TechSpace Journal
ကမ္ဘာတွင် ၁၄ စီးသာ ရှိသော ကား Koenigsegg CCR
ဆွီဒင်နိုင်ငံအခြေဆိုက် Koenigsegg ကုမ္မဏီမှလည်း ကမ္ဘာ့အမြန်ဆုံးကား ထုတ်လုပ်ခဲ့ပါတယ်။ သို့ပေမယ့် ခေတ်ကြာလာတဲ့အတွက် ယခုအချိန်မှာတော့ ကမ္ဘာ့ စတုတ္ထ အမြန်ဆုံးကား အဖြစ်မှာသာ ကျန်ရှိပါတော့တယ်။
အချိန်ကာလ
၂၀၀၄ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်းကပဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး အရေအတွက်အားဖြင့် ၁၄ စီးသာ ရှိပါတယ်။ ရည်ရွယ်ချက်ကိုက ကမ္ဘာ့အမြန်ဆုံးကားစာရင်းဝင်ဖို့ပဲ ဖြစ်ပါတယ်။
...

အင်ဂျင်
၄၇၀၀ စီစီ ဆလင်ဒါ ၈လုံးပူး V အင်ဂျင်ကို အသုံးပြုထားပါတယ်။ နောက်ဘီးမောင်း စနစ်ဖြစ်ပြီး အင်ဂျင်ကို နောက်ဘက်မှာထားရှိပါတယ်။ ဓာတ်ဆီ လောင်စာကို အသုံးပြုပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှု ၇၉၅ ရှိပြီး လည်ကိန်း ၅၇၀၀ rpm ရှိပါတယ်။ ဒါကြောင့် ဆီလည်းတော်တော်လေး စားမယ့် အင်ဂျင်ဖြစ်ပါတယ်။
စွမ်းဆောင်ရည်
၃.၂ စက္ကန့်အတွင်စး တစ်နာရီ ၆၂ မှိုင်နှုန်းပြေးတယ်ဆိုတော့ Acceleation က သူ့ခေတ်သူ့ခါမှာ အကောင်းဆုံးပါပဲ။ ယနေ့တိုင်လည်း စံချိန်စာရင်းထဲ ဝင်နေပါသေးတယ်။ အမြန်ဆုံး Speed ကတော့ တစ်နာရီ ၂၄၅ မိုင်ရှိပါတယ်။ ဒါက သီအိုရီဆန်ဆန် တွက်ချက်ထားမှုပါ။ တကယ့် မောင်းနှင်မှုမှာတော့ သူက တစ်နာရီ ၂၄၂ မိုင်ဝန်းကျင်လောက်ထိ မောင်းပါတယ်။ ဂီယာ ၆ ချက် ရိုးရိုးကို အသုံးပြုထားပါတယ်။
စံချိန်တင်မှု
ဆွီဒင်ထုတ်ပေမယ့် အီတလီက အင်ဂျင်နီယာများရဲ့  ပူးပေါင်းဖန်တီးပေးမှု ဖြစ်ပါတယ်။ စံချိန်တင်တဲ့ ၂၀၀၅ ခုနှစ် ဧပြီလကမှာ အီတလီအင်ဂျင်နီယာ ငါးယောက်ပါဝင် လက်တွေ့ပြသခဲ့ပါတယ်။ အဲ့တုန်းက ၈ နှစ်လုံးလုံး နံပါတ် ၁ အမြန်ဆုံး ယူလာတဲ့ McLaren F1 ကိုကျော်တက်ပြီး နံပါတ် ၁ ဖြစ်သွားပါတယ်။ နောက်တော့ Bugatti, SSC, Bugatti Veyron Super Sport တို့ ပေါ်ထွက်လာမှုကြောင့် Koenigsegg CCR ရဲ့  အမြန်ဆုံးက စတုတ္ထနေရာမှာပဲ ကျန်ရှိပါတယ်။
ကား အသွင်အပြင်
တံခါး နှစ်ပေါက် လိပ်ပြာတောင်ပံကား ဖြစ်ပါတယ်။ Targa top လို့လည်းခေါ်ပါတယ်။ အပေါ်ပင့်ဖွင့်ရပြီး လုံခြုံရေး အင်မတန် အဆင့်မြင့်တဲ့ကား ဖြစ်ပါတယ်။ အလေးချိန်အားဖြင့် ၂၆၀၀ ပေါင်ပဲရှိပြီး အရွယ်လည် ငယ်ပါတယ်။ ကာဘွန်ဖိုက်ဘာသားနဲ့ LED မီးလုံး ထည့်သွင်းထားတဲ့ ကားရှေ့ ဖက် ဒီဇိုင်းက ယခုထိ ခေတ်မှီနေဆဲ ပါပဲ။
ကား နှင့် ဂုဏ်သတင်း
သူက ဆွီဒင်မှ တိုက်လေယာဉ် သူရဲကောင်း တစ်ဦးကို ဂုဏ်ပြုပြီးထုတ်လုပ်ထားတဲ့ ကား ဖြစ်ပါတယ်။ နာမည်မှာပါတဲ့ CCR ဆိုတာ Ghost အမည်ကို ကိုယ်စားပြုပြီး ဆွီဒင်တိုက်လေယာဉ် တစ်စီးရဲ့  အမည် ဖြစ် ပါတယ်။ ဒါကြောင့် CCR ကိုပရိုမိုးရှင်းလုပ်တဲ့အခါ တိုက်လေယာဉ် များကို ထည့်သွင်းအသုံးပြုလေ့ ရှိပါတယ်။
ဈေးနှုန်း
စတင်ရောင်းချတုန်းက အမေရိကန်ဒေါ်လာ ၇ သိန်းအထက်ပေါက်ပြီး ယနေ့မှာ ပြန်ရှာဝယ်ရင် အမေရိကန်ဒေါ်လာ ၁ သန်းနဲ့အထက်မှာ တန်ဖိုးရှိကြောင်း သိရပါတယ်။
--
Ref: koenigsegg
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/07/koenigsegg-ccr.html

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။