဲ့ အစိုးရ၊ မီဒီယာနဲ့ နိုင်ငံရေး ဆက်စပ်မှု အားကောင်းလာစေမယ့် နည်းလမ်းလေးခု ရှိပါတယ်။
၁။ပြည်သူတွေကြားမှာ ဆွေးနွေးပွဲတွေ မပြတ်လုပ်နေရမယ်။ လူထုစည်းဝေးပွဲတွေ
ကို မီဒီယာပေါ် တင်ပေးလိုက်တာပါပဲ။ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ၊ စကားရည်လုပွဲ၊ ပညာပေး ဟောပြောပွဲ ဆိုတာတွေ အမြဲမပြတ် လုပ်ပေးနေရပါမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေမှသာ လုပ်နိုင်တယ် ဆိုတဲ့ မူဝါဒဆိုင်ရာ ငြင်းခုန်တာ
ဆွေးနွေးတာတွေကို မီဒီယာပေါ်မှာ ပြုလုပ်ပေးနိုင်ပါတယ်။
၂။အာဏာ အလွဲသုံးစားမှုတွေကို အမြဲမပြတ် စောင့်ကြည့်နေရမယ်။ မီဒီယာသမား
ဆိုတာ အမှီအခို ကင်းရမယ်။ လောင်းရိပ်ကနေ လွတ်ရမယ်။ ဘယ်တိုင်းပြည်မှာ
မဆို ခြစားမှု။ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတတ်ပါတယ်။ ဒါတွေကို မီဒီယာ
သမားတွေက ဖော်ထုတ်ပေးဖို့ သိပ်အရေးပါပါတယ်။
၃။နိုင်ငံရေး လွှမ်းမိုးမှုနဲ့ အာဏာခွဲဝေမှုကို အမြဲစောင့်ကြည့် လေ့လာရမယ်။ သတင်းအသိုက်အအုံ ဆိုတာ တော်လှန်ရေး သုံးခါဆင်နွှဲပြီး တိုးတက် ပြောင်းလဲ
လာခဲ့ပါတယ်။ ပထမ တော်လှန်ရေးအပြီးမှာ သတင်းစာတွေ ဂျာနယ်တွေ ပေါ်ပေါက်လာ
ပါတယ်။ ဒုတိယ တော်လှန်ရေးကနေ တယ်လီဖုန်းတွေ၊ ရုပ်မြင်သံကြားတွေ ပေါ်ပေါက်
လာတာပါ။ တတိယ တော်လှန်ရေး အပြီးမှာတော့ မိုဘိုင်းဖုန်းတွေ၊ အင်တာနက်တွေ
ပေါ်ပေါက်လာတော့ပါတယ်။ ပထမ တော်လှန်ရေးတုန်းကတော့ အစိုးရပေးချင်တဲ့ သတင်းတွေကိုပဲ ပြည်သူတွေ ရခဲ့ပါတယ်။ သတင်းတွေကို အစိုးရက ထိန်းချုပ်
ထားနိုင်ပါတယ်။ ဒုတိယ တော်လှန်ရေး အပြီးမှာတော့၊ သတင်းရရှိမှုမှာ
အစိုးရရော ပြည်သူပါ တန်းတူ ဖြစ်သွားပါပြီ။ အရပ်ဖက် အဖွဲ့တွေ၊ ဖေ့(စ်)ဘွတ်(ခ်) စာမျက်နှာတွေ၊ အင်တာနက် သတင်းတွေ အပြင် Citizen Journalists (CJ)ခေါ်တဲ့ ရပ်ကွက်ထဲက သတင်းသမားတွေဆီက တစ်ဆင့် ပြည်သူတွေ သတင်းရနေနိုင်ပါပြီ။ တစ်ခါတလေ အစိုးရ မရသေးတဲ့ သတင်းတွေကိုတောင် ပြည်သူကအရင်
ရခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် နိုင်င့ရေးမှာ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်အောင် စွမ်းဆောင်ပေးနိုင်တာ မီဒီယာပဲ ဖြစ်ပါတယ်။
၎။ဒီမိုကရေစီ လမ်းကြောင်း ပေါ်ပေါက်လာအောင် အကောင်အထည် ပေါ်လာအောင် အမြဲတိုက်တွန်း နေရမယ်။
နည်းပညာဟာ တစ်စထက် တစ်စတိုးတက်လာတာကို တွေ့နေကြမှာပါ။ နေရာတိုင်းမှာ
e ဆိုတဲ့ စာလုံးလေးကို လူတိုင်းတွေ့နေရမှာ မလွဲပါဘူး။ eဒီမိုကရေစီ၊ ဆိုင်ဘာ ဒီမိုကရေစီလို့တောင် ခေါ်ရတော့ မလောက်ပါပဲ။ ဒီမှာတိုးတက်မှု(၃)ခု
သွားတွေ့ပါတယ်။
(၁)လူထုရဲ့ အရွယ်အစားကို ပြောင်းပစ်နိုင်တယ်။ ဆိုပါတော့။ လူတွေအများကြီး
တစ်နေရာထဲမှာ လာစုပြီး လူထုအစည်းအဝေး လုပ်တာမျိုးတွေ မလိုတော့ဘူး။
Online သုံးပြီး လူတွေထိုင်ရာကမထ၊ အိမ်ထဲက အိမ်ပြင်မထွက်ပဲ အစည်းအဝေး တက်လို့ရပါတယ်။ တစ်ချို့ အစည်းအဝေးတွေကို တစ်ကမ္ဘာလုံးအနှံ့  ဗီဒီယို ညီလာခံ လုပ်နေကြပါပြီ။
(၂)မတူညီတဲ့ အမြင်တွေ၊ ဝေဖန်မှုတွေကို အမြန်ဆုံး ရနိုင်ပါတယ်။ နမူနာဆိုပါတော့။ facebook ပေါ်ကို သတင်းတစ်ပုဒ် တင်ကြည့်လိုက်ပါ။ ချက်ချင်း ဝေဖန်တာ
ထောက်ခံတာတွေ တက်လာ တော့တာပါပဲ။
(၃)ရွေးကောက်ပွဲမှာပဲ ဖြစ်ဖြစ်၊ လူထုဆန္ဒ ခံယူပွဲမှာပဲဖြစ်ဖြစ် ခလုပ်တစ်ချက် နှိပ်ရုံနဲ့
တင် လူတိုင်း ပါဝင်ခွင့် ရနေနိုင်ပါတယ်။ ဆိုပါတော့။ အလှမယ် ရွေးပွဲတွေမှာ Likeတချက်နှိပ်ရုံနဲ့ ပြည်သူတွေ ပါဝင်နိုင်တာ သက်သေပါပဲ။ ဒီလိုနဲ့ပဲ နန်းခင်ဇေယျာတို့ ခင်ဝင့်ဝါတို့ တခြားအလှမယ်တွေကို ကျော်ဖြတ်ခဲ့တာ မဟုတ်လား။ဒီလိုတိုးတက်မှုတွေ
တွေ့ရပေမယ့် ဆုတ်ယုတ်မှုတွေလည်း တွေ့ရတတ်ပါတယ်။
(၁)လူထုဟာ စိတ်ပျက်သွားတတ်ပါတယ်။ သြဇာရှိတဲ့ မီဒီယာတွေက လူထုကို
သူတို့လိုသလို ပုံစံသွပ်သွင်းတဲ့ အခါမှာ လူထုဟာ အယုံအကြည်မဲ့ သွားတတ်ပါတယ်။
တစ်ချို့ မီဒီယာတွေကတော့ ပြည်သူက မနှစ်မျို့တာတွေကို ရှေ့တန်းတင်လွန်း
လို့ ရွံပြီး လှည့်မကြည့်တော့တာမျိုး ရှိတတ်ပါတယ်။
(၂)မီဒီယာတွေက ဇွတ်အတင်း နေရာ ယူလွန်းလာတဲ့အခါ ပြသနာ တက်လာ
ပါတယ်။ မီဒီယာမှာ အင်အားရှိတယ်ဆိုပြီး ဗိုလ်ကျတာမျိုးတွေ တွေ့လာရတဲ့အခါ
လူထုက စိတ်ပျက်တတ်ပါတယ်။
(၃)အစိုးရနဲ့မီဒီယာ သိပ်ပူးကပ်လွန်းရင်လည်း ပြည်သူက အယုံအကြည်မဲ့
သွားတတ်ပါတယ်။
ဇာဂနာ
( Tomorrow သတင်းဂျာနယ်ပါ ဆောင်းပါး )
kyaw swa myint
လေးစားလျက်
ကိုထွန်းဝေ
===========
ဇာဂနာ
ဒီနေ့ မြန်မာပြည်မှာ မီဒီယာဟာ ထိပ်တန်းနေရာကို ရောက်လာသလို လက်ရှိ
အစိုးရရဲ့ အကြောက်ဆုံး နေရာကိုလည်း ရောက်လာခဲ့ပါပြီ။ မီဒီယာသမားတွေ အရေးယူခံရတာကို ခတ်စိတ်စိတ် ကြားလာရသလို မီဒီယာတွေ ကျင့်ဝတ်
ချိုးဖောက်တယ် မချိုးဖောက်ဖူးဆိုတဲ့ အသံတွေလည်း ကြားလာရပါတယ်။
အဆိုးဆုံးကတော့ မီဒီယာတွေကို ခြိမ်းချောက်လာတာပါ။ ခုဆို သတင်းယူ
သလိုလိုနဲ့ ခေါ်ယူစစ်ဆေး မေးမြန်းနေတယ် ဆိုတာလည်း ကြားလာရပြန်ပါတယ်။
တစ်ဖက်မှာတော့ နိုင်ငံရေးသမားလို့ ခေါ်ဆိုရမယ့် ဒီမိုကရက်တစ် အင်အားစုတွေနဲ့
မီဒီယာ အဆက်အစပ်ဟာ သိပ်ပြီး အားကောင်းလာတာ မတွေ့ရပါဖူး။ တိတိကျကျ
ပြောရရင် နိုင်ငံရေး ပါတီတွေနဲ့ အတိုက်အခံ နိုင်ငံရေးအုပ်စုတွေဟာ မီဒီယာကို
လက်တွေ့ကျကျ အသုံးပြုတာ မတွေ့ရပါဘူး။ လာပြီးမေးရင် ဖြေတာလောက်
နဲ့တော့ မီဒီယာနဲ့ ဆက်ဆံရေး ကောင်းပါတယ်လို့  မပြောသင့်တာ အမှန်ပါပဲ။
ဒီတော့ မီဒီယာ နိုင်ငံရေး ဘယ်လောက် အရေးပါတယ် ဆိုတာလေး တင်ပြပါရစေ။
နိုင်ငံရေးပါလို့ ဆိုကတည်းက လူထုပါလာပါပြီ။ ဒီတော့ နိုင်ငံရေး ပါတီတွေ
နိုင်ငံရေးသမားတွေ ဆိုတာ လူထုနဲ့ ဧကန်မုချ ဆက်ဆံကြရတော့မှာပါပဲ။
ဒီတော့ လူထုနဲ့ ဘယ်လို ဆက်သွယ်ကြမလဲ။ နိုင်ငံရေး အတွေးအခေါ်တွေ၊ အယူအဆတွေ ကြေညာချက်တွေဆိုတာ နိုင်ငံရေးသမားနဲ့  နိုင်ငံရေး ပါတီတွေ
ကနေလာတယ် ဆိုတာ မှန်ပါတယ်။ ပြည်သူတွေဆီကိုတော့ ရေဒီယို၊ တီဗီ၊
သတင်းစာ၊ ဂျာနယ်၊ အင်တာနက်တို့ ကနေ တစ်ဆင့်ခံပြီး သွားရမှာ ဖြစ်ပါတယ်။
လူထုဆက်ဆံရေးနဲ့ ပတ်သက်တဲ့ သီအိုရီတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့
ဒီသီအိုရိတွေ ဘယ်လို ပြောင်းလဲတိုးတက် လာခဲ့သလဲဆိုတာက ပိုပြီး အရေးကြီး
ပါလိမ့်မယ်။ တကယ်တော့ အခြေခံ အကျဆုံး နိုင်ငံရေး အဖွဲ့အစည်းဟာ အိမ်နဲ့ကျောင်းပါပဲ။ ကျောင်းမှာ နားရည်ဝလာတဲ့ ကလေးတွေ၊ အိမ်မှာ အကြား
အမြင်များတဲ့ ကလေးတွေဟာ နိုင်ငံရေးရဲ့ တန်ဆာပလာလေးတွေ ဖြစ်လာတာပါ။
ဒီကနေမှ သတင်းစာ ဖတ်တာ၊ နောက်တော့ တီဗီကြည့်တာ၊ ပြီးတော့ အင်တာနက် သုံးတာတွေကနေ တစ်ဆင့် နိုင်ငံရေးနဲ့ ထိတွေ့ နီးစပ်လာတော့တာပါပဲ။ ဒီနေ့ခေတ် တကမ္ဘာလုံးမှာ အင်တာနက် အသုံးပြုတဲ့ လူဦးရေဟာ သန်းပေါင်း ၂၄၀၀ကျော် ရှိနေပါတယ်။ မြန်မာပြည်မှာ လူဦးရေတစ်သန်းနဲ့ ခြောက်သိန်းကျော် အင်တာနက်
ကို သုံးနေပါပြီ။ တိုတိုပြောရရင် မီဒီယာတွေရဲ့ လွှမ်းမိုးမှုဟာ တော်တော်
ကျယ်ပြန့်လာပါတယ်။ ဒါကြောင့် လူထုဆက်ဆံရေးကို နိုင်ငံရေးမှာ အရေးပါတဲ့
အနုပညာ တစ်ရပ်အနေနဲ့ လက်ခံဖို့ပါပဲ။ လူထုဆက်ဆံရေးနဲ့ ပတ်သက်တဲ့
အယူအဆတွေ အများအပြား ရှိပါတယ်။
အများစုသိမ်းပိုက်ခြင်းပုံစ
လူထုနဲ့ ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းတွေကို ဘယ်နိုင်ငံရေး ပါတီတွေက သိမ်းပိုက်
ထားနိုင်သလဲ။ ရေဒီယိုကို၊ ရုပ်မြင်သံကြားကို၊ သတင်းစာကို ဂျာနယ်ကို ဘယ်လောက် အတိုင်းအတာထိ သိမ်းပိုက်ထားနိုင်သလဲ။ နိုင်ငံရေးအရ ၀ါဒဖြန့်တာ၊ စည်းရုံးတာ၊
မဲဆွယ်တာ အားလုံးကို မီဒီယာကနေ တစ်ဆင့်ပဲ လုပ်ရမှာပါ။ ကိုယ့်လက်ထဲမှာ
မီဒီယာကို ဘယ်လို သိမ်းပိုက်ထားနိုင်သလဲဆိုတာ
ဒီနေ့ခေတ်လို အင်တာနက် အသုံးများလာတဲ့ အချိန်မှာ အင်တာနက် စာမျက်နှာတွေ
ပေါ်မှာ ကိုယ်ဘယ်လောက် လွှမ်းမိုးထားနိုင်တယ် ဆိုတာ ကိုယ့်ရဲ့ အင်အားပါပဲ။
ဆိုပါတော့။ ဒီနေ့မြန်မာပြည်မှာ အများဆုံး သုံးနေတာက ဖေ့စ်ဘုတ်(ခ်)ပါ။ ဖေ့စ်ဘွတ်ခ်
မှာ ကိုယ့်ကို ကြိုက်သူ၊ လက်ခံသူ ဘယ်လောက်ရှိသလဲ။ ကိုယ့်နောက်ကို
လိုက်နေသူတွေ ဘယ်လောက်ရှိသလဲဆိုတာ သိဖို့ လိုပါတယ်။ လက်ရှိမြန်မာပြည်
ရဲ့ ဖေ့ဘွတ်(ခ်)ထဲမှာ လူအများဆုံး ကြိုက်နှစ်သက်တဲ့ စာမျက်နှာဟာ နိုင်ငံရေး
လောကရဲ့ စာမျက်နှာပါ။ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွတ်ရဲ့ ဖေ့ဘွတ် ပရိသတ်ဟာ လေးသေားင်းခွဲကျော်နဲ့ စံချိန်တင်ထားတာကို သတိပြုသင့်ပါတယ်။
မှိုင်းတိုက်ခြင်းပုံစံ။
ဒီနေ့ တစ်ကမ္ဘာလုံး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်နေကြတာ ဘာကြောင့်လဲ။
မီဒီယာတွေ မှိုင်းတိုက်ကောင်းလို့ပါ။ ကမ္ဘာ့အကြီးဆုံး မီဒီယာ ကုမ္ပဏီကြီး ခြောက်ခု ပူးပေါင်းပြီးတော့ အနောက်တိုင်းရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာက
ကတော့ ကာတွန်းရုပ်ရှင်များကို ထုတ်လုပ်နေတဲ့ ဒစ္စနေ ကုမ္ပဏီကြီးပါပဲ။ AOLလို
TIME Warnerလို ကုမ္ပဏီတွေ ပါလာတာ မဆန်းပေမဲ့ ဒစ္စနေ ကုမ္ပဏီ ပါလာတာ
ကတော့ ဘယ်လောက်ထိ ရည်မှန်းချက်ကြီးတယ် ဆိုတာ မြင်နိုင်ပါတယ်။
ပြောနေကျ စကားတစ်ခွန်း ရှိပါတယ်။ ဆိုဗီယာက် ပြည်ထောင်စုကြီးကို ဖြိုခွဲ
သွားတာ တစ်ယောက်ထဲပါ။ သူ့နာမည်ကတော့ ဘွန်း၊ဂျိမ်း(စ်)ဘွန်း။
ဒီလိုမှိုင်းတိုက်တဲ့ ပုံစံကို သေသေချာချာ စိစစ်ဖို့  ဆန်ကာငါးချပ် ရှိပါတယ်။
၁။ကုမ္ပဏီပိုင်ရှင်တွေက ဒါကိုစီးပွားရေးလို့ သဘောပေါက်လာဖို့ လိုပါတယ်။
၂။ကြော်ငြာလုပ်ငန်းရှင်တွေ၊
၃။သတင်း အချက်အလက်တွေ ဘယ်ကရလာခဲ့သလဲ။ အစိုးရဆီကလား။ စီးပွားရေး စီမံကိန်းတွေ ရေးဆွဲပေးနေတဲ့ ဥာဏ်ကြီးရှင် အဖွဲ့ကလားဆိုတာ ပြောပြနိုင်ဖို့
လိုပါတယ်။ (ဒါဟာ အရေးကြီးပါတယ်။ ဒီနေ့အထိ ကမ္ဘာပေါ်က ဘယ်စီးပွားရေး
သမားမဆို အစိုးရနဲ့ ပလဲနံပ သင့်ချင်ကြတာချည်းပါပဲ)
၎။မီဒီယာသမားတွေကို ခြိမ်းချောက်မှု၊ အကျပ်ကိုင်မှု၊ ဖိအားပေးမှု၊ အရေးယူမှုတွေ
မရှိဖို့တော့ လိုပါတယ်။ ရှိတယ် မရှိဖူးဆိုတာကိုလည်း သေသေချာချာ ဆန်းစစ်ဖို့ 
လိုပါတယ်။
၅။ဈေးကွက် စီးပွားရေးနဲ့ လွတ်လပ်စွာ ယှဉ်ပြိုင်ရေးတို့ကို ဘယ်လောက်ထိ ထိခိုက်
နိုင်သလဲဆိုတာ ကြည့်တတ်ဖို့ လိုပါတယ်။အထက်က ဆန်းစစ်လေ့လာချက်တွေကို ပညာရှင် နိုအမ်ချွန်စကီးက ဖော်ထုတ်ခဲ့တာပါ။ တစ်ချို့ကတော့ ဒီအချက် ၅ချက်ဟာ
ပြည်သူလူထုရဲ့ ဆုံးဖြတ်နိုင်စွမ်းကို အထင်သေးရာ ကျတယ်လို့  ဝေဖန်ကြပါတယ်။
ပညာတတ်ဦးစားပေးပုံစံ
သတင်းထောက်တွေ ဘယ်လိုပဲရေးရေး၊ ဆောင်းပါးရှင်တွေက ဘာတွေပဲ ရေးရေး၊ အယ်ဒီတာက ပုံနှိပ်ခွင့်ပြုမှ ရမှာပါ။ ဒါကိုကြည့်ကတည်းက မီဒီယာတွေမှာ အပေါ်
ကနေ အုပ်ချုပ်ထားတဲ့ အလွှာတစ်လွှာ ရှိနေတာ သိသာပါတယ်။ အဲဒီအလွှာကို
ပညာတတ်တွေ ကြီးစိုးတာများပါတယ်။ ရေဒီယိုနဲ့ ရုပ်သံလွှင့် လုပ်ငန်းတွေမှာလည်း ထုတ်လွှင့်ရေးမှူးတွေဟာ ပညာရှင် ပညာတတ်တွေပါ။ အထူးသဖြင့်ကတော့ မီဒီယာသမားတွေထဲမှာ လစာကောင်းကောင်း ရထားသူတွေဟာ နေရာ
ကောင်းကောင်းလည်း ရထားကြပါတယ်။ အဲဒီလူတွေ အားလုံးက အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ကိုင်ထားကြပါတယ်။ ဒီတော့ ဆုံးဖြတ်ချက် ချပေးနိုင်သူ
တွေကသာ မီဒီယာကို လွှမ်းမိုးထားတာ ထင်ရှားပါတယ်။ တစ်ချို့ကတော့ ပြည်သူ
အများစုရဲ့ အမြင်ကို မီဒီယာက တကယ် ကိုယ်စား ပြုမပြုဆိုတာကို သံသယ
ရှိနေဆဲပါပဲ။
ဈေးကွက်ဦးစားပေးပုံစံ။
မီဒီယာရဲ့  ဈေးကွက် ဆိုတာက ပြည်သူပါပဲ။ ပြည်သူက အားမပေးရင် ဘယ်မီဒီယာ
ကမှ ရပ်တည်လို့  မရနိုင်ပါဘူး။ ပြည်သူက ဘာလိုချင်သလဲဆိုတာကို ဘယ်မီဒီယာ
မဆို ဦးစားပေးနေရတာ သဘာဝပါပဲ။ဒီတော့ မီဒီယာနဲ့ ဒီမိုကရေစီ ဘယ်လို
ဆက်စပ်နေသလဲ။ ဘယ်လိုချိတ်ဆက်ထားကြသလဲ။ နည်းနည်းတော့ လေ့လာ
ကြည့်ကြရအောင်ပါ။ ဒီမိုကရက်တစ် အစိုးရတိုင်းမှာ သတင်းလွတ်လပ်ခွင့် ဆိုတာ
ရှိပြီးသားပါ။ မီဒီယာနဲ့ အစိုးရ၊ မီဒီယာနဲ့ နိုင်ငံရေး ဆက်စပ်မှု အားကောင်းလာစေမယ့် နည်းလမ်းလေးခု ရှိပါတယ်။
၁။ပြည်သူတွေကြားမှာ ဆွေးနွေးပွဲတွေ မပြတ်လုပ်နေရမယ်။ လူထုစည်းဝေးပွဲတွေ
ကို မီဒီယာပေါ် တင်ပေးလိုက်တာပါပဲ။ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ၊ စကားရည်လုပွဲ၊ ပညာပေး ဟောပြောပွဲ ဆိုတာတွေ အမြဲမပြတ် လုပ်ပေးနေရပါမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေမှသာ လုပ်နိုင်တယ် ဆိုတဲ့ မူဝါဒဆိုင်ရာ ငြင်းခုန်တာ
ဆွေးနွေးတာတွေကို မီဒီယာပေါ်မှာ ပြုလုပ်ပေးနိုင်ပါတယ်။
၂။အာဏာ အလွဲသုံးစားမှုတွေကို အမြဲမပြတ် စောင့်ကြည့်နေရမယ်။ မီဒီယာသမား
ဆိုတာ အမှီအခို ကင်းရမယ်။ လောင်းရိပ်ကနေ လွတ်ရမယ်။ ဘယ်တိုင်းပြည်မှာ
မဆို ခြစားမှု။ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတတ်ပါတယ်။ ဒါတွေကို မီဒီယာ
သမားတွေက ဖော်ထုတ်ပေးဖို့ သိပ်အရေးပါပါတယ်။
၃။နိုင်ငံရေး လွှမ်းမိုးမှုနဲ့ အာဏာခွဲဝေမှုကို အမြဲစောင့်ကြည့် လေ့လာရမယ်။ သတင်းအသိုက်အအုံ ဆိုတာ တော်လှန်ရေး သုံးခါဆင်နွှဲပြီး တိုးတက် ပြောင်းလဲ
လာခဲ့ပါတယ်။ ပထမ တော်လှန်ရေးအပြီးမှာ သတင်းစာတွေ ဂျာနယ်တွေ ပေါ်ပေါက်လာ
ပါတယ်။ ဒုတိယ တော်လှန်ရေးကနေ တယ်လီဖုန်းတွေ၊ ရုပ်မြင်သံကြားတွေ ပေါ်ပေါက်
လာတာပါ။ တတိယ တော်လှန်ရေး အပြီးမှာတော့ မိုဘိုင်းဖုန်းတွေ၊ အင်တာနက်တွေ
ပေါ်ပေါက်လာတော့ပါတယ်။ ပထမ တော်လှန်ရေးတုန်းကတော့ အစိုးရပေးချင်တဲ့ သတင်းတွေကိုပဲ ပြည်သူတွေ ရခဲ့ပါတယ်။ သတင်းတွေကို အစိုးရက ထိန်းချုပ်
ထားနိုင်ပါတယ်။ ဒုတိယ တော်လှန်ရေး အပြီးမှာတော့၊ သတင်းရရှိမှုမှာ
အစိုးရရော ပြည်သူပါ တန်းတူ ဖြစ်သွားပါပြီ။ အရပ်ဖက် အဖွဲ့တွေ၊ ဖေ့(စ်)ဘွတ်(ခ်) စာမျက်နှာတွေ၊ အင်တာနက် သတင်းတွေ အပြင် Citizen Journalists (CJ)ခေါ်တဲ့ ရပ်ကွက်ထဲက သတင်းသမားတွေဆီက တစ်ဆင့် ပြည်သူတွေ သတင်းရနေနိုင်ပါပြီ။ တစ်ခါတလေ အစိုးရ မရသေးတဲ့ သတင်းတွေကိုတောင် ပြည်သူကအရင်
ရခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် နိုင်င့ရေးမှာ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်အောင် စွမ်းဆောင်ပေးနိုင်တာ မီဒီယာပဲ ဖြစ်ပါတယ်။
၎။ဒီမိုကရေစီ လမ်းကြောင်း ပေါ်ပေါက်လာအောင် အကောင်အထည် ပေါ်လာအောင် အမြဲတိုက်တွန်း နေရမယ်။
နည်းပညာဟာ တစ်စထက် တစ်စတိုးတက်လာတာကို တွေ့နေကြမှာပါ။ နေရာတိုင်းမှာ
e ဆိုတဲ့ စာလုံးလေးကို လူတိုင်းတွေ့နေရမှာ မလွဲပါဘူး။ eဒီမိုကရေစီ၊ ဆိုင်ဘာ ဒီမိုကရေစီလို့တောင် ခေါ်ရတော့ မလောက်ပါပဲ။ ဒီမှာတိုးတက်မှု(၃)ခု
သွားတွေ့ပါတယ်။
(၁)လူထုရဲ့ အရွယ်အစားကို ပြောင်းပစ်နိုင်တယ်။ ဆိုပါတော့။ လူတွေအများကြီး
တစ်နေရာထဲမှာ လာစုပြီး လူထုအစည်းအဝေး လုပ်တာမျိုးတွေ မလိုတော့ဘူး။
Online သုံးပြီး လူတွေထိုင်ရာကမထ၊ အိမ်ထဲက အိမ်ပြင်မထွက်ပဲ အစည်းအဝေး တက်လို့ရပါတယ်။ တစ်ချို့ အစည်းအဝေးတွေကို တစ်ကမ္ဘာလုံးအနှံ့  ဗီဒီယို ညီလာခံ လုပ်နေကြပါပြီ။
(၂)မတူညီတဲ့ အမြင်တွေ၊ ဝေဖန်မှုတွေကို အမြန်ဆုံး ရနိုင်ပါတယ်။ နမူနာဆိုပါတော့။ facebook ပေါ်ကို သတင်းတစ်ပုဒ် တင်ကြည့်လိုက်ပါ။ ချက်ချင်း ဝေဖန်တာ
ထောက်ခံတာတွေ တက်လာ တော့တာပါပဲ။
(၃)ရွေးကောက်ပွဲမှာပဲ ဖြစ်ဖြစ်၊ လူထုဆန္ဒ ခံယူပွဲမှာပဲဖြစ်ဖြစ် ခလုပ်တစ်ချက် နှိပ်ရုံနဲ့
တင် လူတိုင်း ပါဝင်ခွင့် ရနေနိုင်ပါတယ်။ ဆိုပါတော့။ အလှမယ် ရွေးပွဲတွေမှာ Likeတချက်နှိပ်ရုံနဲ့ ပြည်သူတွေ ပါဝင်နိုင်တာ သက်သေပါပဲ။ ဒီလိုနဲ့ပဲ နန်းခင်ဇေယျာတို့ ခင်ဝင့်ဝါတို့ တခြားအလှမယ်တွေကို ကျော်ဖြတ်ခဲ့တာ မဟုတ်လား။ဒီလိုတိုးတက်မှုတွေ
တွေ့ရပေမယ့် ဆုတ်ယုတ်မှုတွေလည်း တွေ့ရတတ်ပါတယ်။
(၁)လူထုဟာ စိတ်ပျက်သွားတတ်ပါတယ်။ သြဇာရှိတဲ့ မီဒီယာတွေက လူထုကို
သူတို့လိုသလို ပုံစံသွပ်သွင်းတဲ့ အခါမှာ လူထုဟာ အယုံအကြည်မဲ့ သွားတတ်ပါတယ်။
တစ်ချို့ မီဒီယာတွေကတော့ ပြည်သူက မနှစ်မျို့တာတွေကို ရှေ့တန်းတင်လွန်း
လို့ ရွံပြီး လှည့်မကြည့်တော့တာမျိုး ရှိတတ်ပါတယ်။
(၂)မီဒီယာတွေက ဇွတ်အတင်း နေရာ ယူလွန်းလာတဲ့အခါ ပြသနာ တက်လာ
ပါတယ်။ မီဒီယာမှာ အင်အားရှိတယ်ဆိုပြီး ဗိုလ်ကျတာမျိုးတွေ တွေ့လာရတဲ့အခါ
လူထုက စိတ်ပျက်တတ်ပါတယ်။
(၃)အစိုးရနဲ့မီဒီယာ သိပ်ပူးကပ်လွန်းရင်လည်း ပြည်သူက အယုံအကြည်မဲ့
သွားတတ်ပါတယ်။
ဇာဂနာ
( Tomorrow သတင်းဂျာနယ်ပါ ဆောင်းပါး )
kyaw swa myint
လေးစားလျက်
ကိုထွန်းဝေ
===========
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။