Today Myanmar
အခြေခံအင်္ဂလိပ်အသုံး
၁၄။ after (conjunction) ပြီးနောက် (သမ္ဗန္ဓ)
clause + after+ clause
after+ clause, + clause
after(ပြီးနောက်) ကို clauses နှစ်ခုကိုဆက်ရန်သုံးနိုင်သည်။...
B ဖြစ်သည် A ပြီးနောက်
A ဖြစ်ပြီးနောက်, B ဖြစ်သည်
ဟု နှစ်မျိုးပြောနိုင်သည်။ A အရင်ဖြစ်သည်ဟူသည့် အဓိပ္ပါယ်မှာအတူတူပင်ဖြစ်သည်။ ကော်မာအသုံးပြုပုံကိုသတိထားပါ။

- I went to America after I left school.
After I left school, I went to America.
ကျောင်းပြီးတော့ အမေရိကားကိုသွားခဲ့တယ်။
- He did military service after he went to university.
(တက္ကသိုလ်အရင်တက်သည်။)
After he did military service, he went to university.
(စစ်မှုအရင်ထမ်းသည်။)
after ပါသည့် clause တွင် အနာဂါတ်ကိုရည်ညွှန်းလျှင် present tense ကိုသုံးသည်။
- I'll telephone you after I arrive. (NOT . . . after I'll arrive.)
ရောက်ပြီးလျှင် ဖုန်းဆက်မည်။
After clause များတွင် perfect tenses များသုံးနိုင်သည်။ present နေရာတွင် present perfect (have + past participle) နှင့် past နေရာတွင် past perfect (had + past participle) ကိုအစားထိုးသုံးနိုင်သည်။
- I'll telephone you after I've arrived.
ပြန်ရောက်လာပြီးရင် ဖုံးဆက်မယ်။
- After I had left school, I went to America.
ကျောင်းပြီးတဲ့အခါ အမေရိကားကိုသွားခဲ့တယ်။
၎င်းပုံစံနှစ်မျိုးသည် အဓိပ္ပါယ်အားဖြင့်များစွာကွာခြင်းမှုမရှိပါ။ perfect tenses သည် အရာတစ်ခုသည် အခြားတစ်ခုမစခင် အရင်ပြီးသည် ဆိုသည်အပေါ်ပိုအထူးပြုပေးသည်။
Formal အရေးအသားတွင် after + ving ပုံစံကိုသုံးလေ့ရှိသည်။
- After completing this form, return it to the Director's office.
ပုံစံဖြည့်ပြီးပါက ညွှန်မှူးရုံးခန်းသို့ပြန်ပို့ပေးပါ။
- He wrote his first book after visiting Mongolia.
မွန်ဂိုလီးယားကိုလည်ပတ်ပြီးနောက် သူ့ပထမဦးဆုံးစာအုပ်ကိုရေးခဲ့သည်။
Read more - http://www.myanmar-network.net/forum/topics/3423487:Topic:854714

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။