အာကာသ နှင့် စကြာဝဠာ
>>အာကာသအတွင်း ဥက္ကာခဲများမှ သတ္တုတူးဖော်ရေး<< (၂)
ပြောင်းလဲ တိုးတက်နေသော အာကာသ စူးစမ်းမှု နည်းပညာ
ကဏ္ဍများအနက် အသင့်လျော်ဆုံး ဖြစ်နိုင်မည့် စရိတ်စက နည်းပါးသော နည်းပညာမျိုးမှ အဓိက ချဉ်းကပ်ဖွယ် ရှိနေသည်။ DSIက Fireflyဟု အမည်ပေးထားသော အာကာသယာဉ်ကို (၂)နှစ်အတွင်း လွှတ်တင်ရန် ဆန္ဒရှိနေသည်။ (၅၅)ပေါင်သာ အလေးချိန်ရှိသည့် မောင်းသူမဲ့
ယာဉ်ငယ်သည် ပထမဆုံး အစမ်းသပ်ခံ အာကာသယာဉ် ဖြစ်လာပြီး ယင်းကို အောင်မြင်စွာ လွှတ်တင်နို...င်ပါက ပိုမို ကြီးမားသည့် ယာဉ်ကြီးများအား ပစ်လွှတ်ရန် DSIက ရည်ရွယ်ထားသည်။

အဆိုပါ အာကာသယာဉ်များကို ကုန်ကျစရိတ် နည်းပါးသည့် Cubesetများဖြင့် တည်ဆောက်သွားမည်ဟု သိရှိရသည်။
ထို့အပြင် တူးဖော်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် ကိရိယာများကိုလည်း ပိုမိုစရိတ်သက်သာစွာ ထုတ်လုပ်နိုင်ရန် DSIက မျှော်လင့်ထားသည်။ "ကျွန်တော်တို့ဟာ အနာဂတ်မှာ
ပိုသေးတဲ့၊ ပိုအစွမ်းထက်တဲ့၊ ပိုပြီး ဈေးသက်သာတဲ့ အံ့ဩစရာ လွန်တူးစက်မျိုးလေးတွေကို အသုံးပြုလာမှာပါ"ဟု FireFly ယာဉ်ငယ် တည်ဆောက်မှု စီမံကိန်းကို အားပေး ထောက်ခံနေသည့်
DSI ဥက္ကဋ္ဌ ရစ်ခ် တမ်လင်ဆန်က ပြောကြားခဲ့သည်။
Fireflyများကို ဆက်လက် တည်ဆောက်ပြီးနောက် ကမ္ဘာအနီးတွင် ဖြတ်သန်းသွားသည့် မည်သည့် ဥက္ကာခဲတွင်မဆို
ပါဝင်သည့် ဓာတ်ပစ္စည်းများကို လေ့လာသွားရန် တမ်လင်ဆန်က စိတ်ကူးထားသည်။
တွက်ချက်မှုများအရ နေအဖွဲ့အစည်းအတွင်း လည်ပတ် တည်ရှိနေသည့် 241 Germania အမည်ရှိ ဂြိုဟ်သိမ် ဂြိုဟ်မွှား ဥက္ကာခဲ တစ်ခု၌ပင် သတ္တုသိုက် ပမာဏ ဒေါ်လာ (၉၅.၈) ထရီလီယံဖိုးမျှ ရှိနေနိုင်ကြောင်း သိရသည်။ ယင်းသည် တစ်ကမ္ဘာလုံး၏ တစ်နှစ်စာ GDP တန်ဖိုးမျှနှင့် မတိမ်းမယိမ်း ပမာဏလည်း ဖြစ်သည်။ သုတေသီများက ရွေ့လျားနေသော ဥက္ကာခဲများတွင် အခြေချတွယ်ကပ်သည့် အာကာသ စခန်းများကို တည်ဆောက်ထားပြီး လွန်တူးစက်များအတွက် လိုအပ်သော လောင်စာကို အဆိုပါ ဥက္ကာခဲမှပင် စုပ်ယူနိုင်ရန် ရည်ရွယ်ထားသည်။
ထို့နောက်တွင်မူ ဥက္ကခဲအတွင်းမှ ထုတ်ယူရရှိသည့် ရှားပါး တန်ဖိုးရှိသော သတ္တုများကို ကမ္ဘာမြေသို့ ပြန်လည် သယ်ဆောင်မည် ဖြစ်သည်။ နှစ်စဉ် ကမ္ဘာမြေအနီးမှ ဖြတ်သန်းသွားတတ်သည့် ဥက္ကာခဲ အရေအတွက်မှာ (၉၀၀)မျှိနေသလို နေ့စဉ်နေ့တိုင်းလည်း နေအဖွဲ့အစည်းအတွင်း နောက်ထပ် ဥက္ကာပျံ ဂြိုဟ်သိမ်များကို ထပ်မံ တွေ့ရှိနေဆဲဟု သိရှိရသည်။
Source: Daily Mail

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။