Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 5, 2013

အမေဇုံတကြောမှာ မျောသူများ

Burma-Newselite
အမေဇုံတကြောမှာ မျောသူများ

မြန်မာပြည်ကနေ နိုင်ငံခြားကို ရောက်ရှိသွားသည့်ဆိုသည်နှင့် အမေဇုန်ဆိုသည့်နာမည်က နေရာတိုင်းမှာကြားလာနေရသည်။ မိတ်ဆွေသူငယ်ချင်းများကြောင့်ထဲထဲဝင်ဝင် သိလာရ သုံးလာရသည်ဆိုလျှင်တော့  အမေဇုန်တကြောမှာ မျောပြီးသွားကြသူတွေချည်းသာ။ သို့ သော်လည်း လက်ရှိအခြေအနေမှာ မြန်မာပြည်မှာက အမေဇုန်ကို အဝေးကနေမျှော်ကြည်နေရုံသာရှိသေးသည်။ အပြောင်းအလဲများစွာတွေ့ ကြုံနေရသော မြန်မာပြည်သို့ နောင်တချိန်တွင်မှု အမေဇုန်မြစ်ကြီးက အွန်လိုင်းက တဆင့် တိုက်ရိုက်စီးလာနိုင်မည်ဟု မြန်မာပြည်ကအမေဇုန်နှင့်ရင်းနှီးသူများက မျှော်မှန်းနေကြပါသည်။
အမေဇုန်ဆိုသည်မှာ ကမ္ဘာအကြီးဆုံးအွန်လိုင်းက ဈေးရောင်းသည့်  အင်တာနက် စာမျက်နှာတခုဖြစ်ပါသည်။အမေဇုန်ရုံးချုပ်မှာ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ပြည်နယ် ဆီယက်တဲလ်မြို့ တွင်တည်ရှိ၏ အမေဇုန်ကို ၁၉၉၅ခုနှစ်တွင် ဂျက်ဖ်ဘီဇိုက တည်ထောင်ခဲ့ ခြင်းဖြစ်ပြီး အမေဇုန်မြစ်ကို အစွဲပြုပြီး နာမည်ပေးခဲ့ ခြင်းဖြစ်ပါသည်။ စာအုပ်ရောင်းခြင်းကနေ စတင်ခဲ့ သောအမေဇုန်သည် ယခုအချိန်တွင် ကမ္ဘာတ၀ှန်း ၀န်ထမ်းပေါင်း ၉၇၀၀၀ ဖြင့်တနှစ်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃၉ သန်းရှိသော အွန်လိုင်း စီးပွားရေးလုပ်ငန်းကြီးတခုဖြစ်လာသည်။

စစချင်းမှာ အမေဇုန်က အွန်လိုင်းမှစာအုပ်များကိုသာရောင်းချခဲ့သော်လည်း နောက်ပိုင်းမှာ ဒီဗီဘီ။စီဒီ။ကွန်ပျူတာ အသုံးအဆောင်များ။ ဂိမ်း၊ ဆော်ဖ၀ဲယားများ။ အမ်ပီ သရီးများကိုပါတိုးမြှင့်ရောင်းချခဲ့ရာမှာ ယခုဆိုလျှင် သစ်သီးမျိုးစေ့အထိပင် အွန်လိုင်းမှရောင်းချပေးနေပြီဖြစ်ပါသည်။
အမေရိကန်နိုင်ငံမေရိလနိးပြည်နယ် ရော့ခ်ဗေးလ်မြို့ က ဒေါ်သီရိကျေိာဝင်းက သူ၏ နွေရာသီ ဟင်းသီးဟင်းရွက်စိုက်ခင်းအတွက် လိုအပ်သောအာရှတိုက်ကအသီးဝလံမျိုးစေ့များကို အမေဇုန်ကနေအွန်လိုင်းမှတဆင့် ၀ယ်ယူခဲ့ သည်ဟုဆိုပါသည်။
“ ဒီကအပြင်ဆိုင်တွေမှာမရတဲ့  မြန်မာပြည်က သီးနှံတွေလို ကန်စွန်းရွက်။ဘူးသီး။ ပဲတောင်ရှည်။ချဉ်ပေါင်စေ့တွေကို အမေဇုန်မှာ ရှာပြီး အွန်လိုင်းကနေဘဲ အလွယ်တကူဝယ်လို့ ရတယ်။ အသီးအနှံတွင်မဟုတ်ဘူး ကျမက အမေဇုန်က အတော်များများဝယ်တယ်”
အမေဇုနိ၏ ဖောက်သည်အတော်များများက အမေရိကတွင်အများဆုံးဖြစ်ပြီး အမေရိကန်နိုင်ငံတ၀ှန်းတွင် အမေဇုန် အသင်းဝင်ဖြစ်ပါက သယ်ယူပို့ ဆောင်ခအခမဲ့ဖြစ်သဖြင့် လူတိုင်းလိုလိုတွင် အမေဇုန်ကိုအသင်းဝင်ထားကြသည်။ တီဗီကနေ အိမ်သာသုံးစက္ကူလိပ်ထိ အမေဇုန်ကနေ အိမ်တိုင်ရာရောက်စနစ်ဖြင့်ဝယ်ယူကြ၏

အားသာချက်ရှိသည့်အချက်မှာ အမေဇုန်တွင်အချိနိကုန်ခံရှာဖွေ နိုင်လေ ဈေးချိုသက်သာသောပစ္စည်းများ ကိုယ်လိုချင်သောပစ္စည်းများကို အပြင်မှာ ထက်ဈေးချိုစွာ ရနိုင်ခြင်းဖြစ်သည်။

ထို့ ပြင်စာအုပ်များဆိုလျှင်ဗြိတိသျှစာရေးဆရာ ဂျော့် အိုဝဲရေးသားခဲ့သော မြန်မာပြည်အကြောင်းရှားပါးစာအုပ်များကအစ အမေဇုန်တွင် အတော်စုံလွင်စွာရနိုင်၏ ထို့ ကြောင့်ဈေးသွားပြီးခြေတိုအောင်လိုက်ရှာမည့် အစား အမေဇုန်မှာလိုချင်တာကို အလွယ်တကူလိုက်ရှာမှာလိုက်ရုံပင်။
အမေဇုန်တွင်ရောင်းချသောပစ္စည်းများအနက် တချို့ က အမေဇုန်က တိုက်ရိုက်ရောင်းချခြင်းဖြစ်ပြီး တချို့ ပစ္စည်းများအတွက်မှူ ရောင်းချသည့် နေရာနှင့် ချိတ်ဆက်ပြီး အမေဇုန်က ရောင်းချခြင်းဖြစ်သည်။ ဥပမာ လက်တလောခေတ်စားနေသော မီနီယမ်အရုပ်လေးများကို အမေဇုန်တွင် အသေးများသာရှိပြီး အရုပ်ကြီးဝယ်လျှင်တော့ တရုတ်နိုင်ငံက အရုပ်စက်ရုံမှတဆင့်အမေဇုန်က ချိတိဆက်ရောင်းချပေးသည်ကို တွေ့ ရသည်။
မြန်မာပြည်လူအများအတွက် အမေဇုန်ကို သဘောကျသည့်အချက်ကမှုမြန်မာပြည်တွင် ဈေးကြီးကြီးဝယ်နေရသောကွန်ပျူတာ ပစ္စညိးများ။ အီလက်ထရွန်းနစ်ပစ္စည်းများကို အမေဇုန်တွင် ဈေးသက်သက်သာသာနှင့်ရနိုင်ခြင်းဖြစ်သည်။ အမေဇုန်၏၀န်ဆောင်မှု မြန်မာနိုင်ငံတွင်မရသေးသော်လည်း နိုင်ငံခြားရှိ မိတ်ဆွေဆွေမျိုးများကနေ တဆင့် အမေဇုန်ကနေပစ္စည်းဝယ်ယူမှုကို မှု တချို့ မြန်မာပြည်တွင်းက လူအများကလုပ်နေကြပါပြီ။

“ စာအုပ်ဖတ်ဖို့ အတွက် အမေဇုန်က ထုတ်တဲ့ Kindle လေးလိုချင်တယ်။ ရန်ကုန်မှာလည်းဝယ်လို့ ရပေမယ့် ကိုယ်ကအမေဇုန်ကရောင်းဈေးကို သိနေတော့ အမြတ်အများကြီးပေးမ၀ယ်ချင်ဘူး။ အဲဒါကြောင့် အသိလူကြုံနဲ့ ဘဲ ၀ယ်ခိုင်းမလို့ စောင့်နေတယ်’ ဟု အမေဇုန်ကင်းဒဲလ် တခုကို ၀ယ်ရန်စိတ်ကူးနေသော ချင်းဝေါလ်ဂျာနယ်က အယ်ဒီတာ ဒေါ်အိမ့်ခိုင်ဦးက ပြောပါသည်။

အမေဇုန်၏ ကင်ဒဲလ်မှာ အဲပလ်နှင့် ဆမ်ဆောင်းနုတ်ဘုတ်ခ်များ၏ လုပ်ဆောင်မှုအတော်များများကို ယှဉ်နိုင်ပြီး သွားလေရာသယ်ဆောင်ပြီး စာဖတ်ရန် အလွန်ပေါ့ပါးအသုံးဝင်သော ပစ္စည်းတခုဖြစ်ပါသည်။ ဈေးနှုန်းကလည်း ၇၅ ဒေါ်လာမှကနေ ဒေါ်လာ ၃၀၀ နီးပါးအထိရှိသဖြင့် အဖိုးနည်းပြီး သုံးပျော်လူကြိုက်များသောပစ္စည်းတခုဖြစ်ပါသည်။ အမေရိကတွင် အခမဲ့ ရုပ်ရှင်အပါအ၀င် တခြားအမေဇုန်က ပေးသောဝန်ဆောင်မှုအချို့ ကို ကင်ဒဲလ်ကနေ အခမဲ့ အသုံးပြုနိုင်သည်။

အမေဇုန်က အမေရိကတွင်သာမက ပြင်သစ်။ဂျာမနီ။အင်္ဂလန်။တရုတ်၊ကနေဒါ၊ အီတလီ၊ဘရာဇီး၊ဂျပန်။မက္ကဇီကို နိုင်ငံများအတွက်ကိုပါ နိုင်ငံအလိုက် သီးခြား အင်တာနက်စာမျက်နှာများရှိသည်။ ကမ္ဘာတ၀ှန်းက နိုင်ငံ၆၅နိုင်ငံသို့  အပြည်ပြည်ဆိုင်ရာစာပို့ စနစ်ဖြင့်ဝန်ဆောင်မှူပေးသည်။အမေဇုန်ဝန်ဆောင်မှုပေးသည့် နိုင်ငံများတွင်မှု မြန်မာနိုင်ငံမပါဝင်သေးချေ။ သို့ သော်လည်း အင်တာနက်ကြောင့် မြန်မာနိုင်ငံက လူအတော်များများက အမေဇုန်ကို သိနေကြပြီး စိတ်ဝင်တစားအကဲခတ်နေကြပြီဖြစ်သည်။

“ မြန်မာမှာလည်း အလှကုန်တွေ အကျီတွေကို အွန်လိုင်းကနေရောင်းလာကြတာတွေရှိနေပါပြီ။ ခရက်ဒဏ်ကတ်စနစ်မရှိသေးတော့ အမေဇုန်ကိုတော့ ဒီကနေ၀ယ်လို့ တော့မရသေးဘူးပေါ့”
ဟု ရန်ကုန်က ပညာပေးဆိုင်ရာ အတိုင်ပင်ခံတဦးဖြစ်သူ ဒေါ်မေမျိုးဟန်ကဆိုပါသည်။ အမေဇုန်လို အွန်လိုင်းဈေးဝယ်ဝန်ဆောင်မှုများအတွက် ဘဏ်အချက်အလက် များမှအစ ဖြည့် စွက်ရသဖြင့် မြန်မာပြည်တွင် ထိုဝန်ဆောင်မှူလုပိငန်းများစနိုင်ရန် အင်တာနက်ဆိုင်ရာ လုံခြုံစိတ်ချမှုလည်းလိုအပ်သည်ဟု သူကရှင်းပြပါသည်။

“နောက်တော့ရလာမယ်ထင်တယ်။ဒါပေမဲ့ ဒီမှာ အင်တာနက်ကွန်ယက်က လုံခြုံမှုမရှိသေးဘူး။ဘဏ်တွေက အွန်လိုင်းစနစ်လုပ်ရင်တော့ မတွေးရဲစရာဘဲ”

သို့ သော်လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ မြန်မာနိုင်ငံမှာက ယခင်ကမသုံးစွဲနိုင်ခဲ့သည့် ဗီဇာ၊မာစတာစသော ဘဏ်ကတ်များပင်သုံးနိုင်လာပြီဖြစ်ရာ ကမ္ဘာတ၀ှန်းတွင်ကျယ်နေသော အမေဇုန်လို အွန်လိုင်းဝန်ဆောင်မှုမျိုးကိုလည်း သုံးစွဲခွင့်ရလာရန် သိပ်အလှမ်းမဝေးတော့။အသုံးပြုခွင့်ရလာသည့်အချိန်တွင်မှု ဟိုတချိန်က ငေးမောလိုချင်ခဲ့ရသော ပစ္စည်းများကို ကမ္ဘာတ၀ှန်းမှ နိုင်ငံများနှင့်တန်းတူ ၀ယ်ယူသုံးစွဲပြီး အမေဇုန်တကြောမှာ မျှောပါသူများတွင် မြန်မာနိုင်ငံသားများမှာ ပါလာမည်မှာဧကန်မလွှဲပင်။ ။

ထားထားမြင့်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။