ဒေါက်တာ စင်သီယာမောင်ကို ထိုင်းမင်းသမီး သီရိဒုံက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည်
ထိုင်း-မြန်မာနယ်စပ် တပ်ဒ်ခရိုင်အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည် စခန်းများကို ဆေးကုသမှု ပေးနေသော မယ်တော်ဆေးခန်း ထူထောင်သူ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းနိုင်ငံ၏ ဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံက ဆေးပညာဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ မယ်တော်ဆေးခန်းမှ ကြေညာချက် ထုတ်ပြန်သည်။

ယင်းဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ဒီဇင်ဘာ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) တွင်
ဘန်ကောက်မြို့ရှိ Ubon Ratchathani တက္ကသိုလ်တွင် ချီးမြှင့်မည်ဟု မယ်တော်
ဆေးခန်းက ထုတ်ပြန်သော အဆိုပါ ကြေညာ ချက်တွင် ဖော်ပြထားသည်။
“ဆုရတာနဲ့ ပတ်သက်ပြီး အထူးဂုဏ်ယူ မိပါတယ်။ နိုင်ငံခြား (ထိုင်း) မှာ ဒုက္ခရောက်သူတွေရဲ့ အားကိုးရာဖြစ်တဲ့ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းအစိုးရက အခုလို အသိအမှတ်ပြု ဂုဏ်ပြုတဲ့ အတွက် ဝမ်းမြောက်မိပါတယ်” ဟု ဒေါက်တာ စင်သီယာမောင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ရရှိခြင်းနှင့် ပတ်သက်၍ ကရင် အမျိုးသမီးများ ဖွံ့ဖြိုးရေးအဖွဲ့၏ ဒါရိုက်တာ ဒေါ်ဆူဆန်နာ လှလှစိုးက The Voice သို့ ပြောကြားသည်။
ဒေါက်တာ စင်သီယာမောင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီး ထိုင်း-မြန်မာနယ်စပ်သို့ လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲရန် တောခိုသွားသော ကျောင်းသား များကို ဆေးကုသ ပေးရန်အတွက် တပ်ဒ်ခရိုင် မဲဆောက် မြို့နယ်တွင် မယ်တော် ဆေးခန်းကို ဖွင့်လှစ်ခဲ့သည်။
ယင်းနောက်ပိုင်းတွင် ထိုင်း-မြန်မာ နယ်စပ်ရောက် ဒုက္ခသည် များနှင့် ရွေ့ပြောင်း အလုပ်သမားများကို ဆေးကုသ ပေးလျက် ရှိသည်။
ဒေါက်တာ စင်သီယာမောင်သည် ရွေ့ပြောင်း ဒုက္ခသည်များ ကျန်းမာရေး ကိစ္စနှင့် လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှုများကြောင့် ဖိလစ်ပိုင်နိုင်ငံမှ ချီးမြှင့်သော ရာမွန်မက်ဆေး ဆေးပညာဆုနှင့် သြစတြေးလျနိုင်ငံမှ ချီးမြှင့်သော ဆစ်ဒနီ ငြိမ်းချမ်းရေးဆုတို့ ရရှိထားသည်။
The Voice Weekly

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။