ဆုဂျေ
**ဒီကဗျာကို စက်ဆုပ်ရွံရှာခြင်းအပြည့်နဲ့  ကျွန်မရေးလိုက်တယ်**
ဦးစောရေ...
အခုတလော
ရှင့်အကြောင်းတွေ ကျွန်မတွေးနေမိတယ်
သွေးတွေပွက်ပွက်ဆူလောင်နေတဲ့ကျွန်မစိတ်တွေမှာ
ရှင့်ကိုမသတီတဲ့ တံတွေးတွေပျို့ တက်နေလေရဲ့..။
ဦးစောရေ...
အခုတလော
ရှင့်အကြောင်းတွေ ကျွန်မတွေးနေမိတယ်
သွေးတွေပွက်ပွက်ဆူလောင်နေတဲ့ကျွန်မစိတ်တွေမှာ
ရှင့်ကိုမသတီတဲ့ တံတွေးတွေပျို့ တက်နေလေရဲ့..။
ဦးစောရေ...
တကယ်တော့ရှင်ဟာ
အာဏာရူးတဲ့ သူရူးတစ်ယောက်
ရှင်အကြံကုန်လို့ ချက်လိုက်တဲ့ဆားက
ဘာ့ကြောင့်များ
ကျွန်မတို့ ရဲ့နှလုံးသွေးတွေဖြစ်နေရပါလိမ့်
အနီတွေရဲရဲပွင့်ခဲ့တဲ့နေ့ 
အဲဒီနေ့ ကိုဘယ်တော့မှမမေ့ဘူး
တစိမ့်စိမ့်တွေးပြီး
တဝေါဝေါဆန်တက်လာတဲ့စိတ်တွေမှာ
ရှင့်ကို နုတ်နုတ်စင်းချင်စိတ်တွေပါနေတယ်ဆိုတာ
ရှင်မသိလေရော့သလား..။
ရှင်ဟာ
မြန်မာပြည်ရဲ့ နှလုံးသွေးကို
ဖောက်ထုတ်စားသောက်ပစ်တဲ့ “ လောက်”
တကယ်တော့ ရှင်က
အရူးစိတ် ငယ်ထိပ်တက်နေတဲ့ “အာဏာရူး”
ကျွန်မတို့ ယူကြုံးမရခြင်းတွေမှာ
ရှင့်အတွက်မြားဦးကို
အဆိပ်လူးထားတယ်ဆိုတာ
ရှင်မသိခဲ့ရှာဘူး..။
ရှင်မသိဘူးမလား
နှလုံးသားတိုင်းကို
စူးချွန်နဲ့ ထိုးဖောက်လိုက်သလိုမျိုး
ကျွန်မတို့ ရဲ့ တခဏကျရှုံးခြင်းက
အထိနာခဲ့ပေမယ့် ခမ်းနားနေခဲ့တယ်ဆိုတာ
ဒါဟာ
သစ္စာတရားကို သွေးနဲ့ ရေးခြယ်ပြလိုက်တာ
ဒါဟာ
ရှင့်ကို ကမ္ဘာမကျေဘူးဆိုတာ သက်သေပြလိုက်တာ။
ရှင်မြဲမြဲမှတ်ထား!!!
(၁၉)ဇူလိုင်မှာ ပေးဆပ်လိုက်ရတဲ့
အမြဲရှင်သန်နေမယ့် အာဇာနည်ပန်း(၉)ပွင့်က အစ
ယူကြုံးမရစွာလှမ်းမျှော်ကြည့်လိုက်တဲ့
မျက်ဝန်းအစုံက "မျက်ရည်ပူ"တွေအလယ်
အသက်တစ်ခါရှုသွင်းတိုင်း
ရင်ခေါင်းဝတိုင်းက "ရင်ကွဲနာသံ"တွေအဆုံး
အားလုံးဟာ တည်ငြိမ်ရဲရင့်နေစေရမယ်..။
ဒါဟာ…ဆုံးဖြတ်ချက်!!
ဒါဟာ…အမှန်တရား!!
ဒါဟာ...ရှင်သန်ခြင်း!!
ဒါဟာ...အပြာရောင်သင်္ကေတ!!
ဒါဟာ...အောက်ချင်းငှက်ရဲ့သစ္စာတရား!!
ဒါဟာ..ရှင် အမြဲဦးညွတ်နေရမယ့် ဈာန်တရား!!!..။
အဲဒီနေရာမှာ
ဓားတစ်လက်နဲ့  တရိရိပွန်းဖြတ်နေသလို
တွေးမိတိုင်းနာကျင်နေရမယ့်
စက်ဆုပ်ရွံရှာခြင်းတွေ (ရှင့်အတွက်)
အပင်ပေါက်နေစေရမယ်…
အဲဒီနေရာမှာ
ကိုယ့်မျက်နှာကိုယ်ပြန်မကြည့်ရဲလောက်အောင်
ကိုယ့်လိပ်ပြာကို ပြန်ပြန်လန့် နေစေရမယ့်
သစ္စာတရားကို (ရှင့်အတွက်)
မော်ကွန်းထူထားပစ်ခဲ့မယ်…
အဲဒီနေရာမှာ
အာဇာနည်ကိုးဦးရဲ့ အသက်သွေးစစ်စစ်ကို
(မြန်မာပြည်အတွက်)
သံခိပ်ရေးပြီး ချန်ထားရစ်ခဲ့မယ်..။
အဲဒီနေရာမှာ
(ရှင့်အတွက်)
သေခြင်းတရားတွေ ပေါ့ပါးလွတ်လပ်နေစေဖို့ 
ဒီကဗျာကို
စက်ဆုပ်ရွံရှာခြင်းအပြည့်နဲ့ ကျွန်မရေးလိုက်တယ်..။
(ကျွန်မရဲ့ကဗျာမှာ အမုန်းတွေပါနေတာမို့  စာဖတ်သူမောင်နှမများ
ပူလောင်သွားရရင် ကြိုတင်တောင်းပန်ပါတယ်နော်..)..။
ချစ်ခင်လေးစားလျှက်
ဆုဂျေ
19.7.2013
တကယ်တော့ရှင်ဟာ
အာဏာရူးတဲ့ သူရူးတစ်ယောက်
ရှင်အကြံကုန်လို့ ချက်လိုက်တဲ့ဆားက
ဘာ့ကြောင့်များ
ကျွန်မတို့ ရဲ့နှလုံးသွေးတွေဖြစ်နေရပါလိမ့်
အနီတွေရဲရဲပွင့်ခဲ့တဲ့နေ့ 
အဲဒီနေ့ ကိုဘယ်တော့မှမမေ့ဘူး
တစိမ့်စိမ့်တွေးပြီး
တဝေါဝေါဆန်တက်လာတဲ့စိတ်တွေမှာ
ရှင့်ကို နုတ်နုတ်စင်းချင်စိတ်တွေပါနေတယ်ဆိုတာ
ရှင်မသိလေရော့သလား..။
ရှင်ဟာ
မြန်မာပြည်ရဲ့ နှလုံးသွေးကို
ဖောက်ထုတ်စားသောက်ပစ်တဲ့ “ လောက်”
တကယ်တော့ ရှင်က
အရူးစိတ် ငယ်ထိပ်တက်နေတဲ့ “အာဏာရူး”
ကျွန်မတို့ ယူကြုံးမရခြင်းတွေမှာ
ရှင့်အတွက်မြားဦးကို
အဆိပ်လူးထားတယ်ဆိုတာ
ရှင်မသိခဲ့ရှာဘူး..။
ရှင်မသိဘူးမလား
နှလုံးသားတိုင်းကို
စူးချွန်နဲ့ ထိုးဖောက်လိုက်သလိုမျိုး
ကျွန်မတို့ ရဲ့ တခဏကျရှုံးခြင်းက
အထိနာခဲ့ပေမယ့် ခမ်းနားနေခဲ့တယ်ဆိုတာ
ဒါဟာ
သစ္စာတရားကို သွေးနဲ့ ရေးခြယ်ပြလိုက်တာ
ဒါဟာ
ရှင့်ကို ကမ္ဘာမကျေဘူးဆိုတာ သက်သေပြလိုက်တာ။
ရှင်မြဲမြဲမှတ်ထား!!!
(၁၉)ဇူလိုင်မှာ ပေးဆပ်လိုက်ရတဲ့
အမြဲရှင်သန်နေမယ့် အာဇာနည်ပန်း(၉)ပွင့်က အစ
ယူကြုံးမရစွာလှမ်းမျှော်ကြည့်လိုက်တဲ့
မျက်ဝန်းအစုံက "မျက်ရည်ပူ"တွေအလယ်
အသက်တစ်ခါရှုသွင်းတိုင်း
ရင်ခေါင်းဝတိုင်းက "ရင်ကွဲနာသံ"တွေအဆုံး
အားလုံးဟာ တည်ငြိမ်ရဲရင့်နေစေရမယ်..။
ဒါဟာ…ဆုံးဖြတ်ချက်!!
ဒါဟာ…အမှန်တရား!!
ဒါဟာ...ရှင်သန်ခြင်း!!
ဒါဟာ...အပြာရောင်သင်္ကေတ!!
ဒါဟာ...အောက်ချင်းငှက်ရဲ့သစ္စာတရား!!
ဒါဟာ..ရှင် အမြဲဦးညွတ်နေရမယ့် ဈာန်တရား!!!..။
အဲဒီနေရာမှာ
ဓားတစ်လက်နဲ့  တရိရိပွန်းဖြတ်နေသလို
တွေးမိတိုင်းနာကျင်နေရမယ့်
စက်ဆုပ်ရွံရှာခြင်းတွေ (ရှင့်အတွက်)
အပင်ပေါက်နေစေရမယ်…
အဲဒီနေရာမှာ
ကိုယ့်မျက်နှာကိုယ်ပြန်မကြည့်ရဲလောက်အောင်
ကိုယ့်လိပ်ပြာကို ပြန်ပြန်လန့် နေစေရမယ့်
သစ္စာတရားကို (ရှင့်အတွက်)
မော်ကွန်းထူထားပစ်ခဲ့မယ်…
အဲဒီနေရာမှာ
အာဇာနည်ကိုးဦးရဲ့ အသက်သွေးစစ်စစ်ကို
(မြန်မာပြည်အတွက်)
သံခိပ်ရေးပြီး ချန်ထားရစ်ခဲ့မယ်..။
အဲဒီနေရာမှာ
(ရှင့်အတွက်)
သေခြင်းတရားတွေ ပေါ့ပါးလွတ်လပ်နေစေဖို့ 
ဒီကဗျာကို
စက်ဆုပ်ရွံရှာခြင်းအပြည့်နဲ့ ကျွန်မရေးလိုက်တယ်..။
(ကျွန်မရဲ့ကဗျာမှာ အမုန်းတွေပါနေတာမို့  စာဖတ်သူမောင်နှမများ
ပူလောင်သွားရရင် ကြိုတင်တောင်းပန်ပါတယ်နော်..)..။
ချစ်ခင်လေးစားလျှက်
ဆုဂျေ
19.7.2013

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။