Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 5, 2013

ဒဏ္ဍာရီ ပုံပြင်ထဲမှာ


(၁)
ကျွန်တော် မူလတန်း ကျောင်းသား ဘဝတုန်းက ကျောင်းဆင်းချိန် ရောက်တိုင်း ကျောင်း နဲ့ မလှမ်းမကမ်း က ခြံကျယ်ကြီး ရှေ့မှာ ဂေါ်ဇီလာ ကြည့်ဖို့ ဘယ်တုန်း ကမှ မမေ့ ခဲ့ဘူး။ ကျွန်တော်တို့ ကလေးတစ်သိုက် တံတိုင်း အမြင့်ကြီး ခတ်ထားတဲ့ ခြံကြီးရဲ့ ဂိတ်တံခါးဝ သံပန်းတံခါး တွေ ကြားကနေ ဂေါ်ဇီလာ နှစ်ကောင် ထွက်လာမယ့် အချိန်ကို မမောတမ်း စောင့်ကြည့် ခဲ့ဖူးတယ်။ ညနေစောင်း ဆိုရင် ခြံကျယ်ကြီး ထဲက နန်းတော်ကြီးလို ခမ်းနား လွန်းတဲ့ အိမ်ကြီး ထဲကနေ လူတစ်ယောက် ဂေါ်ဇီ လာနှစ်ကောင် ကိုဆွဲပြီး ခြံထဲ မှာ လမ်းဆင်းလျှောက် တတ်တယ်။ သူတို့ လမ်းလျှောက်တဲ့ အချိန်က ကျွန်တော်တို့ ကျောင်းဆင်းတဲ့ အချိန် နဲ့ တိုက်ဆိုင်နေတော့ ကျွန်တော် တို့ ဂေါ်ဇီလာတွေကို ခပ်လှမ်းလှမ်း က မြင်ရဖို့ အခွင့်အရေး ရခဲ့တာပေါ့။ ဒီဂေါ်ဇီလာကြီး နှစ်ကောင် ကတော့ ကျွန်တော် တို့လို မူလတန်းကျောင်း သားတွေ ရဲ့ နှုတ်ဖျားမှာ တသသ ဖြစ်စေလောက်အောင် ကို နာမည် ကြီးလွန်းပါတယ်။
အချိန်တွေ အတော်ကြာပြီး ကျွန်တော်အရွယ် ရောက်လာတော့မှ ကျွန်တော်တို့ စိတ်ဝင်တစားနဲ့ နေ့စဉ် စောင့်ကြည့်နေတဲ့ သတ္တဝါ တစ်ကောင် ဟာ ကျွန်တော်တို့ စိတ်ထဲ မှာ မသိမသာ စွဲလမ်းနေခဲ့တဲ့ ဒဏ္ဍာရီထဲက ဂေါ်ဇီလာ တစ်ကောင်မဟုတ်ဘဲ ဧရာမ ခွေးဘီလူးကြီး တစ်ကောင် ဆိုတာ သိခဲ့ရတယ်။ ဒါပေမဲ့ အခု ကျွန်တော် ကိုယ် တိုင် ကျောင်းဆရာ ဖြစ်ပြီး ကျောင်းက အပြန် အဲဒီခြံကြီး ရှေ့ကနေ ဖြတ်သွားတိုင်း မူလတန်း အရွယ် ကျောင်းသားလေးတွေ က ဂေါ်ဇီလာ ဂေါ်ဇီလာ လို့ အချင်း ချင်း လက်တို့ပြီး ခွေးဘီလူးကြီးကို စောင့် ကြည့်နေ ကြတုန်းပဲ။
ဒါပေမဲ့ ဒီကလေးတွေ ကို ကျွန်တော် ဘယ်တုန်းကမှ မတား မြစ်ခဲ့ဘူး။ ဒါဟာ ဂေါ်ဇီလာ မဟုတ် ဘူး လူတစ်ရပ် နီးပါး ထွားကျိုင်းလှ တဲ့ ခွေးဘီလူးနွယ် ဝင် ခွေးတွေ ဆိုတာ သူတို့ကို ဘယ်တုန်းကမှ မပြောဖြစ်ခဲ့ဘူး။ သူတို့နားက ဖြတ်သွားတဲ့ အချိန် တိုင်းကြားရလေ့ ရှိတဲ့ ဂေါ်ဇီလာ ဂေါ်ဇီလာ ဆိုပြီး မျှော်လင့်ချက် တကြီးနဲ့ စောင့် စားနေ ရှာတဲ့ အပြစ် ကင်းလွန်းတဲ့ အသံလေးတွေ ကိုပဲ နားထောင်လို့ မဝခဲ့ဘူး။ ဒီခွေးဘီလူး ဟာ ဂေါ်ဇီလာ မဟုတ်ဘူး ဆိုတာ တစ်နေ့မှာ ကျွန်တော့် လိုပဲ သူ တို့ လေးတွေ ကိုယ်တိုင် နားလည်လာ မယ် ဆိုတာ ကျွန်တော် သိနေခဲ့တယ်။
အဲလို နားလည် လာမယ့် အချိန် ကိုပဲ ကျွန်တော် စောင့်နေခဲ့တယ်။ ကလေးတွေ သူတို့ ကိုယ်ပိုင် အတွေး အခေါ်တွေနဲ့ အမှန် တရားကို လက်ခံ လာနိုင်ဖို့ကို ကျွန်တော် မျှော် လင့်တယ်။ လွတ်လပ်စွာ စူးစမ်းတဲ့ သူတို့ရဲ့ ပင်ကို စရိုက်လေးတွေကို ကျွန်တော် ချစ်တယ်။ သူတို့ကို လွတ်လပ်စွာ တွေးခေါ်စေချင်တယ် လွတ်လပ်စွာ ရှင်သန်စေချင်တယ်။ ဒါ့ကြောင့်လည်း ကျောင်းဆရာ ဆိုတဲ့ အလုပ်ကို ကျွန်တော် မက်မက် မောမော ရွေးချယ်ခဲ့တာပါ။
(၂)
မနက် ငါးနာရီမှာ မြည်လာတဲ့ နှိုးစက်ကို ပြန်ပိတ်ပြီး အိပ်ရာထဲက နေ ရုန်းထဖို့ ကြိုးစားမိတယ်။ ရုတ်တရက် ဝင်လာတဲ့ အသိတစ်ခုက ချက်ချင်း ဆိုသလို ကျွန်မရဲ့ တက်ကြွ နေတဲ့ စိတ်တွေကို ယိုင်ကျသွားစေခဲ့ တယ်။ ကျွန်မ အိပ်မက် မက်နေတာ လားလို့ တွေးလိုက်မိတဲ့ အချိန်မှာ ကျွန်မရဲ့ပါးပြင်တစ်ဖက် မှာ နွေးခ နဲ ဖြစ်သွား ခဲ့တယ်။ ကျွန်မ အိပ်မက် မက်နေတာ မဟုတ်တော့ပါဘူး။ ကျွန်မ မနက် ငါးနာရီ မှာ အိပ်ရာက ထဖို့ မလိုတော့ဘူးလေ။ ၃၉ နှစ် လုံးလုံး မပျက် မကွက် မက်နေခဲ့တဲ့ အိပ်မက် ထဲမှာ ကျွန်မ မရှိတော့ဘူး။ ကျွန်မ ကျောင်းကို သွားစရာ မလို တော့ဘူးလေ။
နွမ်းလျလွန်းစွာနဲ့ အိပ်ရာပေါ် ကို ပြန်လဲလျောင်းမိချိန် မှာ ၃၉ နှစ် လုံးလုံး လှုပ်ရှား အသက်ဝင်ခဲ့ဖူးတဲ့ ကျွန်မရဲ့ စာသင်ခန်းလေး ကို ပြန်မြင် လာခဲ့တယ်။
”မင်္ဂလာ မနက်ခင်းလေးပါ။ ကျွန်မ မာဂရက်ပါ… ဒီစာသင်နှစ် မှာ ကလေးတို့ကို စာသင်ပေးရ မှာမို့ ဆရာမ အရမ်းကို ပျော်ပါတယ်” စာသင်နှစ် စစချင်း ပထမဆုံးနေ့ ပထမဆုံး အတန်းမှာ ပထမဆုံး နှုတ်ခွန်း ဆက်မိခဲ့တဲ့ အချိန်တွေ ဟာ ကျွန်မ ဘယ်တော့မှ မေ့လို့ မရတော့ မယ့် အချိန်တွေပါပဲ။
ပြီးတော့ ကျွန်မ အတန်းကနေ အောင်မြင်သွားတဲ့ ကလေးတွေ ကျွန်မကို ဝမ်းသာ အားရပြေးပြီး ပွေ့ဖက်လာမယ့် အထိ အတွေ့လေး တွေ၊ ကျွန်မ အတန်းထဲက ကလေး တွေရဲ့ စိတ်အား ထက်သန်လွန်းတဲ့ အကြည့်လေးတွေ စူးစမ်းလွန်းတဲ့ မေးခွန်းလေးတွေ၊ ကျွန်မ ရဲ့လုပ်ဖော် ကိုင်ဖက် ဆရာ၊ ဆရာမတွေ ဆီက ကြားနေကျ ပုံပြင်လေး တွေ အတွေ့ အကြုံလေးတွေ အကြံဥာဏ်ကောင်း လေးတွေ ကျွန်မ ပြန်မရနိုင်တော့ ဘူးလေ။
ကျွန်မရဲ့ စာသင်ခန်းထဲမှာ ကလေးတွေကို ဥာဏ်စမ်း မေးခွန်း လေးတွေ မေးရတဲ့ အချိန်လေးတွေ ဟာ ဆရာမ တစ်ယောက်ရဲ့ အတွေ့ အကြုံတွေထဲက အကောင်း ဆုံး အချိန်လေးတွေလေ။ မျက်တောင် လေးတွေ ပုတ်ခတ်ပြီး နှုတ်ခမ်းလေး တပြင်ပြင်နဲ့ အဖြေမှန်ကို ရှာနေတဲ့ အချိန်ဟာ သူတို့ အတွက် ပျော်စရာ အကောင်းဆုံး အချိန်လေးတွေ လို့ တညီ တညွတ်တည်း ပြောတတ်ကြ သေးတယ်။
”ဟုတ်ြပီ ဟုတ်ပြီ နီးစပ်လာပြီ။ ချာလီပြောတာ မှန်တော့ မှန်တယ် နည်းနည်းလေး လိုနေသေးတယ်၊ ဒေးဗစ်ရေ နောက်တစ်မျိုး ပြောင်းပြီး ဖြေကြည့်လေ၊ စူဆန်လေးရဲ့ အဖြေ က ဟုတ်တော့ ဟုတ်တယ် နည်းနည်း လေး တိတိကျကျလေး ပြောကြည့် လေ”
သင်ရိုးထဲမှာ မပါတဲ့ ပြင်ပ ဗဟုသုတလေးတွေ ဥာဏ်စမ်းပုဒ်စာ လေးတွေကို ကလေးတွေ ပိုစိတ်ဝင် စားကြတယ်။ စာသင်ခန်း ရဲ့ ပြင်ပက အားကစားနဲ့ အနုပညာခန်း မတွေ ကို သူတို့လေးတွေ ပိုပြီး ခုံမင်ကြတယ်။ စာသင်ချိန်တွေ ကြာလာရင် သူတို့ ငြီးငွေ့ လာကြတယ်။ စာသင်ခန်းရဲ့ အပြင်ကို အာရုံတွေ ရောက်သွား တတ်တယ်။
တစ်ခါက ကိုးတန်း ကျောင်းသားတွေကို စာသင်ပေးနေတဲ့ အချိန် မှာ မက်သရူးက စာသင်ခန်း ပြတင်းပေါက်ကနေ အပြင်ကို ငေးနေတယ်။ သူဘာကို ငေးနေတယ် ဆိုတာ ကို လည်း သိနေသလို သင်ပေးနေတဲ့ သင်္ချာ ပုဒ်စာပေါ်မှာ စိတ်မဝင်စား ဘူး ဆိုတာကိုလည်း အတွေ့ အကြုံ အရ သိနေတော့ ပိုဆိုးတယ်။
”မက်သရူးရေ မင်းတင်းနစ် ကစားတာကို စိတ်ဝင်စား လို့လား။ မနက်ဖြန်ကျရင် တင်းနစ် နည်းပြဆီ သွားပြီး တီချယ် မာဂရက်က လွှတ် လိုက်တယ် လို့ပြော၊ မင်းအားတဲ့ အချိန်တွေ မှာ ဆရာ့ဆီမှာ တင်းနစ် သင်ဖို့ စာရင်းပေးခဲ့ချေ။ ခုတော့ ဆရာမ သင်နေတဲ့ သင်္ချာကို သေသေချာချာ လိုက်တွက်ပါဦး”
ကျွန်မရဲ့ စကားတွေကြောင့် ရုတ်တရက် ဖျတ်ခနဲ လင်းလက်သွား တဲ့ မက်သရူးရဲ့ မျက်ဝန်းလေးကို ကျွန်မ အမြဲတမ်း အမှတ်ရ နေခဲ့တယ်။ အခုဆိုရင် မက်သရူးလေး က ကျွန်မတို့ မြို့လေးရဲ့ ကျက်သရေ ဆောင် တင်းနစ် အကျော်အမော် တစ်ယောက် ဖြစ်နေခဲ့ပြီ။ သူ့ရဲ့ အောင်မြင်မှုတွေ နားမဆံ့အောင် ကြားရသလို တစ်ချိန် တည်းမှာ ပဲ ကျွန်မ ရဲ့ကျောင်းမှာ တင်းနစ် အချိန် ပိုင်းနည်းပြ အဖြစ် တာဝန်ယူလို့ ကျွန်မ တို့ကို ကျေးဇူး ဆပ်ခဲ့သေး တယ်။
ကျွန်မကို တွေ့တိုင်း သူတဖွဖွ ကျေးဇူးစကား ဆိုခဲ့တယ်။ သူ့မိသားစု သူ့ မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေး တိုင်း တီချယ် မာဂရက် ရဲ့ကျေးဇူး ကြောင့် သူအခု လို အောင်မြင်နေ တာ လို့ ဂုဏ်ယူလို့ မဆုံးခဲ့ဘူး။
သင့်ရာ အပ်ဖို့ ဆိုတဲ့ ဆရာတွေ ရဲ့ တာဝန်ကို ကျွန်မ ကျေခဲ့ပါတယ်။ ကလေးတွေ ရဲ့ အိပ်မက်တွေ ဟာ ကျွန်မ တို့ရဲ့ လက်ထဲမှာ ဆိုတာ ကျွန်မ ဘယ်တုန်းက မှ မေ့မထားခဲ့ ဘူး။ စာသင်ခန်း ထဲမှာ အောင်မြင် နေမှ အောင်မြင်တဲ့ ဘဝကို ရတာ မဟုတ်ဘူး ဆိုတာ ကျွန်မရဲ့ အတွေ့ အကြုံတွေက ကျွန်မ ကို သင်ပေးခဲ့ တယ်လေ။
ကျွန်မတို့ လက်ထဲက ထွန်း ပေါက်သွားကြတဲ့ အိပ်မက် လှလှ လေးတွေကို မြင်တိုင်း ဆရာမ တစ်ယောက်ဖြစ်ခဲ့တဲ့ အပေါ် ဝမ်းသာ ဂုဏ်ယူလို့ မဆုံးနိုင်ခဲ့ဘူး။
ဘယ်သူကတော့ ဘယ်မှာ ဘယ်လို အောင်မြင်နေတယ် ဘယ်သူ ကတော့ ဘယ်လို ရာထူးတွေ ရနေပြီ ဘယ်သူ ကတော့ စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်နေပြီ ဆိုတဲ့ သတင်းတွေ နားမဆံ့အောင် ကြားရ တိုင်း မျက်ရည်ဝဲ မတတ် ဝမ်းသာရ တယ်။
အခုတော့ ၃၉ နှစ်လုံးလုံး ကျွန်မ ခြေရာတွေနဲ့ ပြည့်နေခဲ့တဲ့ ကျောင်းလေးကို ကျွန်မ ကျောခိုင်းခဲ့ ရပြီးပြီ။
ကျွန်မရဲ့ဘဝ တစ်ခုလုံး ရင်းနှီး မြှုပ်နှံခဲ့ရတဲ့ နေရာ တစ်ခုကို ကျွန်မ ခြေလှမ်းတွေနဲ့ မရောက်နိုင်တော့ ပေမယ့် ကျွန်မ စိတ်အစဉ်က စာသင် ခန်းတွေ ဆီမှာ၊ ဆရာမတွေ စုစည်း တဲ့ ရုံးခန်းတွေ ဆီမှာ၊ ကျွန်မကိုယ် တိုင်ကတော့ နေရောင်တွေ ဖြာကျ နေတဲ့ အခန်းလေးထဲ က အိပ်ရာ တစ်ခုပေါ်မှာ၊ ပီတိ အပြုံးတွေ… လွမ်း ဆွတ်ခြင်းတွေ နဲ့ပေါ့။
(၃)
မနက် စောစော အလုပ်သွားဖို့ ကားပေါ် တက်ပြီး စက်နှိုးလိုက်တဲ့ အချိန်မှာ ကျွန်တော့် ကားဘေးက ဖြတ်လျှောက် သွားခဲ့တဲ့ အရိပ် တစ်ခု ကို အမှတ် အထင်တွေ့ လိုက်ရတယ်။ ကားသော့ကို ကိုင်ထားတဲ့ ကျွန်တော့် လက်တွေ ထုံကျင် အေးစက်သွား သလို ကျွန်တော့် ဦးနှောက်တွေ လည်း အေးခဲသွားခဲ့တယ်။
ပစ္စည်း ပစ္စယတွေ အပြည့်ထည့် ထားတဲ့ ခြင်းတောင်းကြီးကို ထမ်းပြီး အိမ်ရှေ့ ကနေ တလှုပ်လှုပ် နဲ့ဖြတ် လျှောက်သွားတဲ့ အရိပ် တစ်ခုက ကျွန်တော့်ကို တစ်ချိန် လုံး ခြောက်လှန့်နေခဲ့တာ နှစ်ပေါင်း သုံးဆယ် ကျော်ခဲ့ပြီ။ မနက် စောစောမှာ စောင့်ကြည့်စရာ မလိုဘဲ တွေ့ရတတ် တဲ့ အရိပ် တစ်ခုကို သွေးအေးအေး နဲ့ မမြင် ချင်ယောင်ဆောင် ဖို့ မသိမသာ ဖြတ်ကျော် သွားဖို့ ကျွန်တော့် နှလုံး သားက အခုချိန်ထိ လက်မခံနိုင်သေး ဘူး။
တလှုပ်လှုပ်နဲ့ ကျော်ဖြတ်သွား မယ့် အရိပ် တစ်ခုက ကျွန်တော် ကားမောင်း သွားမယ့် လမ်းပေါ်မှာ နောက် ဆယ်မိနစ်လောက် အထိ ရှိနေဦးမှာမို့ ဒီအရိပ် တစ်ခု ပျောက် သွားတဲ့ အထိ ကျွန်တော် စောင့်ရဦး မယ်။
ဘယ်သူတွေ ဘာပဲ ပြောပြော သူဟာ ကျွန်တော့် ဆရာ တစ်ယောက် လေ။ မနက်စောစော မှာ မိသားစု စားဝတ်နေရေး အတွက် ကျွန်တော် တို့အိမ် နဲ့ မလှမ်းမကမ်း က ဈေး တစ်ခု မှာ အိမ်ရှင်မကို ကူညီပြီး ဈေးရောင်းပေးတတ်တဲ့ ဆရာ။ နေ့လယ်ခင်း မှာတော့ ဆေးလိပ်မီး ပေါက်တွေ ဖွာရာ ကျဲနေတဲ့ တက်ထရွန် အကျီအဖြူနဲ့ ပုဆိုး စိမ်း ကို ခြေသလုံး ပေါ်အောင် ဝတ်လို့ စာသင်ခန်းတွေထဲမှာ မြန်မာ့ သမိုင်း ကို ပုံပြောသလို ပြောပြတတ်တဲ့ ဆရာ။
တစ်ခါတလေ ချောင်း တဟွတ် ဟွတ် ဆိုးနေပေမယ့် ဆေးပေါ့လိပ် ကို လက်ဖျားက မချတမ်း ဖွာနေတတ် တဲ့ဆရာက မျက်မှန်ထူကြီး တပ်လို့ ဘဝကို ရိုးရိုး စင်းစင်း မြင် တတ်လွန်း တယ်။
နှစ်ပေါင်းနှစ်ဆယ် သုံးဆယ် အတွင်း သူ့တပည့်တွေ ဘယ်တွေ ရောက်လို့ ဘာတွေဖြစ်နေတယ် ဆိုတာ သူစိတ်မဝင်စားဘူး။ ဘယ်ဌာန က ဘယ်ရာထူး မှာ ဘယ်သူ ရှိနေလဲ လို့ သူဘယ်တုန်းက မှ မစပ်စုဘူး။ သူ့ မျက်စိရှေ့ကို သွားပြီး ဆရာ နေကောင်းရဲ့ လားလို့ သွားနှုတ်ဆက် ရင်တောင် ”ဟေ ကောင်းပါတယ်ကွ” လို့ ခပ်တိုတို ခပ်ရှင်းရှင်း ပြန်ဖြေ တတ်တဲ့ ဆရာ။
တပည့် ဆိုတာ ဆရာထက် တော်နေရမယ် ဆရာထက် ခြေတစ်လှမ်းသာနေ ရမယ်ကွလို့ စာသင်ခန်းထဲ မှာ အားတက်သရော အားပေးတတ်တဲ့ ဆရာက ကိုယ် ပိုင် ကားစီး ပြီး သူ့ဘေးက ဖြတ် ကျော်သွားတတ်တဲ့ တပည့်တွေကို အပြင်မှာ တွေ့တိုင်း မျက်မှန်ထူကြီး အောက်က မျက်လုံးတွေက အရောင် မပြောင်းဘဲ တစ်သမတ် တည်း ရှိနေ တတ်သေးတယ်။
တကယ်ဆို ဆရာ့ရဲ့ ကျောင်း ဆရာ သက်တမ်း တစ်လျှောက်လုံး ဆရာ့ ရဲ့ အရိပ်မှာ ခိုဝင်ခဲ့ဖူးတဲ့ တပည့်တွေ ထောင်နဲ့ ချီပြီး ရှိနေခဲ့ပြီ ပဲ။ ထောင် နဲ့ချီတဲ့ တပည့် တပန်းတွေ ကြားမှာက ကျွန်တော်က ကံဆိုးလွန်း စွာ ဆရာ့ အရိပ်တွေကို ရင်နာနာ နဲ့ ငေးမော ကြည့်နေပြီး သက်မမော တွေ နာနာ ချနေခဲ့ရတဲ့သူ။
အလုပ်ထဲမှာ နိုင်ငံတကာ သတင်းတွေ ဖလှယ်ရင်း လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ အမေရိ ကန် သမ္မတကြီးက သမ္မတ ရာထူးက အနား ယူပြီးရင် ကျောင်း ဆရာ ပြန် လုပ်မယ်လို့ သူငယ်ချင်း တစ်ယောက် က ပြောတော့ မဆီမဆိုင် ကျွန်တော့် ဆရာကိုပဲ ပြေးမြင်မိတယ်။
အမေရိကန် သမ္မတဖြစ်လာတဲ့ ကျောင်းဆရာဟာ ကျောင်းမှာ စာ အသင်အပြကောင်းလွန်း လို့ ကျောင်းသားတွေ ရဲ့ အသည်းစွဲ ဆရာ တစ်ယောက် ဖြစ်ခဲ့တယ်လို့ ဆိုကြ တယ်။ စာသင်ချိန် တစ်ချိန်မှာ ဆယ့် ငါးမိနစ်ထက် နောက်ကျပြီးမှ ရောက် လာတတ်တဲ့ ဆရာတွေကို ကျောင်း သားတွေက စောင့်လေ့စောင့်ထ မရှိပေမယ့် သမ္မတ ဖြစ်လာတဲ့ ဆရာ ရဲ့လက်ချာကို ယူဖို့အတွက်တော့ လေးဆယ့် ငါးမိနစ်လောက် အထိ စောင့်ခဲ့ဖူးတယ် လို့ ဆိုကြတယ်။ ကမ္ဘာကျော် ကျောင်းဆရာ တစ်ယောက် ရယ်လို့ သမ္မတကြီးကို ရာဇဝင် နဲ့ချီပြီး ချီးကျူးသံတွေ ကြား ရချိန်မှာ ကျွန်တော် က ကျွန်တော့် သမိုင်း ဆရာလေးကို အသံတိတ်ပြီး ချီးမွမ်း စကား အခါခါ ဆိုမိတယ်။
ကျွန်တော့် ဆရာလောက် စာ အသင်အပြကောင်းတဲ့ သူ ဘယ် မှာ ရှိဦးမလဲလို့ တစ်ယောက် တည်း ဆရာ့ကို အမှတ်တွေ ပေးမိတယ်။ ကျွန်တော် ကတော့ သမိုင်း သင်ခန်း စာတွေကို စာအုပ် မကိုင်ဘဲ ဒဏ္ဍာရီ ပုံပြင်တွေလို ပြောတတ်လွန်း တဲ့ ဆရာ့ကို အခုချိန်ထိ လေးစား အားကျ လို့ ကောင်းတုန်း။ ကံရာဇာကြီး ကံရာဇာငယ်၊ ဗျတ်ဝိ၊ ဗျတ္တ၊ ရွှေအိမ် စည်နဲ့ ဗဋိက္ခရား မင်းသား၊ ကျန်စစ် သား၊ ငထွေရူး… ပြီးတော့ ဆရာ့ ပုံပြင်ထဲက စကု၊ စလင်း၊ စကိုင်းမြို့ တွေ ပါးစပ် ရာဇဝင်တွေ နန်းတွင်း အရှုပ်တော်ပုံ တွေကို မျက်စိထဲမှာ ကွက်ကွက် ကွင်းကွင်းမြင်နေတုန်း။
အင်္ဂလန်နိုင်ငံက ကျောင်း ဆရာတွေဟာ ကမ္ဘာပေါ်မှာ ဝင်ငွေ အကောင်းဆုံး ဆရာတွေ လို့ သူငယ်ချင်းတွေ ကပြောတော့လည်း မနက် စောစောမှာ ဈေးခြင်းတောင်း ကြီး ထမ်း လို့ အိမ်ရှေ့ကဖြတ်သွားတဲ့ ဆရာ့ ရဲ့ ဝင်ငွေကို ကယ်ကူ လေတာ မလိုပဲ တွက်မိပြန်တယ်။
အင်္ဂလန်က ကျောင်း ဆရာ တစ်ယောက်က တစ်နာရီကို ပေါင်လေးဆယ် ရလို့ ဝင်ငွေကောင်း တယ်လို့ ပြောနေကြချိန် မှာ လူဇန် ဘတ်က ဆရာ တစ်ယောက်က တစ်နာရီ ကို ၇၂ ပေါင်ရပြီး ဒိန်းမတ် က ကျောင်းဆရာ တစ်ယောက် က တစ်နာရီကို လေးဆယ့် ရှစ်ပေါင် အထိ ရတယ် လို့ပြောကြတော့ ကျွန်တော် အသက်ရှူ ဖို့ မေ့လျော့ သွားမိတယ်။
ဒီလောက် ဝင်ငွေကောင်းတာ တောင် ဒီဆရာတွေက စာသင်ခန်း ထဲမှာ အချိန် အများကြီး မပေးကြဘူး လို့ ဝေဖန်သံတွေ ထွက်လာတော့ တစ်နေ့ကို ငါးနာရီလုံး လုံး ကျောင်း မှာ တစ်ခန်းဝင် တစ်ခန်းထွက် အပြေးအလွှား စာသင်နေတဲ့ ဆရာ့ ကို ကရုဏာ ဖြစ်မိပြန်တယ်။
ကျောင်းဆရာ ဘဝကနေ သမ္မတ ဖြစ်သွားကြတဲ့ အမေရိကန် သမ္မတကြီး တချို့ရဲ့ ရာဇဝင်ကို ဖတ်မိလေတိုင်း ကျွန်တော်တို့ ကြား ဖူးနေတဲ့ စေတနာ၊ ဝါသနာ၊ အနစ် နာဆိုတဲ့ နာသုံးနာ ကို သံသယ ဝင်မိ တယ်။
”တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏” လို့ဆိုပေ မယ့်လည်း မနက်စောစော စီးစီး ဝန်စည် စလယ်တွေ သယ်ပိုးပြီး အိမ်ရှင်မ ရဲ့ တစ်နိုင် တစ်ပိုင် စီးပွား ရေး ကို ကူနေရှာတဲ့ ဆရာ့ကို နားလည်နိုင်ဖို့ ကျွန်တော် အကြိမ် ကြိမ် ကြိုးစားမိပြန်တယ်။
နိုင်ငံတကာမှာ ကျောင်းဆရာ မဟုတ်တဲ့ ဘာသာ စကားသင်တဲ့ ဆရာတွေတောင် ကော်ဖီ ဆိုင်လေး မှာ တစ်နာရီလောက် အချိန်ပေးရုံနဲ့ ဒေါ်လာ ငါးဆယ်လောက် အသာ လေးရနေတဲ့ အချိန်လေ။ တိုက်တိုက် ဆိုင်ဆိုင်ပဲ တစ်နေ့က ပုစွန်တုပ် ဝယ်လာတဲ့ အိမ်ရှင်မ ရဲ့ အဆိုအရ မြန်မာပြည် ကုန်ဈေးနှုန်းက နိုင်ငံ တကာကို မီနေတဲ့ အချိန် မှာ ကျွန်တော့်ရဲ့ ဆရာကတော့ ဒဏ္ဍာရီ ပုံပြင်တွေထဲက ရုန်း မထွက်နိုင်သေး ဘူး။
နှင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။