ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
သိနိုင်ကြပါစေ
**********
ဒေါ်အောင်ဆန်းစုကြည်က
ကုလားကို ကုလားလို့ခေါ်ရင် ရိုင်းတယ်တဲ့....
ခက်တော့နေပြီ..ကုလားကိုကုလားလို့မခေါ်လို့ဘယ်လိုခေါ်ရမတုန်း.......
အဲဒီအဖြေကို ကျွန်တော်ဒီနေ့နားလည်လိုက်တယ်....
သြော်...ဒါကြောင့်လည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်...ဒီမိုကရေစီခေါင်းဆောင်ရယ်လို့ဖြစ်လာတာကိုး
ကျွန်တော့်အသိဥာဏ်နဲ့ဘယ်လိုလုပ်လိုက်လို့မီမှာလဲလေ...
ဒီနေ့...နည်းနည်းခင်ရတဲ့ကုလားတစ်ယောက်နဲ့ဆုံတော့
သူတို့အချင်းချင်း ကုလားလိုပြောနေကြတယ်...
ဒါနဲ့ကျွန်တော်က...ဦးလေး ကုလားစကားဘယ်နှစ်မျိုးရှိလဲဗျ...
သူကပြန်မေးတယ်....ကုလားလူမျိုးကိုမြင်ဖူးလား..ကုလားလူမျိုးဆိုတာ
ဘယ်လိုလူမျိုးကိုခေါ်တာလဲတဲ့..ကျွန်တော်ကချက်ချင်းပြန်ဖြေလိုက်တယ်
ဦးလေးတို့က ကုလားလူမျိုးမဟုတ်ဘူးလား....ဆိုတော့
ဦးလေးက မွတ်စလင်လူမျိုးကွ...ဟိန္ဒူလူမျိုး..ပန်ချာပီလူမျိုး..မွတ်စလင်လူမျိုး
စတဲ့လူမျိုးတွေကို ခြုံပြီး ကုလားလို့ခေါ်တာ..ခပ်ရှင်းရှင်းပြောရရင်
နာမ်နှိမ်ပြီးခေါ်တဲ့အသုံးအနှုန်းပေါ့...ခနဲ့ပြီးခေါ်တဲ့အသုံးအနှုန်းပေါ့ကွယ်တဲ့
သူရှင်းပြနေတာ ကျွန်တော့်ကိုသိပ်တော့မကြည်ဘူးဗျ..မျက်နှာကနီလို့
စကားတွေကိုဒီလောက်နဲ့ဘဲဖြတ်ပြီး...လစ်လာခဲ့ရတယ်...
ကျွန်တော်တစ်ခုဆက်စပ်ပြီးတွေးကြည့်လိုက်တယ်...
ကျွန်တော့်အိမ်ဘေးနားမှာ ရှမ်းအဖွားကြီးတစ်ယောက်ရှိတယ်....
ကျွန်တော့်ကို ခေါ်ရင် “အိုက်မန်” လို့ခေါ်တယ်...
ဘာပဲလိုလို ဘာပဲပြောပြော အိုက်မန်...အိုက်မန်နဲ့...ဘာသာပြန်ရရင်
အိုက်မန်ဆိုတာ ဗမာကောင်လို့ခေါ်လိုက်တာပါ...
ကျွန်တော်..ဗမာလူမျိုးပါ..လူမျိုးခြားတစ်ယောက်က ကိုယ့်ကို ဗမာကောင်လို့
ခေါ်တော့ စိတ်ထဲမှာအောင့်သက်သက်ဖြစ်မိတယ်...သိပ်မကြိုက်ချင်ဘူး...
ပြီးတော့ အဆောင်နေတုန်းက...တစ်ခန်းတည်းအတူနေရတာဆိုလို့
ကယားတစ်ယောက်ပါတယ် ကချင်တစ်ယောက်ပါတယ်...ကရင်တစ်ယောက်ပါတယ်.....
ပြီးတော့ ကျွန်တော်ရယ်ပေါ့....တစ်ညမှာ အဆောင်ဆိုတော့ပျင်းတာနဲ့
အပျင်းပြေ ဖဲကစားကြပါလေရော...ကစားတာက 21 ပေါ့
ဖဲကလည်းရှုံး...ရှိတာလေးလည်းကုန်တော့..ဒိုင်ကိုင်တဲ့ကချင်လူမျိုးညီလေးတစ်ယောက်ကို ရစ်တော့တာ...ဟေ့ကောင်ကချင်ကောင်...
မင်းဖဲခိုးထားတာလား...မင်းခဏမတ်တပ်ရပ်ပြစမ်း..ငါမသင်္ကာဘူးဆိုတော့
ငါ့ကို..ကချင်ကောင်လို့မခေါ်နဲ့...ငါမကြိုက်ဘူး နာမည်ရှိတယ်...နာမည်ခေါ်တဲ့
မင်းက ကချင်မို့လို့ကချင်ခေါ်တာဘာဖြစ်လဲဆိုတော့...
မင်းကို ဗမာကောင်လို့ခေါ်ရင်ကြိုက်မလားတဲ့...ကယားလူမျိုးကို ကယားကောင်လို့ခေါ်ရင်ကြိုက်မလားတဲ့....ဒီလိုနဲ့ကျွန်တော်တို့ဖဲဝိုင်းလေးပျက်စီးသွားတယ်....အဲဒီလိုပါပဲ...အခေါ်အဝေါ်တွေက ခပ်ရိုင်းရိုင်းပြောရရင်
“အထိုင်မတတ်တော့ ဖြဲသလို.....အပြောမတတ်တော့ ဆဲသလို”
ဆိုတဲ့စကားပုံအတိုင်း...အပြောတွေမရိုင်းကြရင်သိပ်ကောင်းမယ်.....
ယဉ်ကျေးသိမ်မွေ့တဲ့အသုံးအနှုန်းလေးတွေနဲ့မိမိလူမျိုးဂုဏ်သိက္ခာကိုတစ်ဘက်တစ်လမ်းကနေမြှင့်တင်နိုင်ရင်လည်းအကျိုးမယုတ်ပါကြောင်း..။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။