Golden Land Myanmar
ကမ္ဘာကျော် ပိုက်ဆံ အိတ် များ မြန်မာ နိုင်ငံ တွင် ထုတ်လုပ် မည်
Coach၊ Gucci၊ DKNY အစ ရှိသော ကမ္ဘာ ကျော် အမှတ် တံဆိပ် တန်ဖိုးကြီး ပိုက်ဆံ အိတ် များ ကို မြန်မာ နိုင်ငံ အတွင်း CMP စနစ်ဖြင့် ထုတ်လုပ် ၍ ပြည်ပ သို့ တင်ပို့ သွားမည် ဖြစ်ကြောင်း အဆိုပါ အိတ် များ ကို တာဝန်ယူ ထုတ်လုပ် မည့် MGS ကုမ္ပဏီ မှ တာဝန် ရှိသူ ဦးသန့်ဇင်ထွန်း က ပြောကြား သည်။ “Coach၊ Gucci၊ DKNY တို့ကို ဒီမှာပဲ ချုပ်မှာ။ ကမ္ဘာကျော် Brand တွေ... ပေါ့။ ထုတ်ရင် တော့ ပိုက်ဆံအိတ် တစ်ခု တည်း ပဲ ထုတ် မှာ။ ဒီမှာ ထုတ်ပြီး တော့ Export လုပ် မယ်။ Only Export ပေါ့။ CMP စနစ် နဲ့ ထုတ်မယ်” ဟု ၎င်းက ဆိုသည်။
အဆို ပါ CMP စနစ် ဖြင့် ပိုက်ဆံအိတ် ချုပ် လုပ် မည့် စက်ရုံ ကို ကိုရီးယား အခြေစိုက် Hana ကုမ္ပဏီ နှင့် ၅၀ ရာခိုင်နှုန်း စီ အကျိုး တူ ရင်းနှီး မြှုပ်နှံ ၍ ပဲခူး စက်မှုဇုန် အတွင်း တည်ဆောက် သွား မည် ဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၂ သန်း ခန့် ကုန်ကျ မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကိုရီးယား ကုမ္ပဏီ တစ်ခု နဲ့ CMP စနစ် နဲ့ ပေါင်း လုပ်မှာ။ လောလော ဆယ် သူတို့ က ဗီယက်နမ် တို့၊ တရုတ် တို့မှာ ချုပ်နေ တယ်။ ထုတ်လုပ် မှု ပမာဏ က တစ်နှစ် ကို ပိုက်ဆံ အိတ် အရေ အတွက် ၁၃ သန်း၊ ၁၄ သန်း လောက် ထုတ် မယ်။ ၂၀၁၄ မှာ စ မယ်” ဟု ၎င်းက ဆို သည်။
လက်ရှိ အချိန် တွင် မြန်မာ နိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် သို့ လုပ်ငန်း လုပ်ကိုင် ရန် တင်ပြ ထားပြီး ခွင့်ပြု မိန့် ကျရန် တစ်ဆင့် ကျန် နေသေး ကာ ခွင့်ပြု မိန့် ရရှိ ရန် နီးစပ် နေပြီ ဖြစ်ကြောင်း အဆိုပါ ကော်မရှင် ထံမှ သိရှိ ရသည်။
ထို့အပြင် ပြည် တွင်း ရှိ MK၊ ထိုင်း နိုင်ငံမှ Thai Wacoal ကုမ္ပဏီ၊ Pattaya Manufacturing နှင့် ဂျပန် မှ Wacoal Corp တို့ ပူးပေါင်း ၍ လှိုင် သာယာ စက်မှု ဇုန် တွင် ကမ္ဘာကျော် အမျိုးသမီး အတွင်း ခံ အမှတ် တံဆိပ် တစ်ခု ဖြစ်သော Wacoal အမှတ် တံဆိပ် ထုတ်ကုန် များ ကို ထုတ်လုပ် ရန် မြန်မာ နိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် က ယခု နှစ်ဆန်း ပိုင်း က ခွင့်ပြု ခဲ့သည်။
The Voice Weekly

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။