MM Social Sky
" How Rich People Think "ကိုရေးသားသော စာရေးစရာ Steve Siebold ဧ။် ဖော်ပြချက်ဖြစ်သည်။
သာမန်လူတွေဟာ ပိုက်ဆံကို အရှင်သခင်လို့သတ်မှတ်ကြတယ်။
ချမ်းသာတဲ့ လူများကတော့ ပိုက်ဆံရအောင် ပြုလုပ်ခြင်းကို အရှင်သခင်လို့သတ်မှတ်တယ်။
"တစ်ကမ္ဘာလုံးမှာ ပိုက်ဆံဟာ ပျော်ရွှင်မှုကို ဝယ်ယူလို့မရဘူးလို့ြွေကကြော်နေကြပေမဲ့ ပိုက်ဆံရှိမှသာလျှင် ဘဝကို လွယ်ကူစွာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ"

သာမန်လူတွေဟာ တစ်ကိုယ်ကောင်းဆန်မှုကို မကောင်းတဲ့အမူအကျင့်အဖြစ်မြင်တယ်။
ချမ်းသာတဲ့ လူများကတော့ တစ်ကိုယ်ကောင်းဆန်မှုကို ထားရှိသင့်တဲ့ စိတ်ထားမျိုးအဖြစ် သတ်မှတ်တယ်။
အဘယ်ကြောင့်ဆိုသော် "မိမိကိုယ်မှ ဂရုမစိုက်ရင် အခြားလူကို ကူညီဖို့ရန်အတွက် ခက်ခဲမယ်"လို့ ယူဆထားတာကြောင့်ပါ။
သာမန်လူတွေဟာ ထီထိုးခြင်းဖြင့် ချမ်းသာမည့်အချိန်ကို မျှော်လင့်တက်ကြပါတယ်။
ချမ်းသာတဲ့ လူများကတော့ ကံကို စောင့်မနေပဲ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားပါတယ်။
"ချမ်းသာမဲ့အချိန်ကို ဘုရားဆီကရမလား ဒါမှမဟုတ် ထီလက်မှတ်တွေကနေတဆင့် ရမလားဆိုပြီး စောင့်မျှော်နေသူ ကတော့ အကျိုးရှိတဲ့ အချိန်တွေကို အလဟသ စွန့်ပစ်လိုက်သလိုပါပဲ"
သာမန်လူတွေဟာ အတိတ်က အခြေအနေကောင်းခဲ့ချိန်များကို ပြန်လည်သတိရနေတက်တယ်။
ချမ်းသာတဲ့ လူများကတော့ အနာဂါတ်အတွက် အိမ်မက်မက်နေတက်တယ်။
သာမန်လူတွေဟာ ပိုက်ဆံရရှိဖို့ရန်အတွက် မကြိုက်တဲ့ အလုပ်လည်းလုပ်ပါတယ်။
ချမ်းသာတဲ့ လူများကတော့ သူတို့နှစ်သက်တဲ့ အလုပ်ကိုသာရှာဖွေကြပါတယ်။
သာမန်လူတွေဟာ ချမ်းသာဖို့အတွက် တစ်ခုခု လုပ်ရမယ်လို့ ထင်တက်ကြတယ်။
ချမ်းသာတဲ့ လူများကတော့ ချမ်းသာဖို့အတွက် ဖြစ်ကိုဖြစ်ရမယ်လို့ ယုံကြည်တယ်။
သာမန်လူတွေဟာ ပိုက်ဆံရှာဖို့အတွက် ပိုက်ဆံလိုတယ်လို့ ထင်ကြတယ်။
ချမ်းသာသူများကတော့ အခြားလူများရဲ့ ပိုက်ဆံကို အသုံးချတယ်။
သာမန်လူတွေဟာ သူတို့သားသမီးတွေကို ဘဝရပ်တည်ရေးအတွက် သင်ကြားပေးတယ်။
ချမ်းသာတဲ့ လူများကတော့ သူတို့သားသမီးတွေကို ဘယ်လိုချမ်းသာအောင် လုပ်ရမလဲ သင်ကြားပေးပါတယ်။
သာမန်လူတွေဟာ ပိုက်ဆံနဲ့ သူတို့ရဲ့ စိတ်ဖိစီးမှုတွေကို ဖျေဖြောက်ကြတယ်။
ချမ်းသာတဲ့ လူများကတော့ မိမိကြွယ်ဝမှုအပေါ်အမြဲသာယာနေတက်တယ်။
သာမန်လူတွေဟာ များသောအားဖြင့် အပျော်အပါးတွေကို ပညာရေးထက်ပိုပြီး ခုံမင်လေ့ရှိပါတယ်။
ချမ်းသာသူများကတော့ ပညာရေးကို အပျော်အပါးထက်ပိုပြီး လေ့လာပါတယ်။
သာမန်လူတွေဟာ ချမ်းသာသူများကို အဆင့်အတန်းခွဲခြားတက်သူများလို့ထင်မြင်တက်ကြပါတယ်။
ချမ်းသာတဲ့ လူများကတော့ သူတို့နားမှာ စိတ်တူကိုယ်တူ လူတွေကိုပဲ ရှိစေချင်တာပါ။
သာမန်လူများဟာ ပိုက်ဆံစုခြင်းကို အာရုံစိုက်ပါတယ်။
ချမ်းသာတဲ့ လူများကတော့ ပိုက်ဆံရရှိရေးကို အာရုံစိုက်ပါတယ်။
သာမန်လူတွေဟာ ပိုက်ဆံကို အလေအလွင့်မရှိအောင် ပြုလုပ်ပါတယ်။
ချမ်းသာသူများကတော့ ပိုက်ဆံနဲ့အတူ ဘယ်အချိန် အရဲစွန့်ရမလဲ ဆိုတာ စောင့်နေပါတယ်။
သာမာန်လူများဟာ အဆင်ပြေမှုကို နှစ်သက်ကြပါတယ်။
ချမ်းသာသူများကတော့ မသေချာမှုများကြားကနေပြီး အဆင်မပြေမှုများကို ရှာဖွေပါတယ်။
သာမန်လူတွေဟာ အများအားဖြင့် ဘယ်တော့အခါမှ ပိုက်ဆံနဲ့ ကျန်းမာရေးကို ချိတ်ဆက်မစဉ်းစားမိကြပါဘူး။
ချမ်းသာသူများကတော့ ပိုက်ဆံသည် သူတို့ဘဝကို ကယ်တင်နိုင်မယ်ဆိုတာကို သိပါတယ်။
သာမန်လူတွေဟာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝနဲ့ ချမ်းသာခြင်း အကြားမှာ ရွေးချယ်မှုပြုလုပ်တက်ကြပါတယ်။
ချမ်းသာသူများကတော့ ဒါတွေကို အကုန်လုံးကို သူတို့ ရရှိနိုင်ကြောင်း သိပါတယ်။
ဝင်းကို ( MM Social Sky )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။