Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 6, 2014

စိတ်ကျေ နပ်မှုရဲ့ ဓားစားခံ အိမ်အကူ မလေး များ

စိတ်ကျေ နပ်မှုရဲ့ ဓားစားခံ အိမ်အကူ မလေး များ
မကွေးတိုင်းဒေသကြီး၊ ကန်ပေကြီးကျေးရွာသူ သီတာဝင်းတစ်ယောက် ရန်ကုန်မြို့ကြီးပေါ်ကို ရည်ရွယ် ချက် ကြီးစွာနဲ့ ရောက်ရှိလာခဲ့ပါတယ်။ အလုပ်အကိုင် ကောင်းကောင်းနဲ့ သူ့ဘ၀ကို ထူထောင်ဖို့ရနိုင် ကောင်းလေရဲ့ဆိုတဲ့ ရည်ရွယ်ချက်ကို သူနဲ့အတူ ယူဆောင်လာခဲ့သူ ဖြစ်ပါတယ်။
ရွာမှာနေစဉ်က တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ရပေမယ့် လုပ်အားခ၀င်ငွေ လုံလောက်မှု မရှိတဲ့အတွက် ၀င်ငွေများများရရှိမယ်လို့ ထင်ရတဲ့ ရန်ကုန်မြို့ကြီးကို တက်လာခဲ့ပြီး အိမ်အကူအလုပ်ကို ၀င် ရောက် လုပ်ကိုင်ခဲ့ပါတယ်။

အဲဒီလို မျှော်လင့်ချက်အပြည့်နဲ့ အိမ်အကူလာလုပ်ခဲ့တဲ့ မသီတာဝင်း တစ်ယောက် ဖြစ်ရပ်ဆိုးကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ ဒါကတော့ ကိုယ်ချင်းစာတရား ခေါင်းပါးပြီး လူသားချင်းစာနာမှုမရှိတဲ့ အိမ်ရှင် အမျိုး သမီးတစ်ဦးရဲ့အိမ်မှာ အလုပ် ၀င်ရောက်ခဲ့ရတဲ့ အတွက်ပါ။
၂၀၁၄ ခုနှစ်၊ မတ်လ ၁၈ ရက်မှာ ကမာရွတ်မြို့နယ် ရဲစခန်းအတွင်းကို ဒဏ်ရာဗရဗွနဲ့ မသီတာဝင်း တစ်ယောက် ရောက်ရှိလာခဲ့ပါတယ်။ လက်သီးနဲ့ထိုးခြင်း၊ သံတုတ်နဲ့ရိုက်ခြင်း၊ မီးပူနဲ့ကပ်ခြင်း၊ ရေနွေး ပူနဲ့ လောင်းခြင်း၊ ဓားနဲ့လက်ထိပ်များသို့ မွှန်းခြင်း၊ ကတ်ကြေးနဲ့ထိုးခြင်း၊ ရိုက်နှက်ခြင်း၊ အခန်းတွင်းပိတ်လှောင် ထားခြင်း စတဲ့ညဉ်းပန်းနှိပ်စက် စေခိုင်းမှုတွေကို အိမ်ရှင် မစီစီကလျာ(ခ) မခါးခါးက သူ့စိတ် အလိုမကျ တိုင်း နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့ပါလို့ မသီတာဝင်းက ရဲစခန်းမှာ ပြောပြခဲ့ပါတယ်။
အိမ်အကူအမျိုးသမီးတွေကို ညဉ်းပန်းနှိပ်စက်မှုနဲ့ ပတ်သက်ပြီး မြန်မာ့လူမှု အသိုင်းအ၀ိုင်းတစ်ခုလုံး တုန် လှုပ်ခဲ့ရတဲ့ ဖြစ်ရပ်မျိုး ၂၀၁၂ ခုနှစ်မှာလည်း ဖြစ်ပျက်ခဲ့ဖူးပါတယ်။ အဲဒီအမှုကလည်း အခု မသီတာဝင်း ဖြစ် ပျက်ခဲ့တဲ့ ကမာရွတ်မြို့နယ်မှာပဲ ဖြစ်ပွားခဲ့တာပါ။ ဒါကတော့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလက ရန်ကုန် တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်မှာ အသက် ၁၈ နှစ် အရွယ် အိမ်အကူမလေး မနုနုလွင်ကို အိမ်ရှင်အမျိုး သမီး မေဇွန် (ခ)မျိုးဇာနည်ဇွန်က အသက်သေဆုံးတဲ့အထိ လူသားမဆန်စွာနဲ့ ညဉ်းပန်းနှိပ်စက်လို့ သေ ဆုံးခဲ့တာပါပဲ။
မြန်မာ့လူမှု အသိုင်းအ၀န်းမှာတော့ ဒီဖြစ်ရပ်က အင်မတန်မှ အရုပ်ဆိုး အကျည်းတန်ခဲ့ပါတယ်။ လူအချင်း ချင်း ရိုင်းပင်း ကူညီရမယ်ဆိုတဲ့ အသိတရားတွေနဲ့ လုံးဝ ဆန့်ကျင်နေတဲ့အပြင် အမျိုးသမီးအချင်းချင်း အခု လို ညှင်းပန်းနှိပ်စက်မှုဟာ အရမ်းကိုဆိုးရွားတဲ့ ဖြစ်ရပ်တစ်ခုပါ။ လူထုတစ်ရပ်လုံးက ရှုတ်ချခဲ့ကြတဲ့ အဲဒီ ဖြစ်စဉ်ကိုတော့ တရားဥပဒေဘက်က တရားခံ အမျိုးသမီး မေဇွန်ကို ထောင်ဒဏ် ကိုးနှစ်နဲ့ လေးလ ချမှတ် ခဲ့ပါတယ်။
မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်အရ အထူးအဆန်း ဖြစ်နေခဲ့တဲ့ ဒီဖြစ်ရပ်မျိုးဟာ ကမ္ဘာနဲ့တစ်ဝန်းမှာတော့ ဖြစ်ပျက်နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ပနိုင်ငံကြီးတိုင်းမှာ အဲဒီလို အိမ်အကူ အမျိုးသမီးလေးတွေ အတွက် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်ဖြစ်ဖို့ ဥပဒေတစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ သီးသန့်ပြဋ္ဌာန်းထားပါ တယ်။
မြန်မာနိုင်ငံအနေနဲ့ကတော့ ပုံမှန်ထိခိုက် နာကျင်စေမှု ဥပဒေတွေနဲ့ပဲ အရေးယူမှု ပြုလုပ်နေကြဆဲ ဖြစ်ပါ တယ်။အိမ်အကူအမျိုးသမီးလေးတွေ ညှင်းပန်းနှိပ်စက်ခံရမှုကို အရေးယူဆောင်ရွက်နိုင်တဲ့ ဥပဒေနဲ့ပတ် သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးတပ်ဖွဲ့စု(၆)က တပ်ဖွဲ့စုမှူး ရဲမှူး ရိုလင်က “မြန်မာနိုင်ငံက အိမ်အကူလေးတွေအတွက် သီးသန့်ဥပဒေတစ်ရပ် မရှိပါဘူး။ ဒါပေမဲ့ မြန်မာ နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေမှာတော့ အိမ်အကူအတွက် သီးသန့် မဟုတ်သော်လည်း အလုပ်သမားတွေအားလုံး အကြုံးဝင်ပါတယ်။ အဲဒီဥပဒေထဲက အင်္ဂါရပ်တွေ ဖြစ်တဲ့ ဖြားယောင်းသွေးဆောင်မယ်၊ လိမ်လည်လှည့်ဖြားမယ်၊ ခြိမ်းခြောက်မယ်၊ အင်အားသုံးမယ်၊ ခေါင်းပုံ ဖြတ် မယ်ဆိုရင် လူကုန်ကူးမှုဥပဒေနဲ့ အရေးယူ ဆောင်ရွက်နိုင်ပါတယ်။ ပြစ်မှု မြောက်တယ်ဆိုရင်တော့ လူ ကုန်ကူးမှု ဥပဒေအရ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်က အများဆုံး တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင် ပါတယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံသို့ တရားဝင် အိမ်အကူအမျိုးသမီးတွေကို စေလွှတ်ထားသော်လည်း ပြဿနာ တစ်စုံတစ်ရာ ပြန်လည် မရောက်ရှိလာရတာက သူတို့နိုင်ငံမှာ ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေကကာကွယ်ပေး ထားလို့ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ အိမ်အကူ လုပ်ကိုင်နေသူတွေထက် နိုင်ငံခြားမှာ သွားရောက်လုပ် ကိုင်နေသူတွေက ပိုပြီးလုံခြုံမှုရှိနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အိမ်အကူတွေအတွက် သီးသန့်ဥပ ဒေတစ်ရပ် ပြဋ္ဌာန်းပေးထားဖို့က လိုအပ်ချက်တစ်ခု ဖြစ်နေတယ်လို့ ရဲမှူးရိုလင်ကပဲ ဆက်လက် ပြောကြား ပါတယ်။
အခုဆိုရင် အသက် ၂၅ နှစ်အရွယ် မသီတာဝင်းဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရဲ့ ဆေးစာအရ ဘယ်နဖူး ဖူးရောင် ဒဏ်ရာ၊ ဘယ်မျက်လုံး ဖူးရောင်ဒဏ်ရာ၊ ဘယ်ပါးရိုးဖူးရောင်ဒဏ်ရာ၊ ဘယ်လက် မောင်းကျက်ပြီး ဒဏ်ရာ၊ ဘယ်လက်ဖျံ ကျက်ပြီး ဒဏ်ရာ၊ ဘယ်ခြေသလုံး ဖူး ရောင်ဒဏ်ရာ၊ ဘယ်ပေါင် ညိုမည်းဒဏ်ရာ၊ ညာလက်ဖမိုးဖူးရောင်ဒဏ်ရာ၊ ညာလက် ဖျံဖူးရောင်ဒဏ်ရာ၊ ကျောပြင်ထက် ကျက်ပြီး ဒဏ်ရာ၊ ညာလက် ဖ၀ါးပြတ်ရှဒဏ်ရာ စသဖြင့် ပြင်ပဒဏ်ရာ စုစုပေါင်း ၁၁ ခု ရှိခဲ့တာကို တွေ့ရှိရပြီး ဆေးဆက်လက် ကုသ နေပါတယ်။ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ အိမ်ရှင်အမျိုးသမီးကိုတော့ ကမာရွတ်ရဲစခန်းမှာ ဖမ်းဆီးထားပြီး စစ် ဆေးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မျှော်လင့်ချက်တွေနဲ့ လွဲချော်ခဲ့ရတဲ့ မသီတာဝင်းက သူမရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ပတ် သက်ပြီး “သမီးလို ကျေးရွာတွေက သူများပြောစကား နားယောင်ပြီး တစ်နယ်တစ်ကျေးမှာအလုပ်သွား လုပ်ကြမယ့် အမျိုးသမီးတွေကို သမီးလို မဖြစ်စေချင်ဘူး။ အိမ်အကူဆိုပြီး ညှင်းပန်းနှိပ်စက်မယ်၊ လုပ်ချင် ရာလုပ်မယ်ဆိုတဲ့ အတွေးမျိုးရှိနေတဲ့ သူတွေကိုလည်း သမီးအဖြစ်ကို သင်ခန်းစာယူပြီး နောက်ထပ် မလုပ် ရဲအောင်၊ မနှိပ်စက်ရဲအောင် ထိရောက်တဲ့ အပြစ်ပေးမှု ပြုလုပ်ပေးစေချင်တယ်။ အခုချိန်မှာ သမီးအဖြစ်ချင် ဆုံးကတော့ သမီးရွာကိုပဲ အမြန်ဆုံး ပြန်ချင်ပါတယ်။ ရန်ကုန်ကို နောက်တစ်ခါ မလာရဲတော့ဘူး” လို့တုန် ယင်စွာနဲ့ ပြောပြခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်းမှာပဲ မြန်မာနိုင်ငံသား အချင်းချင်း၊ အထူးသဖြင့် အမျိုးသမီး အချင်းချင်း အခုလို ညှဉ်းပန်းနှိပ် စက်မှု ကျူးလွန်နေကြတဲ့ လူတွေရဲ့ စိတ်ဓာတ်ရေးရာပိုင်းနဲ့ ပတ်သက်ပြီး စိတ်ပညာရှင် ပါမောက္ခ ဒေါက် တာအောင်မြတ်ကျော်စိန်က စိတ်ပညာရှုထောင့်က ဝေဖန်သုံးသပ်ခဲ့ပါတယ်။
“ဒီလိုဖြစ်ရပ်တွေကို ကျူးလွန်တဲ့သူတွေက တစ်ပါးသူကို ညှဉ်းပန်းနှိပ်စက်လိုစိတ် အပျော့စားမျိုး ဖြစ်ပါ တယ်။ ရောဂါအဆင့်ထိ မဟုတ်ပါဘူး။ နားလည်အောင် ပြောရရင်တော့ ဓားနဲ့ထိုးလိုက်တာမျိုး မဟုတ်ဘဲ ဓားနဲ့မွှန်းတဲ့ အဆင့်မျိုးလို့ ပြောရမှာပါပဲ။ ကျူးလွန်တဲ့သူတွေဘက်က ကြည့်မယ်ဆိုရင် သူတို့ရဲ့ အိမ်တွင်း ရေး၊ မိသားစု၊ စီးပွားရေး၊ လူမှုရေးပြဿနာ တွေကြောင့် တစ်ပါးသူကို ရန်လိုတဲ့စိတ် ရှိနေတယ်။ ပထမ ဆူဆဲ ရာက ကိုယ်ထိလက်ရောက်အထိ ဖြစ်နိုင်မယ်။ ပုံမှန် အနေအထားမှာ ကိုယ့်သားသမီးကိုတောင် ဒီလို လုပ်တတ်သေးတဲ့အတွက် အိမ်အကူတွေကတော့ ပိုပြီးတော့ဆိုးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ပုံမှန် မဟုတ်တော့တဲ့ အခြေအနေကတော့ တစ်ပါးသူကို ညှင်းပန်းနှိပ်စက်တဲ့ ပုံစံအဆင့်ထိ ရောက်လာတာမျိုး ဖြစ်တယ်”လို့ လူလူချင်း ညှင်းပန်းနှိပ်စက်တတ်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။
ဒီလို စိတ်ခံစားမှုရှိတဲ့သူတွေဟာ ငယ်စဉ်ကတည်းက ကိုယ်တိုင်ညှဉ်ပန်းနှိပ် စက်မှုဒဏ်ကို ခံရတဲ့အတွက် သူတစ်ပါးကို ပြန်ပြီး ညှင်းပန်းနှိပ်စက်တဲ့ သဘောမျိုးရှိသလို တချို့သူတွေကတော့ သူ့ရဲ့ပတ်ဝန်းကျင်မှာ မရှိခဲ့ပေမယ့် သူ့ရဲ့မွေးရာပါ စိတ်ဓာတ်မှာကတည်းက သူတစ်ပါးကို အနိုင်ကျင့်လိုစိတ် ရှိနေတဲ့အတွက် ဖြစ်တတ်ကြတယ်လို့ ဆိုပါတယ်။ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ စိန်ခေါ်မှုများစွာကြောင့် စိတ်ကျေနပ်မှု တစ် ခုအတွက် အိမ်အကူမလေးတွေကို ဆူပူမာန်မဲပြီး ဓားစာခံသဖွယ် အပြစ်ပေးရိုက်နှက်မှုတွေကတော့ဆက် လက်တည်ရှိနေဦးမယ်လို့ ဒေါက်တာအောင်မြတ်ကျော်စိန်က သုံးသပ်ပြခဲ့ပါတယ်။
နိဂုံးချုပ်အနေနဲ့ တင်ပြရမယ်ဆိုရင် အခုလို ညှင်းပန်းနှိပ်စက်နေမှုတွေဟာ နေရာတိုင်း၊ အချိန်တိုင်းမှာ ဖြစ် ပေါ်လာနိုင်တဲ့အတွက် အိမ်အကူအမျိုးသမီးလေး ဘယ်နှစ်ယောက်လောက် ညှင်းပန်းနှိပ်စက် ခံနေရမလဲ ဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် အိမ်အကူ အမျိုးသမီးလေးတွေအတွက် ရေရှည်ကာကွယ်မှု ဖြစ်လာမယ့် ဥပဒေတစ်ရပ် သီးသန့် ထွက်ပေါ်လာမှသာ “အိမ်အကူများ ညှင်းပန်းနှိပ်စက်ခံရခြင်း” ဆိုတဲ့ သတင်းမျိုးလည်း အဆုံးသတ်တော့မှာ ဖြစ်တယ်လို့ ဆန္ဒပြု ရေးသားလိုက်ရပါတယ်။
Mizzima

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။