အာကာသ နှင့် စကြာဝဠာ
>>အာကာသအတွင်း ဥက္ကာခဲများမှ သတ္တုတူးဖော်ရေး<<
အာကာသထဲ မျောပါနေသည့် ဥက္ကာခဲများပေါ်မှ သတ္တုများကို တူးဖော်ရယူသည့် လုပ်ငန်းကို လာမည့် (၂)နှစ်အတွင်း
လက်တွေ့ အကောင်အထည် ဖော်လာနိုင်မည်ဟု သိပ္ပံ ပညာရှင်များက ယုံကြည်လျှက် ရှိသည်။

အာကာသအတွင်း မျောပါနေသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့်
ဥက္ကာခဲများတွင် ပါရှိနေသည့် အဖိုးတန် ဓာတ်သတ္တုများကို တူးဖော် ထုတ်ယူမှုသည် အာကာသအတွင်း သယံဇာတ ရှာဖွေမှု အားပြိုင်ပွဲ တစ်ခုကို စတင်လာစေဖွယ် ရှိနေသည်။
သတ္တုတူးဖော်ရေး လုပ်ငန်းအတွက် အဓိက ရည်စူးသည့် အာကာသယာဉ် တစ်စင်းကို (၂၀၁၅)ခုနှစ်တွင် ကမ္ဘာမြေပေါ်မှ လွှတ်တင်နိုင်ရန် ပညာရှင်များက မျှော်လင့်နေသည်။
Deep Space Industries (DSI) ကုမ္ပဏီက ၎င်းတို့သည် Planetary Resourcesနှင့် ပူးပေါင်းကာ ကမ္ဘာ့အပြင်ဘက် အာကာသအတွင်း သတ္တု တူးဖော်ရေး စီမံကိန်းကို အလေးအနက် စိတ်ကူးနေကြောင်း အတည်ပြုခဲ့သည်။ အဆိုပါ ကုမ္ပဏီကို ယခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့ကမှ
စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် အခြေစိုက်သော လုပ်ငန်းသည် အရင်းအနှီးရော၊ အမြတ်အစွန်းပါ ကြီးမားနိုင်သည့် အဆိုပါ သတ္တု တူးဖော်ရေး လုပ်ငန်းကို
(၂၀၁၀)ပြည့်နှစ် နှောင်းပိုင်းက စတင်တည်ထောင်သည့် Planetary Resourcesနှင့် ပူးပေါင်းကာ မြေကမ္ဘာ ပြင်ပ၌ အရင်းအမြစ် ရယူ တူးဖော်ရေး ကိစ္စကို အကောင်အထည် ဖော်မည် ဖြစ်သည်။
Source: Planet News

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။