Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 6, 2013

အိုင်းစတိုင်း မရှိတော့သည့်နောက်ပိုင်း အကျော်ကြားဆုံး ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်း

အာကာသ နှင့် စကြာဝဠာ
>>အိုင်းစတိုင်း မရှိတော့သည့်နောက်ပိုင်း အကျော်ကြားဆုံး ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်း << (၁)

စတီဖင်ဟော့ကင်း (Stephen Hawking) ကို ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်၌ မွေးဖွားခဲ့သည်။ ဂယ်လီလီယို သေဆုံးပြီး နှစ်ပေါင်း ၃၀၀ ကြာဖြစ်သည်။ ငယ်ရွယ်စဉ်ကတည်းက သိပ္ပံနှင့် အာကာသဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားခဲ့သည်။ အသက် ၂၁ နှစ်တွင် ကင်းဘရစ်ခ်ျ တက္ကသိုလ်၌ စကြဝဠာပညာရပ် (Cosmology) ကို တက်ရောက် သင်ကြားနေစဉ် ကိုယ်ခန္ဓာအကြောများ အားနည်းပြီး လှုပ်ရှားမရသည့် (Amyotrophic Lateral Sclerosis) ရောဂါဝေဒနာကို ခံစားခဲ့ရသည်။
ကိုယ်ခန္ဓာချည့်နဲ့ပြီး မလှုပ်ရှားနိုင်တော့သော်လည်း ရူပဗေဒနှင့် အာကာသသိပ္ပံဆိုင်ရာ ပညာရပ်များကို ထူးချွန်စွာ ဖော်ထုတ်တင်ပြနိုင်ခဲ့ပြီး သူရေးသားခဲ့သည့် စာအုပ်များသည် သိပ္ပံပညာလောကနှင့် ပညာရပ် လိုက်စားသူများအတွက် တန်ဖိုးမဖြတ်နိုင်သည့် လေ့လာတွေ့ရှိချက်များ ဖြစ်ခဲ့သည်။

ငယ်စဉ်ဘဝ

ဖရန့်နှင့် အိုင်ဆိုဘဲလ်ဟော့ကင်းတို့၏ မွေးချင်းလေးယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ ဟော့ကင်းကို မွေးချိန်သည် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး ဂယ်လီလီယို ကွယ်လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ ပြည့် အထိမ်းအမှတ်နေ့တွင် ဖြစ်သည်။ သူ့မိခင် စကော့လူမျိုး အိုင်ဆိုဘဲလ်ဟော့ကင်းသည် ၁၉၃၀ ပြည့်နှစ်ခန့်ကတည်းက အောက်စ်ဖို့ဒ် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ထိုခေတ်က အမျိုးသမီးများ ကောလိပ်တက်ရန် ရှားပါးနေချိန်၌ ကောလိပ်သို့ တက်ရောက်ခဲ့သည့် ပထမဦးဆုံး အမျိုးသမီးစာရင်းတွင် ပါဝင်ခဲ့သည်။ သူ့ဖခင် ဖရန့်ဟော့ကင်းသည် အောက်စ်ဖို့ တက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး ဆေးဝါး သုတေသနပညာရှင် ဖြစ်ကာ အထူးသဖြင့် အပူပိုင်းဒေသ ရောဂါဗေဒများကို ကျွမ်းကျင်သည့် ပညာရှင်လည်း ဖြစ်သည်။

စတီဖင်ဟော့ကင်းကို မွေးဖွားချိန်၌ သူ့မိဘများတွင် ငွေကြေး မပြည့်စုံသဖြင့် အတော်လေး အဆင်မပြေသည့်ကာလဟု ဆိုနိုင်သည်။ နိုင်ငံရေး အခြေအနေများကလည်း တင်းမာနေသည့် အချိန်ကာလ ဖြစ်သည်။ အင်္ဂလန်သည် ဒုတိယကမ္ဘာစစ်အတွင်း ဝင်ခဲ့ရပြီး ဂျာမန်များ ဗုံးကြဲခြင်းကို အပြင်းအထန် ခံနေရချိန်လည်း ဖြစ်သည်။ ပထမဦးဆုံး ကလေးအတွက် အလုံခြုံဆုံး နေရာကို ရှာဖွေရန် ဖရင့်သည် ကိုယ်ဝန်သည် ဇနီးနှင့်အတူ လန်ဒန်မှ အောက်စ်ဖို့ဒ်သို့ ပြောင်းရွှေ့ခဲ့ရသည်။ ဟော့ကင်းသည် အောက်စ်ဖို့ဒ်တွင် ညီမများဖြစ်သည့် မေရီ (၁၉၄၃)၊ ဖိလစ်ပါ (၁၉၄၇) တို့နှင့်အတူ ကြီးပြင်းလာခဲ့ရသည်။ ဒုတိယသား အက်ဒ်ဝပ်ကို ၁၉၅၆ ခုနှစ်တွင်မှ မိဘများက မွေးစားခဲ့ခြင်း ဖြစ်သည်။

သူတို့မိသားစုနှင့် ရင်းနှီးသူများက သူတို့ကို ‘ခပ်ကြောင်ကြောင်’ မိသားစုအဖြစ် သတ်မှတ်ကြသည်။ သူတို့သည် ညစာကို တိတ်ဆိတ်စွာ စားသောက်တတ်ကြသည်။ မိသားစုတွေက ထမင်းစားရင်းလည်း စာဖတ်ချင် ဖတ်နေကြသည်။ သူတို့ မိသားစုစီးသည့်ကားမှာ လန်ဒန်တက္ကစီ ဖြစ်သည်။ စိန့်အယ်လ်ဘန်လမ်းရှိ သူတို့၏ နေထိုင်သည့် သုံးထပ်အခန်းမှာလည်း ဘယ်တော့မှ ပြင်ဆင် မွမ်းမံထားခြင်းမရှိ။ မြေအောက်ခန်းတွင် ပျားများရှိပြီး မှန်လုံအိမ်ထဲတွင်လည်း မီးမွှေးချင် မွှေးနေကြသည်။

၁၉၅၀ ပြည့်နှစ်တွင် ဟော့ကင်း၏ ဖခင်ကို အမျိုးသား ဆေးသုတေသနတက္ကသိုလ် ရောဂါပိုးမွှား ဌာနတွင် ဌာနမှူးအဖြစ် ခန့်အပ်လိုက်သည်။ ဆောင်းရာသီကာလများတွင် အာဖရိကတိုက်သို့ သွားရောက်ပြီး သုတေသန လုပ်ငန်းများ လုပ်ရသည်။ သူက သားကြီးဖြစ်သူ ဟော့ကင်းကို ဆေးကျောင်း တက်စေချင်သည်။ သို့သော် ဟော့ကင်းသည် ငယ်စဉ်ကတည်းက သိပ္ပံနှင့် အာကာသ ပညာရပ်များတွင်သာ စိတ်ဝင်စားခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ သူ့မိခင်ကြောင့် ဖြစ်သည်။ မိခင်သည် သူမ၏ သားသမီးများကို နွေရာသီ ညချမ်းအချိန်များတွင် အပြင်သို့ ခေါ်ထုတ်ပြီး ကြယ်တွေကိုပြကာ ကြည့်ခိုင်းတတ်သည်။ “အားလုံးထဲမှာ စတီဖင်က စိတ်အားအထက်သန်ဆုံးပဲ” ဟု မိခင်ဖြစ်သူက ပြန်ပြောပြတတ်သည်။

ဆက်လက်ဖော်ပြပါမည်။

Source: The Melting Pot for you

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။