Eternal Light Magazine
“ဆဲတဲ့အကျင့်စရိုက်”
Q. အပြောအဆိုရိုင်းတာနဲ့ပတ်သက်ပြီးပြောရရင် ဘောလုံးပွဲတွေဆိုရင်လည်း ကွင်းထဲမှာသွားကြည့်တာပဲဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြည့်တာ ပဲဖြစ်ဖြစ် ဆဲဆိုသံတွေကို အမြဲကြားရတတ်ပါတယ်ဆရာ။ ဘတ်စ် ကားပေါ်တွေမှာလည်း အဲလိုပဲ ဆဲဆိုသံတွေကို မကြာခဏကြားရတတ် ပါတယ်။ အဲဒီလို အများနဲ့ဆိုင်တဲ့နေရာတွေမှာ ဆဲဆိုနေကြတဲ့အကျင့် စရိုက်မျိုးမဖြစ်အောင် လူငယ်တွေအနေနဲ့ ဘယ်လိုဆင်ခြင်သင့်ပါသလဲ ဆရာ။
A. လူတွေဟာ အလေ့အ...ကျင့်က ထုံသွားတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ် ရိုင်းလို့ ရိုင်းမှန်း၊ ဆဲမိလို့ ဆဲမိမှန်း မသိတော့ဘူး။ အဲဒါက ဆရာတို့ဆီမှာ အဆိုးဆုံးဆုံးရှုံးမှုပဲ။ တို့တိုင်းပြည် ဆုံးရှုံးသွားတဲ့အထဲမှာ မမျှော်လင့်ဘဲ ဆုံးရှုံးသွားတာကတော့ နှုတ်ယဉ်ကျေးမှုပဲ။ ဘယ်လိုနေရာမှာ သိသာသလဲ ဆိုရင် လူစည်တဲ့ဘောလုံးပွဲတွေလို နေရာမျိုးမှာ လူကြားထဲမှာကို ဆဲဆိုနေကြတာ။ အဲဒါတွေက ဆုံးရှုံးမှုကြီးတွေ ဖြစ်ကုန်တယ်။

အဲဒီလို ဆဲတဲ့ကိစ္စကို အားနာရကောင်းမှန်းလည်း မသိဘူး။ ရှက်စရာကောင်း မှန်းလည်း မသိဘူး။ သူများစိတ်အနှောင့်အယှက်ဖြစ်သွားမှန်းလည်း မသိဘူး။ ကိုယ့်ရဲ့ဂုဏ်သိက္ခာကျသွားမှန်းလည်း မသိဘူး။ နေ့စဉ်နဲ့အမျှ တစ်ကိုယ်ကောင်းဆန်မှုတွေ ကြီးစိုးလာလို့ ဒီလိုဆဲတဲ့အကျင့်ဖြစ်လာတာ။ အကျင့်စရိုက်ထဲမှာ နှုတ်မှုနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုက စရိုက် တစ်ခုဖြစ်သွားတာကြောင့် အများကြီးကို ပြင်ရမယ်။ အမှန်တော့ ဆဲတယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ပြဿနာရှာတာပဲ။ ဆဲတယ်ဆိုတာက တစ်ယောက်ကိုတစ်ယောက် ရင်ထဲမှာအညှိုး အတေးဖြစ်စေတာကြောင့် အဲဒီအကျင့်စရိုက်မျိုးဟာ ရန်စကို ရှည်စေတယ်။ ဒါကြောင့် ဆဲတဲ့အကျင့်စရိုက်ဟာ နောင်တစ်ချိန်မှာ ကြီးမားတဲ့ ပြဿနာ အထိ ဖြစ်နိုင်တာကြောင့် အဲဒီလိုအကျင့်စရိုက်မျိုးကို လူငယ်တွေအနေနဲ့ တတ်နိုင်သမျှ ထိန်းသိမ်းပြုပြင်ဖို့လိုတယ်။
“အကျင့်စရိုက်ဆိုတာ လူတစ်ယောက်ရဲ့ကံကြမ္မာ၊ လူမျိုးတစ်မျိုး ရဲ့ကံကြမ္မာ၊ နိုင်ငံတစ်နိုင်ငံရဲ့ကံကြမ္မာပဲဆိုတဲ့ ဦးဘုန်း(ဓာတု) နှင့်တွေ့ဆုံခြင်း”
Eternal Light Magazine
October 2013
လူငယ်နှင့် အကျင့်စရိုက်
“အကျင့်စရိုက်ဆိုတာ လူတစ်ယောက်ရဲ့ကံကြမ္မာ၊ လူမျိုးတစ်မျိုး ရဲ့ကံကြမ္မာ၊ နိုင်ငံတစ်နိုင်ငံရဲ့ကံကြမ္မာပဲဆိုတဲ့ ဦးဘုန်း(ဓာတု) နှင့်တွေ့ဆုံခြင်း”
Eternal Light Magazine
October 2013
လူငယ်နှင့် အကျင့်စရိုက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။