Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 5, 2013

မင်္ဂဆောင်လုလင် - ဆရာစောစံအောင် (rev)

 

မင်္ဂဆောင်လုလင် - ဆရာစောစံအောင် (rev)
ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာ ဆောင်လုလင်သည် လာ၍ အသင့်ရှိသောသတို့သမီး တို့သည် လုလင်နှင့်အတူ ပွဲသို့ ၀င်ကြပြီးလျှင် တံခါးကို ပိတ်ထား၏(မဿဲ ၂၅း ၁၀)။
ရှင်မဿဲ ၂၄-၂၅ သည် အနာဂတ်ခရစ်တော် တဖန် ပြန်လည် ကြွလာခြင်းနှင့်စပ်လျဉ်း၍ သတိပေးဖေါ်ပြထားချက် များဖြစ်သည်။ ခရစ်တော်ကြွလာမည့်အချိန်ကို မည်သူမျှ မသိရပါ။ သို့သော် နိမိတ်လက္ခဏာများကို ကြည့်ခြင်းအားဖြင့် အလွန်ပင် နီးလာပြီ ဖြစ်ကြောင်းသိရှိရပါသည်။
မဿဲ၊ ၂၄ ၌ ဘေးဒဏ်ကြီးကာလ ဖြစ်ရပ်များကို တွေ့ရပါသည်။ မဿဲ ၂၅း ၁-၁၃ ၌ “သတို့သမီး ဆယ်ဦးဥပမာ”ကို ဖေါ်ပြထားသည်။ (မှတ်ချက်- အင်္ဂလိပ်ဘာသာ ပြန်ကျမ်း၌ “ten virgins” ဟုသာ ဖေါ်ပြထားပါသည်၊ “အပျိုရံ ဆယ်ဦး” “သတို့သမီး အပျိုရံ တစ်ကျိပ်” ဟုလည်း ခေါ်နိုင်ပါသည်) ယုံကြည်သူများကို “ခရစ်တော်၏သတို့သမီး” အဖြစ် ခိုင်းနှိုင်းထား၏(၂ကော၊ ၁၁း၂)။ ကျွန်ုပ်တို့၏တာဝန်မှာ ငိုက်မြည်းအိပ်ပျော်ခြင်း မရှိဘဲ ခရစ်တော်တဖန်ကြွလာခြင်းအတွက် အသင့်ပြင်ဆင်ထားရန်၊ ပညာရှိကဲ့သို့ ကျင့်ဆောင်ရန် ဖြစ်သည်။
သခင်ခရစ်တော်ကို အသက်တာ၌ မရရှိထားဘဲ ခရစ်ယာန် နာမည်ခံထားရုံ၊ရေနှစ်ခြင်းခံထားရုံမျှသာရှိနေလျှင်ဘေးဒဏ်ကြီး ကာလ၌ ကြီးစွာသော ဘေးဒုက္ခခံရမည်သာမက ထာဝရမီးငရဲ၌ လည်း အပြစ်ဒဏ်စီရင်ခြင်းခံရမည်ဖြစ်၍ မိမိ၏ နောင်တမလွန် ရေးအတွက် သေချာစွာ စမ်းစစ်ရပါမည်။ ကယ်တင်ခြင်းနှင့် ဆိုင်သောသြ၀ါဒကို သင်ကြားခံယူရမည်။ တံခါးပိတ်၍ ၀င်ခွင့် မရသောပညာမဲ့သတို့သမီးငါးဦးကဲ့သို့ မဖြစ်စေပါနှင့်။ အချိန် မနှောင်း မှီ အသင့်ပြင်ဆင်ထားပါ။
မင်္ဂဆောင်လုလင်တည်းဟူသောခရစ်တော်သည် မကြာမီ ကြွလာတော့မည်။ စစ်မှန်သောအသင်းတော်(၀ိညာဉ်တော်၌ မွေး


ဖွားပြီးသော ယုံကြည်သူများ)သည် ခရစ်တော်ချစ်သော သတို့သမီး ဖြစ်သည်။ သတို့သားခရစ်တော်သည် သူ၏သတို့သမီးအတွက် နှစ်ပေါင်းများစွာ ပြင်ဆင်စောင့်စားနေပါသည်။ ခရစ်တော်၏ ကိုယ်ခန္ဓာကြီး ပြည့်စုံဘို့ရန် နောက်ဆုံးကျန်ရှိသူ တစ်ယောက်ကို စောင့်စားနေပါသည်။ သတို့သမီးနှင့် သတို့သား တွေ့ဆုံရမည့်နေ့ သည် အလွန်ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံသောနေ့မြတ်ပင် ဖြစ်၏။ ထိုနေ့ရက်၌ တွေ့ရမည့်သူတည်းဟူသောခရစ်တော်ကို သင်သည် အသင့်မြော်လင့် စောင့်စားနေပါသလား။ အမှုတော်အတွက် အဘယ်ကဏ္ဍဖြင့် ပါဝင်နေပါသလဲ။ သို့တည်းမဟုတ် လောက တပ်မက်စရာများ၌ ပျော်မြူးအချိန်ဖြုန်းနေပါသလား။ ဤလောက သည် ကျွန်ုပ်တို့၏ ယာယီတဲမျှသာဖြစ်သည်။ မတည်မြဲသော အရာများထက် ထာဝရတည်မြဲမည့် အရာများအတွက် ပြင်ဆင်ရ ပေမည်။ သင့်ကိုချစ်သော ခရစ်တော်ရှင် နှစ်သက်သောအမှုကို သင် ပြုနေပြီလော။ လောကကြီး၌ လူတိုင်းဒုက္ခ ဆင်းရဲ တစ်မျိုး မဟုတ်၊ တစ်မျိုးခံကြရသည်ဖြစ်၍ ထိုအရာများအတွက် သည်းခံရ ပေမည်။ ကိုယ်တော်သည် မကြာမှီ မိုးတိမ်၌ ကြွလာကာ ယုံကြည် သူများကို ကောင်းကင်သို့ ခေါ်ဆောင်သွားမည်။ ယနေ့ပင် ခရစ်တော်ကြွလာနိုင်ပါသည်။ မြော်လင့်ခြင်းရှိလျက်လုပ်ဆောင်ပါ။
“ကောင်းကင်တမန်ကလည်း သိုးသငယ်၏ မင်္ဂလာ ဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံသောသူတို့သည် မင်္ဂလာ ရှိကြ၏”(ဗျာ၊ ၁၉း ၉)။ (ဟာလေလုယာ) အောက်ပါ ဆုတောင်းချက်အတိုင်း အမြဲ ဆုတောင်းသင့်ပါသည်။
“မတည်မြဲသော လောကအရာများ၌ ကျွန်ုပ်အသက်တာကို မနှစ်မွန်းစေဘဲ ကိုယ်တော်နှစ်သက်သော လမ်း၌သာ အစဉ် လျှောက်လှမ်းနိုင်ရန် ပဲ့ပြင်ပေးတော်မူပါ။ အို သခင်ယေရှုဘုရား အလျှင်အမြန် ကြွလာတော်မူပါ (အာမင်)။”

မုန်တိုင်းကို ငြိမ်းစေသောအရှင်
(လု၊ ၈း ၂၂-၂၅)
(ဆရာစောစံအောင်)
လူ့လောက၌ အသက်ရှင်သွာလာကျင်လည် ရာတွင် လူတိုင်းလောကဓံတရားတည်းဟူသော ပြဿနာ လောကမုန်တိုင်းတွေ့ကြုံရစမြဲဖြစ်သည်။ ပြဿနာတွေ့ ကြုံလာသည့်အခါ မိမိဥာဏ်အစွမ်းသတ္တိကို၎င်း၊ မိမိထက် တတ်စွမ်းနိုင်သူကို၎င်း အားကိုး ခိုလှုံတတ်ကြပါသည်။ မိမိ သည်သော်၎င်း၊ အခြားလူ/ပုဂ္ဂိုလ်သည်သော်၎င်း အတိုင်း အတာ တစ်ခုအထိသာ တတ်စွမ်းနိုင်ကြပါသည်။ ကျွန်ုပ်တို့ ပြဿနာအလုံးစုံကို ဖြေရှင်းပေးလိုသည့် အရှင် တစ်ဦးရှိကြောင်း သိမှတ်စေလိုပါသည်။ ထိုအရှင်သည် သင့်ကို ချစ်၍ သင့်အား အထူးကူမလိုသောအရှင်၊ သဘာဝတရားအပေါ် အုပ်စိုးလွမ်းမိုးနိုင်သောအရှင်ဖြစ် ကြောင်းမေတ္တာဖြင့် ဝေငှလိုပါသည်။
သခင်ယေရှု ဤကမ္ဘာလောက၌ လူ့ဇာတိခံယူ၍ အမှုတော်ဆောင်ခြင်းအသက်တာ၌ မိမိသည်မည်သူဖြစ် ကြောင်း ကိုယ်တိုင်ဟောပြောခြင်း၊ နိမိတ်လက္ခဏာများ ပြခြင်းတို့ကို ပြုခဲ့ပါသည်။ သခင်ယေရှုသည် ဂါလိလဲအိုင် မုန်တိုင်းကိုငြိမ်းစေခြင်းဖြစ်ရပ်မှ သင်ခန်းစာယူနိုင်ပါသည်။
(၁) မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားပါ။
သခင်ယေရှုနှင့် တပည့်တော်များ ဂါလိလဲအိုင်ကို ဖြတ်သန်းသွားလာစဉ် မိုဃ်းသက် မုန်တိုင်းကြီးကျရောက် ခဲ့ပါသည်။ မုန်တိုင်းကျလာမည်ကို သူတို့ကြိုတင်မသိကြ ပေ။ နက်ဖြန်ဘာဖြစ်မည်ကိုလည်း ကျွန်ုပ်တို့ မသိနိုင်။ သို့ သော် ပြဿနာတည်းဟူသောမုန်တိုင်းအတွက် ကြိုတင် ပြင်ထားသင့်ပါသည်။ ယေရှုခရစ်တော်ကို ယုံကြည်သော သူ၊ ဘုရားအမှုတော်ကို ဆောင်ရွက်သူများအနေနှင့် မိမိတို့ လျှောက်ရမည့်လမ်းခရီးသည် စင်းလုံးချော ဖြောင့် ဖြူးနေမည်၊ ဒုက္ခအခက်အခဲ ပြဿနာမရှိဟု ခရစ်တော်က မပြောထားပါ။ လူတိုင်း၌ ပြဿနာရှိသည်နည်းတူ ကျွန်ုပ်တို့ယုံကြည်သူများလည်း ဒုက္ခပြဿနာ ရင်ဆိုင်ကြ ရမည်။ သို့သော် ထိုပြဿနာကို ဖြေရှင်းရန်အတွက် ခရစ်တော်၌ နည်းလမ်းရှိပါသည်။ “သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီ” ဟု ခရစ်တော်မိန့်တော်မူချက်ကို အမြဲသတိရစွဲလန်းရန်လို၏။ မှန်ပေ၏။ ကျွန်ုပ်တို့ကိုးကွယ်သော ယေရှုဘုရားသည် အလုံးစုံကို အစိုးရသော ပုဂ္ဂိုလ်၊ မနေ့ ယနေ့ နောင်ကာလ မပြောင်းလဲအစွမ်းတန်ခိုးနှင့်ပြည့်စုံသောအရှင်ဖြစ်ကြောင်း သိမှတ်ထားရန်လိုပေသည်။ မည်မျှကြီးမားသော ပြဿနာ ရှိစေကာမူ ထိုအရှင်သည် မစ ဖြေရှင်းပေးနိုင်ကြောင်း ဦးစွာ သိမှတ်ပြင်ဆင်ထားရန်လိုသည်။
သိုးကျောင်းသား ဒါဝိဒ်ကဲ့သို့ မိမိ၏ အတိတ်က ဘုရားမစပို့ဆောင်ကယ်မခြင်းကို မမေ့ဘဲ ဂေါလျတ်ကဲ့သို့ ကြီးမားသော ရန်သူ(ပြဿနာ)ကို ဘုရားက မစဖြေရှင်း ပေးမည်ဖြစ်ကြောင်း ယုံကြည်စွဲလန်းရန်လိုပေသည်။
ဂါလိလဲအိုင်ထဲ၌ အဘယ်ကြောင့် မုန်တိုင်းကျခဲ့ ပါသနည်း။ ကျမ်းစာ၌ ဒုက္ခ ပြဿနာ၊ မကျန်းမာခြင်း တွေ့ရတိုင်း မိမိအပြစ်ကြောင့် (သို့) သူတပါးအပြစ် ကြောင့်ဟု အမြဲမှတ်ယူ၍ မရနိုင်ပါ။ ထိုဖြစ်ရပ်သည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။ ဘုရားစကား နားမထောင်သည် ပရောဖက်ယောန၏ ပင်လယ်ခရီး၌ မုန်တိုင်းကျခြင်းသည် ဘုရားသခင်၏ဆုံးမခြင်းဟု မှတ်ယူ နိုင်သော်လည်း ဖြောင့်မတ်သော ယောဘ၌ ဥစ္စာပစ္စည်း ဆုံးရှုံးသည်သာမက ခန္ဓာကိုယ် အနာရောဂါဖြစ်ခြင်းသည် သူ့အပြစ်ကြောင့်ဟု မှတ်ယူ၍ မရနိုင်ပါ။ ယခု ဂါလိလဲ အိုင်ကို လှေဖြင့် ဖြတ်ကူးစဉ် ခရစ်တော်ပါသော်လည်း အဘယ်ကြောင့် မုန်တိုင်းတွေ့ရပါသနည်း။
ခရစ်တော်သည် တပည့်တော်များ၏ ယုံကြည် ခြင်းကို စစ်ဆေးခြင်း၊ ခရစ်တော်က မိမိသည် လေနှင့် ပင်လယ်တည်းဟူသော သဘာဝတရားများအပေါ် လွမ်းမိုးနိုင်စွမ်းသူဖြစ်ကြောင်းသိစေလိုပါသည်။
(၂) ပြဿနာတွေ့ရစဉ် တည်ငြိမ်မှုပါ။
ခရစ်တော်သည် အလုံးစုံသောပြဿနာကို ဖြေရှင်းပေးနိုင်သောအရှင် ဖြစ်သည်ဟု သိမှတ်စွဲလန်းသူ အနေနှင့် ပြဿနာအတွက် တွေးပြီး ပူပန်စရာမလို၊ တည်ငြိမ်အေးချမ်းနိုင်ပါမည်။ တပည့်တော်များသည် မုန်တိုင်းတွေ့ရစဉ် မိမိ အစွမ်းကို ပထမအားကိုးကြသည်။ မြင်နေရသည့် ပြဿနာကြောင့် စိုးရိမ်မှုရှိကြပါသည်။ ခရစ်တော်ရှိနေကြောင်း ချက်ခြင်းသတိမရကြသေးပါ။ ခရစ်တော်သည် အလုံးစုံကို မစပေးနိုင်သည်ကို သိပါက ငြိမ်သက်မှုရှိပါမည်။ ဘုရားအပေါ် စိတ်ချမှု အပြည့်အ၀ ထားပါ။ ကျွန်ုပ်တို့၏ စိုးရိမ်မှုများကို ဘုရားသခင်ထံ အပ်နှံပါ၊ ကျေးဇူးတော်ချီးမွမ်းပါ (ဖိ၊ ၄း ၆-၇)။
ကျွန်တော်၏ အမှုတော်ဆောင်ခြင်းအသက်တာ၌ လည်း မုန်တိုင်းတွေ့ရနိုင်ကြောင်း ကြိုတင်မျှော်မှန်းထား ပါသည်။ ဤသို့ဖြင့် ၂၀၀၄ ခုနှစ် ရန်ကုန်၌ ဇနီးသည်သည် လည်ပင်းအကြိတ်ကင်ဆာခံစားရပါသည်။ ဆရာဝန်က ဓါတ်ကင်ခြင်းနှင့် ကီမိုဆေးသွင်းခြင်း တပြိုင်နက်လုပ်ရ မည်ဟု ပြောလာပါသည်။ ကင်ဆာ အဆင့် (၂)ဟု ဆိုပါသည်။ အမြန်လုပ်ရန်ပြောလာပါသည်။ လူ့ဘက်က စိတ်မကောင်းသော်လည်း ဘုရားသခင်သည် အလုံးစုံကို တတ်နိုင်ကြောင်းစိတ်ချပါသည်။ မိမိအမျိုးထဲမှ လည်ပင်း အာသီးကင်ဆာခံစားရဘူးပြီး ဆုတောင်း ဆေးကုခြင်းဖြင့် လုံးဝပျောက်ကြောင်း အားပေးမှုကို လည်းရခဲ့ပါသည်။ ဤသို့နှင့် ဘုရားသခင်ကို ကိုးစားမျှော်လင့်ပြီး ဆေးကုသ မှုအလုံးစုံကို ပြုခဲ့ပြီး ရောဂါရှိမရှိ ပြန်လည်စစ်ဆေးသည့် အခါ ကင်ဆာဆဲလ်လုံးဝမရှိတော့ကြောင်း တွေ့ရသဖြင့် ကျေးဇူးတော်ကိုချီးမွမ်းကြပါသည်။
နှာခေါင်းမျက်နှာနှင့် လည်ပင်း အထက်ပိုင်းကို ဓါတ်ရောင်ခြည်ပေးကုသမှုပြုခြင်း၏ ဘေးထွက်ဆိုးကျိုးကို လည်း အလူးအလဲခံရပါသည်။ တံတွေးဂလင်းများ ပျက်စီး ၍ တံတွေးမထွက်သဖြင့် အဖတ်စား၍မရဖြစ်ရပြန်သည်။ ဆရာဝန်ကို မိမိတံတွေးမည်သည့်အခါပြန်ထွက်မည် အ ကြောင်း မေးမြန်းကြည့်သည့်အခါ တံတွေးပြန်ထွက်လာ ရန် အတော်ပင်ကြာမည်ဖြစ်ကြောင်းသာ သိရသည်။ သို့သော်လည်း အားမလျော့ဘဲ ရနိုင်သမျှ အစာကို ကြိုးစား၍ စားခြင်း၊ ဘုရားသခင်ကို ကိုးစားဆုတောင်းခြင်း ဖြင့် (၁၀)လာကြာသော် ခံတွင်းမှ တံတွေးဂလင်းများပြန် လည်အလုပ်လုပ်လာသဖြင့် ထမင်းများကို ပြန်လည် စားနိုင်ခွင့်ရခဲ့ပါသည်။ ယခု ၂၀၁၃ ခုနှစ်သည် ဇနီးသည် လည်ပင်းအကြိတ်ကင်ဆာ ပျောက်ကင်းပြီး ရှစ်နှစ်ပင်ရှိ သဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြပါသည်။
(၃) ပြဿနာပြေလည်ရန် ဘုရားသခင်ထံ ဆုတောင်းပါ။
တပည့်တော်တို့သည် မိမိတို့ကြိုးစားမှုဖြင့် မရနိုင် ကြောင်းသိရသဖြင့် လှေပေါ်၌ အိပ်စက်လျက်ရှိသော ကိုယ်တော်ကို ခေါ်ဟစ်အကူအညီတောင်းကြပါသည်။ ထိုအခါ ခရစ်တော်သည် ထ၍ လေနှင့်ပင်လယ်ကို ဆုံးမသဖြင် လှိုင်းတံပိုးသည် ငြိမ်း၍ သာယာလေ၏။ ထိုအခါ တပည့်တော်တို့က ခရစ်တော်သည် မုန်တိုင်းကို ငြိမ်းစေသောအရှင်ဖြစ်ကြောင်း သိမှတ်ကြပါသည်။
ကျွန်ုပ်သည် အမှုရောက်သည်အခါ ဘုရားသခင် ထံ ချဉ်းကပ်၍ ဆုတောင်းရန် ဆာလံ ၅၀း ၁၅ က ဤသို့ ပြောထားပါသည်။ “အမှုရောက်သည့်ကာလ၌ ငါ့ကို ပဌနာပြုလော့။ ငါသည်ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကို ချီးမွမ်းလိမ့်မည်။” ဘုရားသခင်မတတ်နိုင်သောအမှု မရှိပါ။ ပြဿနာအတွက် စိတ်ညစ်နေလျှင် အဘယ်မျှ အကျိုးမရှိပါ။ ထိုပြဿနာအကြောင်းကို လူထံပြောပါက လည်း ထိုလူသည် အတိုင်းအတာတစ်ခုထိသာ တတ်စွမ်း ပေးနိုင်၏။ သို့ဖြစ်၍ ပြဿနာနှင့်စပ်လျဉ်း၍ဘုရားကို ရှေးဦးစွာ ပြောရန်လိုအပ်ပါသည်။
ယေရှုခရစ်တော်ဘုရားသည် သင့်အသက်တာ၏ ဘ၀မုန်တိုင်းအလုံးစုံကို ဖြေရှင်းပေးနိုင်သောအရှင်ဖြစ် သည်။ လူကို မကိုးစားဘဲ ဘုရားသခင်ကို အစဉ်ကိုးစား ခြင်းဖြင့် လောကဓံတရားကို အောင်မြင်နိုင်ကြောင်း မေတ္တာဖြင့် ဝေငှ ရေးသားလိုက်ပါသည်။
စာရှုသူတိုင်း ဘ၀မုန်တိုင်းကို ဖြေရှင်းပေးနိုင် သောအရှင်ကို ကိုးစားခြင်းဖြင့် ဘုရားထံမှငြိမ်သက်ခြင်း ကောင်းချီးခံစားနိုင်ပါစေ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။