Golden Land Myanmar
ခြေဖနောင့်အက်ကွဲခြင်း အတွက် အိမ်တွင်းကုထုံး
ဆောင်းရာသီ မှာ အသား အရေ ခြောက်သွေ့ တဲ့ နည်းတူ ခြေဖနောင့် ရှိ အရေပြား တွေ က လည်း ခြောက်သွေ့ အက် ကွဲပြီး ကွဲရှ ရာ ထင်တတ် ပါတယ်။ အဲဒီ အချိန် မှာ လမ်းလျှောက် များ ခဲ့ရင် ခြေဖ နောင့် အက်ကွဲ ရာ က ပိုကြီးပြီး ပိုနက်နဲ လာနိုင် ပါတယ်။ တစ်ခါတစ်ရံ သွေးထွက် တာ နဲ့ ပိုးဝင်တာ တွေ တောင် ဖြစ်စေ နိုင် တဲ့ အတွက် အလွန် အမင်း နာကျင် ရတတ် ပါတယ်။ ဒီလို ခြေဖနောင့် အက်ကွဲမှု မဖြစ်စေဖို့ နဲ့ ခြေဖနောင့် အက်ကွဲမှု ကို ကာ ကွယ် နိုင်ဖို့ရာ အတွက် လိုက်နာသင့် တဲ့ အချက်တွေ ကို ရေးသား လိုက်ရ ပါတယ်။
ခြောက်သွေ့ သော အရေပြားကို ကြေးချွတ် ပါ
ခြောက်သွေ့ သော အရေပြားကို ကြေးချွတ် ပါ
ခြေဖနောက် အရေပြား ဟာ ခြောက်သွေ့ နေတယ် ဆိုရင် ဖိနပ် မပါဘဲ ဘယ်တော့ မှ လမ်း မလျှောက် ပါနဲ့။ အိပ်ရာ မဝင် ခင်မှာ ခြေထောက် တွေကို ကြက်သီးနွေး ရေထဲ ၁၅ - ၂၀ မိနစ်ခန့် စိမ်ပြီး ကြေးတွန်း ကျောက် နဲ့ ကြေးချွတ် ပါ ။
အက်ကွဲစ ပြုနေသော ခြေဖနောင့် ကို ဂရုစိုက်ပါ
ခြေဖနောင့် အက်ကွဲမှု က အနည်း ငယ်စ ဖြစ်နေပြီ ဆိုရင် ဒီ အရေပြား နေရာ စပ်ဖျဉ်းဖျဉ်း မဖြစ်စေ ဖို့ ဂရုစိုက် ဖို့ လိုပါ တယ်။ ညဘက် မှာ အရင်ဆုံး ခြေထောက် ကို ရေနဲ့ စင်ကြယ် အောင် သန့်စင် ပေးပြီး ခြောက်သွေ့အောင် သုတ်ပေး ပါ။ ပြီးရင် ခြေဖနောင့် လိမ်း ခရင်မ် တစ်မျိုး ကို လိမ်း ပေး ပြီး ခြေအိတ် ဝတ်ပြီး အိပ်ရာ ဝင်ပါ။ နံနက် အိပ်ရာ ထချိန်မှာ ခြေဖနောင့် အက်ကွဲမှု ကင်းစင် ပြီး ခြေဖနောင့် အရေပြား ခြောက် သွေ့မှု ကင်းကာ ချောမွေ့လှပ နေပါ လိမ့် မယ်။
ခြေဖနောင့် အက်ကွဲမှု မဖြစ်စေရန် နေ့စဉ် ကာကွယ်ပါ
မကြာခဏ ခြေဖ နောင့် အက်ကွဲ မှု ဖြစ်တတ် သူတွေ အနေနဲ့ မဖြစ်အောင် ကာကွယ် ဖို့ နည်း ကတော့ နေ့စဉ် ရေများ များ သောက်ပေး ရပါမယ်။ ဒါ ဆိုရင် သင့် ခန္ဓာကိုယ် က ရေဓာတ် ပြည့်ဝပြီး အရေ ပြား က လည်း စိုပြည် နေမှာ ဖြစ် ပါတယ်။ ခြောက်သွေ့ တဲ့ ရာသီဥတု နဲ့ ပတ်ဝန်း ကျင် မှာ နေထိုင် သူတွေ အနေနဲ့ လေထု စိုထိုင်း နေအောင် လေထု စိုထိုင်း စေတဲ့ စက် ( Humidiffer ) ကို တပ်ဆင်ထား ပါ။ နောက် တစ်ချက် ကတော့ ရေချိုး တဲ့ အခါ ခြေဖနောင့် အရေပြား က ဆဲလ်သေ တွေ ကွာကျ စေဖို့ ကြေးတွန်း ကျောက် နဲ့ ညင်ညင် သာသာ ပွတ်တိုက် သန့်စင် ပေး ပါ။ ရေချိုး ပြီး ခြောက်အောင် သုတ်ပြီး ခါ စမှာ ပဲ ခြေဖနောင့် ကို အစိုဓာတ် ထိန်းခရင်မ် လိမ်းပေး ရမှာ ဖြစ်ပါတယ်။
ခြေဖနောက် အက်ကွဲခြင်း အတွက် အိမ်တွင်း ကုထုံးသုံးပါ
ဒီနည်းလမ်း ကို ဒေါက်တာ Oz က ခြေဖနောင့် အက်ကွဲရာ မှာ အလွယ် တကူ သုံးနိုင်ဖို့ ဖော်ပြ ထားတာ ဖြစ်ပါတယ်။
( ၁ ) အရင်ဆုံး ခြေထောက် ကို ဆားခါး ထည့်ထား တဲ့ ကြက်သီးနွေး ရေထဲ ၁၅ မိ နစ် ခန့် စိမ်လိုက် ပါ။ ဆားခါး မှာ မဂ္ဂနီဆီ ယမ် အပြည့် ပါဝင်တာ ကြောင့် ခြေထောက် နဲ့ ခြေဖနောင့် ခြောက်သွေ့မှု ကို ကင်းစင် စေပါတယ်။
( ၂ ) ခြေဖနောင့် ကို အဆီဓာတ် အခြေခံ တဲ့ အစိုဓာတ် ထိန်း ခရင်မ် လိမ်းပေးပါ။ ခပ်ထူထူ လေး လိမ်းပေး ဖို့ လိုပါတယ်။
( ၃ ) ခြေထောက် ကို ပလတ် စတစ် အိတ်နဲ့ ပတ်ပေး ပါ။
( ၄ ) ပြီးရင် ခြေအိတ် ဝတ်ပေးပါ။
( ၅ ) အိပ်ရာဝင် ပြီး နံနက်ခင်း မှာ ပလတ် စတစ် အိတ်နဲ့ ခြေအိတ် ကို ချွတ် လိုက်ပါ။
( ၆ ) သုံးည ဆက်တိုက် ပြုလုပ် လိုက်မယ် ဆိုရင် ခြေဖနောင့် ချောမွေ့ သန့်စင် သွား ပါလိမ့်မယ်။
ဇွန်
Good Health

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။