>>ပန်းကန်ပြားပျံသတင်း အစစ်နဲ့အတု (၃)<<
ရို့စ်ဝဲလ်မြို့ဟာ နယူးမက္ကစီကိုပြည်နယ် က မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဇူ လိုင်လ ၂ ရက်နေ့ ညနေခင်းမှာ မြို့ရဲ့ ကောင်းကင် ပေါ်မှာ အရှေ့တောင်အရပ်ကနေ တောက်ပတဲ့ လုံးဝိုင်းတဲ့အရာတစ် ခုဟာ မြို့ကိုြ...ဖတ်ပြီး ပျံသန်းသွား တာကို မြို့သူ မြို့သားအတော်များ များက တွေ့မြင်ခဲ့ကြပါတယ်။အဲဒီ အမျိုးအမည်မသိ ယာဉ်ပျံရဲ့ အ ချင်းဟာ ငါးမီတာ၊ ခြောက် မီတာ လောက်ရှိပြီး တစ်နာရီ ကီလိုမီတာ ၇၅ဝ နှုန်းခန့်နဲ့ အနောက်မြောက် အရပ်ကို ပျံသန်းသွားတာ တွေ့ကြ ရပါတယ်။ ရို့စ်ဝဲလ် မြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာတစ်ရာ ကွာဝေးတဲ့အရပ်မှာ ကိုလိုနာမြို့ ငယ်လေး ရှိပါတယ်။ အဲဒီမြို့ မှာ နေထိုင်တဲ့ ဝီလျံမက်ဘရေဇယ်လ်ဆိုသူရဲ့သိုးမွေးမြူရေးခြံနဲ့ ရှစ်ကီလိုမီတာဝေးတဲ့ ကွင်းတစ်ခုထဲကို အဲဒီအမျိုးအမည်မသိတဲ့ ယာဉ်ပျံဟာပေါက် ကွဲပြီးပျက်ကျခဲ့ပါတယ်။ အဲဒီကွင်း ထဲမှာ ပျက်ကျသွားတဲ့ UFO ရဲ့ သတ္တုအပိုင်းအစ ရာပေါင်းများစွာကို မက်ဘ ရေဇယ်လ်တွေ့ ရှိခဲ့ပါတယ်။ အဲဒီသတ္တုတွေဟာ ပေါ့ ပါးပြီး အလွန် ခိုင်ခန့်ပါတယ်။ မက်ဘရေဇယ်လ်ဟာ အဲဒီသတ္တုအပိုင်းအစအချို့ကို ယူပြီး ရို့စ်ဝဲမြို့ရဲ့ ရဲမှူး ဂျော့ဝေးလ်ကော့ကို သွား ရောက်ပြသခဲ့ပါတယ်။ ရဲမှူး ဝေးလ်ကော့က အဲဒီ ပစ္စည်းတွေကို သူတို့ မြို့မှာရှိတဲ့ လေ တပ်စခန်းကို အကြောင်းကြားပြီး စစ်ဆေးပေးဖို့ မေတ္တာရပ်ခံခဲ့ပါ တယ်။ အဲဒီလေတပ်စခန်းက ဗိုလ်မှူး ဂျက်စီမာစဲလ်ဆို သူ လာရောက်ကြည့်ရှုတဲ့အပြင် ပျက်ကျတဲ့နေရာကို လည်း သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီယာဉ် အပျက်အစီးတွေကို မြင်တွေ့ ရတဲ့အခါ ရဲမှူးဝေးလ် ကော့နဲ့ လေတပ်ဗိုလ်မှူး မာစဲလ်တို့ နှစ်ဦးစလုံး အလွန်အံ့သြသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ဗိုလ်မှူး မာစဲလ်ကိုယ်တိုင်က ''အဲဒီ ယာဉ်အပျက်အစီးတွေဟာ ဒီကမ္ဘာပေါ်ကို ပျက်ကျခဲ့တာ မှန်ပေမယ့် ဒီကမ္ဘာက လာတဲ့ ယာဉ်တော့ မဟုတ်ဘူး'' လို့ ပြောကြားခဲ့ပါ တယ်။ အဲဒီအချိန်က သတင်းစာတွေနဲ့ ရေဒီယိုအသံ လွှင့်ဌာနတွေမှာ အဲဒီနယူးမက္ကစီကိုက ထူးဆန်းတဲ့ ပန်းကန်ပြားပျံကြီး ပျက်ကျတဲ့ သတင်းကို ဖော်ပြခဲ့ကြ တဲ့အတွက် တစ်ကမ္ဘာလုံးက သိရှိခဲ့ကြပါတယ်။ အမေရိကန် အစိုးရကတော့ အဲဒီယာဉ်ကို လျှို့ဝှက်လေ့လာ လိုတဲ့အတွက် နောက်ပိုင်းမှာ သတင်းမှောင်ချထား ခဲ့ပါတယ်။
၁၉၅၆ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ ဆာဖ်ဖော့စ်- Suffolk မှာရှိတဲ့ တင် ဝါးတားစ် လေတပ်စခန်းရဲ့ ရေဒါ ထဲမှာ UFO တွေကို ဖမ်းယူတွေ့ရှိခဲ့ပါတယ်။ လေယာဉ်မှူး ဂျွန်ဗေ့စ်ကေလီ ဟာ တစ်နာရီ ကီလိုမီတာ ၇ဝဝဝ နဲ့ ပျံသန်းနေတဲ့ UFOတစ်စီး ကို အရင်တွေ့ရှိခဲ့ပါတယ်။ နောက်မိနစ် အနည်းငယ်ကြာတဲ့ အခါ ၁၅ စီးအထိ တွေ့ရှိရပြန်ပါ တယ်။ အဲဒီနောက်မှာလည်း UFO တွေရဲ့ လှုပ်ရှားမှု တွေကို ဆက်တိုက်တွေ့ရှိလာတဲ့အတွက် ရေဒါ ကြည့် ရှုသူတွေဟာ ရေးကန်ဟိဒ် လေတပ်စခန်းဌာနချုပ်ကို သတင်းပို့ခဲ့ပါတယ်။ အဲဒီစခန်းက ဗီနွမ်- Venon တိုက်လေယာဉ်တစ်စီးကို အဲဒီ UFO တွေကို ရှာဖွေဖို့ ဝေဟင် သို့ စေလွှတ်ခဲ့ပါတယ်။ ဗီ နွမ်တိုက်လေယာဉ်ရဲ့ ရေဒါမှာ အဲဒီ တောက်ပပြီး အဖြူရောင် UFO ကို တွေ့ရှိတဲ့ အတွက် နောက်ကနေ လိုက်ရာ အဲဒီယာဉ်ဟာ ရုတ်တ ရက် ပျောက်သွား ပြီး လေယာဉ် ရဲ့ နောက် ကို ရောက် ရှိနေတာ ကို တွေ့ရပါတယ်။ ၁ဝ မိနစ်လောက် လေယာဉ်နောက်က လိုက်လာပြီး ပျောက်သွားခဲ့တယ်လို့ သိရပါ တယ်။ ဒါကြောင့် တခြားကမ္ဘာမှ ဂြိုဟ်သားတွေ ဟာ လူသားတွေရဲ့ လောကကို စိတ်ဝင်စားပြီး လေ့လာစောင့်ကြည့်နေတယ်လို့ ယူဆနိုင်စရာရှိတဲ့အ တွက် သူတို့ စီးနင်းလာတဲ့ ပန်းကန်ပြားပျံတွေ၊ UFO တွေကို မကြာခဏ တွေ့မြင် တဲ့ သတင်းတွေ ကြားသိနေရ ကြောင်းပါခင်ဗျား။
Ref : "UFOs" By Helen Brooke, Mutual UFO Network, http://www.wcti12.com/
Credit: မောင်ပုဆိုးကြမ်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။