Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 6, 2013

ဒေါက်တာ စင်သီယာမောင်

Murann Ezine
မြန်မာနိုင်ငံအတွင်းမှာ နှလုံးလှဆရာဝန်များစွာရှိပါတယ်။ နာမည်နဲ့ဖေါ်ပြဖို့အချိန်ရောက်လာမှာပါ။ အခုပြည်ပရောက်မြန်မာဆရာဝန်တဦးအကြောင်းတင်ပြပါတယ်။

ဒေါက်တာ စင်သီယာမောင်

၁၉၅၉ ၊ ဒီဇင်ဘာလ ၆ရက်နေ့တွင် မိခင် နမ့်လှကြည် နှင့် ဖခင် မန်းငြိမ်းမောင် တို့မှ အင်းစိန်ဆေးရုံ တွင်မွေးဖွားခဲ့သည်။ မြန်မာနိုင်ငံသား၊ ကရင်လူမျိုးဖြစ်ပြီး၊ ၁၉၈၉ ခုနှစ်မှစ၍ မဲဆောက်မြို့၊ ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့သည်။ မြန်မာနိုင်ငံမှ ၈၈၈၈ ကျောင်းသား အရေးတော်ပုံ ပြီးချိန်တွင် ထွက်ခွာခဲ့ပြီး၊ နယ်စပ်တွင် ဆေးခန်းဖွင့်လှစ်ကာ မြန်မာနိုင်ငံမှ ဒုက္ခသည်များ၊ မိဘမဲ့ ကလေးများ၊ ရွှေ့ပြောင်းလာရောက် နေထိုင်ကြသူများကို မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်းတွင် ဆေးကုသပေးလျက်ရှိသည်။ ထိုဆေးခန်းသည် အယောက် ၁၀၀ ခန့်ရှိသည့် အရေးပေါ် ဆေးကုသနိုင်သည့် ဆရာဝန်များ ၊ ကျောင်းဆရာ၊ ဆရာမများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

မဲဆောက်မြို့တွင်တည်ထောင်ခဲ့သော မယ်တော်ဆေးခန်းမှာ အခုတော့ ကျန်းမာရေး လုပ်သား ၆၀၀ ကျော်ရှိနေပြီး ဒုက္ခသည်တွေ၊ ရွေ့ပြောင်းအလုပ်သမားတွေ နဲ့ မိဘမဲ့ကလေးတွေ ပါဝင်တဲ့ လူပေါင်း ၁ သိန်းခွဲလောက်ကို ကြည့်ရှုနိုင်တဲ့ အခြေအနေကို ရောက်လာခဲ့ပါပြီ။

သူသည် အရှေ့တောင် အာရှ ရေမွန် မာဂါဆေးဆေး (Southeast Asia’s Ramon Magsaysay Award) ဆုကို ၊ လူမှုကူညီရေးများအတွက် ခေါင်းဆောင်မှု ပြုလုပ်နိုင်သည့် အတွက် ချီးမြှင့်ခဲ့သည်။ ၂၀၀၃ ခုနှစ် Time Magazine ၏ အာရှနိုင်ငံ အာဇာနည်များ စာရင်းတွင်လည်း အမည်ရွေးခံခဲ့ရသည်။ သူသည် နိုင်ငံတကာမှ ဆုပေါင်း ၁၃ခုတိုင်အောင် ချီးမြှင့်ခံခဲ့ရသည်။ ၁၉၉၉ ခုနှစ်တွင် Jonathan Mann Award ကို ပထမဦးဆုံး လက်ခံရရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ထိုဆုသည် အမေရိကား နိုင်ငံ နှင့် ဆွစ်ဇာလန် နိုင်ငံ ဆေးဝါး အဖွဲ့အစည်းများမှ ပူးပေါင်း ချီးမြှင့်သော ဆုဖြစ်သည်။

ငယ်စဉ်ဘဝ

ဒေါက်တာ စင်သီယာမောင်ကို ၁၉၅၉ ၊ ဒီဇင်ဘာလ ၆ရက်နေ့တွင် မိခင် နမ့်လှကြည် နှင့် ဖခင် မန်းငြိမ်းမောင် တို့မှ အင်းစိန်ဆေးရုံ တွင်မွေးဖွားခဲ့သည်။ မိဘများသည် ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့ ဇာတိဝင်များဖြစ်သည်။ စင်သီယာမောင်တွင် ညီအကိုမောင်နှမ (၇) ယောက်ရှိသည်။ သူသည် တတိယမြောက် သမီးဖြစ်ပြီး၊ အမ သုံးယောက်၊ မောင်ငယ် ၃ယောက် ရှိသည်။

သူသည် မော်လမြိုင်မြို့ အထက(၄) တွင် သူငယ်တန်း မှစ၍ ပညာသင်ယူခဲ့သည်။ ဖခင်သည် ကျေးလက်ကျန်းမာရေးမှုးဖြစ်သည့် အတွက် တာဝန်ကျရာ ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက် ကုသရန် ခရီးထွက်ရသဖြင့်၊ သူ့ကို မိခင်ဖြစ်သူကသာ အိမ်တွင် ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ သူ၏ မိသားစုတွင် အိမ်ပိုင်မရှိခဲ့သဖြင့် မကြာခဏ အိမ်ပြောင်းရွှေ့ကြရသည်။ ၇ တန်း သို့ ၈ တန်း တက်ရောက်နေသော ကာလများတွင် မဆလ အစိုးရမှ ပြည်သူပိုင်သိမ်းထားသော ကျောင်း နှင့် သာသနာ မြေနေရာများ အစား လယ်မြေများ ပြန်လည်ချပေးခဲ့သည့်အတွက်၊ မန်းငြိမ်မောင်သည် လယ်မြေထဲတွင် အိမ်ယာတစ်နေရာစာ ရရှိခဲ့သည်။ သစ်တိုင်၊ ပျဉ်ခင်း၊ ကျုထရံကာ၊ အင်ဖက်မိုးထားသော အိမ်ကလေးတွင် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း နှင့် မီးဖိုခန်းရှိသော အိမ်တစ်လုံး ဖြစ်လာခဲ့သည်။ စင်သီယာမောင်သည် ဖခင်သွားရာ ခရီးများတွင် လိုက်ပါ၍ သူမတတ်နိုင်သော အကူအညီများ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ခြင်းများလည်း ရှိခဲ့သည်။ သူမ ငယ်စဉ်အချိန်တွင် ကစားခဲ့သော ဖန်ခုန်၊ ထုပ်ဆီးတိုး စသည့် ကစားနည်းများမှ၊ ဘတ်စ်ကက်ဘော ကစားနည်းကိုလည်း နှစ်သက်သဘောကျသူ တစ်ဦးဖြစ်သည်။ ထို့သို့ ကစားနည်းများ ကစားခဲ့ချိန်သည်လည်း အိမ်၏ အဓိကအလုပ်ဖြစ်သည့် ရေခပ်သွားချိန်တွင် ဆော့ကစားခဲ့ကြသည်။ ရုပ်ရှင်ကြည့်လျှင် သူမ၏ မိဘများနှင့် ကြည့်လေ့ရှိသည်။

ဆေးကျောင်းဘဝ နှင့် သူငယ်ချင်းများ

အထက်တန်းများအောင်မြင်ပြီးနောက်ပိုင်းတွင် မော်လမြိုင် ဒေသကောလိပ်တွင် ၂ နှစ်တက်ရောက်ခဲ့ပြီး၊ ရန်ကုန်ဆေးတက္ကသိုလ် သို့ တက်ရောက်ခဲ့ချိန်တွင်၊ နယ်မှ တက်ရောက်ကြသော အဆောင်ကျောင်းသားအုပ်စုများနှင့် နေထိုင်ခဲ့သည်။

၁၉၈၀ ခုနှစ် ရန်ကုန်ဆေးတက္ကသိုလ်သို့ တက်ရောက်နိုင်ခြင်းသည်၊ မော်လမြိုင် ကောလိပ် ၂ နှစ် အပြီးတွင် ဆေးတက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ သူသည် သီတာဆောင်တွင် နေထိုင်ခဲ့သည်။ စင်သီယာမောင်သည် နိုင်ငံရေးကို စိတ်ဝင်စားခဲ့သူ တစ်ယောက်မဟုတ်ပေ။ သို့သော် သူငယ်ချင်းများ နှင့် အတင်းပြောခြင်း၊ အစိုးရ၏ လုပ်ရပ်မမှန်မှုတွေကို ပြောရခြင်းကို အတန်းထက်ပို၍ စိတ်ဝင်စားခဲ့သည်။

အလုပ်သင်ဆရာဝန် ဘဝ နှင့် ဆရာဝန်ဘဝ

ဆေးကျောင်းအပြီးတွင် မော်လမြိုင် ဆေးရုံကြီးတွင် အလုပ်သင်ဆရာဝန်အဖြစ် သင်တန်းဆင်းခဲ့သည်။ ထိုအချိန်တွင် ဆရာဝန်များ နှင့် ဆေးရုံသို့လာရောက်ကုသကြသည့် လူနာများ၏ ဘဝကို ပထမဆုံးအကြိမ် သိမြင်လာခဲ့သည်။ ဆရာဝန်၊ ဆရာမ များသည် စားဝတ်နေရေးအတွက် အပြင်ဆေးခန်းများတွင် ဝင်ငွေရအောင် လုံးပန်းခဲ့ကြရသည့်အတွက် ဆေးရုံတွင် အချိန်ပြည့်ဝအောင် မပေးနိုင်ခဲ့ခြင်းကို တွေ့ရှိခဲ့သည်။ စီးပွားရေးအဆင်ပြေရန် လုံးပန်းနေကြရသည့်အတွက် ပြုစုကုသရာတွင် တာဝန်ချို့ယွင်းမှုများမြင်ခဲ့ရသလို၊ တက်ရောက်ကြသည့် လူနာများသည်လည်း ဆေးဝါးဝယ်ယူရန် ငွေကြေးအခက်အခဲများတွေ့ကြရသဖြင့် ဆက်လက် ဆေးမကုသ နိုင်ခြင်းများ တွေ့ကြုံခဲ့သည်။ လူနာတချို့သည် ငွေကြေး စုဆောင်းနေရသည့်အတွက်၊ ဆေးရုံသို့တက်ရောက်ချိန်တွင် နောက်ကျမှ ရောက်ရှိလာကြခြင်းကြောင့် မသေဆုံးသင့်ဘဲ သေဆုံးကြရသည်ကို သူတွေ့ခဲ့ရသည်။

အလုပ်သင် ဆရာဝန်ဘဝ အပြီးတွင် ဆရာဝန်တစ်ယောက်ဖြစ်လာသည့်အခါတွင် သူမသည် အစိုးရဝန်ထမ်းလက်ထောက်ဆရာဝန် လျှောက်ထားခြင်းမရှိဘဲ၊ ဆွေမျိုးသားချင်းများရှိရာ ပုသိမ်မြို့သို့ သွားရောက်ခဲ့သည်။ ပုသိမ်မြို့တွင် “ပတ္တား” အမည်နှင့် ပုဂ္ဂလိက သားဖွားဆေးခန်းတစ်ခုကို အဒေါ်ဝမ်းကွဲမှ ဖွင့်လှစ်ထားသည်။ထိုဆေးခန်းတွင် တစ်နှစ်ခွဲတိုင်အောင် ဆရာဝန်တစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် မော်လမြိုင်မြို့တွင် နေထိုင်ကျန်ရစ်ခဲ့သည့် မိဘများ၏ ကျန်းမာရေးအခြေအနေမကောင်းသဖြင့် ကရင်ပြည်နယ် (သို့) မွန်ပြည်နယ် တစ်နေရာတွင် ဆေးခန်းဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် သူသည်မော်လမြိုင်မြို့သို့ ပြန်ရောက်ခဲ့ပြီး၊ မိခင်ဖြစ်သူသည် မော်လမြိုင်မြို့တွင် ဆုံးပါးသွားခဲ့သည်။ မိခင်ကွယ်လွန်ပြီးနောက်တွင် သူငယ်ချင်း၏ အကူအညီဖြင့် အိန္ဒူကျေးရွာ တွင် ကိုယ်ပိုင် ဆေးခန်းလေးတစ်ခု ဖွင့်၍ သူမ၏ ဘဝကို ရပ်တည်ခဲ့သည်။

အိန္ဒူကျေးရွာ သည် ရွာကြီးတရွာဖြစ်ပြီး၊ လူဦးရေ နှစ်သောင်းဝန်းကျင် နေထိုင်ကြသော ရွာတစ်ခုဖြစ်သည်။ ကရင်လူမျိုးများ၊ မွန်လူမျိုးများ၊ ပအို့ဝ် လူမျိုးများ နေထိုင်ကြပြီး၊ ကရင်လူမျိုးအများစုသည် လယ်ယာ၊ မွန်လူမျိုးများသည် ထန်းတက်၊ ထန်လျက်ချက်၊ ပေါက်ပေါက်ဆုပ်လုပ်ခြင်း၊ ပအို့ဝ်လူမျိုးတို့သည် ရက်ကန်းရက်ပြီး အသက်မွေးမှုပြုကြသည်။ ရွာတွင် ဆေးရုံတစ်ရုံ ရှိပြီး၊ သူနာပြုဆရာမ တစ်ယောက်ရှိ၍ ဆရာဝန်မရှိပေ။ ဆရာဝန်မရှိသည့်အတွက် ကျန်းမာရေး၊ ကာကွယ်ရေး၊ ကုသရေးများ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေး။ ကျေးရွာလူထုသည် အပြင်ဆေးခန်းများကို အားကိုးနေထိုင်ခဲ့ကြသည်။

၈၈၈၈ လူထု ဒီမိုကရေစီ အရေးတော်ပုံကာလ

၁၃၅၀ ပြည်နှစ်တွင် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပေါ်လာချိန်တွင်၊ အိန္ဒူကျေးရွာမှ ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်စသည့် တက္ကသိုလ်အသီးသီးတွင် တက်ရောက်နေကြသည့် ကျောင်သူကျောင်းသားများသည် ရွာသို့ ပြန်လည်ရောက်ရှိလာကြပြီး၊ ဒီမိုကရေစီရေး တောင်းဆို ချီတက်ဆန္ဒပြမှုများ၊ သပိတ်စခန်းများ ဖွင့်လှစ်ခဲ့သည်။

တက္ကသိုလ်ကျောင်းသားဘဝမှ ဆရာဝန်ဖြစ်လာခဲ့တာ မကြာလှသေးသည့် ဒေါက်တာစင်သီယာမောင်သည် ရွာမှ ကျောင်းသူကျောင်းသားများနှင့်ပေါင်းကာ သပိတ်စခန်းဖွင့်ကာ ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့သည်။ စစ်တပ်သည် လူထုဒီမိုကရေစီ အရေးတော်ပုံကြီးကို လက်နက်ဖြင့် ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့ပြီးနောက် ကျာင်းသားကျောင်းသူများ နှင့် လူငယ်များသည်၊ နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများရှိရာသို့ အစုလိုက် အပြုံလိုက် ထွက်ခွာခဲ့ချိန်တွင်၊ ဒေါက်တာစင်သီယာမောင် တစ်ယောက်လည်း လိုက်ပါသွားခဲ့သည်။

မယ်တော်ဆေးခန်း၏ အစ

လိုအပ်လာသည့်အခြေအနေအရ ဆေးဝါးရရှိရေး၊ အရေးကြီး လူနာများကို မဲဆောက်ဆေးရုံကြီးသို့ အလွယ်တကူ လွှဲပြောင်း နိုင်ရေးနှင့် ကျောင်းသားတပ်များမှာ ဆေးတပ်သားများ လိုအပ်လာသည့်အတွက် ဆေးသင်တန်းပေးရန် မဲဆောက်တွင် မဖြစ်မနေ ဆေးခန်းကလေးတခု ခြေကုပ်ရယူခဲ့သည်။ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ တွင် လူအင်အား ၆ ယောက်နှင့် ဆေးခန်းစတင်တည်ထောင်ခဲ့သည်။ ဆေးရုံဆေးခန်း ကြီးတစ်ခုဖြစ်အောင် တဖြည်းဖြည်းတိုးချဲ့ တည်ထောင်ရန် သူ့တွင် အစီအစဉ်မရှိခဲ့ပေ။ တရားဝင်ရထားသည့်နေရာမဟုတ်သည့်အတွက် မည်သူ့ကိုမျှ အသိပေးအကြောင်းကြားခဲ့ခြင်းမရှိဘဲ ဆေးခန်းလေးကို စတင်ခဲ့ခြင်းဖြစ်သည်။ လူအင်အားနဲသော်လည်း ကူညီပံ့ပိုးမှုများစွာ ရရှိခဲ့သည်။ ABSDF မှ ဆရာဝန်တချို့သည်လည်း လူနာကုသပေးခြင်း၊ ဆေးသင်တန်းပေးခြင်းများတွင် ပါဝင်ခဲ့ကြသည်။ ကော့ကရိတ်၊ ဒူးပလာ၊ ဘားအံ စသည့် ABSDF စခန်းခေါင်းဆောင်များ အနေနှင့် တပ်ဖွဲ့ဝင်လူနာများ လိုက်ပို့ရင်း၊ လာကြည့်ရင်း နှင့် ကူညီပံ့ပိုးမှုများကို ရရှိခဲ့သည်။ စင်သီယာမောင် မည်သို့ပင် တိုးတိုးတိတ်တိတ်လုပ်ခဲ့သော်လည်း ဆေးခန်းရှိနေသည်ဆိုသည်ကို တစထက်တစ သိရှိလာကြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံထဲတွင် အလုပ်လာလုပ်နေကြသည့် အလုပ်သမားများ သိလာသည့်အချိန်တွင်၊ စက်ရုံအလုပ်ရုံများတွင် ထိခိုက်ဒဏ်ရာရလာသည့်လူနာမျိုး၊ ငှက်ဖျားရောဂါ ခံစား နေရသည့် လူနာမျိုးတွေကိုပါ ကုသပေးနိုင်ရေးအတွက် တစ်ပါတ် နှစ်ရက် နံနက်ပိုင်းအချိန်များတွင် စတင်ကုသပေးခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသမီးအလုပ်သမားများပါ ရောက်လာသည့်အချိန်တွင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ သားဖွားမှုနှင့် ကလေးကျန်းမာရေး စောင့်ရှောက်ကုသမှုများပါ လုပ်ဆောင်ပေးခဲ့ရသည်။

ရရှိခဲ့သည့် ဆုများ

ဒေါက်တာစင်သီယာမောင် သည် အောက်ပါဆုများစွာကို သူ၏ ဆေးခန်းတွင် လှုမှုကူညီရေးအလုပ်များကြောင့် ရရှိခဲ့သည်။

2013 Sydney Peace Prize ဆစ်ဒနီငြိမ်းချမ်းဆု ချီးမြှင့်လိုက်ပါတယ်။
၂၀၀၈ Catalonia International Prize along with Daw Aung San Suu Kyi
၂၀၀၇ Asia Democracy and Human Rights Award (Taiwan Foundation for Democracy)
၂၀၀၇ World’s Children’s Prize for the Rights of the Child Honorary Award (Children’s World Association, Sweden)
၂၀၀၅ 1,000 Women Nobel Peace Prize Nomination (Global)
၂၀၀၅ Unsung Heroes of Compassion Award (The Dalai Lama and Wisdom in Action, USA)
၂၀၀၅ The Eighth Global Concern for Human Life Award (Chou-Ta Kuan Foundation, Taiwan)
၂၀၀၅ Included in Time Magazine’s November Article on 18 Global Health Heroes
၂၀၀၂ Ramon Magsaysay Award for Community Leadership (Philippines)
၂၀၀၁ Foundation for Human Rights in Asia Special Zi Award (Japan)
၂၀၀၁ Van Hueven Goedhart Award (Netherlands)
၁၉၉၉ Jonathan Mann Health and Human Rights Award (USA)
၁၉၉၉ American Women's Medical Association President's Award (USA)
၁၉၉၉ John Humphries Freedom Award (Canada)

ကိုးကား
http://www.maetaoclinic.org/
http://kzy1980.myanmarbloggers.org/2008/02/blog-post_19.html
http://www.maetaoclinic.org/aboutus.html
စာအုပ်။။ စိုးနေလင်း ၏ ဒေါက်တာ စင်သီယာမောင် သို့မဟုတ် အရိပ်ကောင်းသော သစ်တစ်ပင်၊ ခေတ်ပြိုင် စာပေတိုက်၊ ဇန်နဝါရီ ၂၀၀၇ ခုနှစ် ထုတ်၊

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။