Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 6, 2013

အိုင်းစတိုင်း မရှိတော့သည့်နောက်ပိုင်း အကျော်ကြားဆုံး ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်း << (2+3)


>>အိုင်းစတိုင်း မရှိတော့သည့်နောက်ပိုင်း အကျော်ကြားဆုံး ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်း << (2)

ပညာသင်သည့်အရွယ် ရောက်ချိန်တွင် ဟော့ကင်းသည် ကျန်ကျောင်းသားများနှင့် ယှဉ်လျှင် ထူးခြားသည့် ကျောင်းသားတစ်ယောက် ဖြစ်နေသည်။ အထက်တန်း တက်ချိန်တွင် သူ့အဆင့်က အောက်ဆုံးမှ ပြန်ရေတွက်လျှင် အမြဲတတိယနေရာလောက်တွင်သာ ရှိနေတတ်သည်။ သူက ကျောင်းစာထက် ပြင်ပလောကကို ပိုပြီး စိတ်ဝင်စားသည်။ စစ်တုရင် ကစားခြင်းကို နှစ်သက်ပြီး သူနှင့် သူငယ်ချင်း တစ်သိုက်သည် အမြဲတမ်းကိုယ်ပိုင် ဂိမ်းများကို ဖန်တီးပြီးလည်း ကစားတတ်ကြသည်။ အသက် ၁၆ နှစ်တွင် ဟော့ကင်းသည် သူငယ်ချင်းများနှင့်အတူ အမှိုက်ပုံထဲက ပစ္စည်းများကိုစုပြီး ကွန်ပျူတာတစ်လုံးကို တီထွင်ခဲ့သည်။ သူတို့က သင်္ချာဆိုင်ရာ ပုစ္ဆာများကို အကြမ်းဖျင်း တွက်ချက်ပြနိုင်ရန် ထိုကွန်ပျူတာကို တီထွင်ကြခြင်း ဖြစ်သည်။


ဟော့ကင်းသည် အမြဲတမ်း တစ်ယောက်တည်းနေပြီး တွေးနေတတ်သည်။ သူညီမဖြစ်သူ မေရီနှင့်အတူ အိမ်အပေါ်ထပ်သို့ လမ်းကြောင်းပေါင်းများစွာနှင့် တက်ပြီး တိတ်တိတ်လေး သွားနေချင်လည်း နေတတ်သည်။ အသက် ၁၇ နှစ်တွင် အောက်စ်ဖို့ဒ် တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည်။ သူသည် အကကိုလည်း ဝါသနာပါသည်။ လှေလှော်ကိုလည်း စိတ်ဝင်စားသဖြင့် အောက်စ်ဖို့ဒ် လှေလှော်အသင်း၏ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ခဲ့သည်။

သူ့ဖခင်က သင်စေချင်သည့် ဆေးပညာအစား သူဝါသနာပါသည့် သင်္ချာကိုသာ လေ့လာသင်ယူခဲ့သည်။ ထိုအချိန်က အောက်စ်ဖို့ဒ်တွင် သင်္ချာဘာသာရပ်ကို ဘွဲ့မပေးပေ။ သို့ဖြစ်ရာ သူက ရူပဗေဒနှင့် စကြဝဠာ ပညာရပ်များကို လေ့လာသင်ယူခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဂုဏ်ထူးတန်း တက်ခွင့်ရပြီး ကင်းဘရစ်ခ်ျ တက္ကသိုလ်တွင် စကြဝဠာဆိုင်ရာ Cosmology ဘာသာရပ်အတွက် ဒေါက်တာဘွဲ့ယူရန် ဆက်လက် တက်ရောက်ခဲ့သည်။

ALS ရောဂါစွဲကပ်ခြင်း

အောက်စ်ဖို့ဒ်သို့ သူပြန်ရောက်လာချိန်တွင် ကျန်းမာရေး ချွတ်ယွင်းလာသည်ကို သူသတိထားမိသည်။ လမ်းလျှောက်ရာမှ မကြာခဏ လဲကျတတ်သည်။ စကားပြောလျှင်လည်း ဗလုံးဗထွေး ဖြစ်လာသည်။ ၁၉၆၃ ခုနှစ်အထိ ထိုသို့ဖြစ်နေခြင်းကို ပြဿနာတစ်ခုဟု မထင်ခဲ့ပေ။ ကင်းဘရစ်ခ်ျတွင် ပထမနှစ် တက်ချိန်အထိ ထိုသို့ပင် အမှုမဲ့အမှတ်မဲ့ဖြင့် ဆက်သွားနေခဲ့သည်။ သူက ဤသို့ဖြစ်နေခြင်းကို သာမန်ဟုသာ ထင်နေခဲ့သည်။ သူ့အခြေအနေကို စတင်သတိပြုမိသူမှာ ဖခင်ဖြစ်သည်။ သူက ဟော့ကင်းကို ဆရာဝန်နှင့် သွားတွေ့ရန် ပြောသည်။ နောက်နှစ်ပတ်လောက် အကြာတွင် အသက် ၂၁ နှစ်အရွယ် ကောလိပ်ကျောင်းသားတစ်ယောက် အိမ်ကိုဆေးခန်းအဖြစ် ပြောင်းကာ စမ်းသပ်ကုသမှုများကို ခံယူခဲ့ရတော့သည်။

“သူတို့က ကျွန်တော့် လက်မောင်းက ကြွက်သား နမူနာတွေကို ယူသွားကြတယ်။ ကျွန်တော့် ကိုယ်ထဲကိုလည်း အီလက်ထရွန်နစ် လျှပ်ခေါင်းတွေ ထိုးထည့်ပြီး အမျိုးမျိုး စမ်းသပ်ကြတယ်။ ကျောရိုးထဲကို ရေဒီယိုဓာတ်တွေပါတဲ့ အရည်တွေလည်း ထိုးထည့်ပေးကြတယ်။ ပြီးတော့ တစ်ချိန်လုံး ဓာတ်မှန်တွေရိုက်ပြီး စောင့်ကြည့်နေကြတယ်။ ကျွန်တော့်ကိုလည်း အိပ်ယာထဲမှာပဲ ထားကြတယ်။ ကျွန်တော် ဘာတွေဖြစ်နေတယ်ဆိုတာ သူတို့ မပြောကြဘူး။ အသားကျွတ်ဆတ်တဲ့ ဝေဒနာဆိုတာ လောက်တော့သိတယ်” ဟု ဟော့ကင်းက ပြန်ပြောသည်။

သူ့ဖခင်က နောက်ဆုံးတွင် သူ့သား၌ ဖြစ်နေသော ရောဂါမှာ ALS ခေါ် Lou Gehrig ရောဂါ ဖြစ်ကြောင်း သိလိုက်ရသည်။ အာရုံကြောများက သူ့ ကြွက်သားများကို ထိန်းချုပ်ပြီး ဘာမျှမလှုပ်နိုင်အောင် ချုပ်ကိုင်ထားလိုက်ခြင်းကို ခံစားနေရခြင်း ဖြစ်သည်။ သူ့ကို ဆရာဝန်တွေက ၂ နှစ်ခွဲလောက်သာ အသက်ရှင်မည်ဟု ခန့်မှန်းခဲ့ကြသည်။

ထိုသတင်းကြောင့် မိသားတစ်စုလုံး ယူကျုံးမရ ဖြစ်ကြရသည်။ မျှော်လင့်ချက် မရှိတော့ဘူးဆိုသည့် ကြားမှ သူတို့ဝိုင်းဝန်း ကူညီရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုအချိန်တွင် ဟော့ကင်းသည် ဆေးရုံ၌ မလှုပ်မယှက် နေရသည်။ လူကီးမီးယားဝေဒနာ ခံစားနေရသည့် ကလေးတစ်ယောက်နှင့် သူတစ်ခန်းတည်းတွင် တက်ရောက် ကုသခံနေရခြင်း ဖြစ်သည်။ သူ့အခန်းဖော် ကောင်လေး၏ ဆွေမျိုးများ ဝင်လိုက်ထွက်လိုက် ဖြစ်နေခြင်းကို အတော်လေး သည်းခံနေရသည်။ ဆေးရုံကဆင်းခွင့် ရသွားချိန်တွင် သူသည် စိတ်ကူးထဲကအတိုင်း စီမံတော့သည်။ သူ့ဘဝ တစ်လျှောက်လုံး တိတ်တိတ်လေး နေထိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူ့ဘဝတွင် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရသည့်ကိစ္စမှာ တစ်ယောက်သောသူကို ချစ်ခဲ့မိခြင်း ဖြစ်သည်။ ALS ရောဂါ မဖြစ်မီကာလ ၁၉၆၃ ခုနှစ် နှစ်သစ်ကူးပါတီပွဲ တစ်ခုတွင် ဟော့ကင်းသည် ဂျိန်းဝေဒီ ဆိုသည့် ဘွဲ့ကြိုတန်း တက်နေသော ကောင်မလေး တစ်ယောက်နှင့် တွေ့ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် သူတို့ လက်ထပ်ခဲ့ကြသည်။

ရောဂါ ဖြစ်သွားသဖြင့် ဟော့ကင်းကို ယခုလို သိပ္ပံပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ကြပေ။ သူက ရောဂါ မဖြစ်မီကတည်းက သူလေ့လာသည့် ပညာရပ်များနှင့် ပတ်သက်ပြီး အမြဲဆန်းစစ်နေသူ ဖြစ်သည်။ “ကျွန်တော် မကျန်းမာစဉ်က ဘဝမှာ ပျင်းစရာတွေချည်းလို့ ထင်ခဲ့တာ။ လုပ်စရာလည်း ဘာမှမရှိသလိုပဲ” ဟုဆိုခဲ့သည်။ သို့သော် သူ့အနေဖြင့် Ph.D ဘွဲ့အတွက် အချိန်လည်း သိပ်မကျန်၊ အသက်ရှင် နေထိုင်ရမည့် ကာလကလည်း နည်းလာသည်။ သို့ဖြင့် အလုပ်နှင့် သုတေသန လုပ်ငန်းများတွင်သာ အချိန်ကုန်နေခဲ့သည်။



>>အိုင်းစတိုင်း မရှိတော့သည့်နောက်ပိုင်း အကျော်ကြားဆုံး ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်း << (3)

အာကာသတွင်းနက် သုတေသန

အာကာသသိပ္ပံ ပညာရှင်တစ်ဦးဖြစ်သည့် ရော်ဂျာပင်ရို့စ်ဆိုသူ စိတ်ကူးခဲ့သည့် ကြယ်များကြွေခြင်းနှင့် အာကာသတွင်းနက် (Black holes) အကြော...င်းကို အခြေခံပြီး ဟော့ကင်းသည် စကြဝဠာ မည်သို့စတင် ပေါ်ပေါက်လာကြောင်းကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

ဟော့ကင်းသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာသည်။ ၁၉၆၉ ခုနှစ်တွင် သူ့ကိုဘီးတပ် လှည်းဖြင့်သွားရန် အတင်းအကျပ် တိုက်တွန်းခဲ့ရသည်။ သူ့ခံနိုင်စွမ်းတွေကလည်း လျော့ကျလာသည်။ ၁၉၆၈ ခုနှစ် သူ့သား ရောဘတ်ကိုမွေးပြီး တစ်နှစ်အကြာတွင် ဟော့ကင်းသည် ကင်းဘရစ်ခ်ျ တက္ကသိုလ် နက္ခတ်ဗေဒ အသင်းကြီး၏ အဖွဲ့ဝင်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံလိုက်ရသည်။

မကြာမီ ဟော့ကင်းဘဝတွင် အကျိုးရှိသည့် ကာလများ ဖြစ်လာခဲ့သည်။ သူတို့ဇနီးမောင်နှံသည် ၁၉၆၉ ခုနှစ်တွင် သမီးလေးလူစီကို ထပ်မံမွေးဖွားခဲ့သည်။ ဟော့ကင်းသည် သုတေသန လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ သူတို့ နောက်ထပ်ကလေး တင်မိုသီကို ဆယ်နှစ်ကြာမှ ထပ်ရသည်။ ထိုအချိန်တွင် ဟော့ကင်းသည် သူ့ပထမဆုံးစာအုပ် 'The Large Scale Structure of Space-Time (1975)' ကို ထုတ်ဝေလိုက်သည်။ သူ့အစောပိုင်း လေ့လာမှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အာကာသတွင်းနက်ကို စတင်ဖော်ထုတ်ခဲ့သူ ပင်ရို့စ်နှင့်အတူ သုတေသန အဖွဲ့တစ်ဖွဲ့ကို ထူထောင်လိုက်သည်။

၁၉၇၄ ခုနှစ်တွင် ဟော့ကင်း၏ သုတေသနလုပ်ငန်းများသည် သိပ္ပံလောကအတွင်း ထင်ရှားကျော်ကြားလာပြီး အာကာသတွင်းနက် အကြောင်းကို ပိုမိုကျယ်ပြန့်စွာ လေ့လာသုတေသနပြုစရာ ဖြစ်လာခဲ့သည်။ ဟော့ကင်းက Radiation ဆိုသည့် သဘောတရားကို ဖော်ထုတ်တင်ပြပြီး ကြယ်ကြွေခြင်းနှင့် ဆွဲငင်အားမှ လွတ်မြောက်ခြင်းစသည့် သဘောတရားများကို တင်ပြရာမှာ ဟော့ကင်း၏ Radiation ဆိုသည့် သဘောတရားသည် မွေးဖွားလာခဲ့ရသည်။

ဟော့ကင်း တွေ့ရှိခဲ့သည့် Black holes များနှင့် Radiation ဆိုသည့် သဘောတရားများသည် သိပ္ပံ လောက တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။ ထိုဖော် ထုတ်ချက်ကြောင့်ပင် သူ့ကို ဂုဏ်ပြုစရာ ဖြစ်လာသည်။ သူ့ကို ခေါင်းစဉ်အမျိုးမျိုးဖြင့်လည်း ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။ သူ ၃၂ နှစ်တွင် တော်ဝင်အဖွဲ့ (Royal Society) က သူ့ကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။ နောက်ပိုင်း ဂုဏ်ရှိသော အဲလ်ဘတ်အိုင်စတိုင်းဆုကို ရရှိခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် သူရောမမြို့သို့ ရောက်ရှိခဲ့သည်။ ရောမတွင် ဆဋ္ဌမမြောက် ပုပ်ရဟန်းမင်းကြီးက ချီးမြင့်သည့် Pius XI သိပ္ပံပညာဆိုင်ရာ ရွှေတံဆိပ်ဆုကို လက်ခံခဲ့သည်။

ထိုသို့ မလှုပ်ရှားနိုင်သည့် ဘဝနှင့်ပင် ကယ်လီဖိုးနီးယားပြည်နယ် ပါဆာဒီနာရှိ Caltech တွင် တစ်နှစ် ခန့်သွားပြီး ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ အင်္ဂလန်၊ ကင်းဘရစ်ခ်ျရှိ Gonville & Caius တွင်လည်း ဝင်ရောက် စာသင်ပေးခဲ့သေးသည်။ ၁၉၇၉ ခုနှစ်တွင် ကင်းဘရစ်ခ်ျ တက္ကသိုလ်သို့ ပြန်လာပြီး သင်္ချာပါမောက္ခအဖြစ် စာသင်ကြားပေးခဲ့သည်။ သူ့ကို ကင်းဘရစ်ခ်ျက သင်္ချာဆိုင်ရာ လူကေးစီးယန်း ပါမောက္ခ ဘွဲ့ပေးသည်။ ထိုရာထူးသည် ၁၆၆၃ ခုနှစ်ကတည်းက ပေးခဲ့သည့် ဘွဲ့ဖြစ်သော်လည်း ဆာအိုင်းဆက်နယူတန် အပါအဝင် ၁၄ ဦးသာ ထိုဘွဲ့ကို ရရှိခဲ့ဖူးသေးသည်။

Source: The Melting Pot for you

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။