အပျော်ရွှင်ဆုံးတိုင်းပြည် ဘူတန်
ဆင်းရဲပေမယ့် ပျော်ရွှင်တဲ့ တိုင်းပြည်ကို ပြပါဆိုရင် တရုတ်နဲ့အိန္ဒိယ နှစ်နိုင်ငံကြား ဟိမဝန္တာ တောင်ခြေအောက်က Himalayan Shangri-La လို့ တင်စားတဲ့ တိုင်းပြည် ဘူတန်ကို ပြရပါလိမ့်မယ်။ ၁၉၈ဝ ရှေ့ဦးပိုင်းမှာတော့ လူစိမ်းတွေ ဝင်ခွင့်မရှိတဲ့ တိုင်းပြည်ဖြစ်တဲ့အပြင် ၁၉၈ဝ နှောင်းပိုင်း ခရီးသွားများကို ဖွင့်လှစ်ခဲ့ပေမယ့် တစ်နှစ်မှာ ခရီးသွားသူပေါင်း ၆ထောင်လောက်သာ ဝင်ခွင့်ရှိတဲ့ တိုင်းပြည်ဖြစ်တယ်။
ဘူတန်ဟာ World Map of Happiness ကမ္ဘာ့ပျော်ရွှင်ခြင်းမြေပုံမှာ ပဉ္စမနေရာကို ယူခဲ့တယ်။
၁) ဘူတန်နိုင်ငံရဲ့ နယ်နိမိတ် အကျယ်အဝန်းဟာ ၄သောင်း ၇ထောင် ကီလိုမီတာ ပတ်လည်ပဲရှိတယ်။
၂) လူဦးရေပေါင်း ၆သိန်း ၇သောင်းကျော် ရှိပြီး ဘူတန်လူမျိုး (၅ဝ%)၊ နီပေါလ်လူမျိုး (၃၅%)နဲ့ ကျန်လူမျိုး (၁၅%) ဖြစ်ကြတယ်။
၃) (၇၅%) က ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး (၂၅%)က ဟိန္ဒူဘာသာတွေဖြစ်တယ်။
၎) ၁၉ဝ၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ တိုင်းပြည်ဖြစ်ပြီး မြို့တော်က Thimphu ဖြစ်တယ်။
ဘူတန်နိုင်ငံရဲ့ မြို့ကြီးမြို့ငယ် လမ်းအသွယ်သွယ်မှာ တောင်းရမ်းသူမရှိဘူး။ လမ်းကျဉ်း လမ်းငယ်တွေမှာ မိန်းမရွှင်မရှိဘူး။ ဆေးသမားတွေ မရှိဘူး။ တောင်ကြီးတောင်ငယ် အလျှိုလျှိုနဲ့ ဝိုင်းရံထားတဲ့ နိုင်ငံမှာ ခမ်းနားတဲ့ အဆောက်အအုံတွေကို မမြင်နိုင်သလို စုတ်ပြတ်ပြီး မိုးမလုံ လေမလုံတဲ့ အိမ်ငယ်မျိုးလည်း မတွေ့ရဘူး။ မြို့တော် Thimphu မှာ နိုင်ငံတကာနဲ့ ဆက်သွယ်နိုင်တဲ့ အင်တာနက်ဆိုင်ပေါင်း များစွာရှိတယ်။ မြို့နဲ့ ဝေးလံတဲ့ တောရွာတွေက လယ်သမားတွေက လက်ကိုင်ဖုန်းကိုယ်စီနဲ့ အဆက်အသွယ်လုပ်ကြတယ်။
တစ်ခါက ကလေးမရနိုင်တဲ့ အမေရိကန် ဇနီးမောင်နှံနှစ်ဦးဟာ ကလေးမွေးစားချင်လို့ ဘူတန်ကို ရောက်လာခဲ့တယ်။ ဒါပေမယ့် နှစ်ဝက်ကြာတဲ့အထိ မွေးစားဖို့ ကလေးမရခဲ့ဘူး။
ဘူတန်က ယောက်ျားမိန်းမအားလုံး ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ကြတယ်။ ယောက်ျားတွေက (gol) လို့ခေါ်တဲ့ ဒူးထိရှည်လျှားတဲ့ စကပ်သဏ္ဍာန် ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ကြပြီး မိန်းမတွေက (kira) လို့ခေါ်တဲ့ ခြေမျက်စိ ထိဖုံးတဲ့ ဝတ်စုံ၃ထည်ကို ဝတ်ဆင်ကြတယ်။ ဘူတန်က ကလေးလူကြီးမကျန်၊ ကုန်သည်၊ ကျောင်းသား၊ လက်လုပ်လက်စားတွေကို အင်တာဗျူးကြည့်တဲ့အခါ သူတို့ဆီက တူညီတဲ့ စကားတစ်ခွန်းကို ကြားခဲ့ရတယ်။
အဲဒီစကားက “ကျွန်တော်တို့ ကျေနပ်တယ်၊ ရောင့်ရဲတင့်တိမ်တယ်” ဆိုတဲ့ စကားပဲဖြစ်တယ်။ ဘူတန်မှာရှိတဲ့ လူဦးရေ ၉၇% ဟာ ပျော်ရွှင်ကြကြောင်း စစ်တမ်းအရ သိခဲ့ရတယ်။ ဆင်းရဲတဲ့ နိုင်ငံဟာ ဘာကြောင့် ဒီလောက်ပျော်ရွှင်ရသလဲ? ကောင်းတဲ့ နယ်မြေ အနေအထားကြောင့်လား? သဘာဝသံယဇာတ ပေါများတဲ့အတွက်လား? သဘာဝ ဘေးအန္တရာယ် မရှိလို့လား? တစ်ခုမှ မဟုတ်ပါဘူး...... ပထဝီဝင် အနေထားအရ ဘူတန်ဟာ ပင်လယ်ရေအမြင့်ပေ ၃ဝဝဝကျော်မှာရှိပြီး တောင်တန်းချိုင့်ဝှမ်းတွေ ပေါများတဲ့ တိုင်းပြည်ဖြစ်တယ်။ ၉၈%ဟာ မြေပြင်ဖြစ်ပြီး ၂ဝ% က တစ်နှစ်ပတ်လုံး နှင်းတွေ ဖုံးလွှမ်းနေတဲ့ နေရာဖြစ်တယ်။
အေးခဲတဲ့ တောင်တန်းဒေသ ဖြစ်တဲ့အတွက် စပါးကို တစ်နှစ်မှာ တစ်ခါသာ စိုက်ပျိုးနိုင်တယ်။ ရိုးရာဝတ်စုံနှင့် ဘူတန်ဘုရင် Jigme Singye Wangchuck ဆင်းရဲတဲ့တိုင်းပြည်ကို အပျော်ရွှင်ဆုံးတိုင်းပြည်အြ ဖင့် တည်ထောင်နိုင်ခဲ့သူကတော့ ဘူတန်ဘုရင် Jigme Singye Wangchuck ပဲဖြစ်ပါတယ်။ Jigme Singye ဟာ ခမည်းတော် သေဆုံးပြီးတဲ့နောက် ၁၇နှစ်အရွယ်နဲ့ ဘုရင်ဖြစ်လာခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘုရင်ဖြစ်ခဲ့တယ်။
ဘုရင် Jigme ဟာ အမေ့ရင်ခွင်မှာ ပျော်ပိုက်တဲ့အရွယ် ရှစ်နှစ်သားမှာပဲ အိန္ဒိယကို ပညာသင်ဖို့ ရောက်ခဲ့တယ်။ (၁ဝ) နှစ်သားမှာ အင်္ဂလန်နိုင်ငံကို ရောက်ရှိပြီး ၁၄နှစ်မှာ အောက်စဖို့ တက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။ အောက်စဖို့မှာ ကျောင်းမပြီးခဲ့ပေမယ့် နိုင်ငံရပ်ခြား အတွေ့အကြုံတွေက Jigme ကို နက်နက်နဲနဲ ခံစားစေခဲ့တယ်။ အနောက်နိုင်ငံတွေက ခေတ်နဲ့အညီ ကိုယ့်တိုင်းပြည် တိုးတက်အောင် ကြိုးပမ်းကြတယ်။ ဒီလိုကြိုးပမ်းရာမှာ စစ်၊ ညှင်းပမ်းမှု၊ ညစ်ညမ်းမှု၊ အလုပ်လက်မဲ့နဲ့ ရာဇဝတ်ကျူးလွန်မှုတွေ များခဲ့ကြောင်းကို သူသတိထားခဲ့မိတယ်။ လူတွေက လုပ်အားခ ဝင်ငွေတွေ တိုးမြင့်ခဲ့ပေမယ့် အဖက်ဖက်က ရလာတဲ့ ဖိအား ဒဏ်ရာတွေကြောင့် မပျော်ရွှင်ကြဘူး။ စိမ်ခံပစ္စည်းတွေနဲ့ အဆင့်အတန်း မြင့်မြင့်နေကြပေမယ့် ချစ်ခင်ရင်းနှီးမှုတွေ လျှော့နည်းလာတာကို သူသတိထားခဲ့မိတယ်။
“အနောက်နိုင်ငံတွေက ကြီးပွားတိုးတက်ဖို့က အဓိကလား? ငါ့တိုင်းပြည်က လူတွေ ဘာလိုအပ်သလဲ? ဆင်းရဲတဲ့ ဒီတိုင်းပြည် ဘယ်လိုရှေ့ဆက်ရမလဲ?” စတဲ့ အတွေးတွေနဲ့ ဘုရင် Jigme ဟာ တစ်မြို့ဝင် တစ်မြို့ထွက်နဲ့ နှစ်နှစ်ကြာ တိုင်းသူပြည်သားတွေကို စစ်တမ်းကောက် မေးမြန်းခဲ့တယ်။ မြို့ကြီး မြို့ငယ် တောရွာတွေပါမကျန် တိုင်းသူပြည်သားတွေရဲ့ လိုအပ်ချက်၊ စိတ်ကူးအိပ်မက်တွေကို စစ်တမ်းကောက်ပြီးတဲ့နောက် ဘုရင်ရလိုက်တဲ့ အဖြေက “ပျော်ရွှင်ခြင်း” ဆိုတဲ့ တူညီတဲ့ အဖြေပဲဖြစ်တယ်။ ဒီတိုင်းပြည်မှာ စစ်တပ်မမွေးဘူး။ ဒီတိုင်းပြည်မှာ လက်နက်အားမကိုးဘူး။ ဒီတိုင်းပြည်မှာ လူတန်းစားမရွေး ပြည်သူတိုင်း အခမဲ့ကျောင်းတက်ခွင့်၊ ဆေးကုသခွင့်ရှိတယ်။ ဘူတန်မှာ ကျောင်းနေသူတွေက တစ်တိုင်းပြည်လုံးမှာ ၉၇% ရှိပြီး နိုင်ငံခြားထွက် ပညာသင်တွေထဲမှာ ၉၉%ဟာ ဘွဲ့ရပြီးနောက် တိုင်းပြည်ကို ပြန်လာကြသူတွေဖြစ်တယ်။ ဝေးလံတဲ့တောရွာက ကျောင်းတွေအတွက် ကျောင်းသုံးပစ္စည်းတွေကိုပါ ထောက်ပံ့ပေးခဲ့တယ်။ အင်္ဂလန်က Labor government အဖွဲ့ဝင် Richard Layard က “ပြည်သူလူထုတွေ ပျော်ရွှင်တဲ့တိုင်းပြည်ကမှ ကြီးမြတ်တဲ့ တိုင်းပြည်ဖြစ်တယ်” လို့ ပြောခဲ့တယ်။ ဘူတန်ရဲ့ Punakha တောင်ကြား လှေကားထစ် စိုက်ကွင်းဘေး ကုန်စုံဆိုင်က ၁၄နှစ်သား ကျောင်းသားတစ်ဦးက “တကယ်လို့ ပြည်သူတွေကို စိတ်ချမ်းသာ ပျော်ရွှင်မှု မပေးနိုင်တဲ့ တိုင်းပြည်တစ်ပြည်က ဘာရည်ရွယ်ကြီးတွေ ရှိနိုင်ဦးမလဲဆိုတာကို ကျွန်တော်နားမလည်ဘူး” လို့ ပြောခဲ့တယ်။ ဘူတန်က တစ်တိုင်းပြည်လုံး ဆေးလိပ်မသောက်ရလို့ တားမြစ်ထားတဲ့ တိုင်းပြည်ဖြစ်တယ်။ တစ်တိုင်းပြည်လုံးရဲ့ ဆေးလိပ်သောက်နှုန်းဟာ ၁% ပဲရှိခဲ့တယ်။ ပလပ်စတစ်အိတ် ဝင်ခွင့်ကိုလည်း ပိတ်ပင်ထားတဲ့ နိုင်ငံဖြစ်တယ်။
ဘူတန်နိုင်ငံ ပတ်ဝန်းကျင်မှာ ၇၂%က သစ်တောတွေဖြစ်ပြီး အာရှနိုင်ငံမှာ ပထမဆုံးသော သစ်တောမပြုန်းတီး နိုင်ငံဖြစ်တယ်။ ၂၆% ကို ပြည်သူတွေအပန်းဖြေတဲ့ ပန်းခြံအဖြင့် ထားရှိတယ်။ ရေအားလျှပ်စစ်ကို အသုံးပြုပြီး တစ်တိုင်းပြည်လုံး ၇၁% မီးအပြည့်အဝ ရရှိတဲ့နိုင်ငံဖြစ်တယ်။ ဘူတန်နိုင်ငံအကြောင်း အပြည့်အစုံကို အင်တာနက်မှာ ရှာယူဖတ်ရှုနိုင်ပါတယ်။ ဒီလိုနေရာမျိုးလဲ ရှိသေးပါလားဆိုတဲ့ အတွေးနဲ့ ဖတ်မိတာလေးကို မျှဝေလိုက်ပါတယ်။
တကယ်လည်း တိုတောင်းတဲ့ လူ့ဘဝမှာ စိတ်ချမ်းသာ ပျော်ရွှင်မှုက အဓိကပါ။
ဆင်းရဲပေမယ့် ပျော်ရွှင်တဲ့ တိုင်းပြည်ကို ပြပါဆိုရင် တရုတ်နဲ့အိန္ဒိယ နှစ်နိုင်ငံကြား ဟိမဝန္တာ တောင်ခြေအောက်က Himalayan Shangri-La လို့ တင်စားတဲ့ တိုင်းပြည် ဘူတန်ကို ပြရပါလိမ့်မယ်။ ၁၉၈ဝ ရှေ့ဦးပိုင်းမှာတော့ လူစိမ်းတွေ ဝင်ခွင့်မရှိတဲ့ တိုင်းပြည်ဖြစ်တဲ့အပြင် ၁၉၈ဝ နှောင်းပိုင်း ခရီးသွားများကို ဖွင့်လှစ်ခဲ့ပေမယ့် တစ်နှစ်မှာ ခရီးသွားသူပေါင်း ၆ထောင်လောက်သာ ဝင်ခွင့်ရှိတဲ့ တိုင်းပြည်ဖြစ်တယ်။
ဘူတန်ဟာ World Map of Happiness ကမ္ဘာ့ပျော်ရွှင်ခြင်းမြေပုံမ
၁) ဘူတန်နိုင်ငံရဲ့ နယ်နိမိတ် အကျယ်အဝန်းဟာ ၄သောင်း ၇ထောင် ကီလိုမီတာ ပတ်လည်ပဲရှိတယ်။
၂) လူဦးရေပေါင်း ၆သိန်း ၇သောင်းကျော် ရှိပြီး ဘူတန်လူမျိုး (၅ဝ%)၊ နီပေါလ်လူမျိုး (၃၅%)နဲ့ ကျန်လူမျိုး (၁၅%) ဖြစ်ကြတယ်။
၃) (၇၅%) က ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး (၂၅%)က ဟိန္ဒူဘာသာတွေဖြစ်တယ်။
၎) ၁၉ဝ၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ တိုင်းပြည်ဖြစ်ပြီး မြို့တော်က Thimphu ဖြစ်တယ်။
ဘူတန်နိုင်ငံရဲ့ မြို့ကြီးမြို့ငယ် လမ်းအသွယ်သွယ်မှာ တောင်းရမ်းသူမရှိဘူး။ လမ်းကျဉ်း လမ်းငယ်တွေမှာ မိန်းမရွှင်မရှိဘူး။ ဆေးသမားတွေ မရှိဘူး။ တောင်ကြီးတောင်ငယ် အလျှိုလျှိုနဲ့ ဝိုင်းရံထားတဲ့ နိုင်ငံမှာ ခမ်းနားတဲ့ အဆောက်အအုံတွေကို မမြင်နိုင်သလို စုတ်ပြတ်ပြီး မိုးမလုံ လေမလုံတဲ့ အိမ်ငယ်မျိုးလည်း မတွေ့ရဘူး။ မြို့တော် Thimphu မှာ နိုင်ငံတကာနဲ့ ဆက်သွယ်နိုင်တဲ့ အင်တာနက်ဆိုင်ပေါင်း များစွာရှိတယ်။ မြို့နဲ့ ဝေးလံတဲ့ တောရွာတွေက လယ်သမားတွေက လက်ကိုင်ဖုန်းကိုယ်စီနဲ့ အဆက်အသွယ်လုပ်ကြတယ်။
တစ်ခါက ကလေးမရနိုင်တဲ့ အမေရိကန် ဇနီးမောင်နှံနှစ်ဦးဟာ ကလေးမွေးစားချင်လို့ ဘူတန်ကို ရောက်လာခဲ့တယ်။ ဒါပေမယ့် နှစ်ဝက်ကြာတဲ့အထိ မွေးစားဖို့ ကလေးမရခဲ့ဘူး။
ဘူတန်က ယောက်ျားမိန်းမအားလုံး ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ကြတယ်။ ယောက်ျားတွေက (gol) လို့ခေါ်တဲ့ ဒူးထိရှည်လျှားတဲ့ စကပ်သဏ္ဍာန် ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ကြပြီး မိန်းမတွေက (kira) လို့ခေါ်တဲ့ ခြေမျက်စိ ထိဖုံးတဲ့ ဝတ်စုံ၃ထည်ကို ဝတ်ဆင်ကြတယ်။ ဘူတန်က ကလေးလူကြီးမကျန်၊ ကုန်သည်၊ ကျောင်းသား၊ လက်လုပ်လက်စားတွေကို အင်တာဗျူးကြည့်တဲ့အခါ သူတို့ဆီက တူညီတဲ့ စကားတစ်ခွန်းကို ကြားခဲ့ရတယ်။
အဲဒီစကားက “ကျွန်တော်တို့ ကျေနပ်တယ်၊ ရောင့်ရဲတင့်တိမ်တယ်” ဆိုတဲ့ စကားပဲဖြစ်တယ်။ ဘူတန်မှာရှိတဲ့ လူဦးရေ ၉၇% ဟာ ပျော်ရွှင်ကြကြောင်း စစ်တမ်းအရ သိခဲ့ရတယ်။ ဆင်းရဲတဲ့ နိုင်ငံဟာ ဘာကြောင့် ဒီလောက်ပျော်ရွှင်ရသလဲ? ကောင်းတဲ့ နယ်မြေ အနေအထားကြောင့်လား? သဘာဝသံယဇာတ ပေါများတဲ့အတွက်လား? သဘာဝ ဘေးအန္တရာယ် မရှိလို့လား? တစ်ခုမှ မဟုတ်ပါဘူး...... ပထဝီဝင် အနေထားအရ ဘူတန်ဟာ ပင်လယ်ရေအမြင့်ပေ ၃ဝဝဝကျော်မှာရှိပြီး တောင်တန်းချိုင့်ဝှမ်းတွေ ပေါများတဲ့ တိုင်းပြည်ဖြစ်တယ်။ ၉၈%ဟာ မြေပြင်ဖြစ်ပြီး ၂ဝ% က တစ်နှစ်ပတ်လုံး နှင်းတွေ ဖုံးလွှမ်းနေတဲ့ နေရာဖြစ်တယ်။
အေးခဲတဲ့ တောင်တန်းဒေသ ဖြစ်တဲ့အတွက် စပါးကို တစ်နှစ်မှာ တစ်ခါသာ စိုက်ပျိုးနိုင်တယ်။ ရိုးရာဝတ်စုံနှင့် ဘူတန်ဘုရင် Jigme Singye Wangchuck ဆင်းရဲတဲ့တိုင်းပြည်ကို အပျော်ရွှင်ဆုံးတိုင်းပြည်အြ
ဘုရင် Jigme ဟာ အမေ့ရင်ခွင်မှာ ပျော်ပိုက်တဲ့အရွယ် ရှစ်နှစ်သားမှာပဲ အိန္ဒိယကို ပညာသင်ဖို့ ရောက်ခဲ့တယ်။ (၁ဝ) နှစ်သားမှာ အင်္ဂလန်နိုင်ငံကို ရောက်ရှိပြီး ၁၄နှစ်မှာ အောက်စဖို့ တက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။ အောက်စဖို့မှာ ကျောင်းမပြီးခဲ့ပေမယ့် နိုင်ငံရပ်ခြား အတွေ့အကြုံတွေက Jigme ကို နက်နက်နဲနဲ ခံစားစေခဲ့တယ်။ အနောက်နိုင်ငံတွေက ခေတ်နဲ့အညီ ကိုယ့်တိုင်းပြည် တိုးတက်အောင် ကြိုးပမ်းကြတယ်။ ဒီလိုကြိုးပမ်းရာမှာ စစ်၊ ညှင်းပမ်းမှု၊ ညစ်ညမ်းမှု၊ အလုပ်လက်မဲ့နဲ့ ရာဇဝတ်ကျူးလွန်မှုတွေ များခဲ့ကြောင်းကို သူသတိထားခဲ့မိတယ်။ လူတွေက လုပ်အားခ ဝင်ငွေတွေ တိုးမြင့်ခဲ့ပေမယ့် အဖက်ဖက်က ရလာတဲ့ ဖိအား ဒဏ်ရာတွေကြောင့် မပျော်ရွှင်ကြဘူး။ စိမ်ခံပစ္စည်းတွေနဲ့ အဆင့်အတန်း မြင့်မြင့်နေကြပေမယ့် ချစ်ခင်ရင်းနှီးမှုတွေ လျှော့နည်းလာတာကို သူသတိထားခဲ့မိတယ်။
“အနောက်နိုင်ငံတွေက ကြီးပွားတိုးတက်ဖို့က အဓိကလား? ငါ့တိုင်းပြည်က လူတွေ ဘာလိုအပ်သလဲ? ဆင်းရဲတဲ့ ဒီတိုင်းပြည် ဘယ်လိုရှေ့ဆက်ရမလဲ?” စတဲ့ အတွေးတွေနဲ့ ဘုရင် Jigme ဟာ တစ်မြို့ဝင် တစ်မြို့ထွက်နဲ့ နှစ်နှစ်ကြာ တိုင်းသူပြည်သားတွေကို စစ်တမ်းကောက် မေးမြန်းခဲ့တယ်။ မြို့ကြီး မြို့ငယ် တောရွာတွေပါမကျန် တိုင်းသူပြည်သားတွေရဲ့ လိုအပ်ချက်၊ စိတ်ကူးအိပ်မက်တွေကို စစ်တမ်းကောက်ပြီးတဲ့နောက် ဘုရင်ရလိုက်တဲ့ အဖြေက “ပျော်ရွှင်ခြင်း” ဆိုတဲ့ တူညီတဲ့ အဖြေပဲဖြစ်တယ်။ ဒီတိုင်းပြည်မှာ စစ်တပ်မမွေးဘူး။ ဒီတိုင်းပြည်မှာ လက်နက်အားမကိုးဘူး။ ဒီတိုင်းပြည်မှာ လူတန်းစားမရွေး ပြည်သူတိုင်း အခမဲ့ကျောင်းတက်ခွင့်၊ ဆေးကုသခွင့်ရှိတယ်။ ဘူတန်မှာ ကျောင်းနေသူတွေက တစ်တိုင်းပြည်လုံးမှာ ၉၇% ရှိပြီး နိုင်ငံခြားထွက် ပညာသင်တွေထဲမှာ ၉၉%ဟာ ဘွဲ့ရပြီးနောက် တိုင်းပြည်ကို ပြန်လာကြသူတွေဖြစ်တယ်။ ဝေးလံတဲ့တောရွာက ကျောင်းတွေအတွက် ကျောင်းသုံးပစ္စည်းတွေကိုပါ ထောက်ပံ့ပေးခဲ့တယ်။ အင်္ဂလန်က Labor government အဖွဲ့ဝင် Richard Layard က “ပြည်သူလူထုတွေ ပျော်ရွှင်တဲ့တိုင်းပြည်ကမှ ကြီးမြတ်တဲ့ တိုင်းပြည်ဖြစ်တယ်” လို့ ပြောခဲ့တယ်။ ဘူတန်ရဲ့ Punakha တောင်ကြား လှေကားထစ် စိုက်ကွင်းဘေး ကုန်စုံဆိုင်က ၁၄နှစ်သား ကျောင်းသားတစ်ဦးက “တကယ်လို့ ပြည်သူတွေကို စိတ်ချမ်းသာ ပျော်ရွှင်မှု မပေးနိုင်တဲ့ တိုင်းပြည်တစ်ပြည်က ဘာရည်ရွယ်ကြီးတွေ ရှိနိုင်ဦးမလဲဆိုတာကို ကျွန်တော်နားမလည်ဘူး” လို့ ပြောခဲ့တယ်။ ဘူတန်က တစ်တိုင်းပြည်လုံး ဆေးလိပ်မသောက်ရလို့ တားမြစ်ထားတဲ့ တိုင်းပြည်ဖြစ်တယ်။ တစ်တိုင်းပြည်လုံးရဲ့ ဆေးလိပ်သောက်နှုန်းဟာ ၁% ပဲရှိခဲ့တယ်။ ပလပ်စတစ်အိတ် ဝင်ခွင့်ကိုလည်း ပိတ်ပင်ထားတဲ့ နိုင်ငံဖြစ်တယ်။
ဘူတန်နိုင်ငံ ပတ်ဝန်းကျင်မှာ ၇၂%က သစ်တောတွေဖြစ်ပြီး အာရှနိုင်ငံမှာ ပထမဆုံးသော သစ်တောမပြုန်းတီး နိုင်ငံဖြစ်တယ်။ ၂၆% ကို ပြည်သူတွေအပန်းဖြေတဲ့ ပန်းခြံအဖြင့် ထားရှိတယ်။ ရေအားလျှပ်စစ်ကို အသုံးပြုပြီး တစ်တိုင်းပြည်လုံး ၇၁% မီးအပြည့်အဝ ရရှိတဲ့နိုင်ငံဖြစ်တယ်။ ဘူတန်နိုင်ငံအကြောင်း အပြည့်အစုံကို အင်တာနက်မှာ ရှာယူဖတ်ရှုနိုင်ပါတယ်။ ဒီလိုနေရာမျိုးလဲ ရှိသေးပါလားဆိုတဲ့ အတွေးနဲ့ ဖတ်မိတာလေးကို မျှဝေလိုက်ပါတယ်။
တကယ်လည်း တိုတောင်းတဲ့ လူ့ဘဝမှာ စိတ်ချမ်းသာ ပျော်ရွှင်မှုက အဓိကပါ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။