Khaing Soelynn
ဖြည့်ဆည်းရတဲ့ ပါရမီနော်ဝေ သွားလည်တဲ့ ဦးကျော်ရင်မြင့်က မွန်းအောင်ကြီးကို ဗျူးပြီး ရေးတာလေး
ဖတ်ရမှ ၈/၈၂ အင်းလျား ဒက်ဖနေးရှင်း သိရပေတော့တယ် ။ ကုမုဒြာဂျာနယ်မှာ
ထင်ပါတယ်။ ကျွန်တော် မပြောရဲတဲ့ ဟာလေးတစ်ခုလည်း အခု ပြောဖြစ်သွားပြီ။
ဥပမာ အိုင်းရစ်လို ပါဝါကောင်းတဲ့သူတောင်မှ ကျွန်တော် သူ့ဆီက သီချင်းကောင်း
ပါလျက်နဲ့ ဘာမှ မရတာကိုပါ ။ ကျွန်တော့် တစ်ဦးတည်း အမြင်ပါ ။ ကွဲလွဲနိုင်ကြ
ပါတယ် ။ ခုခောတ် သီချင်းသည်တွေက များတယ် ထင်မိပါတယ်ခင်ဗျာ ။
ဦးရဲလွင်ကြီးကလည်း တူတော်စပ်တဲ့ အိုင်စီဗော်ကယ်တစ်ယောက်ကိုတောင်
ဒီကောင် သီချင်းနားမလည်ပဲ ဆို နေတယ် ပြောဖူးတယ် ကြားဖူးပါတယ် ။
ကျွန်တော်လည်း ၉တန်းလောက်က ကြိုက်ပေမင့် ကြီးပြင်းလာတော့ မုဒ်ကို
ပိုလိုချင်တဲ့အခါ သူ့ကို နားမထောင်ဖြစ်တော့ပါ ။ ဒုတိယ ဗွန်ဂျိုဗီလို တု နေတာ
များလွန်းသလား အောက်မေ့ပါတယ် ။ ဖြူဖြူတို့လည်း သိပ်အာရုံမရပြန်ပါ ။
ဆိုင်မဆိုင်မသိပေမယ့် ဖတ်ဖူးတဲ့ လေးဖြူအထုပ္မတ္တိတစ်ပိုင်းလေးထဲ သူဟာ
ကျောင်းတက်နေတုန်းကတည်းက လှေခါးခန်းသာသာလောက် လျှပ်စစ်ပစ္စည်း
ဆိုင်မှာ အလုပ်ဝင်ဖူးခဲ့တယ် ။ နောင် မုံရွာဘက် ကေအေတီဆီ ရောက်ပြန်တော့
ရုန်းကန်ခဲ့ရတာတွေ ရှိပါတယ် ။ ဂီတကတော့ ကျောင်းကတည်းက ဖိဖိဆီးဆီး
ဆိုတာ မန်းလေးကလူတွေဆိုရင် သိကြပါတယ် ။ စောဘွဲ့မှုးဆိုလည်း ရထားလမ်း
ဘေးမှာ ငယ်ငယ်လေးကတည်းက တီးခဲ့တာ ကျော်ဟိန်းနဲ့ ငယ်စာရင်းရှိတယ်။
ပြောချင်တာကလေ ထိရှခံစားစရာ ဘဝ လည်း လိုအပ်တယ်လို့ ဖြစ်ပါတယ် ။
ထူးအိမ်သင် လွမ်းချင်းစာတစ်အုပ်ထဲ ချမ်းဟိန်းကြွယ် ရေးပြဖူးတာလည်း ရှိတယ်။
သူက တယောနုတ်အစိပ်လေးတွေ ထိုးနေတော့ ဟေ့ရောင် မင်း မုဒ်လေးနဲ့
နုတ်ကလေး တစ်နုတ်တည်းပဲ ခံစားပြီး သေချာထိုးစမ်းပါကွာလို့ ပြောခဲ့ဖူးသတဲ့ ။
ဟိုမှဖတ် ဒီမှာဖတ်နဲ့ ခင်ဝမ်း ၊ ကိုနေဝင်း ၊ ကိုမောင်မောင် စသည်ဖြင့်တွေမှာ
ဝမ်းစာကလည်း မနည်းဖြည့်ရတာမှာ အခက်အခဲတွေ အများကြီးထဲ
မောင်သစ်မင်းဆိုရင် အသက်သုံးဆယ်ကျော်မှ စန္ဒယား သင်ယူခဲ့ပါသတဲ့ ။
ကော်ပီရေးရေး ဘာရေးရေး အနီးဆုံး အထိဆုံးအထိ ချဉ်းကပ်ဖို့ ကြိုးစား
ကြတာမျိုးတွေပါ ။ သူရဲ့နာမည်ကျော် တေးမြုံငှက် ဖတ်လည်း တွေ့နိုင်မယ်။
ဂီတပိုင်းတင်ပြီးရောလားဆိုတော့ စာလည်း မနည်းဖတ်မှပါ ။ သီချင်းဆိုတာနဲ့
သီချင်းလေးနဲ့ပြီးမသွားဘူး ထင်ပါတယ် ။ ဘာပြောပြော ၃၅လမ်းထိပ်သွား
မွန်းအောင် ပေါင်းချုပ်တွေ သွားဝယ်ပြီး ဘော်ဒါတွေ လက်ဆောင်ပေးမယ်။
၈/၈၂ အင်းလျားက ချဲ့ထွင်လိုက်ရင် ဂန္တဝင် ရုပ်ရှင်လည်း ရိုက်လို့ရပါတယ် ။
အခု ကလေးငယ်လေးသော်မှ အဆိုတော်ကြတာတွေ့နိုင်ကြပါတယ် ။ သူတို့အရွယ်
သူတို့အသိနဲ့ ဆိုနေတဲ့ သီချင်းစာသား အနက်ကို မသိနိုင်သေးတာတွေရှိတယ်။
ဒါ ကျွန်တော်ပြောချင်မိတဲ့ မုဒ် ကို လွယ်လွယ် မြင်နိုင်တဲ့အပိုင်းပါ ။
ခုနေခါလို ရှားပါးချိန်တွေမှာ ပိုလို့တောင် တန်ဖိုးထားတတ်လာရပါတယ် ။
အနုပညာတွေ ကျဲပါးလာရတဲ့အထဲ lost generation ခေါ်ခေါ် အမှောင်ခောတ်ရဲ့
သားကောင်ခေါ်ခေါ် အငယ်ပိုင်းတွေအတွက် ကိုယ့်မြန်မာ အမှန်အကန်တွေ
မထွက်တော့ နိုင်ငံခြားက အနုပညာတွေ အစားထိုးရပါတော့တယ်။
ဟိုးတုန်းကတော့ ရွှေပဲဗျာ ။ အနုပညာတိုင်းမှာ အစစ်အမှန် နောက်ခံနဲ့ကို
အခိုင်အမာ ဆောက်ကြရတဲ့ အဖြစ်တွေ အများကြီးပဲ ။ ကန်လမ်းမှာ ခရမ်းပြာ
ဆောင်လေးသွားကြည့်ပါတော့ ။ (ခု ရှိရော ရှိသေးလားပဲ ) ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။